ညကပွဲ……………..
“ညကပွဲ”
တစ်ရက်က ကျနော်အလုပ်ကကောလေးတစ်ယောက်လက်ထပ်ပါတယ်။
ကျနော်တို့က မင်္ဂလာဆောင်ဝိုင်းကူရတာပေါ့။
အဲတော့သူကညကျတော့ ကျနော်တို့ကို ထမင်းကျွေးတာပေါ့။
ချာတိတ်တွေဆိုတော့ ဘီယာတွေ ဂျော်နီဒုတ်ထောက်တွေကိုင်တာပေါ့။
ကျနော်က အမြည်းစားတာပေါ့။
ဖြစ်ချင်တော့ကျနော်တို့ထမင်းသွားစားတဲ့ဆိုင်နားမှာ ကေတီဗွီအသစ်ဖွင့်ထားတယ်။
အခန်းအားလားသွားမေးတော့ ရတယ်တဲ့။
တစ်ဆက်ရှင် ခြောက်ထောင်ဆိုတော့ မိုက်မှမိုက်ပေါ့။
အဲဒါနဲ့ထမင်းစားသောက်ပြီးတော့ အဲဒီဘက်ကူးကြရော။
ဟိုရောက်တော့ အခန်းကပေါက်စန လူကဆယ်ယောက်။
အဲဒါနဲ့နည်းနည်းကျယ်တဲ့အခန်းအပေါ်ထပ်မှာရှိတယ်ဆိုလို့တက်ကြည့်။
အိုကေတယ် ဒါနဲ့ သီချင်းတွေဆိုကြ ကကြ။
စစခြင်း ပြည်တော်ဝင်နဲ့ဖွင့်တာပေါ့။
“အခါတော်ရောက်ချိန်နီးလို့လာပေ………..ဒေါါ်ဒေါ်မမ နှမတို့ရေ အသဲစွဲချစ်မိတ်ဆွေ……..”
လို့အားလုံးဝိုင်းအော်။
ပြီးတာနဲ့ကိုယ်ကြိုက်တဲ့သီချင်းကိုယ်ရွေး။
အဲလိုကေတီဗွီရောက်ရင် တစ်ခုတော့သတိပေးလိုက်ချင်ပါရဲ့။
ကိုယ်ဆိုချင်တဲ့သီချင်းကို ဆက်တိုက်ရွေးထား။
နို့မို့ရင် စက်ကိုင်တဲ့ချာတိတ်က ဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကုန်အောင်လုပ်ရော။
အဲဒါ ကေတီဗွီဆိုင်တိုင်းရဲ့အကျင့်။
အရှိန်တွေရလာတော့ တစ်ယောက်ဆိုရင် ဝိုင်းအော်။
ကတဲ့လူက က။
ပျော်စရာကြီး……………………….
စိတ်ထဲမှာလွတ်လပ်ပေါ့ပါး။
ကျနော်က တော့ ညရဲ့ရောင်စုံမီးတွေကြားမှာအဆန်းထွင်ရိုက်ကြည့်လိုက်တယ် ။
လှလားတော့ မသိဘူး။
မြင်ရအောင်တင်ပေးလိုက်တယ်။
ကျနော်တို့အဖွဲ့ကတော့ သန့်တယ်။
အလုပ်ထဲက မိသားစုတွေချည်းဘဲ။
ပျော်စရာကောင်းတယ်။
စိတ်တွေတင်းနေရင်း သွားဆိုပြီးသွားအော်ကြည့်လိုက်။
ပေါ့ပါးသွားတာတော့အမှန်။
ကဲစမ်းကြည့်ပါအုံးလား…………………….
