Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းတောင်ကိုလှည့်ကြည့်ပြီးတော့……………..အဆင်းမှာ

1 တောင်ပေါ်စေတီရဲ့အရှေ့ဘက်မှာရှိသော
2 မန်းလေးတောင်ရဲ့အရှေ့မြောက်ဘက်ခြမ်းမြင်ကွင်းလေးပါ
3 အရှေ့ဘက်တည့်တည့်မြင်ကွင်း မြူဆိုင်းတဲ့ရက်ဆိုတော့ မြင်ရတာ မိူင်းမုူိင်းမြမြ
4 မန်းလေးတောင်အရှေ့ဘက်ကရပ်ကွက်လေးတွေ အရင်က ဒီနေရာမှာသစ်ကွင်းတွေရှိတယ်လေ
5 ကျောက်ပြားပေါ်ရောက်လာတဲ့ စေတီတော်ရဲ့ အရိပ်
6 ကုံးကွေးကွေးလေးထဲကမြင်ရတဲ့စေတီ

 

 

8 အပေါ်စီးကမြင်ရတဲ့ တောင်တက်လမ်း ဘေးနားကအဆောက်အဦက စက်လှေခါး
9 အနောက်ဘက် ဂေါက်ကွင်းဘက်ကနေတက်လာတဲ့စောင်းတန်း
10 စေတီထဲက ဆင်းတုတော် ကိုချောတင်ဘူးတယ်လေ
11 ဒါကတော့ ကိုစိန်သော့အကြိုက် ဖလဲ............လေ
12 မန်းလေးတောင်ပေါ်က ဘီလူးမ
13 ဒီပုစိလေးတွေကတော့ သူတို့ကလေးတွေထင်ပါရဲ့ သားပေါက်ကောင်းတယ်နော်
14 သဘာဝ အင်စတော်လေးရှင်း သစ်လိန်ပင်
15 မန်းလေးတောင် အဆင်းလမ်း ဒါပေမယ့် အတက်ဖြစ်နေပြန်ရော
ညောင်ပင်ကြီးကို ထွင်းထားတာပါ။ ဒီပုံကို ကိုချောလဲတစ်ခါတင်ဘူးပါတယ်။

 

” မန်းလေးတောင်ကိုလှည့်ကြည့်ပြီးအဆင်းမှာ……………”

မန်းလေးတောင်ရဲ့အပေါ်ဆုံးရင်ပြင်တော်က သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။
ဒါပေ့မယ် အနောက်ဘက်ကိုလှမ်းကြည့်မယ်ဆိုရင်တောင်ဘက်က ကျုံးနဲ့မြို့ရိုး။
အောက်ခြေမှာတော့ မန်းလေးမြို့မှာ အထင်ကရဖြစ်ခဲ့တဲ့ နို်ဗိုတယ်……….
အခုတော့ မန်းလေးရီဆော့ ။(နိုက်ကလပ်ကတော့ မရှိတော့ဘူးထင်ပါရဲ့)
လင်းလင်းထင်းထင်းနေသာတဲ့နေ့များမှာဆိုရင် မဟာမုနိကိုတောင်ဖူးမြင်နိုင်ပါရဲ့။
(ပြပြကလေးစိတ်မှန်းနဲ့မြင်ရတာပါ)။
အနောက်တည့်တည့်အောက်ငုံ့ကြည့်ရင် ဂေါက်ကွင်း။
ဟိုးအဝေးမှာတော့ ဧရာဝတီ။
မိုးတွင်းဆိုရင်တော့ ဧရာဝတီ ကိုရေပြင်ကြီးအဖြစ်အသွင်ပြောင်းသွားတာကိုမြင်ရ။
အခုတော့ သောင်နဲ့မြစ်ပြင် မြင်ရတယ်ဆိုရုံလေး။
မြောက်ဘက်မှာတော့ တိုင်းရင်းဆေးကျောင်း။.
သူ့အနောက်ဘက်မှတော့ အသက်မဲ့သူများနားခိုရာကနေ ပုံပြောင်းသွားတဲ့
နေရာလေးတစ်ခု။.
အဲဒီထဲမှာတော့ စေတီလေးတစ်ဆူ။
မြင်ကွင်းရှင်းရင် နေသာရင် မင်းကွန်းပုထိုးတော်ကြီးကို မြင်ရတတ်ပါတယ်။
မူံဝါးဝါးပေါ့.။

