Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


phone_kyawNovember 26, 20131min66016
မန္တလေး ဂေဇက်နဲ ့ဝေးကွာခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီကာလအတွင်းမှာ မိုင်းကအလုပ်ပြုတ်။ မြန်မာပြည်ကို ပြန်ရောက်။ ချစ်သူခင်သူမုန်းသူ ကြည့်မရသူတွေနဲ ့တွေ ့။ အမျိုးတွေငတ်နေတာတွေကြည့်။ မြန်မာပြည်က ပြန်လာပြီး “အဖေစစ်သား သားသူပုန်” ဆိုတဲ့ စာအုပ်ကိုထုတ်။ ခလေးသုံးကောင်နဲ ့တောထဲကနေ မြို  ့ထဲကိုပြောင်း။ ရတဲ့အလုပ်ဝင်လုပ်နဲ ့တစ်နှစ်ကျော်ကာလတွင်းမှာ မထင်မှတ်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။ မန္တလေး ဂေဇက်မှာ ရန်ဖြစ်ဖေါ် ရန်ဖြစ်ဖတ်တွေကိုလည်း ဖေ့ဘွစ်ပေါ်မှာ မိတ်ဆွေတွေဖြစ်လို ့ဖြစ်။ ဘဝကြီးဟာ တခါတလေ မူးပြီးဆဲနေတာထက်တောင် အရသာပိုရှိသလို။ သူကြီး “ကိုင်” ကိုလည်းသတိရတယ်။ သူကြီးသမီး ခလေးတစ်ယောက်နဲ ့အပျိုကြီး ဒေါ်သဲနုကိုလည်း လွမ်းတယ်။ အိတုံခေါ် ကပ်ကပ်လန်ကြီးကိုလည်း Miss ဖြစ်ပါတယ်။ ဒီနေ ့မှာ စိတ်ကူးပေါက်ရင်း မောင်ခိုင်မာ (စမ်းချောင်း) ရဲ  […]


phone_kyawFebruary 20, 20131min37110
အလှူအတန်း ဝါသနာပါသူများအား ဖိတ်ခေါ်ပါသည်။ ကျနော်မြန်မာပြည်ရောက်တော့ တပ်ထဲကိုသွားလည်ပါတယ်။ တပ်ထဲမှာ ရဲဘော်တွေအတွက် စာကြည့်တိုက်ရှိပါတယ်။ ဒါပေမဲ့ ကွန်ပြူတာနဲ ့အင်တာနက်မရှိပါ။ အကယ်၍သာ တပ်တိုင်းက စာကြည့်တိုက်တွေမှာ ကွန်ပြူတာနဲ ့အင်တာနက်သာ တပ်ပေးလိုက်ရင် အောက်ခြေက ရဲဘော်တွေ ပြင်ပဗဟုသုတ တိုးလာနိုင်တယ်။ နောက်ပြီး ပြင်ပက အရပ်သားတွေနဲ ့ထိတွေ ့ဆက်ဆံလာနိုင်ပြီး အပြန်အလှန်နားလည်မှု ့ရနိုင်မယ်လို ့ယုံကြည်ပါတယ်။ အထူးသဖြင့် သူတို ့မသိတာတွေ သိလာနိုင်ပါတယ်။ ဒီလိုစဉ်းစားချက်မျိူးနဲ ့တပ်ထဲမှာ တီးခေါက်ကြည့်တော့ စစ်သားတိုင်းက အလိုရှိသလို အရာရှိတွေလည်း သဘောတူပါတယ်။ တပ်ရင်းစာကြည့်တိုက်မှာ ကွန်ပြူတာ နှစ်လုံးလောက် ဆင်ချင်ပါတယ်။ ကွန်ပြူတာအခြေခံကို သင်ပေးချင်ပါတယ်။ ဒါမှ သူတို ့သုံးတက်လိမ့်မယ်။ လိုအပ်မဲ့ငွေကြေးနဲ ့သင်ပေးနိုင်မဲ့လူတွေလိုပါတယ်။ စိတ်ပါဝင်စားသူများ ကျနော့်ကို ဆက်သွယ်ပါ။ အီးမေးနဲ […]


