စိတ်ညစ်လို ့ရေကြောင်းခရီးသွားနေတယ်ဗျာ






We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
16 comments
water-melon
February 13, 2012 at 7:20 pm
ရေလေးကတော့ ပြာနေတာဘဲ
ချိုးချင်လိုက်တာ ဒါပေမဲ့ ရေအောက်က အကောင်တွေကြောက်တယ်
တော်ကြာ ကိုက်သွားရင် ဒုက္ခ
ငါးဘယ်နှစ်ကောင်ရလဲ ကိုနာဂ
ဘယ်မှာလဲ ကိုနာဂ ပြောအုံး
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 13, 2012 at 10:23 pm
ကို water melon ရေ ငပလီမှာတော့ ကြောက်စရာမလိုပါဘူး။စိတ်ဝင်စားရင် ငါးမျှားလိုက်ခဲ့လေ။
ကျနော်က ပျောက်သွားတာ မဟုတ်ပါဘူး။log out အလိုလိုဖြစ်သွားတယ်ဗျာ။ပြန်ဝင်လို ့မရတော့လို ့
မနည်းကြိုးစားနေရတယ်။သူကြီးရေ ဘယ်လိုကြောင့် ခဏ ခဏ ဖြစ်နေတယ် မသိဘူးဗျ။အကိုရေ ငါး
တွေကတော့ သိပ်မရပါဘူး။အချိန်သိပ်မရလို ့ခဏဘဲနေခဲ့ရတယ်။
thet pying phyo
February 14, 2012 at 9:20 am
Very nice views, where is it?
weiwei
February 14, 2012 at 9:50 am
ငပလီကို နှစ်ခါ ရောက်ဖူးတယ် … မြန်မာပြည်မှာတော့ အလှဆုံးကမ်းခြေတစ်ခုပဲ … ပင်လယ်ပြာပြာကြီးကိုလဲ သဘောကျတယ် …
ငပလီရောက်ရင် အကြာကြီးနေချင်ပေမယ့် တည်းခိုခ ဈေးကြီးလို့ ကြာကြာမနေနိုင်ဘူး … ခဏခဏသွားချင်တယ် ..
ဆူး
February 14, 2012 at 10:03 am
ငပလီ မှာ ရေငုတ်ပြီး ငါးတွေ ကြည့်လို့ ရမှန်း မသိဘူး။
ရရင် နောက်တခါ ရောက်ရင် ရေအောက်က အကောင်လေးတွေ ကြည့်ပါတယ်။
Khaing Khaing
February 14, 2012 at 11:39 am
ငပလီကိုသိပ်သွားချင်တယ် အခုလိုသဘာဝအလှပုံလေးတွေတင်ပေးတာကျေးဇူးပါ အခုကများသောအားဖြင့် ချောင်းသာ ငွေဆောင်ပုံလောက်ပဲ ကြည့်ရတာ လူတွေကအဲကိုပဲသွားကြတယ်လေ ရန်ကုန်နဲ့နီးတာကို ကျွန်မကတော့ ငပလီကိုသိပ်သွားချင်တယ် ….အခုတော့ သွားချင်စိတ်ကိုပိုစေပါတယ်..
နွယ်ပင်
February 14, 2012 at 12:32 pm
ငပလီကို အရမ်းရောက်ဖူးချင်တာ အခုထိကို မရောက်ဖူးသေးဘူးပဲ
ရေပြင်ပြာပြာကြီးကလဲ လှလိုက်တာ အရမ်းပဲ ….
koaung
February 14, 2012 at 1:24 pm
ငပလီကတကယ်လှတယ်နော် ရောက်ဖူးချင်ပါ၏
etone
February 14, 2012 at 2:14 pm
ငပလီကိုတော့ တစ်ခါမှ မရောက်ဖူးသေးဘူး … ။
ငပလီရဲ့ ရေက အရမ်းလှတယ်လို့ပြောဖူးတယ် .. ဒါပေမယ့် … နိုင်ငံခြားသားတွေ အများစုလာပြီး … ကမ်းခြေက ဆိတ်ငြိမ်တယ် …. ။သဲကလည်း ပိုသန့်ပြီး ဖြူသတဲ့ ….. ။ ချောင်းသာတို့ …ငွေဆောင်တို့မှာလို … ရေထဲဆင်းဆော့တဲ့ လူ သိပ်မများပဲ … Stress တွေပြေလျှော့ဖို့ အတွက် နိုင်ငံခြားသားတွေ အသွားများတဲ့ ကမ်းခြေတစ်ခုပေါ့ … ။ ခက်တာက … ငပလီမှာ အစစ အရာရာ ချောင်းသာတို့ ၊ ငွေဆောင်တို့ထက် ဈေးကြီးတယ် … ။
Moe Z
February 14, 2012 at 2:31 pm
ဟန်းနီးမွန်းခရီး ငပလီသွားလေ မမအိတုန်
ကိုသန်းထွဋ်ဦးရေ ကူညီပေးလိုက်ပါဦး အဲဒီရောက်ရင်
တကယ်လှတယ်ရေအရောင်က ကူးချင်လာပြီ ..
etone
February 15, 2012 at 4:02 pm
အဟီး ဟီး … မိုးဇက်ပြောမှပဲ .. ဟန်းနီးမွန်း ပလမ်ထဲ … ခရီးစဉ်တစ်ခု ထည့် စဉ်းစားရတော့မလိုပဲ … ။ wedding ကတောင် ဘယ်ဆီနေမှန်း မသိဘူး … ဟန်းနီးမွန်းသွားချင်တဲ့နေရာက ပြည်တွင်းပြည်ပ လေးငါးနေရာ …..
