ဘာကိုကြည့်ပြီး ဆုံးဖြတ်မလဲ…
အသစ် အသစ်ပြောင်းလဲ တိုးတက်လာသော အယူအဆနှင့် အဟောင်း အဟောင်း ကိုဖက်တွယ် ထားသူတို့ ၏ နှစ်ဦး အကြားခြားနားချက်ကို ဗုဒ(Buddha)က ဥပမာ ပေးကာ ယခုကဲ့သို့ ဟောကြားတော်မူသည်…
တခါက မြက်ပုံနှစ်ပုံကိုအတူ တွေ့သွားကြသော ခရီးသည်နှစ်ဦးသည်… ခရီးအတန်ငယ်ရောက်သော အခါ …
ဝါကွမ်းပုံ နှစ်ပုံကိုတွေ့သွားပြန်သည်… ထိုအခါခရီးသွားနှစ်ဦးအနက် ပထမတစ်ဦးက ငါဒီခရီး ဒီလမ်းအထိ
သယ် ဆောင်လာသော မြက်ကို ပစ်မထားနိုင်ဘူး ဟုပြောသည်… ကျန်ဒုတိယ တစ်ဦးသည်…
မြက်ပုံ ဖက်တွယ်မထားဘဲ.. မြက်၏တန်ဖိုး နှင့် ဝါကွမ်း၏တန်ဖိုးကို ကြည့်ပြီး မြက်ပုံကို ပစ်ချပြီး
ဝါကွမ်း ပုံကိုသယ်ဆောင် သွားသည်…
ရှေ့ခရီး ခပ်လှမ်းလှမ်းသို့ရောက်သောအခါ.. သိုးမွှေးပုံကို တွေ့သွားပြန်၏.. ပထမလူတစ်ယောက်
ကတော့.. ဝါကွမ်းပုံနဲ့ မြက်ပုံ တွေ့တုံးက ဝါကွမ်းကို မလဲယူဘဲ ဒီအထိ.. မြက်ပုံကိုဘဲ ကြိုးစား ပန်းစား
ဒီနေရာ အထိ သယ်ဆောင်လာပြီးပြီ .. အခု လည်းသိုးမွှေးပုံကိုတွေ့ ပြန်ပြီး ပင်ပင်ပန်းပန်း သယ်ဆောင်
လာတဲ့ မြက်နဲ့ သိုးမွှေးပုံကို ငါမလဲနိုင်ဘူး ဆိုပြီး…မြက်ပုံ ကိုဘဲ ဆက်လက်သယ်ဆောင် သွားပါသည်..
ဒုတိယ လူကတော့.. ဝါကွမ်းပုံနဲ့ သိုးမွှေးပုံရဲ့ တန်ဖိုးကိုကြည့်ပြီး… ဝါကွမ်းပုံ ကိုပစ်ချကာ..
သိုးမွှေးပုံကို သယ်ဆောင်သွားလေ၏…ဒုတိယလူကတော့ တစ်ခုထက် တစ်ခု တန်ဖိုးမြင့်သော အရာကို ကြည့်ပြီး ဆုံးဖြတ်ကာ…
တစ်ခုပြီး တစ်ခုပြောင်းလဲ သယ်ဆောင်သွား၏…
ထို့အတူဘဲ…ယနေ့အထိ ဓမ(Dhamma) ဟုထင်ကာ မှတ်ယူလာခဲ့သော အရာသည်..
