Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာလူးဆနွင်းမကင်း easy cook

weiweiFebruary 12, 20121min52818
မုန့်ဖုတ်ပြီးပုံ
သုံးဆောင်နိုင်ပါပြီ ..

ဒီကနေ့ ပိတ်ရက်လဲဖြစ်တာနဲ့ အလွန်လွယ်ကူရိုးရှင်းပြီး အာဟာရဓါတ်ပြည့်ဝတဲ့ အာလူးဆနွင်းမကင်းလုပ်စားဖြစ်ပါတယ် …

ပါဝင်သည့်ပစ္စည်းများ
အာလူး ….. ၃ဝ ကျပ်သား (ကီလိုဝက်) ခန့်
သကြား ….. စတီးဇွန်းခပ်မောက်မောက် ၄ ဇွန်း
ဂျုံမှုန့် ….. စတီးဇွန်းခပ်မောက်မောက် ၅ ဇွန်း
အုန်းနို့အပျစ် ….. ၁၆ဝ မီလီလီတာ (ရယ်ဒီမိတ် ဗူးသေးတစ်ဗူး)
ထောပတ် ….. စတီးဇွန်းတစ်ဇွန်း
ဆား …. အနည်းငယ်
ဘိန်းစေ့ …. အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်
အာလူးကို နူးအောင်အရင်ပြုတ်ရပါမယ်။ ပြီးရင် အခွံနွှာပြီး အာလူးသားများကို ကျေအောင်ခြေပေးရပါမယ်။ ထို့နောက် သကြား၊ ဂျုံမှုန့်၊ ဆား၊ အုန်းနို့၊ ထောပတ်ထည့်ပြီး နှံအောင်မွှေရပါမယ်။ အဲဒီနောက် စတီးလင်ဗန်း (သို့မဟုတ်) ထည့်စရာတစ်ခုခုကို ဆီသုတ်ပြီး မုန့်နယ်ထားတာကို ထည့်ရပါမယ်။ အပေါ်ယံကနေ ထောပတ်နဲနဲသုတ်ပြီး ဘိန်းစေ့ဖြူးပြီးနောက် oven ထဲထည့်ပြီး မိနစ် ၃ဝ ထည့်လိုက်ပါက အသင့်စားနိုင်သော အာလူးဆနွင်းမကင်းရရှိပါပြီ …
oven မရှိရင်တော့ အထက်မီး အောက်မီးနဲ့ ကင်ရမှာမို့ easy cook မဖြစ်နိုင်ပါ …
ပုံမှာ ပြထားတာကတော့ ကင်စရာလင်ဗန်းမရှိလို့ စတီးထမင်းဂျိုင့်ခပ်ကြီးကြီး ၂ ခု နဲ့ ကင်လိုက်ပါတယ် … ပုံမှာပြထားတာရဲ့ နှစ်ဆ အတွက် မုန့်စပ်တဲ့အချိုးဖြစ်ပါတယ် …

18 comments

  • weiwei

    February 12, 2012 at 8:21 pm

    အာလူးမကြိုက်သူများ အာလူးအစား မုန်လာဥနီကို ခြစ်ထည့်ပြီး လုပ်စားနိုင်ပါတယ် …

  • တညင်သား

    February 12, 2012 at 8:28 pm

    ပုံအတိုင်းဆိုရင်တော့ ဗိုက်ပြည့်မှာ မဟုတ်ဘူး …အရင်ဆုံးတစ်ခု နိုက်စားသွားပါတယ်ခင်ဗျာ……

  • MaMa

    February 12, 2012 at 8:36 pm

    ဝေဝေရေ- မုန့်မြင်တာနဲ့ ဧည့်သည်လာလုပ်ချင်နေပြီ။ 😀

    • weiwei

      February 12, 2012 at 8:40 pm

      ဟင်းတွေချက်ရတာ ရိုးလာလို့ အခုနောက်ပိုင်း မုန့်တွေစမ်းလုပ်ဖြစ်တယ် … ရှေ့အပတ်ပိတ်ရက်မှာ မုန့်စိမ်းပေါင်းလုပ်ကြည့်မလို့ လုပ်နည်းသေချာမေးထားပြီးပြီ .. ဒါပေမယ့် easy cook တော့ဖြစ်မှာမဟုတ်ဘူး …