phone_kyawFebruary 12, 20131min56812
နိုင်ငံခြားရောက် မြန်မာပညာရှင်တွေဆီကနေ အကူအညီတောင်းတယ်။ သူတို ့က အဲဒိနိုင်ငံသားခံယူထားလို ့ မြန်မာပြည်မှာ လွှတ်တော်အမတ်မပြောနဲ ့နိုင်ငံသားတောင်ဖြစ်ပိုင်ခွင့်မရှိဘူး။ နေပါအုံးဗျ…ခင်ဗျားတို ့လိုချင်တော့ သူများရဲ ့အကူအညီတောင်းတယ်။ ယူတယ်။ ခင်ဗျားတို ့ရဲ ့နေရာလေးဖယ်ပေးရမှာတော့ အင်မတန်ကြောက်တဲ့လူတွေ။ တရားလား မတရားလားဆိုတာလည်း ပြန်စဉ်းစားကြပါအုံး။ ဖြစ်သင့်တာက သူများနိုင်ငံတွေလို နှစ်နိုင်ငံသားခံယူပိုင်ခွင့်ပေးရမှာ။ မြန်မာပြည်ကနေ ထွက်သွားတဲ့ လူတွေက သန်းချီပြီရှိတော့ ဒီလူတွေဟာ တိုင်းပြည်အတွက် အသုံးမဝင်တော့ဘူးလား။ နိုင်ငံခြားသားအဖြစ်ခံယူလို ့မြန်မာပြည်နဲ ့လူထုကို ဘယ်သူမှ သစ္စာမဖောက်ဘူး။ အားလုံးက ငပိနံ ့ကင်းတဲ့လူတွေမဟုတ်ဘူး။ ဒါကို လူတိုင်း သဘောထားကြီးကြီးထားပေးဖို ့လိုတယ်။ အခုတော့ သူတို ့ကပဲ တိုင်းပြည်ကို ချစ်သလိုမျိူး။ စောက်တလွဲ။ တချို ့သော နိုင်ငံခြားရောက် မြန်မာတွေ နိုင်ငံခြားမှာ […]


phone_kyawFebruary 10, 20131min109619
လာလိုက်တဲ့အလှူခံတွေဗျာ။ နဲတာမဟုတ်ဘူး။ အိမ်မှာ ဆန် တစ်ခွက်ကို အမြဲဆောင်ထားရတယ်။ ပုိုက်ဆံငါးဆယ်တန်တွေကို ခွက်ထဲမှာ ထည့်ထားရတယ်။ ဘုန်းကြီးက ဆွမ်းခံတယ်။ တချို ့ဘုန်းကြီးတွေကိုရင် ပိုက်ဆံအလှူခံတယ်။ မယ်သီလရှင်က ဆန်တောင်းတယ်။ တစ်ပါတည်းမဟုတ်ဘူးနော်။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ တစ်ရက်မှာ အနဲဆုံး ၁ဝ ယောက်ကျော်တယ်။ ရက်ကွက်ထဲမှာ လမ်းပြင်၊ လမ်းဖာတာလည်း မလွတ်ဘူး။ လှူရပြန်တယ်။ နေ ့တိုင်း ဒီလိုလူတွေက အနဲဆုံးဆယ်ယောက်အထက်မှာရှိတော့ ဘယ်လောက်ကုန်မလဲဆိုတာ တွက်ကြည့်။ အဲဒါက ထွက်ငွေ။ ဝင်ငွေကတော့ သိတဲ့အတိုင်းပဲ။ မလှူပြန်ရင်လည်း သူတို ့ကစိတ်ဆိုးသေးတယ်။ ပါးစပ်ကတော့ မဟြေဘူး။ မျက်နှာမှာ အထင်သားပေါ်လွင်နေတော့ မြင်ရတာ ရုပ်အတော်ဆိုးတာပဲ။ လှူပြန်ရင် ဆုတွေကပေးတာ နဲတာမဟုတ်ဘူး။ မလှူတော့ မပေးဘူးဗျာ။ ရှင်းရော။ သူတို ့ပဲကြောက်ရတော့မလိုပဲ။ […]