ရှေးကနှင့် မတူ ထူးခြားတိုးတက်လာသည့် အခြေအနေကြောင့်…အဓမ(Adhamma) ဖြစ်သွားချင်လည်း
ဖြစ်သွားနိုင်သည်…
ယနေ့ အထိ အကောင်း ဟုထင်ပြီး..သယ်ဆောင်လာသော အရာသည်… ယနေ့တွင်မူ
အညံ့ ဖြစ်ချင်လည်း ဖြစ်သွားနိုင်သည်…
ဘုရားက..ရဟန်းတို့ ..ဓမ(Dhamma)ကိုဖေါင်ကဲ့ သို့ သဘောထားရမည်.. ဖေါင်သည် တဖက်ကမ်း သို့ ကူးရန်အတွက်ဖြစ်သည်..ဖက်တွယ် ဆုပ်ကိုင်ထားရန် အတွက်မဟုတ်ပေ..ထို့အတူ ဓမ(Dhamma) သည်လည်း လွတ်မြောက်ငြိမ်းချမ်းရန် အတွက်ဖြစ်သည်…ဖက်တွယ်ဆုပ်ကိုင် ထားရန်အတွက် မဟုတ်ပေ…
ဓမ(Dhamma) သည်ပင်လျှင် ဖက်တွယ် ဆုပ်ကိုင်ထားရန် မဟုတ်လျှင်…အဓမ(Adhamma) မှာမူ ပြောစရာ ဘယ်မှာလိုတော့….မည်နည်း…
ကိုတာ၏ ဖြန်ထွက်တွေးခေါ်ခြင်းစာတမ်းမှ …
စာရေးဆရာ ပါရဂူ၏ အမှာစကား တွင်ပါသည့် ကောက်နုတ်ချက်အချို့…မှတဆင့် မျျှဝေပေးလိုက်ပါသည်…
7 comments
mandalarthu
February 19, 2012 at 11:13 am
သိ်ပ်ကိုစဉ်းစားဖို ့ကောင်းတဲ ့ အတွေး အခေါ်ပါတဲ ့ပို့စ်လေးပါဘဲ။
ကိုတာ၏ ဖြန်ထွက်တွေးခြင်း စာအုပ်ကိုလွန်ခဲ ့တဲ ့(၄)နှစ်လောက်က ဖတ်ဖူးပါတယ်။အချို ့အချက်လေးတွေ ကသိပ်တွေးဖိူ ့ကောင်းတယ်။ဒါပေမယ် ့သူ ့ရဲ ့အတွေးအခေါ်အားလုံးကိုတော ့လက်မခံနိုင်ဘူးပေါ ့။
အသစ်ပြောင်းလဲတိုးတက်လာတဲ ့အယူအဆတွေက အဟောင်းထက်ပိုပြီးကောင်းချင်မှ ကောင်းမှာပေါ ့။
အဟောင်းကို ဖက်တွယ်ထားရမယ်လို ့ဆိုလို တာ မဟုတ်ပါဘူး။ဒါကတော ့တစ်ဦးချင်းရဲ ့လွပ်လပ်တဲ ့ ့ကိုယ်ပိုင်ခံယူချက်နဲ ့ သူ ့ရဲ ့တစ်စုံတစ်ခု အပေါ် မှာတန်ဖိုးထားမှု ပေါ်မှာဘဲမူတည်ပါတယ်။
“ယနေ့ အထိ အကောင်း ဟုထင်ပြီး..သယ်ဆောင်လာသော အရာသည်… ယနေ့တွင်မူ
အညံ့ ဖြစ်ချင်လည်း ဖြစ်သွားနိုင်သည်”…..အဲဒါကလည်း မြက်၏တန်ဖိုး နှင့် ဝါဂွမ်းရဲ ့တန်ဖိုးကွာခြားမှု ကို ပိုင်းဖြတ်တတ်မှသာ ဘာကို ဆက်သယ်မလဲ ဆိုတာ ဆုံးဖြတ်နိုင်တာမျိုးပါ။တန်ဖိုးဆိုတာကလည်း အသုံးဝင်မှုဆိုတာနဲ ့တိုင်းတာနိုင်ပါတယ်။ မြက်သာ တကယ်လိုအပ်တဲ့ နေရာဒေသမှာ ဆိုရင်ကော….. ဝါဂွမ်းကိုသယ်သွားလို ့ ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး။ ဥပမာ-ကို်ယ်ကျင် ့တရားကို လူတိုင်းတန်ဖိုးမထားနိုင်ကြတဲ ့ ယနေ ့လို ခေတ်ကြီးမှာ ကိုယ် ့ရဲ ့ကိုယ်ကျင် ့တရားကို သူများတွေလုပ်သလို အလွယ်တကူ မပျက်ဖို ့၊ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို ့
