သီတာ(၇)တန် မြသိန်းတန်……………….
















“သီတာခုနှစ်တန် မြသိန်းတန် “
မင်းကွန်းမှာ လု တို့သော့တို့နဲ့အလှူဓါတ်ပုံတွေရိုက်ပြီးထမင်းအတူစားကြပါတယ်။
ပြီးတော့ မြသိန်းတန်ဘုရားကို သွား။
မြသိန်းတန်ဘုရားထူးခြားတာက သီတာ7တန် ရေလှိုင်းပုံတံတိုင်းအဆင့်ဆင့်
တည်ဆောက်ထားတာပါ။
ထူးခြားသောပုံတော်ရှိတဲ့စေတီလို့လဲပြောနိုင်ပါတယ်။
ကျနော်တို့သုံးယောက် ဓါတ်ပုံဝါသနာပါတာတူပေမယ့် အမြင်ခြင်း
အကြိုက်ခြင်းမတူ။
အဲတော့ ဘုရားရောက်တာနဲ့လမ်းခွဲ။
ကျနာ်က တော့ ထန်းပင်ကိုမြင်တော့ တောင်ဘက်ထဲကိုသွား ။
ရွာထဲကမောင်ပုအကြိုက်ထန်းပင်ပါအောင်ရိုက်ပေးပါတယ်။
နောက်တောင်ဘက်အုတ်တံတိုင်းထက်ကိုတက်။
အားရပါးရရိုက်။
ဘုရားကအကြီးကြီး ကျနော်ကင်မရာကသေးသေး အားလုံးဝင်အောင်မဆန့်။
ဒါနဲ့ဘဲဆူးပင်တွေကြားတိုးဝှေ့ ပြိုပျက်နေတဲ့ အဝင်အုတ်ရိုးအောက်ကနေ
ပုံတွေရိုက်။
တောင်ဘက်စောင်းတန်းကနေအပေါ်တက်တော့နေပူ ခြေပူ။
ပျက်စီးနေတဲ့ဆင်းတုလေးတွေကို တွေ့တော့နှမျောလို့ရင်ပူ။
အထက်အဆင့်တက်ရင်းက တောင်ဘက်ခြမ်းလှမ်းအကြည့်
စက်ဝိုင်းခြမ်းလိုအပေါက်ကြားက ပုထိုးတော်ဘုရားကို မြင်မိ။
အပေါ်မှာလှည့်ပါတ်ရိုက်။
အောက်ကလှမ်းခေါ်တော့မှဆင်းလာ။
နေပူပေမယ့်လဲ ဘုရား ပုရဝုဏ်ကို တစ်ပါတ်ပါတ်လို့ရိုက်။
နောက်တော့မြစ်ကမ်းက ဘုရားကိုရိုက်အုံးမယ်ဆိုပြီး
အတူထွက်ခဲ့ကြတော့ ညနေ နှစ်နာရီကျော်ကျော်။
အတော်လေးပျော်ခဲ့ရတဲ့နေ့တစ်နေ့ပေါ့ဗျာ။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးတွေ
(20-2-2012)
17 comments
water-melon
February 22, 2012 at 8:19 am
လေးပေါက် အဝင်ဝမှာ အမွှေးတိုင်တွေရောင်းတယ်မလား
ဘုရားအပေါ်ဆုံးမှာဆို အမွှေးတိုင်တွေထွန်းထားတာအများကြီးဘဲ
လေးပေါက်ရေ
တိုက်ဆိုင်တာလားတော့ မသိ
လေးပေါက်ရိုက်တဲ့နေရာတွေအကုန်လုံးက
ကြင်သူသက်ထားနဲ့သွားခဲ့ဖူးတဲ့နေရာတွေဗျ
လွမ်းလာပြီ
ပြန်ဆုံချင်လိုက်တာ ချစ်သူရေ
Diamond Key
February 22, 2012 at 9:44 am
ချစ်သူ သက်ထားနဲ့ မဟုတ်ပဲ ကြင်သူသက်ထားနဲ့ ဆိုတော့ ….
