“မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်”
“မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်”
မန်းလေးတောင်ကို ကျနော်အကြိမ်များစွာ ရောက်ဘူးပါတယ်။
ဟိုငယ်စဉ်ဘဝကတော့ ခြေလျင်အပြေးအလွှားတက်။
ခြေလျင်တက်တာတောင်
တစ်ခါတစ်လေ စောင်းတန်းကတက်။
တစ်ခါတစ်လေ တောလမ်းကတက်။
တစ်ခါတစ်လေလူရှင်းတဲ့ဂေါက်ကွင်းဘက်အနောက်စောင်းတန်းကတက်။
ပျော်စရာကောင်းခဲ့တဲ့အချိန်တွေပါဘဲ။
ဒါပေမယ့် မန်းလေးတောင်ကို မနက်အာရုံမတက်ခင်တော့တစ်ခါမှ မရောက်။
တိုက်တိုက်ဆိုင်ဆိုင်လုလင်ရောက်တဲ့အချိန် မန်းလေးတောင်ကိုစောစောသွားဘို့ချိန်းလိုက်ပါတယ်။
ငါးနာရီလောက် စောစောထွက်။
လုလင်တည်းတဲ့12လမ်းဝင်ခေါ်။
မန်းတောင်ပေါ်ကို အပြေးအလွားတက်ကြပါတယ်။
ဘိုးဘိုးကြီးနန်းရှိတဲ့ အရှေ့ဖက်စောင်းတန်းကတက်။
နေကထွက်လာတော့ မှီအောင်အပြေးအလွားတက်ကြရတာ
အပေါ်လဲရောက်ရော အတော်မောနေပါတယ်။
ဒါပေမယ့် လှပတဲ့မြင်ကွင်း မြူမူံတွေဝေစီနဲ့မြင်ကွင်းတွေက
ရင်တွင်းအမောကိုပြေစေပါတယ်။
သိစေချင်တာကတော့မြန်မာပြည်အတွင်းမှာလဲလှပသောမြင်ကွင်တွေရှိတယ်ဆိုတာကိုပေါ့။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(16-2-2012)
19 comments
Ma Ei
February 17, 2012 at 8:46 am
ကိုပေါက်ရေ ဓါတ်ပုံပြပွဲ လုပ်ပါတော့….
ပြပွဲနံရံမှာ ဆိုဒ်အကြီးနဲ့သာ ကြည့်ခွင့်ရချင်ပါဘိတော့တယ်…
water-melon
February 17, 2012 at 8:50 am
လေးပေါက်ရိုက်မှဘဲ
ဒို့မန်းလေးတော်တော်လှတယ်ဆိုတာ သိတော့တယ်
စောစောထရိုက်ချင်တယ်။ စိတ်ကထချင် လူကမနိုးလို့။
လေးပေါက်ရေ
မနေ့ကလည်း ဦးပိန်
ဒီနေ့လည်း မန်းလေးတောင်၊ကျုံး၊စန္ဒာမုနိနဲ့ကုသိုလ်တော်
အတူတူလည်ခဲ့ဘူးတဲ့ နေရာတွေကြည့်ဘဲ။
လွမ်းတယ်ဗျာ။
ငိုတောင်ငိုချင်လာပြီ။
ကိုပေါက်(မန္တလေး)
February 17, 2012 at 8:52 am
ကျနော်တို့လဲစုပေါင်းတင်ကြဘို့ တိုင်ပင်နေပါတယ်။
ကိုပေါက်(မန္တလေး)
February 17, 2012 at 8:57 am
ငိုလိုက်စမ်းကွာ………………………………..
စိန်ပေါက်ပေါက်
February 17, 2012 at 10:10 am
မိုက်ဒယ်ဗျာ
လေးလေးပေါက်ရဲ့ အမြင့်ပျံ ရိုက်ချက်များပေါ့
ဗဲဒီးဂွတ်
ရိုက်ချက်တွေပျင်းလာသလို ရေးချက်တွေလဲ မသေးတဲ လောက်လောက်ပေးကွ
ဘယာကြော်
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 17, 2012 at 11:30 am
ကျနော် ကတော့ မန်းလေးကို တစ်ခါမှ ရောက်ဖူးပါဘူး။
အခုလို မန်းလေး တောင်ပုံတွေကို မြင်ရတော့ မန်းလေးကို သွားချင်မိသွားတယ်။
မန်းလေးကို ရောက်အောင်လည်း သွားဦးမှာပါ။ အဲဒီမှာ အသိတော့ ရှိတယ်။
လေးပေါက်ရဲ့ ပုံတွေထဲမှာ လေးပေါက် အနှစ်သက်ဆုံး မြင်ကွင်းပုံလေးနဲ့ “ဒါကတော့ ကုသိုလ်တော်” ပုံလေးကို အကြိုက်ဆုံး ဖြစ်ပါကြောင်း ….. ။
ကိုပေါက်(မန္တလေး)
February 17, 2012 at 11:59 am
အသိမရှိလဲလာပါ။
ဖရဲပေရွှေစိန်ပေါက်ပု တို့က အမြဲတမ်း ဝဲလ်ကမ်းပါဘဲ။
ကြိုတော့ပြော…………..