စောင် ့စည်းထိန်းသိမ်းရမှာက ကို်ယ် ့တန်ဖိုးထားမှုနဲ ့ကိုယ်ပါ။
ဘုရားဟောတဲ ့ဓမ္မ(Dhamma) ကလည်း လူသားတွေအားလုံး ဖက်တွယ် ဆုပ်ကိုင်ထားရန် အတွက်မဟုတ်ဆိုတာတော ့မှန်ပါတယ်။ ဘုရားက လူသားတိုင်းကို ဆင်းရဲဒုက္ခအပေါင်း မှလွတ်မြောက်ငြိမ်းချမ်းရန် ဘဝမှာ ဓမ္မနှင် ့အညီကျင် ့သုံးနေထိုင်တတ်ဖို ့ညွှန်ပြခဲ ့တာပါ။
အဲဒီတော ့”ဘာကိုကြည့်ပြီး ဆုံးဖြတ်မလဲ” ဆိုတော ့…..
လူတယောက်ချင်းစီရဲ ့ကိုယ်ကျင် ့တရား၊ဘဝခံယူချက် နှင် ့ဘုရားက လမ်းညွှန်ပြသခဲ ့တဲ ့ ဓမ္မနှင် ့ညီ၊မညီ ကို ကြည့်ပြီး ဆုံးဖြတ်ရမှာပါ။ဒါကတော ့ဒီစာလေးက နေ တွေးမိတဲ ့ကျွန် ့မအတွေးလေးတွေကို မျှဝေခြင်းပါ။ကျေးဇူးပါနော်။
K- Red
February 19, 2012 at 11:40 am
တစ်ဦးချင်းရဲ့လွတ်လပ်မှုကိုလည်း လက်ခံပါတယ်.. ဒါပေမဲ့ လွတ်လပ်မှုဟာ အင်မတန်မှကျယ်ပြန့်ပါတယ်… လွတ်လပ်မှုနဲ့ ပတ်သက်ပြီး မှတ်သားဖူးခဲ့ရတဲ့ စဉ်စားစရာ တခုလေး ဝေဌပေးလိုက်ပါတယ်…
– တခါက တောဘုန်းကြီးကျောင်း မှာဘုန်းကြီးက သူရဲ့ကြက်တူရွှေးလေးကို မြောက်တော မသွားနဲ့ မြောက်တောသွားရင် ထောက်ချောက်ထဲ ကျလိမ့်မယ် လို့သင်ပေးတယ်…
ကြက်တူရွှေး အလွတ်ရတယ်ဆိုပါတော့ … တနေ့တော့ ဘုန်းကြီး အပြင်ထွက်ပြီး ပြန်လာတော့ ..
ရွှေခဲကြက်တူလေး ဘယ်ရောက်နေလဲ လို့အော်တော….ရွှေခဲလေးက မြောက်တောမသွားနဲ့ မြောက်တော သွားရင်ထောင်ထဲ ကျလိမ့်မယ် …တတွတ်တွတ်ရေရွှတ်နေတာကို ဘုန်းကြီး ကြားတော့…. အော် ရွှေခဲကြက်တူရွှေးလေးက… အလွတ်ဘဲဆိုတတ်တာကို..သူရောက်နေတာ မြောက်တော …ရောက်ရှိတဲ့နေရာကလည်း ထောင်ချောက်ထဲမှာ… အခုလည်း..လွတ်လပ်တယ်ဆိုတာ အော်အော်နေကြတယ်.. ကြက်တူရွှေးလေး လိုမဖြစ်ဖို့ လိုပါတယ်…
နောက်တခု..ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့ဆိုတာလည်း ဆက်လက်ဖြန့်ကျက်ပြီးတွေးခေါ်ဖို့လိုပါမယ်….
