Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတ်ပုံမှားတဲ့ ည

ဂ်စ္စူFebruary 11, 20121min61036
တဂျောက်ဂျောက် မြည်နေတဲ့ နာရီလက်တံက အသံရယ်

တဝီဝီမြည်နေတဲ့ သွေးစုတ်ဖုတ်ကောင် ခြင်တစ်သိုက်ရယ်

တဝေါဝေါမောင်းနေတဲ့ အရှေ ့လမ်းမက ကားသံတွေရယ်

အချင်းချင်းရစ်နေတဲ့ အရက်သမားတစ်စုရဲ့ ဆူညံပူညံ အသံတွေရယ်

တံခါးမှန်က အရိပ်ပေါ်နေတဲ့ သရဲလိုလို ကိုယ့်အရိပ်ကြီးရယ်

ငုတ်တုတ်ထိုင် ဖွာထုတ်လိုက်တဲ့ စီးကရက်မီးခိုးငွေ ့တွေရယ်

တစ်လပြည့်တာတောင် တစ်ဝက်ပဲ ဖတ်ဖြစ်သေးတဲ့ တက်ကျမ်းစာအုပ်တစ်အုပ်ရယ်

စားချင်သလိုရှိသော်လဲ ဖောက်ရမှာပျင်းလို ့ မစားဖြစ်တဲ့ ကိတ်မုန် ့တစ်ချပ်ရယ်

အင်တာနက်မရှိတဲ့ ခပ်ပေါပေါ ပီစီတစ်လုံးရယ်

ပစ်ရမှာပျင်းလို ့ ထားထားတဲ့ အမှိုုက်ထုပ် တစ်ထုပ်ရယ်

မအေးတော့တဲ့ ရေသန် ့တစ်ဗူးရယ်

အခုမှတွေးဖြစ်သလိုရှိတဲ့ မနက်ဖြန်အတွက် အစီအစဉ်တွေရယ်

အိစက်ညက်ညောမှုမရှိတဲ့ အိပ်ယာတစ်ချပ်ရယ်

တောင်ရောက်လိုက် မြောက်ရောက်လိုက် အာရုံတွေရယ်

ပေကလပ်ပေကလပ်နဲ ့ တော်တော်နဲ ့မအိပ်ချင်တဲ့ မျက်လုံးတစ်စုံရယ်  နဲ ့

အိုး.

..မသောက်မိတဲ့ ည

တယ်ပဲ ဖယိုဖရဲ နိုင်လှပါရောလား အရပ်ကတို ့ရယ်……………………………….။

 

{ ဒစ္စကို-မော်ဒန်-စိန်ပေါက်ပေါက်လေး ခံစားရေးဖွဲ ့ သီကုံး သည်၊ }

ရေးပြီးချိန်-          မြန်မာစံတော်ချိန် နေ ့လည် ၃ နာရီ ၄ဝ မိန်စ်၊ တပို ့တွဲလပြည့်ကျော်

ဘယ်နရက်လဲ မသိ၊စနေနေ ့။

 

အမေဒီကန်စံတော်ချိန်-           နံနက် ၁ နာရီ ၁၁မိနစ်၊ဖေဖော်ဝါရီ ၁၁ ရက်၊၂၀၁၂ ခုနှစ်၊ စနေနေ ့။

 

ဂျပန်စံတော်ချိန်    –           ညနေ ၆နာရီ ၁၂  မိနစ်၊ဖေဖော်ဝါရီ ၁၁ ရက်၊၂-၁၂ ခုနှစ်၊ စနေနေ ့။

 

 

သတ်ပုံမှားတဲ့ည ့
လူသားအားလုံးကို ၄ စားပါဒယ်

36 comments

  • MaMa

    February 11, 2012 at 6:04 pm

    သတ်ပုံမှားတယ်ဆိုလို့ ဝင်လာတာ …..
    စားရမှာပျင်းလို့ မဖောက်ရသေးတဲ့ ကိတ်မုန့်တစ်ချပ်တွေ့လို့ ယူစားသွားပါတယ်။ 😛

    • စိန်ပေါက်ပေါက်

      February 11, 2012 at 6:09 pm

      ဟုတ်ကဲ့
      ကျေးဇူးပါ အကို
      ခုလိုအားပေးတဲ့အတွက် လကုန်ရင် ဘီယာတိုက်ပါ့မယ်ဗျာ

      • Thel Nu Aye

        February 13, 2012 at 9:09 am

        ဒေါ်စိန်ပေါက်ပုံလာ့။ လှဒယ်နော်။ သတ်ပုံမှားလို့ခေါင်းမွှေးထောင်နေမှတ်တယ်။

  • koaung

    February 11, 2012 at 6:54 pm

    ပုံလေးကလန်းတယ်နော် ခုမှပဲမြင်ဘူးတော့တယ် ္လ္လ္လ္လလမ်းတွေ့ရင်ခေါ်နော် 😀

    • စိန်ပေါက်ပေါက်

      February 11, 2012 at 7:05 pm

      ဟုတ်ကဲ့ အမ
      မှတ်မိမယ်ဆို တွေ ့တဲ့နေရာ ခေါ်နိုင်ပါတယ်.