Ma Ei
February 14, 2012 at 4:09 pm
လှပသာယာတဲ့ ငပလီကမ်းခြေပါ…
99 လောက်က ရောက်ခဲ့တယ်..
လုံးသာ၊ဂျိတ်တော ရွာထဲလဲသွားခဲ့တယ်..နေ့လည်ဖက်မှာရွာသူ၊ရွာသားတွေ
အိမ်ခါးပန်း ခေါင်းအုံးပြီး အိပ်နေကြတာ…အိမ်တိုင်းလိုလိုဘဲ..
ရေချိုဝယ်သုံးကြရတယ်..ခုတော့မသိပါ..ကမ်းသာယာက သဲအမဲတွေ…
ငပလီ က ရေပြာတယ်၊သဲဖြူတယ်..ရေထဲဆင်းလိုက်.လမ်းလျှောက်လိုက်..ဓါတ်ပုံရိုက်လိုက်
3 ရက်လောက်ကြာတော့ ပျင်းလာရော..ဒါပေမဲ့…ခုထပ်သွားချင်သေးတယ်…
windtalker
February 14, 2012 at 8:30 pm
နောက်တစ်ခါ စိတ်ညစ်ခဲ့ရင်
ကရူးဆိုး လို သွားနေကြည့်ဗျာ ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 15, 2012 at 11:02 am
thet pying phyo ရေ ဒီပုံလေးတွေက ငပလီတဝိုက်က ကျွန်းလေးတွေနားမှာပါဗျ။
မမweiwei နဲ ့မမအိတုံရေ ငပလီက ဈေးတော့ကြီးပေမယ့် ခုတော့ပြောလောက်အောင်
မဟုတ်ရပါဘူးဗျာ။အသိမိတ်ဆွေရှိရင်တော့ ငွေကုန်သက်သာတာပေါ့။ကို MoeZ ရေ
ဘယ်သူဘဲလာလည်ပါဗျာ ကူညီရမှာပေါ့။
မမနွယ်ပင်တို ့မမဆူးတို ့မမခိုင်ခိုင်တို ့ပါ လာလည်ကြပါ။တကယ်ရောက်ဖြစ်ရင် ခုထက်လှတာ
ကိုတွေ ့ရမှာပါ။
MaEi တို ့ကိုပေ တို ့ပါလာလည်ကြအုံးဗျာ။ကိုပေနဲ ့ကျနော် အတူတူ ကရူးဆိုးလုပ်ကြတာပေါ့။
Ma Ei
February 15, 2012 at 12:04 pm
မနေ့က ဒီ post အတွက် comment ရေးဖြစ်ပြီး..အိမ်မှာ ဓါတ်ပုံတွေပြန်ကြည့်မိတယ်..
အဲ့တုံးကတော့ ရှုခင်းလှလှတွေ့ရင် ဒီနေရာလေးနဲ့ရိုက်ပေးပါဆိုပြီး ဝင်ရပ်လိုက်တာဘဲ..
ရှုခင်းသက်သက်မရိုက်ထားမိဘူး..လူပုံမပါရင် တော်တော်လှမှာလို့ ခုမှတွေးမိတယ်..
ငပလီ ဟိုတယ်ရှေ့ ကမ်းခြေက လူတစ်ဖက်၊နှစ်ဖက် မကတဲ့ ပုန်းညက်ပင်ကြီးတွေ
ရှိသေးလားမသိ…ကျောက်မောင်နှမ ကမ်းခြေသဲပြင်ပေါ်က တီကျစ်စာလိုမျိုး သဲမှုန်ရွရွ
လေးတွေက.. ကနုတ်ပန်းဆင်ဖြစ်နေတာလေးတွေ..ရေလှိုင်းအတက်အဆင်းကြောင့်
သဲပြင်မှာချိတ်အဆင်လို လိုင်းလေးတွေ ဖြစ်နေတာ..လွမ်းလိုက်တာကွယ်..
လာလည်ချင်ပါသေးတယ်..
manawphyulay
February 15, 2012 at 4:21 pm
ငပလီဆိုလို့ အဲဒီနားက အပေါ်ရေကျွန်းခေါ် ပုလဲကျွန်းဆိုတာကော ရောက်ခဲ့လား။ လုံးသာ ဂျိတ်တောကနေ တစ်ဖက်ကမ်းကို ဖောင်နဲ့ကူးရတာလေ.. အဲမှာတော့ အတော့်ကို နေလို့ထိုင်လို့ကောင်းတယ်။ သတိရမိပါတယ်။ မဇင်လေဆိပ်ရယ် ရွှေဝါချိုင်ဟိုတယ်ဘက်တွေရယ်… လုံးသာရွာလေးရယ်… သောင်ပြင်တစ်လျှောက် ငါးကောက်ခဲ့တဲ့နေရာလေးတွေရယ်… ပြန်လွမ်းမိတယ်။ နောက် ကျောက်ပုစွန်ကြီးတွေလည်း လွမ်းတယ်။