ကိုယ့်ပတ်ဝန်းကျင်မျာ ဘာဖြစ်နေဖြစ်နေ ကိုယ်မဖြစ်ရင် ပြီးတာဘဲ ဆိုတဲ့ အဓိပါယ် များသက်ရောက်နေမလားပေါ့… စဉ်းစားလို့ရအောင်ပါနော်…
mandalarthu
February 19, 2012 at 12:09 pm
ရွှေခဲကြက်တူလေးလို မဖြစ်အောင်တော ့ကျွန်မတို ့အားလုံး ဘဝမှာ သတိထားရမှာပါ။
ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့ဆိုတာလည်း
ဆက်လက်ဖြန့်ကျက်ပြီးတွေးခေါ်ဖို ့တကယ်လိုပါတယ်။
ကိုယ် ့ပတ်ဝန်းကျင်မှာဘယ်သူတွေ ကိုယ်ကျင် ့တရားပျက်ပျက်
ကိုယ်မပျက်ဖိူ ့သာအရေးကြီးတာမို ့
ကိုယ်ကျင် ့တရားကို အသက်နဲ ့လဲပြီး စောင် ့ထိန်းတတ်ကြတဲ ့လူတွေ ၊စောင့်ထိန်းနေကြတဲ ့လူတွေ
အခု ခေတ်ကြီးထဲမှာရှိပါသေးတယ် ဆို တဲ ့သဘောပါ။
အဲလိုလူတွေက
လျှာပေါ်မြက်ပေါက်ပါစေ မဟုတ်တာတော ့မလုပ်ဘူး ဆို တဲ ့
ယုံကြည်ချက် ပြင်းထန်တဲ ့ပုဂ္ဂိုလ်တွေပေါ့။
K- Red
February 19, 2012 at 2:18 pm
အခုလိုပြန်လည်ဆွေးနွေးပေးတဲ့ အတွက် ကြိုဆိုပါတယ်…
ဘယ်သူတရားပျက်ပျက်ကိုယ် မပျက်နဲ့ဆိုတာဘဲ အကျယ်ချဲ့ ပြီးဆွေနွေးလိုပါတယ်…
အခုလို အမြင်မျိုးကို ဒီကနေတဆင့် ဖလှယ်ခွင့်ရတဲ့ အတွက်လည်း တီထွင်တဲ့ လူတွေကို အော်ကျေးဇူးတင်လိုက်တာ…. ဒီလိုလူတွေဟာ..လူသားတွေအကျိုးရှိအောင်… အမျိုးမျိုးတီထွင်တဲ့လူတွေဘဲ… တဖက်ကျတော့..လူသားတွေအတွက် အကျိုးမရှိအောင် သဘာဝပတ်ဝန်းကျင် ကိုဖျက်စီးနေတဲ့လူ…သတ်၊လိမ်၊ခိုး၊ဖေါက်ပြန်တာ စတဲ့ မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့ လူတွေလည်း ဒို့နဲ အားလုံးဟာ ဆက်စပ်နေပါလား….ရွှာ၊မြို့၊နိုင်ငံ…လူမျိုးအသားအရောင်သာ ခွဲခြားလို့ရချင်ရမယ်… ဒို့နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်မှာ… လေထု၊မြေထု၊ အကာသ စသည့်စသည် တနည်းအားဖြင့်-(ပထဝီ၊အာပေါ၊ဝါယော၊တေဇော) စသည့်ဓါတ်ကြီးလေးပါးဟာ ဆက်စပ်နေပါလား…