  • pooch

    February 11, 2012 at 7:56 pm

    “you are of a species bred to endure. The sufferings of others do not make your won less real-but remember how those others clung to life and , in the end, won through, you can do it.. ”
    ( PAM BROWN) 1982

    “ကြံ့ကြံ့ ခံဖို့ မွေးလာတဲ့အစားထဲကလို့
    ကိုယ့်ကိုယ်ကို မှတ်ပါ။
    သူများတွေလည်း ဒုက္ခသုက္ခခံနေကြရတာပဲဆိုလို့
    ကိုယ့်ဒုက္ခက ပေါ့သွားမှာ မဟုတ်ဖူး။
    ဒါပေမဲ့ ခုပြောတဲ့ သူများတကာတွေ
    ဒုက္ခကြားကနေ ဘဝကို ဘယ်လိုဖက်တွယ်ပြီး
    ဘယ်နည်းနဲ့ ပေါက်မြောက်အောင်မြင်လာကြသလဲဆိုတာ သတိရပါ။
    ကိုယ်လည်း လုပ်ရင်ဖြစ်ပါတယ်။”

    (ပယ်မ်ဘရောင်း)

    ဘာရယ်မဟုတ်ဖူး ကိုယ်တိုင်လည်း နွေဦးမှာ လေရူးတွေတိုက်လို့ ဂယောက်ဂယက်ဖြစ်နေလို့ ဖတ်လက်စ စာအုပ်တခုထဲကစာပိုဒ်လေး ရေးလိုက်တာ…

    • စိန်ပေါက်ပေါက်

      February 12, 2012 at 1:31 pm

      ကိုပွတ်ချ် ရေ
      သများလဲ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါ့မယ်နော့်
      ပုံ၊
      ကြံ့ကြံ့ခံနိုင်တဲ့ ဒေါ်စိန်ပေါက်

      • windtalker

        February 18, 2012 at 8:28 pm

        ကြံ ့ ခံ နိုင်ပြီ ဆိုတာနဲ ့ အားလုံး အောင်မြင်ပြီလို ့သာ မှတ်ပေတော့ ။ ရဲဘော်

        • နေဝန်းနီ

          February 18, 2012 at 9:36 pm

          အကြမ်းခံတဲ့ စစ်တပ်က အိုဂျီဘောင်းဘီ…။ ကျန်တာတွေတာမခိုင်တာ အိုဂျီ ဘောင်း ဘီ ကတော့ စုတ်သွားတာတောင်ချုပ်ရိုးမပြီဘူး…။ ဟူးးးးးးးးးးးး

        • စိန်ပေါက်ပေါက်

          February 19, 2012 at 8:07 pm

          အရေးထဲ…
          ကြာ်ငြာက ဝင်နေသေးတယ်…

  • TTNU

    February 11, 2012 at 9:29 pm

    ကိုပေါက်ဖော်ရေ…

    (တဂျောက်ဂျောက် မြည်နေတဲ့ နာရီလက်တံက အသံရယ်) ဆိုတာကို
    ခပ်သော့သော့ဖတ်လိုက်တော့ မောင်ရင် အိပ်မပျော်လို့ ပုတီးစိတ်နေတယ်
    မှတ်သွားတာတော့။ 😆

    • စိန်ပေါက်ပေါက်

      February 12, 2012 at 10:20 am

      တီချယ်ရေ
      ပြင်းလို ့မျက်ခွက်ပြောင်ပြီး သက်သက်ရေးမိလိုက်တဲ့ ကဗျာမဟုတ်စာမဟုတ်ကို မအားတဲ့ကြားထဲက
      ဝင်အားပေးသွားတဲ့အတွက် အထူးရှယ်ပဲ ကျေးဇူးတင်မိပါတယ်..ခင်ဗျား

  • ကျန်သေးတယ် ပေါက်ကျော်မရဲ့

    မောင့်ကိုအချစ်ဆုံးဆိုတဲ့စကားလုံး
    ခပ်ပေါပေါသုံးပြီး။
    ငါကွယ်ရာမှာ တွေ့သမျှလူနဲ့
    ကျိတ်ပုန်းခုတ်တတ်တဲ့
    ငါ့အချစ်ရဆုံးသောသူကို
    ယုံကြည်မိတာရယ်……………