phone_kyawFebruary 6, 20131min4807
လက်တလောမှာ နိုင်ငံခြားက အကူအညီတွေ အရမ်းရတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက်ဆိုပြီး နိုင်ငံတကာဒိုနာတွေ လှူတာ အားရစရာကောင်းတယ်။ ချမ်းသာတဲ့နိုင်ငံတွေကတော့ လှူပေမဲ့၊ တိုင်းပြည်ထဲမှာ အရမ်းချမ်းသာပြီး ခရိုနီလို ့ခေါ်တဲ့လူတွေ စုပေါင်းပြီး ငြိမ်းချမ်းရေးအတွက်နဲ ့တိုင်းပြည်ဖွံ ့ဖြိုးရေးအတွက် လှူရင် အရမ်းကောင်းတယ်။ ဒါဆိုရင် သူတို ့မတရားသဖြင့် ရထားတဲ့ စည်းစိမ်တွေကို ပြည်သူက အပြစ်မြင်မနာလိုစိတ်များတာ နဲပြီး သူတို ့အပေါ်လည်း နားလည်နိုင်တယ်။ အခုတော့ ငါတို ့သေမှ လှူခဲ့မယ်ဆိုတော့ မသေခင် ဝ အောင် စားမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ လှူတော့ လှူတယ်။ ဘယ်လိုလှူလဲဆိုတော့ မဟုတ်တာကိုလှူတယ်။ ဆွယ်တာအကျီလေးတစ်ထည်နဲ ့ပန်ချီကားလေးတစ်ချပ်ကို သိန်းထောင်ချီ ဝယ်ပြီး ချောင်ထိုးထားတဲ့အလှူမျိူးနဲ ့ နာမည်မခံပဲ နောက်ကွယ်ကနေ အာဏာနဲ ့လုပ်ပိုင်ခွင့်ပိုရအောင်လှူတဲ့အလှူမျိူးအစား […]


phone_kyawFebruary 5, 201310min7778
Status Photo Place Life event What’s on your mind? Activity Recent Tawwat is now friends with Sang Tuyen and 19 other people. Tawwat followed Nay Wai. Tawwat Wat 55 minutes ago near Perth, Western Australia နိုင်ငံရေးသမားတွေက ဝန်ကြီးတွေရဲ ့ပိုင်ဆိုင်မှု ့ကို လူသိအောင် ထုတ်ပြန်ဖို ့တောင်းဆိုကြတယ်။ လွှတ်တော်မှာမဲခွဲတော့ ဒီအဆိုရှုံးတယ်။ နိုင်ငံရေးသမားတွေက ဘာမှမပိုင်တော့ သူတို ့က ကိုယ့်မှာရှိတာကိုပြောရဲတာပေါ့ဗျာ။ ရှိတဲ့ဝန်ကြီးတွေက ဘယ်ပြောရဲပါ့မလဲ။ တော်ကြာနေ ဒါးမြလာတိုက်ရင် ဘယ်လိုလုပ်မလဲ။ ဘာမရှိတဲ့ […]