သူတရားပျက်နေတာကို… ဘာမှမပြောဘဲနေမလားပေါ့…ကလေးနှစ်ယောက် ရန်ဖြစ်နေတာကို..ငါဘာမှ မပြောဘဲ…ဒီလိုနေမလား…တိရိစာန်တောင်မှ တစ်ကောင်နဲ့ တစ်ကောင်တိုက်ခိုက်နေတာတောင်မှ… ဘယ်လိုဘဲ ဖြစ်ဖြစ် သူရပ်တည်သင့်တဲ့ ဖက်ကို သူရပ်တည်ပေးသေးတယ်ပေါ့…
နောက်တခု…အသက်လဲပြီးစောင့်ထိန်းတဲ့ လူဆိုတာလည်း ကျွန်တော် အမျိုးမျိုးစဉ်းစားကြည့်ပါတယ်…
ယုံကြည်ချက်ကြောင့် ကမာ(world)မှာ အသေခံတဲ့ လူတွေ ဥပမာ – ခရုဆိတ်စစ်ပွဲတွေ…. ကိုယ့်ကိုယ်ကို အသေခံတဲ့ လူတွေဟာ သူ့ရဲ့ ယုံကြည်ချက်တခုကို စွဲကိုင်ပြီး… အသေခံတဲ့လူတွေကလည်းရှိနေတော့…
ကိုယ့်ကိုယ်ကို အသေခံရလောက်အောင်လဲ… မဟုတ်တန်ရာဘူးထင် စသည့်ဖြစ် အမျိုးမျိုးစဉ်းစားကြည့် တာပေါ့လေ…
လူတစ်ယောက် ကိုယ့်ကို… ဒုတ်နဲ့ ဓါးနဲ့ လာသတ်တော့မယ် .. ဒီလိုဘဲ ငုံ့ခံနေမလား… တခုခုတော့ တုံ့ပြန်ဖို့ လိုမယ်ထင်တယ်… သူကို တုံ့ပြန်တယ်ဆိုတာလည်း….ကြမ်းကြမ်းတမ်းတမ်းတော့ မဟုတ်ဘဲ… ပြောသင့်ပြောထိုက်တဲ့ စကားတော့ ပြန်ပြောရင်…. မပြောသင့်ဘူးလား….တိရိစာန်တောင်မှ…
သူတို့ကို…ဒုတ်နဲ့ တခုခု တို့ကြည့်ရင် တခုခုနဲ့ပြန်တုံ့ပြန်သေးတာဘဲ…စသည်ဖြစ်ပေါ့လေ တွေးကြည့်တာပေါ့နော….
စာလည်းနည်းနည်းတော့ရှည်သွားပြီ… ဆိုလိုတဲ့ အဓိပါယ်ကို ကျစ်ကျစ်လှစ်လှစ်မရေးတတ်လို့ ဒို့ကို..ခွင့်လွတ်နားလည်ပေးပါနော်…
ဖတ်ဖူးတဲ့ ဗဟုသုတထဲက စဉ်းစားလို့ရအောင်….
လူတွေဟာ…အရှုပ်ကိုဖြေရှင်းတာ (၃)မျိုးရှိတယ်..
၁။ အရှုပ်ထဲက မျှောနေသူ..
၂။ အရှုပ်ထဲက ကင်းအောင်နေသူ…
၃။ အရှုပ်ထဲက ရှင်းအောင်နေသူ…
၁။ လူတွေကတော့ အရည်မရ အဖတ်မရ ဘာတခုမှ ပြတ်ပြတ်သားသားမရှိ၊ ကပြား အမြင် ၊ သူများက ဟုတ်တယ်ဆိုရင် ကိုယ်ကလည်းဟုတ်… နောက်ကနေ သိုးအုပ်အလား..နောက်လိုက်တွေဟာ အရှုပ်ထဲက မျှောနေသူတွေပေါ့ လို့ဆိုထားတယ်…
၂။ လူကတော့… သူများဘာဘဲ ဖြစ်နေ ဖြစ်နေ ကိုယ် မဖြစ်ရင်ပြီးတာဘဲ.. သူများရဲ့ အရှုပ်ထဲ ဝင်မပါနဲ့.. စသည် စသည် အရှုပ်တွေထဲက ကင်းကင်းရှင်းရှင်းနေတဲ့ လူတွေကို… အရှုပ်ထဲက ကင်းအောင်နေသူ လို့ခေါ်တယ်….