မြောက်ဘက်တည့်တည့်မြွေကြီးနှစ်ကောက်ဘက်ကကြည့်ရင်တော့
သခင်မ မယ်ဥတောင်တော်နဲ့လယ်ကွင်းတွေ။
အရှေ့ဘက်မှာတော့ လယ်ကွင်းတွေ သစ်ကွင်းတွေနဲ့ မန်းလေးတောင်အောက်ဘက်မှာ
ရှိတဲ့ ဘုန်းတော်တိုး ဒေါနဘွား အုတ်စက်ရပ်ကွက်တွေ။
အနားသတ်မှာတော့ ရှမ်းရိုးမက အိန္ဒြေရရ။
မန်းလေးတောင်ပေါ်မှာကြည့်လို့ဝတော့အောက်ကိုဆင်းလာခဲ့ပါတယ်။
စောင်းတန်းကလမ်းလျှောက်ဆင်းလာတော့ ဘီလူးမမိသားစုကိုတွေ့ရ။
မွစိစိဘီလူးပေါက်လေးတွေမြင်ရတာ ကလေးဘဝကတော့ သိပ်ကြောက်။
အခုတော့အူယား။
အဆင်းလမ်းမှာတော့ လိမ်ကောက်နေတဲ့သစ်ပင်ကြီးရဲ့ သဘာဝ အင်စတော်လေးရှင်းကိုမြင်ရတော့
စိတ်ကြည်နူး။
အဆင်းလမ်းကကွေ့ကွေ့ကောက်ကောက်သာသာယာယာ တိတ်တိတ်ဆိတ်ဆိတ်။
ဒါကြောင့်လဲ ချစ်သူစုံတွဲများရဲ့ နားခိုရာနေရာဖြစ်နေပါတယ်။
အဆင်းလမ်းမှာတော့ ရွာသားကြီးဘလက်ချောတင်ဘူးခဲ့တဲ့ ညောင်မြစ်ကိုအခံထားတဲ့
ဘုရားဆင်းတုကိုမြင်တော့ လက်ဆော့ရင်းတောင်ခြေကိုရောက်လာခဲ့ပါတယ်။
ကြည်နူးနေတဲ့စိတ်ကိုအနှောင့်အယှက်ဖြစ်စေတာကတော့
အဆင်းလမ်းကိုပြောင်းပြန်တက်လာကြတဲ့ ဆိုင်ကယ်သမားတွေကြောင့်ဆိုတာ
မှန်သလားလို့မေးရင် မှန်ပါတယ်လို့ဘဲဖြေရမှာအမှန်ပါဘဲ။

ကိုပေါက်ရဲ့လမ်းသလားရင်းလက်ဆော့
(18-2-2012)

14 comments

  • မန်းလေးတောင်ပေါ်တက် ပြီး တော့ပြန်ဆင်းလာပြီနော်။
    ပြီးရင်းမင်းကွန်းဘက်အလည်ထွက်လိုက်အုံးမယ်။

  • water-melon

    February 20, 2012 at 8:26 am

    မန်းလေးရီဆော့မှာ ကလပ်ရှိသေးတယ်လေးပေါက်
    ၂၀၁၁ newyear တုန်းကတော့ တက်ခဲ့သေးတယ်
    ၂၀၁၂ ကတော့ အိမ်မှာဘောပွဲကြည့်နေတာ

    ချွင်းချက်။ ။အနယ်နယ်အရပ်ရပ်က အတွဲများ သတိပြုပါ
    မန်းလေးတောင်ပေါ်သို့ ညအချိန်ဆိုင်ကယ်နဲ့ မတက်ကြပါနဲ့
    အဆင်းလမ်းမှာ လုယက်တဲ့ကောင်တွေရှိပါတယ် ( ကိုယ်တွေ့ နောက်ကနေ အလိုက်ခံရဘူးပါတယ်)
    လူများရင်တော့တက် ကိစ္စမရှိပါ။

  • kyeemite

    February 20, 2012 at 8:44 am

    မန်းလေးအလွမ်းပြေ ကြည့်ရလို့ ကျေးဇူးပါဒေါ်ပေါက်ရေ…

  • blackchaw

    February 20, 2012 at 10:02 am

    ကိုပေါက်ရေ။
    အဲဒီ ညောင်မြစ်ကြီးကို ထွင်းထားတဲ့ ဆင်းတုတော်က
    အားလုံးပြီးသွားပြီလား သိချင်ပါတယ်ဗျာ။
    ကျွန်တော် သွားတုန်းက လက်စသတ်နေတုန်းဗျ။
    အဲဒါလေး။

  • ဆူး

    February 20, 2012 at 10:28 am

    ဘီလူးမ ကလေးတွေက ၂၅ကောင်တောင်မှ.. ဘာစိတ်ကူးနဲ့ လုပ်ထားတာလဲ မသိဘူးနော်။
    ဘီလူးမတော့ ရောက်ရင်တွေ့တယ်။ တခါမှ ကလေးတွေ မမြင်မိဘူး အသစ်နဲ့ တူတယ်။

  • အော် ရွာတော်ရှင်မကလဲ
    အဲလိုပုံလေးတွေက လေးနေရာ။
    သားပေါက်ကောင်းပါတယ်ဆိုမှကွယ်။