ရှောင်ချိန်ရအောင်လို့။
တိန်……………………
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 17, 2012 at 12:13 pm
အန် … လေးပေါက်က ဝဲလကမ်းလဲ ကြောသေးတယ် ..။
နောက်တော့ ရှောင်ချိန်ရအောင်လို့ … တဲ့။
သား … ငိုလိုက်မှာနော် …
ဗြဲ …. အီး .. အီး … ဗြဲ …
😀 😀
K@oru
February 17, 2012 at 12:07 pm
ဗျို့ အန်တီပေါက် ..
ရှေ့လထဲမှာ ..ဘာဘီကျူ သားစားကျူးတဲ့ ရှက်ကီ သမား ဂျာပု
ငတိ တကောင် မန်းလေး လာမယ် သတင်းအတိအကျ ရထားတယ်ချင့်
ဆိုင်ကယ် ခွမယ်ချည်း ကြွေးကျော်နေတယ်ချင့် ..လုံအောင်ပုန်းပါချင့်..
သများကတော့ သင်္ကြန်လောက်မှ စစ်ကိုင်းဘက်သွား ရိပ်သာဝင်ဖို့ လာရင်ကောင်းမလား
တွေးနေပါတယ်ချင့် ….။
😀
ခင်တဲ့
လုံမလေးခါအိုလု။
Diamond Key
February 17, 2012 at 3:08 pm
ကိုပေါက် မနက်ရောက် မန်းတောင်အောက်၊
အားမရလို့ အပြေးသနော် မန်းတောင်ပေါ်၊
အပြေးတစ်ပိုင်း ရိုက်စုံညီတဲ့ အလှမ်းမဝေးပေါင်၊
မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်၊
😛
ကိုပေါက်(မန္တလေး)
February 17, 2012 at 12:21 pm
လာချင်သူလာ ဆိုင်ကယ်ခွချင်တယ်ဆို အဆင်ပြေပါ၏။
မန်းလေးမှာခွဘို့ ဆိုင်ကယ်ပေါ ပါ၏။
စစ်ကိုင်းသွားရင် စစ်ကိုင်းလိုက်မှာပေ့ါကွ။
mandalarthu
February 17, 2012 at 10:33 pm
ဦးပေါက်ေ၇
နံပါတ်(၁၁)ပုံကို အကြိုက် ဆုံးပါဘဲ။ တောင်ပေါ်မှာဆောင်းအကုန် နွေအကူးမမှာ မြူခိုုးလေးတွေ ဝေနေတာကို
အမိအရ အချိန်လု ရိုက် နိုင် တာ အရမ်းတော်တာဘဲနော်..ဦးပေါက် ေ၇။ အားကျမိပါရဲ ့။
ဓာတ်ပုံ ပြပွဲ ဖွင့်ဖြစ်ရင် ဒီကနေ ဖိတ်လိုက်ပါဦးနော်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 17, 2012 at 11:07 pm
ကိုပေါက်ရေ ကိုပေါက်ရဲ့ ပုံလှလှလေးတွေမြင်ရတော့ ရောက်ဖူးချင်လိုက်တာဗျာ။
တခါမှာ မရောက်ဖူးတော့ စိတ်ထဲမှာသွားချင်မိတယ်။
ကိုပေါက်(မန္တလေး)
February 18, 2012 at 9:13 am
လာလည်ဘို့ အမြဲဖိတ်ခေါ်ပါ၏။
ကိုပေါက်(မန္တလေး)
January 10, 2014 at 5:35 pm
ဒီ ပိုစ် အ ဟောင်းကို ပြန ်ဖတ် မိ တော့ ရွာသူ ရွာသား အဟောင်း တွေ အား ကောင်း မောင်းသန်နဲ့ပိုစ်တွေ တင်ကြ ကော် မင်း တွေပေး ကြ တဲ့ ခေတ် ကို သတိ ရ မိ တယ်
kai
January 10, 2014 at 5:50 pm
မြန်မာ့အလှအပတွေနဲ့.. ဓါတ်ပုံဆရာတွေအတွက်… ရွှေခေတ်ရောက်အောင်… ဒီနှစ်ထဲလုပ်နိုင်မယ်ထင်မိတယ်..
မျှော်..
ကိုပေါက်(မန္တလေး)
January 11, 2014 at 8:03 am
အဲ ဒီ နေ့ လေး ကို ဓါ တ် ပုံ တွေ ရိုက် ရင်း စောင့် နေ ပါ သည်
တိမ်တမန်
January 10, 2014 at 7:00 pm
:kwi:
:kwi:
ကိုပေါက်(မန္တလေး)
January 11, 2014 at 8:08 am
တိမ် တ မန် တိမ် ယာဉ် ပျံ ကို စီး ၍ မန်း မြေ သို့ လှမ်း လေ လော့