၃။ နောက်ဆုံးလူကတော့…လောကရဲ့ အရှုပ်ထဲက… သူတတ်နိုင်တဲ့ဖက်ကို အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီဖြေရှင်းပေးတဲ့ လူပေါ့….သူဟာ လောကထဲက လူသားတစ်ယောက်ဆိုတော့…သူအသက်ရှင်နေသရွှေ့ လူသားတွေရဲ့ ပြသနာကို တတ်နိုင်တဲ့ ဖက်က ဖြေရှင်းပေးတဲ့ လူပေ့ါ…
ဘုရားဟာ.. သူတရားရပြီးတဲ့နောက်ပိုင်း..သူရော..သူ့တပည့်ရဟန်းတွေရော… လူတောထဲမှာဘဲ ပြန်နေကြပါတယ်… လူသားတွေ အကျိုးစီပွါး ချမ်းသာသုခရဖို့၊ အစဉ်သနားစောင့်ရှောက်ဖို့တွေဟာ… အရှုပ်ထဲက ရှင်းပေးနေသူတွေပေါ့….ဘုရားဟာ နောက်ဆုံး ဝမ်းတော်လားလို့ ဝေဒနာခံစားနေရတာတောင်..သုဘတ်ရဟန်းလေးကိုတောင် နောက်ဆုံး ပြသနာ ဖြေရှင်းခဲ့သေးတာဘဲ မဟုတ်လား… သူအေးအေးဆေးဆေး ကင်းအောင်မနေခဲ့ ပါဘူး…
ဘုရားဟာ တနည်းအားဖြင့် လူသားတွေရဲ့ အရှုပ် ၊ တွက်ခက်တဲ့ င်္သချာပုစာ တပုဒ်ကို အဖြေရတဲ့ အထိ ဖြေရှင်း ပေးနိုင်သူပေါ့….
သူဟာ င်္သချာပုစာတွက်မရလို့ စာအုပ်ခေါက်သိမ်းထားသူအေးအေးဆေးဆေးနေသူ(ကင်း)အောင်နေသူမဟုတ်။တွက်တော့တယ် သူငယ်ချင်းတွေနဲ့ ဟုတ်တယ်မဟုတ်ဘူးလို့ ငြင်းနေသူ…(မျှော)နေသူမဟုတ်။
သို့သော် … သူဟာတွက်နည်းကိုတော့ လမ်းဆုံးပန်းတိုင် အဖြေရတဲ့ အထိ လမ်းညွှန်ပေးထားပါတယ်……အဖြေရတဲ့ အထိ ကိုယ့်ဟာကိုယ်ဘဲ တွက်ရမှာပါ….. အခုလို ပြီးဆုံးအောင်ဖတ်ပေးတဲ့ အတွက် ..ကျေးဇူးပါဘဲနော်….