      • MaMa

        February 12, 2012 at 8:48 pm

        မုန့်စိမ်းပေါင်းလည်း ကြိုက်တယ်။
        ပြောမယ့်သာ ပြောတာ မြန်မာပြည်မှာနေ့တိုင်း သက်သက်သာသာနဲ့ ရနေလို့ တန်ဖိုးမထားကြတာ။
        မုန့်စိမ်းပေါင်းလုပ်ဖို့ မလွယ်ဘူးလားလို့။

  • koaung

    February 12, 2012 at 9:03 pm

    ရွှေကြည်ဆနွင်းမကင်း နဲ့ သာကူဆနွင်းမကင်းဆိုရင်ဒေါ့ အင်း။။။။(အာလူးနဲ့တော့မစားဘူးဘူး) စားလို့ကောင်းမယ်ထင်တယ်

  • padonmar

    February 12, 2012 at 9:56 pm

    တကယ့် အီးဇီးကွတ်ပဲ၊
    အိမ်မှာလုပ်နေကျက step တွေ များတော့ ဒီလောက်မလွယ်ဘူး။
    အုန်းသီး အစိမ်းသုံးတော့ ခြစ်ရတာ ကြော်ရတာတွေနဲ့ လက်ဝင်တယ်။
    ဝေဝေနည်းကို စမ်းကြည့်အုံးမယ်။
    စတီးချိုင့်က oven သုံးလို့ရလား။

    • ဦးဦးပါလေရာ

      February 12, 2012 at 10:12 pm

      မပဒုမ္မာရေ
      electric oven က စတီးတို့ သံတို့ ထည့်လို့ရတယ်လို့သိရပါတယ်။
      microwave oven ကတော့ စတီးတို့သံတို့ ထည့်လို့မရဘူးလို့ဆိုပါတယ်။

  • ဦးဦးပါလေရာ

    February 12, 2012 at 10:15 pm

    မဝေဝေပြောမှပဲ အာလူးဆနွင်းမကင်းကို oven နဲ့ဖုတ်လို့ရမှန်း သတိထားမိတော့တယ်။
    လက်ဆောင်ရထားတဲ့ oven တလုံး ဘာလုပ်ရမှန်းမသိလို့ ပစ်ထားတာ အသုံးဝင်သွားပြန်ပြီ။
    အုန်းနို့ မထည့်ရင်တော့ မကောင်းဘူးထင်တယ်နော်။
    မကောင်းလဲနေပစေ ၊ သကြားလေးပိုထည့်ပြီး လုပ်စားကြည့်ဦးမယ်…။

    • weiwei

      February 12, 2012 at 10:22 pm

      ဘာဆနွင်းမကင်းပဲလုပ်လုပ် အထက်မီးအောက်မီး သုံးရမယ့်အစား electric oven ကို သုံးလို့ရပါတယ် … အများကြီးလွယ်သွားတာပေါ့ …
      အဲဒီအိုင်ဒီယာလေးပေးချင်လို့ ဒီနေ့ နမူနာလုပ်ပြလိုက်တာပါ … ရှေးရိုးအစဉ်အလာအတိုင်း လုပ်ရင် ပိုပြီးစားလို့ကောင်းပေမယ့် မိသားစုစားရုံ နဲနဲပဲဆိုရင်တော့ အခုလိုအလွယ်နည်းလေးက ပိုကောင်းပါတယ် …

  • Khin Latt

    February 12, 2012 at 10:44 pm

    ဝေဝေ ရေ – အခုကိုဘဲ လုပ်စားကြည့် ဖို့ ဆုံးဖြတ်လိုက်တယ်။
    ကျေးဇူးပါဟေ့။
    တစ်ခါမှ မလုပ်ဘူးဘူး။ လွယ် တော့ လွယ် သလိုဘဲ။
    ကောင်းမကောင်း တော့ ပိတ်ကားပေါ်တွင်မျှော် ……….. 🙂

