ဩစီဆင်

phone_kyawFebruary 21, 20121min26711

Freshness ကို လတ်ဆက်မှုလို ့ဘာသာပြန်မယ်။ အသီးအရွက် သားငါးစတဲ့ စားစရာတွေနဲ ့ပက်သက်ရင် လတ်ဆတ်မှ လူတိုင်းစားချင်တယ်။ မလတ်ရင် အသီးအရွက်မပြောနဲ ့  မလတ်တဲ့သူကို ဘဲ တောင်မကြည်ဘူးလို ့ကျနော်ပြောချင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ပဲ လူတွေသဘောကြတယ်။

ညက တီဗွီ ကြည့်ရင်း ကိုဇာဂနာ ဘန်ကောက်ရောက်တဲ့လေသံအတိုင်းပြောရရင် ရှော့ဖြစ်သွားတယ်လို ့ပြောချင်တယ်။ ဘာ့ကြောင့်လဲ။ ကျနော်စားနေတဲ့ ပန်းသီးက အပင်ကခူးပြီးကတည်းရေတွက်ရင် ကိုးလလောက်ရှိပြီလို ့သုတေသနပြုသူတွေက ပြောတယ်။ လိမ္မော်သီးက သုံးလ။ စပြစ်သီးက သုံးပတ်။ ကျနော်စားနေတဲ့ ငါးခူက ခြောက်လ။ အားပါးပါး။ သူတို ့တွေ ရေခဲ့သတ္တောထဲမှာ နေတဲ့သက်တမ်းက ကြောက်စရာကောင်းလောက်အောင် ကြာလှပါတယ်။

တီဗွီသတင်းထောက်က စတိုးဆိုင်ကြီးတွေကို မေးခွန်းထုတ်တယ်။

“ခင်ဗျားတို ့ဆိုင်က ဖရက်ရှက်ဆိုတာ ဟုတ်လို ့လား”

“ကျနော်တို ့ဆိုင်က အသီးအရွက်တွေမှန်သမျှ စိုက်ခင်းကနေ တိုက်ရိုက်လာပါတယ်။ အခုမြင်တွေ ့နေရတာတွေက စိုက်ခင်းက ခူးပြီးမှ တင်ထားတဲ့ဟာတွေပါ”

ဒါနဲ ့တီဗွီသတင်းထောက်က သူတို့ဆိုင်က အသီးအရွက် သားငါးတွေကိုဝယ်ပြီး ဓာတ်ခွဲခန်းကို ပို ့ပါလေတော့တယ်။ နုတ်ခမ်းမွေးနဲ ့အသက်ငါးဆယ်လောက်ရှိတဲ့ ပညာရှင် အခြောက်ကြီးက စစ်ဆေးတယ်။ အခြောက်နဲ ့တူလို ့အခြောက်လို ့ပြောတာပါ။ ဟုတ်လား မဟုတ်လားတော့ ကျနော်လည်းဘယ်သိမလဲ။ ထားတော့…လိုရင်းဆက်မယ်။
စစ်ဆေးပြီးတော့ ဖရက်ချ် လား မဖရက်ချ်လား ပေါ်ပါလေတော့တယ်။ ဒီမှာတင် ဆိုင်ရှင်တွေ နာမည်အကြီးအကျယ်ပျက်ပြီ။ ဆိုင်နာမည်က Coles and Woolworth လို ့ခေါ်တယ်။ ဒီဆိုင်တွေက နိုင်ငံတကာမှာ ရှိတယ်။ သူတို ့ဆိုင်က ပစ္စည်းတွေက နိုင်ငံပေါင်းစုံကလာတယ်။ ဆိုတော့ လမ်းခရီးမှာဘယ်လောက်ကြာမလဲမသိဘူး။ ဒါ့ကြောင့် ကျနော်စားတဲ့ပန်းသီး ကိုးလလေက်ကြာမှ ကျနော်စားရတာ ဖြစ်မယ်။ အရသာကတော့ မပြောပါနဲ ့တော့။ မကောင်းဘူးလို ့ပဲ ပြောချင်တယ်။