  • surmi

    February 12, 2012 at 12:53 am

    မမြှုတ်ရသေးတဲ. ပုတ်ခါနီးအလောင်းတစ်လောင်းရယ် (အဲ မှားလို.မှားလို.)
    ဦးပေါက်ရေ—ကဗျာဖတ်ပြီး မရေးရသေးတဲ. စာတစ်ပိုဒ်လဲ ဆက်မရးနိုင်တော.ဘူးဗျို.—။

  • Mလုလင်

    February 12, 2012 at 1:07 am

    ပြန်ခဲ့မယ် ဆိုတဲ့စကားဗုံးနဲ့
    ရင်ကို အုံးခနဲ ခွဲ
    ခုတော့
    သူ အပြုံးနဲ့ ဆွဲတဲ့ ပန်းချီကား လေးတောင်
    ဖုန်တထောင်းထောင်းနဲ့

  • Khin Latt

    February 12, 2012 at 3:56 am

    မပေါက်ရေ –
    မမလို ဘဲ ဦးရီးလဲ အခန်းထဲကို ကြည့်ပြီး
    “ပစ်ရမှာပျင်းလို ့ ထားထားတဲ့ အမှိုုက်ထုပ် တစ်ထုပ်ရယ်” ကို သယ်သွားလိုက်ပါတယ်။
    အမှန်က မင်းလဲ ဟိုလူတွေထဲ ဝင်ပြီး ရစ်လိုက် သင့်တာလား jk 😉

    ခင်တဲ့
    ဦးရီးလတ်

    • စိန်ပေါက်ပေါက်

      February 12, 2012 at 1:26 pm

      များက မူးမှ မမူးတာ ဘိုလုပ်ရစ်ရမှာလဲ ဦးရီးလတ်ရဲ့

  • kyeemite

    February 12, 2012 at 6:52 am

    မိစိန်ပေါက်ရေ…မသောက်ဖြစ်သေးတဲ့ အရက်တစ်လုံးရယ်..ဆိုတာပါမလားလို့ လိုက်ရှာတာ..
    မတွေ့လို့ လက်ထဲကပုလင်းဘဲ သွားရေတများများ နဲ့ကြည့်ပီး ဘုံဆိုင်သို့ ချီတက်သွားပါကြောင်း…

  • water-melon

    February 12, 2012 at 10:20 am

    ဘာဘဲဖြစ်ဖြစ်ဖတ်သွားတယ်အေ့
    အမှိုက်ကို တိုက်ခန်းပေါ်က ပစ်မချနဲ့နော်
    မဖောက်ရသေးတဲ့ ကိတ်မုန့်က ဂွတ်တမောနင်းလား

    အာဖရိက စံတော်ချိန် ၄နာရီ ၂၁ မိနစ်။ စူပါ ဆန်းဒေး။

    • စိန်ပေါက်ပေါက်

      February 12, 2012 at 10:26 am

      ဟဲ့
      အစိုမဟုတ် အခြောက်မဟုတ် မစိုမခြောက်တောင်မရဲ့
      အမှိုက်ကို တိုက်ခန်းပေါ်က ပစ်မချလို ့ အိပ်ထဲ ထည့်ထားတာပေါ့ဟဲ့
      စပ်စလူး၊နန် ့နန် ့လူး၊ငါးပျဉ်မဆားပက်မရဲ့ ညည်းသာ ချောင်ချိုချောင်ခြားထဲ မထိုးထည့်ထားမိစေနဲ ့

      အီသီယိုးပီးသီးယားစံတော်ချိန် ၁၉ နာရီ ၁၈ မိနစ်

      • water-melon

        February 12, 2012 at 10:31 am

        ဟဲ့ ညည်းတာ
        ဟိုကြားထဲ ထည့်မထားနဲ့ဟဲ့
        အနံ့အသက်ကလည်း ဆိုးပ
        ရုပ်ကိုက ဘီလူးမမျက်နှာ အီးမှန်တဲ့ ရုပ်နဲ့
        စိတ်ရှိလက်ရှိ လုပ်လိုက်ရရင် တောင်အာဖရိက တန်းရောက်သွားမယ်

        ဆော်ဒီအာရေးပီးယား စံတော်ချိန် ၂ဝ မိနစ် ၁၉ စက္ကန့်

        • စိန်ပေါက်ပေါက်

          February 12, 2012 at 10:35 am

          ဟဲ့တောင်မ..ဟဲ့တောင်မ
          သဂျီး ဥခိုင်ကို အားနာလို ့..ပုတ်ဂိုရေးမပြောရဆိုလို ့..မပြောပဲနေတာ
          ခုတော့ ပြောတော့မယ်..
          ညည်းသာ ဘယ်ဂျားမှ မထိုးထားပဲနဲ ့ အော်ဒိန်ဂျင်နယ် ဟောင်ကောင်မ ဖြစ်နေတာ..
          ရုပ်ကိုက အော်ဒါမရလို ့ အီးမှန်နေတဲ့ရုပ်နဲ ့

          မော်စကိုစံတော်ချိန် ၂၁ နာရီ ၃၅ မိနစ်

  • inz@ghi

    February 12, 2012 at 10:26 am

    လေဒီစိန်ပေါက်
    ကို အားပေးတွားဘာသည်….