ကိုပေါက်လမ်းသလားရင်းလက်ဆော့ပြီးတော့ ပါးပါးလေးတွေးထားတာ။
(20-2-2012)
28 comments
water-melon
February 22, 2012 at 8:14 am
သိဘူး လေးပေါက်ကို ခေါ်တော့ဘူး
သားသားကို KTV မခေါ်လို့
ဒီလထဲ ကိုရွှေတိုက်လာရင် သွားမယ်ကွ
ကမယ် ဆိုမယ် ဒူတန့်တန့် ရို့ ရို့
Shwe Tike Soe
February 22, 2012 at 9:18 am
ဟေ့ဖရဲ. တွေ.လား လေးပေါက်ကသတင်းပေးနေပြီ
နင်ငါလာရင်တော့ တွေ.ကြသေးတာပေါ့ ဟဲဟဲဟဲ
ကိုပေါက်(မန္တလေး)
February 22, 2012 at 9:04 am
ဖရဲမ ရဲ့ မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေ။
ညအပြင်မထွက်နဲ့
ဘီယာမသောက်နဲ့
ပေါင်တိုနဲ့လဲမနေနဲ့
မိန်းကလေး မိန်းကလေးလိုနေတာမဟုတ်ဘူး လူကြီးတွေသွားတိုင်းပါချင်တာ.
ရွှေတိုက်စိုးခေါ်ရာ လျှောက်လိုက်နော်
နောက်မှ………………ငါ့လာအပူမကပ်နဲ့ ကြားလား
water-melon
February 22, 2012 at 9:18 am
ဟုတ် သမီးက အသားဖြူတော့ ပေါင်တိုဝတ်ရင် စွဲဆောင်အားကောင်းတယ်ဆိုလို့ပါ
ဘီယာ ဆေးလိပ်တော့မသောက်ပါဘူးရှင့်
အိမ်ကလည်းမကြိုက်လို့ပါ
မမရွှေတိုက်ခေါ်ရာလည်း လိုက်တော့ဘူး
ပြက္ခဒိန်ရိုက်လို့ မော်ဒယ်လိုရင် သမီးကိုဆက်သွယ်ပါရှင့်
သမီးအကောင်းဆုံးပို့စ်လုပ်ပေးပါမယ်ရှင့်
Shwe Tike Soe
February 22, 2012 at 9:19 am
လေးပေါက် သားဖြင့်ဘယ်မှလဲ မသွားပါဘူး အိမ်တွင်းပုံးလေးကို အဟင့်……. 😛
နှူးဘာဂိုဏ်းချုပ်
February 22, 2012 at 9:06 am
အော်… ရယ် ….
ပတောက် …. ပတောက်….
(သွားရည်ကျသံ)
😀
Thel Nu Aye
February 22, 2012 at 9:08 am
မော်ဒန် snap shot လားလေးပေါက်။ ဒါမှမဟုတ်လေးပေါက်ကရင်းရိုက်ထားတာလား။
Shwe Tike Soe
February 22, 2012 at 9:23 am
လေးပေါက် အဲဒီဆိုင် လိပ်စာလေးမှတ်ထားနော် ဟီဟီး တားတားတို. တွားကဲကြမယ်..
လေးပေါက်က အမြည်းစား……နော်နော်… 😀
ကိုပေါက်(မန္တလေး)
February 22, 2012 at 9:33 am
အမှန်ကတော့ ကရင်းခလုတ်တိုက်တုံးခလုပ်နှိပ်မိတာက ဘယ်နှစ်ခါမှန်းမသိ။.
ကိုယ့်ကိုကိုယ် လူတတ်ကြီးလုပ်ပြီး ဖန်ရှင်တွေလျောက်ပြောင်း မျက်မှန်တတ်မထားတော့
ဘာမှ မမြင်။
ထွက်ချင်တဲ့ပုံထွက်ဆိုပြီးလျောက်နှိပ်။
ကွန်ပြူတာထဲပြန်ထည့်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်း ပုံတွေထွက်လာ.
အဲဒီမှာ ခပ်တည်တည်နဲ့ရွှီးတာပေါ့ .