phone_kyawOctober 14, 20121min3859
လယ်သမားကြီးရဲ  ့လောဂျစ် (Logic)   ဦးသိန်းစိန်အစိုးရ အာဏာစပြီးယူတော့ အိတ်ရှုးအမျိူးမျိူးပေါ်ထွက်လာတယ်။ လယ်မြေကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စနဲ ့မြေသိမ်း၊ ယာသိမ်းကိစ္စတွေက စလို ့များပြားလှတဲ့ အိတ်ရှူးတွေကို လူတိုင်းတွေ ့နေရတယ်။   ပြည်သူတွေကလည်း စိတ်မချမ်းသာသလို ၊ အစိုးရကလည်း ထိထိရောက်ရောက် ကိုင်တွယ်နေတာကို သတိထားမိတယ်။   အခုနောက်ဆုံးပေါ်လာတဲ့အိတ်ရှူးကတော့ မြန်မာပြည်အထက်ပိုင်းက နွားရူးရောဂါ (Mad Cow Disease) တွေ ပေါ်ပေါက်လာခြင်းဖြစ်တယ်။ နွားဆိုတာက မြန်မာလယ်သမားတွေအတွက် အထူးအရေးကြီးတဲ့ အရာဖြစ်တယ်။ နွားတွေသေကုန်ရင် လယ်သမားတွေ ထမင်းငတ်မှာဆိုတော့ မီဒီယာသမားတွေကလည်း အရမ်းကို စိုးရိမ်ပါတယ်။   ပွင့်လင်းစ မြန်မာပြည်မှာ မိုးဦးကျ ဂဏန်းတွေထွက်သလို ထက်မြတ်လှတဲ့ မီဒီယာသမားတွေလည်း အလျှှိူလျှိူ ပေါ်ထွက်လာတယ်။ ဒီအထဲမှာ အမျိူးသမီးသတင်းထောက်ဖြစ်တဲ့ ဒေါ်မေသင်္ကြန်ဟိန်းလည်း […]


phone_kyawOctober 13, 20121min62517
အစိုးရကို ကြောက်စရာမလိုသလို အထင်ကြီးစရာလည်း မလိုဘူး။ အစိုးရဆိုတာလူတစ်စုပါ။ အဲဒိလူတစ်စုကို ပြည်သူတွေက ပိုက်ဆံပေးပြီး လခစားအဖြစ်နဲ ့ငှားထားတာဖြစ်တယ်။ သူတို ့အလုပ်က ပြည်သူလူထုတွေ အေးချမ်းစွာ ချမ်းသာစွာနေထိုင်နိုင်ဖို ့အတွက် စီမံခန် ့ခွဲပေးရတယ်။ ဒါက သူတို ့အလုပ်ပဲ။ အဲဒါကို သဘောမပေါက်ပဲ ဝန်ကြီးတို ့ဝန်လေးတို ့တို့ဖင်တုန်အောင်ကြောက်ပြီး ဖားနေတာကို မြင်ရတာ ရွံစရာကောင်းတယ်။ အဲဒိလိုလုပ်လေ အစိုးရဆိုတဲ့ လူတစ်စုက ထင်တိုင်းကြဲလေပဲ။ ဆိုတော့ ကိုယ့်အထာနဲ ့ကိုယ်နေပြီး အစိုးရမှားနေတာကို ထောက်ပြဝေဖန်ဖို ့လိုတယ်။ ဦးသိန်းစိန်ကစလို ့အောက်ခြေဝန်ထမ်းအထိ အားလုံးသော အစိုးရဝန်ထမ်းတိုင်းကို ပြည်သူရဲ  ့အခွန်ငွေနဲ ့လစာပေးပြီး ခိုင်းထားတယ်ဆိုတဲ့ အယူအဆကို မသေမချင်း မှတ်ထားဖို ့လိုတယ်။ နိုင်ငံခြားမှာ ဘယ်တော့မှ အစိုးရအဖွဲ  ့ဝင်ဝန်ကြီးတွေကို […]


phone_kyawSeptember 29, 20121min4479
ဂျပန်၊ အင်္ဂလန်၊ ဂျာမနီ နဲ ့တောင်ကိုရီးယားနိုင်ငံတွေဟာ ယနေ ့မှာတော့အင်မတန်ချမ်းသာတဲ့ နိုင်ငံတွေဖြစ်တယ်။ သူတို ့ရဲ ့နိုင်ငံအကျယ်အဝန်းက မြန်မာပြည်ထက်သေးတယ်။ သေးတာအပြင် သယံဇာတလည်း မြန်မာနိုင်ငံလောက် မပေါဘူး။ ဂျပန်တွေဟာ အရှေ ့အာရှတွေကို ဟိုးအရင်တုန်းက သိမ်းပိုက်တယ်။ အင်္ဂလိပ်ကလည်း တကမ္ဘာလုံးကို သိမ်းတယ်။ ဂျာမနီကလည်း ခေသူမဟုတ်တော့ သူလည်း ခေတ်နောက်ကျတဲ့နိုင်ငံတွေကို ဝင်တိုက်ပြီး သိမ်းပိုက်တာပဲ။ ဘာ့ကြောင့် ဒီနိုင်ငံတွေက သူများနိုင်ငံကို သိမ်းတာလဲဆိုတော့ သူတို ့နိုင်ငံမှာ အင်မတန်ကို စားဝတ်နေရေး အဆင်မပြေလို ့ပဲ။ ဘန်းစကားနဲ ့ဆိုရင် ငတ် လို ့။ ဒါနဲ ့သူတို ့သူများနိုင်ငံတွေကို သိမ်းပိုက်ပြီး ရသမျှကို ယူကော။ ပြီးရင် သူတို ့နိုင်ငံကို အထုတ်နဲ […]