အသားငါးတွေလည်း ဒီအတိုင်းပဲ။ နှစ်ပေါင်းရာနဲ ့ချီမလားမသိဘူး။ ရွဲ  ့ပြီးပြောတာပါ။ ဒီလောက်တော့ မရှိလောက်ပါဘူး။ ဩစီမှာနေရတော့ ဗမာပြည်မှာတုန်းက ဘဝကို တမ်းတမိတယ်။ မိုးတွင်းဆိုရင် အိမ်နားက ဂဏန်းတွေဖမ်းတယ်။ ငါးတွေထောင်တယ်။ ငါးရှဉ့်တွေကို ဖမ်းတယ်။ လတ်လတ်ဆက်ဆက်ဆိုတော့ စားလို ့ကောင်းမှကောင်း။ ငါးဇင်းရိုင်းဆိုရင် ကျနော်တို ့အိမ်ပေါ်က ခလေးတွေ ချီးပါချတာနဲ ့ပလုံပလုံနဲ ့နေနေတာပဲ။ ငါးမျှားတံနဲ ့မျှား။ သရက်သီးလေးနဲ ့ချက်စားတာများဗျာ သရည်တောင်လည်တယ်။ ကိုးလ တနှစ်လောက် သက်တမ်းရှိတဲ့ ပန်းသီးမစားရဘူး။ ခြောက်လလောက်ရေခဲ့သေတ္တာထဲမှာ ထည့်ပြီး စားဖို ့နေနေသာသာ အိမ်မှာ သေတ္တာဆိုလို ့ ကျနော့်အဖေစစ်တပ်ကပေးတဲ့ သံသေတ္တာပဲရှိတယ်။

စားစရာမှန်သမျှဒေါ်လာနဲ ့မပေးရမဲ့အကုန်လုံးလတ်လတ်ဆတ်ဆတ်စားရတယ်။ ဒါ့ကြောင့် ဗမာတွေ ဉာဏ်ရည်ကောင်းတာဖြစ်မယ်။ ဘယ်လောက်ကောင်းလဲဆိုရင် ဦးသိန်းစိန်ရဲ  ့ပြောင်နေတဲ့ခေါင်းကိုပဲကြည့်တော့။ အခုတော့ဗျာ…ဩစီမှာနေပြီး လတ်လတ်ဆတ်ဆတ်က ရွှေထက်တောင်ရှားတယ်လို ့ဆိုပြီး တင်စားရတော့မယ်ထင်ပဗျာ။
ဒါ့ကြောင့် ဪစီက အဖြူတွေ လူကောင်းတွေကြီးပြီး ဝ တုတ်နေတာဖြစ်မယ်။ ဘာ့ကြောင့်လဲဆိုတော့ လတ်လတ်ဆတ်ဆတ်မှ မစားရတာ။

ကျနော်က သူတို ့ကို ဩစီဆင်လို ့နာမည်ပေးတယ်။ ဩစီမှာ ဗမာပြည်လို ဆင်မှ မရှိတာ။ ဒါပေမဲ့ အရမ်းဝတော့ ခင်ဗျားတို ့က ဩစီဆင်လို ့ပြောတော့ အတော်စိတ်ဆိုးသာဗျ။ ပိန်တယ်လို ့ပြောရင် သဘောကျသလားမမေးနဲ ့။ မကျလည်းနေပါစေ။ နောက်ထပ်ပြီး စိတ်ဆိုးအောင် ဒီလိုပြောတယ်။ အုံးနှောက်ကလည်းက ကျက်အုံးနှောက်။ အလုပ်လုပ်တော့ လိပ်လိုလို ့ပြောတော့ သူတို ့ကျနော့်ကို ဘာပြောတယ်ထင်လဲ။

Fuck Off တဲ့ဗျာ။

ဩစီဆင်

11 comments

  • Khin Latt

    February 22, 2012 at 5:38 am

    အမှန်ပြောရရင် ဒီလို သွားလာရေး၊ ပို့ဆောင်ရေး မြန်ဆန် လာတဲ့ ခေတ်ကြီးမှာ ၉လ လောက် ကြာပြီးမှ တစ်နိုင်ငံ ကနေ တစ်နိုင်ငံ မှာ ပန်းသီးစားလို့ရတယ် ဆိုတာကိုတော့ အတော်လေး အံ့ဩ သွားမိတယ်။
    ဘယ်ကလာတဲ့ ပန်းသီးမို့လဲ?
    ဘာဘဲဖြစ်ဖြစ် ဒါမျိုး ဇာတ်လမ်း လေးတွေက ကျွန်မတို့ အတွက် ဗဟုသုတရပါတယ်။
    လက်မထောင် သွားပါတယ်။ 🙂

    • etone

      February 22, 2012 at 11:50 am

      ဟီးဟီး … ဒီလိုပါ .. အရီးလတ်ရေ … unit price သတ်မှတ်ဖို့အတွက် …. အရမ်းနည်းနေတာကြောင့် … အိပ်စ်စပို့လုပ်တဲ့နိုင်ငံနဲ့ .. အင်ပို့လုပ်မ့် နှစ်နိုင်ငံကို … ခေါက်တုံ့ခေါက်ပြန်သွားပြီး … ထရန်စပို့တေးရှင့်ချာ့ချ်ကို … တက်အောင်လုပ်နေလို့ပါ .. ဟီးဟီး :mrgreen:

      သာမန်အားဖြင့် ခရီးစရိတ်သိပ်မထောင်းတဲ့ ရေကြောင်းလိုင်းနဲ့သွားမယ်ထင်တယ် … အဲ့ဒါကလည်း …. ရန်ကုန်ကနေ ..စင်္ကာပူ… အဲ့ဒီကနေ .. တခြားနိုင်ငံဆို … အလွန်ဆုံးတစ်လလောက်ပဲကြာတယ် … ။ ရန်ကုန်ကနေ ပေါက်ကလမ်းကို သွားလည်း … အတူတူပဲ ကြာချိန်က … ။

      လေကြောင်းနဲ့သွားမယ်ဆို … ကာစတန် ကလီးယားရန့် လုပ်ပြီး … တပတ်ဆယ်ရက်ဆိုတာ ..အ လွန်ဆုံးပဲ … ။ ကိုးလလောက်ကြာတယ်ဆိုတာကတော့ ….. နည်းနည်းများနေသလားမသိ … 😛 ဘယ်လောက်ပဲ အေးခဲနေအောင် လုပ်ပြီး ထားထား .. ကိုးလအတွင်းမှာ မူလပုံသဏ္ဍန်မပြောင်းဘူးဆိုတာကတော့ … မဖြစ်နိုင်ဘူးထင်တယ် … ။

  • kyeemite

    February 22, 2012 at 9:50 am

    တော်တော်ကောင်းတဲ့ ပို့စ်လေးပါ…ဟုတ်တယ်ဗျာ..ဗမာပြည်ကခုထိလတ်လတ်ဆတ်ဆတ်စားရတုံးပါ..
    ဒါပေမဲ့ တခုသတိပြုရမှာက..ပိုးသတ်ဆေးအန္တရာယ်ဘဲ…မစားသုံးခင်ရေနဲ့ စင်စင်ဆေးဘို့ ကရုစိုက်သင့်တယ်..

  • phone_kyaw

    February 22, 2012 at 12:13 pm

    ဗဟုသုတမဲ့တယ်လို ့ပြောရင်လည်း စိတ်ဆိုးသေးတယ်။ ဒီမှာသာကြည့်တော့…။ ဩစီမှာနေတာနော်…။ ရန်ကုန်မဟုတ်ဘူးဆိုတာ သဘောပေါက်ပါ။ မျက်လုံးတွေဖွင့်နားတွေစွင့် ဂေဇတ်ရွာထဲမှာတင် လမ်းသလားမနေနဲ ့ အိတုံ။

    http://au.news.yahoo.com/today-tonight/video/watch/28363163/

    • etone

      February 22, 2012 at 1:40 pm

      အောင်မလေး သောက်ကျိုးနည်း ….
      ဩစီမှာနေတယ် .. ဩစီမှာနေတယ်ဆိုတာချည်းပဲ .. အပ်ကြောင်း ထပ်အောင် ပြောမနေနဲ့ …
      ဘာမှ မထူးခြားဘူး … လူကလူပဲ … ဩစီမှာနေတဲ့ ရှင်က ဂျိုနဲ ့.. အမြီးအပိုပါနေလျှင်တော့ .. ထူးခြားလျှင် ထူးခြားမှာပေါ့ … ။

      ဗဟုသုတရဖို့ထက် …သူများအမြင်ကတ်တောင် ပြောတတ်ဆိုတတ်ပုံတွေတတ်လာဖို့ .. ဩစီဝင်ဖို့ ဒုက္ခသည်လုပ်မှပဲ .. ဟဲဟဲ … :mrgreen:

  • ဩဇီမှာဘဲ နေနေ၊မဲဇာမှာဘဲနေနေဗျာ။မြန်မာပြည်က တက္ကသိုလ်ဝင်တန်းလို အဆင့်ကို(၂)နှစ်ဖြေတာမအောင်တဲ့လူအဖို ့
    ဩဇီမှာနေလဲမြန်မာပြည်မှာ သူတောင်းစားလုပ်နေတာလောက် တန်မယ်တော့မထင်ဘူးဗျို ့။