ပုံစံအသစ်နဲ့ရိုက်ထားတဲ့ မော်ဒန်ဖိုင်းအတ်ပေါ့
မသဲသဲရေ
အမှန်က လက်ဆော့ထားထားပါကွဲ့ စနက်ရှော့ မဟုတ်ရပါ။
Thel Nu Aye
February 22, 2012 at 9:42 am
ပန်းချီကားသာဆိုပိုက်ပိုက်တွေအများကြီးရမှာလေးပေါက်ရဲ့။ ဘာလို့မှန်းမသိဘူးပန်းချီကလူနား မလည်လေဈေးပိုရလေပဲ။
ဆူး
February 22, 2012 at 10:02 am
ညက ပွဲ ကတော့ ဘာမှန်း ကို မသိလိုက်ဘူး။
ပုံတွေ ကြည့်လိုက်တာ မီးရောင်စုံ ဝိုးတဝါး နဲ့ မဒမ်ပေါက် ဆီ တိုင်စာ ပို့လို့ မရဘူး ဖြစ်နေပြီ။ ဟိဟိ
စိန်ပေါက်ပေါက်
February 22, 2012 at 10:22 am
မိုက်ဒယ်တော့
မော်ဒန်ဆိုတာ ဒါကိုပြောတာနေမှာ 😆
အားကျလိုက်ပါဘိ..
ဂွိ..ဂွိ…
များတို ့ကိုကျတော့ ခေါ်ဘူး
လူဂျိုး..တိပ်တိပ်ချိုး
blackchaw
February 22, 2012 at 10:45 am
ရောက်ဖူး ဘူးဗျာ။
မန်းလေး ရောက်ရင်လိုက်ပို့။
အဲဒါမှ ယုံမယ်။
😆 😆 😆
ကိုရင်စည်သူ
February 22, 2012 at 11:26 am
ကျနော်သူငယ်ချင်းတစ်ယောက် မန်းလေး KTV သွားတာ
နံဘေးမှာ စော်လာထိုင်တော့ တစ်ဆက်ရှင် နှစ်ထောင်ပေးရတယ်တဲ့
သူက နှစ်ဆက်ရှင်ဆိုတော့ တစ်ယောက်ကို လေးထောင်ပေးလိုက်ရတယ်..
ရန်ကုန်မှာတော့ အဲ့လိုမရှိဘူး… ဘယ်နှစ်ဆက်ရှင်ဆိုဆို အဲ့လိုဆက်ရှင်နဲ့
မတောင်းဘူး… ဟုတ်ကြလား ရွာသားတို့ရေ…
ကျနော်က အဲ့ဘက်အပိုင်းတွေ အားနည်းတယ်…
နုံပ.. အိုင်ပီရေ.. 😉
စိန်ပေါက်ပေါက်
February 22, 2012 at 11:37 am
ဟုတ်တယ်
စေတနှိုက်ကြေးပဲ ပေးရတာ
ကိုပေါက်(မန္တလေး)
February 22, 2012 at 11:43 am
စေတနှိုက်ကြေးပဲ ပေးရတာ
မန်းလေးမှာတော့ စေတနိုက်လို့မရဘူး ပါးပိတ်ရိုက်သွားလိမ့်မယ်
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 22, 2012 at 11:48 am
ကိုပေါက်ရေ နည်းနည်းဝါးနေတယ်ဗျို ့။မြင်ရဘူး။စိတ်ဝင်စားလို ့ကြည့်ချင်ပါတယ်ဗျာ။
ဟီး ရောက်ဖူးချင်တယ်ဗျာ။တောမှာက ဘာမှရှိဘူး။
ကိုပေါက်(မန္တလေး)
February 22, 2012 at 2:00 pm
ခပ်ဝါးဝါးမှ နို့မို့ရင်အိမ်ကိုတိုင်စာရောက်သွားမှာပေါ့ ကိုထွဋ်ရယ်
ကိုချော အတိအကျကိုလိုက်ပို့မှာပါ ဈေးလဲသိပ်မကြီး ဘူး cctv လဲတပ်မထားပါဘူးတဲ့။
အဲတော့ ရှော့မရှိပေါ့။
မဟာရာဇာ အံစာတုံး
February 22, 2012 at 3:07 pm
လေးပေါက် တို့ကတော့ အတိအကျပါလား … ။
ဦးချော သွားရင် လက်တို့ဦးနော် … ။
လေးပေါက်က အတိအကျ လိုက်ပို့မှာဆိုလို့ … 😀
စိန်ပေါက်ပေါက်
February 22, 2012 at 3:23 pm
ဪ..