phone_kyawSeptember 15, 20121min3084
VOA သတင်းအရ မုံရွာကြေးနီစီမံကိန်းအတွက် တရုတ် Company က တဧက ငှားရမ်းခကို ဒေါ်လာ သုံးထောင့်ငါးရာ မြန်မာအစိုးရကိုပေးရတယ်။ အထူးသဖြင့် ဦးပိုင်လီမီတက်ကိုပါ။ ဦးပိုင်က ရွာသားတွေကို ပြန်ပေးတာက တဧကကို နှစ်သိန်းနဲ ့သုံးသိန်းကြားလို ့သိရတယ်။ ဒေါ်လာသုံးရာပဲထားပါ။ ဆိုတော့ကျန်တဲ့ သုံးထောင့် နှစ်ရာကို ဦးပိုင်က သိမ်းတယ်ဆိုတဲ့သဘောပဲ။ အဲဒါတရားလား။ ဘယ်လောက်တောင် မိုက်ရိုင်းလဲဆိုတာကိုကြည့်ပါ။ ဖြစ်နိုင်ရင် အဲဒိငွေအတိအကျကို ရွာသားတွေပြန်ရသင့်တယ်။ မရမချင်း ဆန္ဒပြတာ မရပ်နဲ ့လိုဆိုပြီး ဝိုင်းပြီး ကြပ်ပေးကြဗျာ။ ဘုန်းကျော်


phone_kyawSeptember 7, 20121min35910
ရုရှက ဗိုလ်ကြီးတွေကို သနားမိတယ်။ သူတို ့အဖေနဲ ့အမေက ငါ့သားလေး ဗိုလ်ကြီးဖြစ်ပြီ…နိုင်ငံခြားမှာ ပညာတော်သင်လည်း သွားရတယ်လို ့ဆိုပြီး ဂုဏ်ယူတယ်။ သုံးလေးနှစ်လောက် မာစတာလည်းပြီးရော တာဝန်ကျရာ တပ်ကို သွားရကော…။ ကာကွယ်ရေး ဦးစီးချုပ်ဆိုတဲ့လူက ဗိုက်ပူကြီးကို ပွတ်ပြီး…အဲယားကွန်းအခန်းထဲမှာ ဟို လူ ့ညွန်ကြား ဒိလူ ့ညွန်ကြားနဲ ့။ သူ အီးပါရင်တောင် တစ်ရှုးနဲ ့အီးကုန်းပေးဖို ့ရဲဘော်က အဆင်သင့်။ ရုရှက ပြန်လာတဲ့ ရဲဘော်ကလည်း အမိမြေကို ကာကွယ်ဖို ့ဦးစီးချုပ်ပြောတဲ့အတိုင်း ကချင်ပြည်နယ်ကို တာဝန်အရထွက်ရတယ်။ တပ်ခွဲမှုးပေါ့။ ကချင်လည်းရောက်ရော…အေအိုင်အိုက တစ်ချက်ပဲပစ်တယ်။ ဒီမှာတင် ရုရှက ဗိုလ်ကြီးလည်း မသာဘယ်ဈေးမှန်းတောင်မသိဘူး။ ရှောပဲ။ သူလည်းသေရော ဦးစီးချုပ်က သင်သည်တပ်မတော်နဲ ့လုံးဝ မဆိုင်ကြောင်း ပြန်တမ်းရေးလိုက်တယ်။ […]