  • phone_kyaw

    February 22, 2012 at 1:50 pm

    ဘုန်းကျော်ပြောလိုက်တိုင်း အမြင်ကတ်တယ်ဆိုတဲ့လူဟာ သူ ့မျက်စိက စွေနေလားမသိဘူး။ အလကားနေ အလကား မနာလိုမဖြစ်နဲ့လေ။ နေအုံးဗျာ ..ဒုက္ခသည်ဖြစ်ဖို ့အတွက် ဘယ်လောက် အရည်အချင်း ရှိရလဲဆိုတာကိုလည်း လေ့လာအုံး။ နိုင်ငံခြားထွက်ဖို ့နေနေသာ ယူအန်အောင်ဖို ့တောင် မလွယ်တာဗျာ။ ဒုက္ခသည်ဒုက္ခသည်ဆိုတဲ့ စကားလုံးနဲ ့လူတွေကို နှိမ်ချင်နေတယ်ထင်ပ။ ကျနော်ဒုက္ခသည်တစ်ယောက်ပါဗျာ။ သူများတွေဒုက္ခသညါဖြစ်ဖို ့အတွက် ငွေသိန်းထောင်ပေါင်းများစွာ ကုန်တယ်ဆိုတာကိုကောသိကြလား။ ဒါ့ကြောင့် ပြည်တွင်းမှာနေပြီး ဘန်ကောက်လောက်တောင်မရောက်ဘူးပဲ အစိုးရပြောတိုင်းယုံပြီး မတွေ ့ဘူးမကြားဘူး မမြင်ဘူးတာတွေ ့ရင် ဝိုင်းပြီးကိုက်တက်ကြတဲ့လူတွေလား။

    • etone

      February 22, 2012 at 2:45 pm

      ဟား ဟား ဟား ဟား .. ရယ်ချင်လိုက်တာ … လိုချင်တဲ့စကားပြောထွက်ဖို့ … ဒီလောက်လွယ်ကူစွာ ရေးနိုင်လိမ့်မယ်မထင်ခဲ့ဘူး … ။ 😆

      ဒုက္ခသည်ဖြစ်ချင်လွန်းလို့ …အလွယ်လမ်းလိုက်ပြီး… တမင်တောင် ဖန်တီးယူထားတာပဲ …. ဒုက္ခသည်လို့ပြောခံရတာ နာသတဲ့လား … ။ သိပ်ဖြစ်ချင်တဲ့ဘဝကို မီးမောင်းထိုးပြတာ .. ဂုဏ်ယူလိုက်စမ်းဘာ .. 😎
      မျောက်ပြပြီး ဆန်တောင်းသလို … အခွင့်ရေး၊ အထောက်ပံ့လိုချင်လို့ ဒုက္ခသည်လုပ်နေတဲ့ လူတွေကို …ဘာကောင်ကြီးဖြစ်ဖြစ် … ရင်ထဲ အသည်းထဲက လုံးဝကို အထင်မကြီးဘူး … ။

      အလုပ်ကိစ္စမရှိပဲ … အပေတေလုပ်ပြီး … ဘန်ကောက်တွေ ယူအန်တွေသွားပြီး ဘာသွားလုပ်ရမှာလဲ … ။ သမာအာဇီဝ လုပ်အားနဲ့ ရထားတဲ့ ပိုက်ဆံ … သူများတွေလို .. အချိုချောင် ရထားတာမဟုတ်တော့လည်း…. အကြောင်းပြချက်တွေ ပေးပြီး .. အလုပ်ကိုဘေးချိတ်ကာ …လိုက်လျား လိုက်လျား … မလုပ်နိုင်ပေါင် … ။ 😆

  • ဒီမယ် မောင်ဘုန်းကျော်မင်းပြောနေတဲ့နိုင်ငံတွေကို အိမ်ဦးနဲ ့ကြမ်းပြင် အပျင်းပြေသွားနေနိုင်တယ်။
    ပိုပြောလို ့ကြွားတယ်ဖြစ်နေအုံးမယ်။ရွာထဲကို ဆရာသမားများကို ဦးချပါရဲ ့ဗျာ။ဘယ်လောက်ဘဲ
    ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေပြောပြော ဆုတ်ယုတ်နေတာကတော့ ရှိစမြဲဘဲ ငါ့ကောင်ရေ။မင့်မလဲ
    ကွာ ခက်လှပီ။ပြောလဲမမှတ်ဘူး။မင့် ဉာဏ်ရည်လေးနဲ ့သနားစရာကွာ။

  • ချာလီဂဇက်ဒလဝမ်

    February 22, 2012 at 4:02 pm

    ဟိုက်–ဟိုက်–ဟိုက် —
    ပညာသားတွေ ပညာသည်တွေ ပညာတတ်တွေ —
    ဆက်ဆွေးနွေးကြပါ —
    ဖတ်ရသူတွေ မျက်စိကျယ်အောင် လုပ်ကြဇမ်းဘာ–

Leave a Reply