တိကျဆို အတွေ ့အကြုံကလဲ မနဲတော့ဘူးလေ
😀
Harumoto
February 22, 2012 at 4:58 pm
အဲဒါမျိုးက ဒဂယ်ရှိတာကိုး….
စာထဲဘဲ တွေ့ဘူးဒါ
ခုတော့ ဒဂယ်ဒဂယ်..
အံ့ပါရဲ့တော်…
Diamond Key
February 22, 2012 at 5:08 pm
အမှန်မှာ လေးပေါက် အမြည်းသာစား ဟုဆိုပေမယ့် မည်သို့မည်ပုံ မူးသွားသည် မသိ ဖြစ်သွားလေရာ အမှန်အကန် အကောင်းစား KTV တွင် ရိုက်လာသော ပုံများအား မနက်မှ ကြည့်လိုက်ရာ ပုံများ အီသို့ ဖြစ်နေသည်ကို တွေ့ရသည့် အတူတူ မထူးဟုဆိုကာ ညကပွဲ ဟုခေါင်းစဉ်တပ်လိုက် သတည်း
ကိုပေါက်(မန္တလေး)
February 22, 2012 at 7:01 pm
ကိုသော့ရယ်သောက်တာကတော့ ရေပါဘဲ။
ဒါပေမယ့် ဘယ်လိုများအရောင်တွေပြောင်းပြောင်းသွားလဲမသိတာဗျ.။
နောက်တော့ ဒီပုံတွေထွက်လာတာပါဘဲ
ကိုကိုသော့ရေ နောက်ခါသွားရင်လိုက်ခဲ့
ဘတ်ပိုက်ပိုက်တွေလဲများများထည့်ခဲ့
TTNU
February 22, 2012 at 9:33 pm
ကိုပေါက်ရေ…
မင်းကချင်ရာက မူးချင်ရာမူးနေတာ ဝိဉာဉ်များနှင့်ကခုန်ခြင်းဖြစ်နေပြီ။
မင်းပုံတွေကြည့်ပြီး မာမီ ခေါင်းမူးပြီ၊ ဆေးသောက်အိပ်တော့မယ်။
windtalker
February 22, 2012 at 9:52 pm
တည်တည်ကြည်ကြည်လေးတွေ ရှိသေးရင် လုပ်ပါဦး ဗျ
ကိုပေါက်(မန္တလေး)
February 22, 2012 at 10:12 pm
မာမီကိုပေါက်က မသောက်ဘူးလေ။
ကင်မရာက မူးသွားတာနေမှာ။
Mလုလင်
February 23, 2012 at 2:28 pm
ည ကပွဲ က အဲလို မျိုးလား … တစ်ခါမှ မြင်ဖူးဘူး ….. တစ်ခေါက်တစ်ခါ တော့ သွားကြည့်ချင်သား ဦးပေါက် ရာ .. အားကျလိုက်တာ ..
ကိုပေါက်(မန္တလေး)
February 23, 2012 at 3:28 pm
မင်းလာတုန်းက မဖွင့်သေးလို့ မောင်။
ဖွင့်ရင်လိုက်ပို့မှာပေါ့။
ဖေဖော်ဝါရီလဆန်းမှာမှဖွင့်တာလေ.