nyanakyaw
February 19, 2012 at 2:03 pm
k-red ကိုကျေးဇူးတင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးက change ကို အင်မတန်ကြောက်ကြပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးအသိတွေထက် ဘာသာရေးကို ပို၍မဆန်းစစ်သလို၊ ပြောင်းလဲမှု၊ တိုးတက်မှုလည်း သိပ်မရှိသလိုတွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာကတော့ ပြောင်းလဲတိုးတက်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။ ဘယ်လိုပြောရမလဲ အရေအတွက်သာများပြီး အရည်အချင်းမှာ အင်မတန်နည်းလှပါတယ်လို့။ ဘာသာရေးမှာလဲ တရားစခန်းဝင်သူတွေကတော့ တစ်နှစ်ထက်တစ်နှစ်ပိုတိုးလို့ပါပဲ၊ သိပ်မကြာခင်မှာပဲ ဒုလ္လဘရဟန်းဝတ်ရာသီရောက်တော့မှာပါ။ အရေအတွက်ကတော့ များပြီး ဒီလို စခန်းဝင်၊ ဝတ်ပြီး ရလာဒ်ဘယ်လို ဘာတွေသိသလဲဆိုတာကတော့ သိပ်ကို မဆန်းစစ်တာတွေ့ရပါတယ်။ ကျနော်အမြင်အတွေးများကို ရင်ဖွင့်လိုက်တာပါ။
မင်္ဂလာပါ k-red.
K- Red
February 19, 2012 at 2:42 pm
nyanakyaw ပြောတာ ဟုတ်တယ်..change ကို အင်မတန်ကြောက်တာမှန်တယ်…
nyanakyaw ပြောတဲ့ ရဟန်းဝတ်ရာသီရောက်တော. အရည်အချင်းထက် အရေအတွက် များတာမှန်တယ်..ကျွန်တော်လည်းစဉ်းစားကြည့်တယ်…ဘုရားလက်ထက်ကတော့… ဘုရားတရားကိုနားလည်ပြီးမှ… ဘုရားတပည့် အဖြစ်ခံယူ အသိအမှတ်ပြုဖို့ ဘုရားကိုပြန်လျှောက်ကြတယ်…ဒါမှလည်း သဘာသကျတယ်လေ..
စားဖို၊လက်သမား အတတ်ပညာကို မတတ်ဘဲ…ဘယ်သူ ကငါ့တပည့်ပါလို့ ဘယ်သူက လွယ်လွယ်နဲ့ ဘယ် အသိအမှတ်ပြုချင်မလဲဗျာ….ကျေးဇူး nyanakyaw…..
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 19, 2012 at 7:56 pm
တစ်ခုပြီး တစ်ခုပြောင်းလဲ သယ်ဆောင်သွား၏…
ထို့အတူဘဲ…ယနေ့အထိ ဓမ(Dhamma) ဟုထင်ကာ မှတ်ယူလာခဲ့သော အရာသည်..
ရှေးကနှင့် မတူ ထူးခြားတိုးတက်လာသည့် အခြေအနေကြောင့်…အဓမ(Adhamma) ဖြစ်သွားချင်လည်း
ဖြစ်သွားနိုင်သည်…
ယနေ့ အထိ အကောင်း ဟုထင်ပြီး..သယ်ဆောင်လာသော အရာသည်… ယနေ့တွင်မူ
အညံ့ ဖြစ်ချင်လည်း ဖြစ်သွားနိုင်သည်…
ဘုရားက..ရဟန်းတို့ ..ဓမ(Dhamma)ကိုဖေါင်ကဲ့ သို့ သဘောထားရမည်.. ဖေါင်သည် တဖက်ကမ်း သို့ ကူးရန်အတွက်ဖြစ်သည်..ဖက်တွယ် ဆုပ်ကိုင်ထားရန် အတွက်မဟုတ်ပေ..ထို့အတူ ဓမ(Dhamma) သည်လည်း လွတ်မြောက်ငြိမ်းချမ်းရန် အတွက်ဖြစ်သည်…ဖက်တွယ်ဆုပ်ကိုင် ထားရန်အတွက် မဟုတ်ပေ…
အင်းလေ ဒီတော့လဲ ကောင်းမွေ၊ဆိုးမွေဆိုတာဖြစ်လာတော့တာပေါ့ဗျာ။အကုန်လုံးမဟုတ်ပေမယ့်
လက်ခံသင့်သလောက်တော့ လက်ခံပါတယ်။အစွန်းမရောက်ဖို ့သာ အဓိကပါဗျာ။ကျေးဇူးတင်ပါတယ်။