phone_kyawSeptember 2, 20121min3376
မြန်မာ့သမိုင်းတလျှောက်မှာ အပစ်မဲ့တဲ့လူတွေသေခဲ့တယ် အားကြီးတဲ့လူက သတ်တယ် အားနည်းတဲ့သူတွေ သေကြတယ်။ လွတ်လပ်ရေးတိုက်ပွဲမှာလည်း သေခဲ့တယ် လွတ်လပ်ရေး ရပြီးတော့လည်း သေခဲ့တယ် ပြည်တွင်းစစ်ပွဲမှာ ကိုယ့်အချင်းချင်းလည်းသေခဲ့သလို အရပ်သားတွေလည်းသေခဲ့တယ်။ စစ်တပ်ကကျောင်းသားတွေကို သတ်လို ့သေခဲ့တာ ရှိသလို.. စစ်သားအချင်းချင်းလည်း သတ်လို ့စစ်သားတွေသေခဲ့တာပဲ။ ဒါနဲ ့များဗျာ- မြောက်ပိုင်းက သုံးဆယ်လောက် သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်လို ့။ မနေ ့တစ်နေ ့ကပဲ ကချင်ဘက်မှာ ခုနှစ်ဆယ်လောက် တရက်အတွင်းမှာ သေခဲ့တယ်။ ဆိုတော့ဗျာ- အခြားသူတွေကိုလည်း ပြန်အားနာပါအုံး။ ဒါတွေကို ပြောနေမဲ့အစား အနာဂတ်မှာ အချင်းချင်း ဒီလိုမသတ်ကြရအောင် မသေရအောင်…. လုပ်တာက မှ အကျိူးမရှိဘူးလား…။ ဘုန်းကျော် ဩစတျေးလျ ၂-၉-၂ဝ၁၂ လင်းစတားမိုင်း  


phone_kyawAugust 28, 20121min62318
နိုင်ငံခြားမှာ အစိုးရစရိတ်နဲ ့ပညာတော်သင်သွားကြတဲ့လူတွေအများအပြားရှိပါတယ်။ တချို  ့သော သူတွေဟာ ကျောင်းပြီးတာနဲ ့မပြန်တော့ပါဘူး။ ဒါကို ခုန်ချတယ်လို ့ခေါ်ပါတယ်။ သူတို ့အနေနဲ ့ပြည်သူလူထုရဲ  ့ပိုက်ဆံနဲ ့နိုင်ငံခြားမှာ ပညာသင်ပြီး ကိုယ့်တိုင်းပြည်မှာ အလုပ်ပြန်မလုပ်ပဲ လစာကောင်းတဲ့ နိုင်ငံခြားမှာ ခုန်ချတာဟာ ပြည်သူလူထုကို သစ္စာဖောက်တာပါ။ နားလည်ပေးနိုင်တာတစ်ခုက ကိုယ့်တိုင်းပြည်မှာ အခွင့်အလမ်းကောင်းကောင်းမရှိလို ့ဆိုတဲ့ အချက်ကိုပါ။ ဒါပေမဲ့ ဘယ်လိုမျိုးပဲ ဆင်ခြေပေးပေး ပြည်သူလူထုရဲ  ့ပိုက်ဆံနဲ ့ပညာသင်တဲ့လူတွေ၊ နိုင်ငံခြားက စကောလားရှစ်နဲ ့ပညာသင်ခဲ့တဲ့လူတွေအားလုံးအနေနဲ ့ မြန်မာပြည်ကိုပြန်သွားဖို ့လိုပါတယ်။ ကိုယ့်ပိုက်ဆံနဲ ့ပညာသင်ခဲ့တာမဟုတ်တော့ ခင်ဗျားတို ့မှာ ပိုပြီးတာဝန်ရှိတယ်။ အခုတစ်လော နဲနဲလေးပွင့်လင်းလာတော့ ဒေါက်တာတို ့ဒေါက်တိုတို ့ရတဲ့ ဆရာသမားတွေကို သတိထားမိတယ်။ ပြည်တွင်းကိုပြန်တယ်။ လူရှေ  […]