    • weiwei

      February 12, 2012 at 10:55 pm

      ကောင်းမှာသေချာကြောင်း အာမခံပါတယ် … ကျွန်မလုပ်တုန်းက နွားနို့နဲနဲထည့်လိုက်သေးတယ် … စားရတာအရမ်းအီသလိုဖြစ်သွားလို့ နွားနို့မထည့်တာပိုကောင်းမယ်လို့ တွေးမိလို့ အညွှန်းထဲမှာ မထည့်လိုက်ဘူး … အရသာကို အရင်မြည်းကြည့်ပြီးမှ ဖုတ်လိုက်ရင် ပိုအဆင်ပြေမယ်ထင်တယ် … ကျွန်မက အချိုပေါ့ပေါ့စားတတ်လို့ အချိုထည့်တာ နဲများနဲနေမလားလို့ …

  • တညင်သား

    February 12, 2012 at 10:59 pm

    ဟိုးးးးးးးးးးးးးးးးးးးး အရင်တုန်းက ပုလဲ ဘိန်းမုန့် တော်တော်နာမည်ကြီးတယ်လို့သိရတယ် ..ကျိုက်ဘုရားပွဲတွေမှာဆိုရင် အဲဒီဘိန်းမုန့် လက်မအားရအောင် ရောင်းကောင်းတယ်လို့ဆိုပဲ (မန္တလေးထိုးမုန့်လို)…. အပေါ်မီးတွေ အောက်မီးတွေနဲ့အလုပ်ရှုပ်တော့ဘိန်းမုန့်ဆိုတာ ဘာလဲလို့ မေးရတော့မလိုရှိနေတော့ ရိုးရာ အစားအစာတစ်ခုကို ခုလိုဖုတ်စက်တွေနဲ့ ပြန်လည်ဖော်ထုတ် ရောင်းချစေချင်မိတယ်…. ဘိန်းမုန့်ရော ဖုတ်လို့ရပါ့မလား………….?

    • weiwei

      February 12, 2012 at 11:13 pm

      ဘိန်းမုန့်လုပ်လို့ ရမယ်ထင်တယ် … စမ်းကြည့်မယ်လေ …
      မုန့်စပ်နည်းအရင် လေ့လာလိုက်အုန်းမယ် …

  • Thel Nu Aye

    February 13, 2012 at 9:13 am

    မဝေရေလုပ်စားကြည့်အုံးမယ်။ ကျေးဇူးပါ။

  • ရောင်နီ ဦး

    February 13, 2012 at 9:37 am

    မြင်သာမြင်မကြင်ရ……….ဪငါ့ဘဝဘဝ………………
    လုပ်စားကြည့်အုံးမယ်ဗျာ…………..

  • ကြောင်ကြီး

    February 13, 2012 at 10:45 am

    အာလူး
    ဦးလာ
    ထူးဗျာ
    ဏှူးဘာ
    အရူးဟာ
    တမူးသာ..။
    ဘဲသားမုန့်လက်ဆောင်းသာကူလေး လုပ်ပါအုံးဗျာ….။

  • ဆူး

    February 13, 2012 at 11:00 am

    အာလူး တင် မဟုတ်ဘူး ကန်စွန်းဥ နဲ့လည်း လုပ်လို့ ရတယ်။
    အာလူး အတိုင်း ကန်စွန်းဥ နဲ့ လုပ်စားဖူးတယ်။
    အဖေ ရှိတုန်းက ခဏခဏ ပူတင်း ဖုတ်တယ် စနွင်းမကင်း ဖုတ်တယ် ပဲမုန့် ဖရုံယိုမုန့် လုပ်တယ်။
    အမှန်တော့ သူစားချင်လို့ မဟုတ်ဘူး.. အဓိက မုန့်လုပ်တဲ့ နည်းပညာ လုပ်နည်းလေး သိစေချင်လို့ လုပ်တတ်အောင်ခိုင်းတာ။
    အဖေက ဆီးချို ရှိတော့ အချိုပေါ့ပေါ့ လေး လုပ်ရတယ်။
    အခုတော့ နည်းပညာတွေ ခပ်မေ့မေ့ရယ်။
    တနေ့ကတော့ ကွတ်ကီး ဖုတ်စားလိုက်သေးတယ်။

Leave a Reply