    ပုံ
    လေဒီဂီဂီ

    • စိန်ပေါက်ပေါက်

      February 12, 2012 at 10:29 am

      ဟုတ်ကဲ့ပါ အမ
      ခုလို အားပေးတဲ့အတွက် လကုန်ရင် ရှင်မတောင်သနပ်ခါးတုံး လက်ဆောင်ထည့်ပေးလိုက်ပါ့မယ်

      • E.T

        February 12, 2012 at 5:00 pm

        ဘယ်လိုဖြစ်နေကြတာတုန်း အမနဲ ့လေဒီပေါက် ဆိုပါလား။ ရွာထဲမဝင်တာကြာတာနဲ ့ လိုက်လို ့ကိုမမှီတော့ဘူး

        • စိန်ပေါက်ပေါက်

          February 12, 2012 at 5:04 pm

          ဟုတ်ပါတယ် မအီးတီရေ
          အပြောင်းအလဲမြန်တဲ့ခေတ်ကြီး လိုက်လို ့ကို မမီတော့ပါဘူး..
          ရူးများ ရူးနေကြသလား မသိပါဘူးတော်..
          ပြောမပြောချင်ပေါင်

        • inz@ghi

          February 12, 2012 at 5:08 pm

          သများတို့ ရဲ့ တိုးတက်ပြောင်းလဲမှု ကို
          နားလည်ခံဇားပေးကြပါချင့် …

          ခင်တဲ့
          လေဒီဂီဂီ

  • maetu

    February 12, 2012 at 1:09 pm

    ထို ့ကြောင့် သတ်ပုံမှားတဲ့ညဟုခေါ်လေသည်။

  • တညင်သား

    February 12, 2012 at 8:16 pm

    ဒီလိုပဲ ဖြတ်ခါစဆိုတော့ နောက်တော့အသားကျသွားမှာပါ…. တနေ့ စိုဂျူ့ တလုံးမှန်မှန်သောက်ရင်
    သတ်သာ လာနိင်ပါတယ်……:P

  • ကျုပ်လည်း လာရောက် အားပေးသွားပါတယ် တိုပေါက်ပေါက် ရေ …
    တိုပေါက်ပေါက်ရဲ့ မော်ဒန် ကဗျာလေးက ကောင်းသဗျို့ …
    “အလန်းဇယား သတ်ပုံမှားတဲ့ ည” ပါတကား … လို့ ပြောရင်း …

    ခင်မင်စွာဖြင့်
    အံစာတုံး

  • ကြောင်ကြီး

    February 13, 2012 at 10:40 am

    မအိပ်ချင်
    ဆိတ်ဖင်ကို
    လိပ်ရှင်နဲ့တို့၊
    ထိပ်ဝင်ပေမဲ့
    အဖိတ်အစင်
    အရိပ်မထင်ရင်
    နှိပ်ချင်နေလည်း
    ိသိပ်မြင်စရာမရှိ..။

  • စိန်ပေါက်ပေါက်

    February 13, 2012 at 4:30 pm

    သတ်ပုံတွေမှားနေတာ သုံးရက်ရှိပြီ
    ဒီညတော့ ပင်ပန်းတာနဲ ့ ဂလုပြီး အိပ်တော့မယ်…ဟရို ့

    ဘယ်သတ်ပုံတွေမှားနိုင်ပါ့ဦးမလဲ
    ညှင်း.ညှင်း.

  • Moe Z

    February 13, 2012 at 4:35 pm

    ဒေါ်စိန်ပေါက် hair designer က ဘယ်သူလဲဟင် မိတ်ဆက်ပေးပါလား
    ပုံထဲဆံပင်ပုံက မိုက်တယ် 😀

    • စိန်ပေါက်ပေါက်

      February 13, 2012 at 4:43 pm

      ဟုတ် ကိုမိုးဇက်
      များဆံပင်ကို မိုက်တယ်လို ့ပြောလို ့ကျေးဇူးတင်ပါတယ်..
      ဒီဇိုင်နာက မှန်ထောင်ညှပ် ဖြစ်ပါတယ်

  • မီးလေး

    February 13, 2012 at 5:41 pm

    ဒေါ်စိန်ပေါက်ရေ … သတ်ပုံပဲမှားပါ …. လူတွေတော့ မမှားလိုက်ပါနဲ့ … လူတွေမှားလိုက်ရင် .. အဘပုနဲ့ ဖြိုးက ဝမ်းသာနေလိမ့်မယ် ……… 😀 😀

Leave a Reply