    ကိုချောရေ ဘုရားကပြီးတော့သွားပြီ။
    ဒါပေမယ့်လက်စသပ်နေတုန်း ။
    အဆောက်အဦးတွေကလဲ ဆောက်လက်စ။

  • စိန်ပေါက်ပေါက်

    February 20, 2012 at 2:44 pm

    အူးလေး.အူးလေး..
    ကျောက်ပြားပေါ် အရိပ်ကျတာနဲ ့ပတ်သတ်ပြီးတော့ ဟိုလေ
    ရွှေတိဂုံစေတီရဲ့ အရိပ်ကော ပါအောင် ရိုက်ထားတာရှိပါတလားဗျ
    ရှိရင် များကို ပြပါဦးတော့

  • ရွှေတိဂုံဘုရားပေါ် မရှိလောက်ဘူး။
    လူစည်လွန်းတော့ ကျောက်ပြားနေရာလပ်က မရှိသလောက်ဘဲ ပေါက်ကျော်မရှဲု့

  • စိန်ပေါက်ပေါက်

    February 20, 2012 at 5:58 pm

    ကျနော်ကြားဖူးတာ
    ရွှေတိဂုံ အရိပ်က အောက်ကို မကျဘူး ဆိုသလားလို ့ဗျ
    ကျနော်လဲ မမြင်ဖူးဘူး…အဲတာကြောင့်ပါ အူးလေးရဲ့

    ရေးစရာတွေရှိတော့ အချိန်မရှိ အချိန်ရှိပြန်တော့ တွေးမရ ။တွေးလို့လဲရ ရေးလို့လဲရ အချိန်လဲရတော့ ကော်နက်ရှင်က မရ ။ထို့ကြောင့်……………..
    တွမ် !

  • ရေးစရာတွေရှိတော့ အချိန်မရှိ အချိန်ရှိပြန်တော့ တွေးမရ ။တွေးလို့လဲရ ရေးလို့လဲရ အချိန်လဲရတော့ ကော်နက်ရှင်က မရ ။ထို့ကြောင့်……………..
    တွမ် !
    ကြိုက်သွားပြီထင်တယ်နော်………………..
    ဒီတစ်ခါရန်ကုန်လာရင် ရွှေတိဂုံမှာ တစ်နေကုန်နေပြီးစောင့်ရိုက်မယ်ကွာ။
    အရိပ်ဆိုရင် ကိုပေါက်က စိတ်ဝင်စား၏.

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 21, 2012 at 9:44 am

    ပေါက်ပဲပေါက်နိုင်လွန်းလို့ လူလာရင်ခပ်ဝေးဝေးကရှောင်ရမယ့်ဦးပေါက်ဆီသို့…………

    မန ္တလေးတောင်ပေါ်ကဘီလူးမတွေကစားကျက်ပြောင်းပြီး ရှမ်းပြည်ရောက်လာသေးတယ်ဗျ။
    သူနေသွားတဲ့နေရာကို မိုးနဲမှာတွေ့နိုင်တယ်။ ကျွန်တော်တို့ရှမ်းပြည်သားတွေကတော့ မြန်မာနိုင်ငံရဲ့
    ဒုတိယမြောက်ပုဂံလို့တောင်တင်စားကြတယ်။ ရောက်ရင်လာလည်ပေ့ါနေရာစုံအောင်လိုက်ပြမယ်။
    မန ္တလေးနဲ့မိုးနဲဆိုတာသိပ်ပြီးစိမ်းကားတဲ့သူစိမ်းတွေမဟုတ်ဘူးဗျ။
    ရှမ်းစော်ဘွားတွေနေခဲ့တဲ့ဟော်နန်းတွေတောင်ရှိသေးတယ် ။
    ရှေးဟောင်းအမွေအနှစ်တွေပြည့်နေပေမယ့် လမ်းခရီးက သောင်းကျန်းသူတွေနဲ့ပြည့်နေလေတော့
    ကမာ္ဘကျော်ဖို့မပြောနဲ့ မြန်မာမှာထင်ပေါ်ဖို့တောင်မရှိသေးပါဘူး ။
    နောက်တစ်ခေါက်မိုးနဲကိုရောက်ဖြစ်မှ ဓါတ်ပုံလေးနဲ့သတင်းရေးပေးပါဦးမယ်။ အခုတော့ ကိုနာဂကြီးကို
    ကြွားထားတဲ့ပင်လုံက မြေမြို့ရိုးဆိုတာကြီးတောင် တပ်ထဲမှာဖွက်ထားလို့ဓါတ်ပုံရိုက်ခွင့်မရခဲ့ပါဘူး။
    ကြိုးစားပြီး အဲဒီ့ပုံတွေကိုပါ စုပေါင်းတင်ပြပေးပါဦးမယ်။

  • mg mg

    February 21, 2012 at 9:01 pm

    14-က သဘာဝ၊ 15-က မြန်မာကွ

Leave a Reply