ခုတော့ သိပြီ …………………….. သူ့မှာ မိန်းမရှိသည်။ ……… အဟိ ပေါ်ပြီ
water-melon
February 22, 2012 at 5:52 pm
တိုကြီး စိန်သော့ကလည်း
သားက မိန်းမ မရှိပေမဲ့ အချစ်ဦးချစ်သူတော့ရှိခဲ့ဖူးတယ်
အဆက်အသွယ်ပြတ်နေတာကြာပြီ
ဟိုသီချင်းလိုပေါ့ ဖုန်းလည်းဆက်လို့မရ လူကြုံပါးလည်းမရ။
Shwe Tike Soe
February 22, 2012 at 11:44 am
ပြန်လာခဲ့ပါမယ် ဟယ် ပြန်ဆုံချင်ရင် မိဖရဲရယ်……. 😀
ကိုပေါက်(မန္တလေး)
February 22, 2012 at 8:51 am
ဝေးသွားတဲ့လူကိုမစောင့်နဲ့
နောက်တစ်ယောက်ထပ်ရှာကွာ.။
water-melon
February 22, 2012 at 8:57 am
အချစ်ဦးမို့ပါ လေးပေါက်ရေ
မေ့လို့ရရင်တော့အကောင်းပေါ့
“ထားရစ်ခဲ့ပါ ချစ်သူ
နင့်ထက်ပိုချစ်သူမို့
နင်စေလိုရာစေ
သေလိုရာသေမဲ့
မန်းလေးက ဖရဲ”
မဟာရာဇာ အံစာတုံး
February 22, 2012 at 2:12 pm
အချစ်ကြီး ချစ်တော့
အမုန်းကြီး မုန်း
အမုန်းကြီး မုန်းတော့
အရှုံးကြီး ရှုံးရတာပေါ့ကွယ် …
😀
Diamond Key
February 22, 2012 at 9:56 am
ကိုပေါက်ရေ၊ ပုံ ၁ မှာ ကျန်နေတဲ့ စာသားလေး ထပ်ဖြည့် လိုက်အုံးမယ်။ 😛
မြသိန်းတန်ဘုရားအဝင်ဝ – အဲဒီနားမှာရွာသားတစ်ယောက် နဲ့ ရွာသူ သုံးယောက် ရှိတယ်ဗျ။ အဲဒီ မင်းကွန်းရွာလေးက ရွာသူတွေလေ
Ma Ei
February 22, 2012 at 11:30 am
ဘုရားစောင်းတန်းမှာ လမ်းသုံးသွယ်ရှိပါတယ်..
အလယ်လမ်းက ရှင်ဘုရင်၊မင်းညီမင်းသားများ၊
ညာဖက်လမ်းက မူးကြီးမတ်ရာများ၊
ဘယ်ဖက်လမ်းက တိုင်းသူပြည်သားများ လို့မင်းကွန်းရဲ့ တိုးဂိုက် ကလေးများပြောပါတယ်…
ရောက်ဖူးတဲ့ ရွာသူ၊ရွာသားများ ဘယ်လမ်းက တက်ခဲ့မိပါသလဲ…
ကိုပေါက်(မန္တလေး)
February 22, 2012 at 11:44 am
မမရေ ကျနော်က တောင်ဘက်ကနေတက်အလယ်ကဆင်းပြီး ညာဘက်ကနေပြန်တက်ပြီးဘယ်ဘက်က ပြန်ဆင်းတာဗျာ။
Ma Ei
February 22, 2012 at 12:08 pm
ဒါဆို ကိုပေါက်သည်…မင်းကွန်းမှာ…
မူးကြီးမတ်ရာ လိုတစ်မျိူး..ရှင်ဘုရင်ကြီးလိုတစ်သွယ်..
တိုင်းသူပြည်သားလို တစ်ဖုံ နေခဲ့သူ ဖြစ်ပေမည်တည်း….
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 22, 2012 at 1:42 pm
ကိုပေါက်ရေ မြသိန်းတန်ဘုရားက သပ္ပာယ်တယ်ဗျ။
တကယ်ကို တင်စားထားတဲ့ သီတာ(၇)တန်ပါဘဲ။
ကိုပေါက်(မန္တလေး)
February 22, 2012 at 1:57 pm
ကိုသော့ရေ ခြင်္သေ့ကြီးကရှက်လို့တဲ့ မျက်နှာကိုဖုံးထားတယ်။
ဘာတွေမြင်လို့လဲမသိဘူးနော်။
ဘယ်ဟုတ်မလဲမအိရဲ့
ဓါတ်ပုံရချင်ဇောနဲ့ဟိုဘက်ထွက်လိုက် ဒီဘက်ထွက်လိုက်
အခု မမ ပြောမှ ပြန်စဉ်းစားမိတာရယ်။
ဘုရားကမြင့်မြင့် လူက ဝဝ
မောတော့အတော်မောသဗျ။
ပြီးမှ ပုံတွေလဲမြင်ရရော အမောတွေပြေသွားတာပါဘဲ.
နွယ်ပင်
February 22, 2012 at 2:24 pm
လေးပေါက်ရေ မရောက်ဖူးသေးတဲ့ နေရာမို့
ဓာတ်ပုံလေးတွေကြည့်ပြီး အားပေးသွားပါတယ် …
ကိုပေါက်(မန္တလေး)
February 22, 2012 at 6:12 pm
နွယ်ပင်တို့လဲ ဘာဆမ်းညာဆမ်း ဆမ်းလို့ရတာ အကုန်ဆမ်းခရီးထွက်ခဲ့ကြလေကွယ်။
Mလုလင်
February 23, 2012 at 2:26 pm
အဲဒါကြောင့် ပျောက်သွားပါတယ်လို့ .. လိုက်ရှာလိုက်ရတာ … ဒါနဲ့ နံပါတ် ၂ က ဘယ်လို ပါလိမ့် …
ကိုပေါက်(မန္တလေး)
February 23, 2012 at 3:34 pm
နံပါတ်2က မင်းသားတစ်ယောက်ပါတယ်လေကွာ………
ရူးချင်ယောင်ဆောင်မနေနဲ့……………………
ရူးချင်ယောင်ဆောင်မနေနဲ့……………………
ရူးချင်ယောင်ဆောင်မနေနဲ့……………………
ရူးချင်ယောင်ဆောင်မနေနဲ့……………………