မန္တလေးက ရှေးအမွေ……………အပိုင်းသုံး
6 အာဠဝီတံခါးကို မြောက်ဘက်က မြင်ရတာလေ “မန်းလေးက ရှေးအမွေ အပိုင်းသုံး”
တစ်ရက်နေ့လည်ဘက် မန်းလေးအနောက်ကျုံးဒေါင့် 26ဘီလမ်း ၊
လမ်း80အရောက် ဓါတ်ပုံရိုက်ချင်စိတ်ပေါက်လာတာနဲ့ အနောက်ကျုံးဒေါင့်ကနေစပြီး ရိုက်လာပါတယ်။
အဲဒီနေ့ညနေက ကောင်းကင်ကလဲ ပြာလဲ့။
ဒါနဲ့တောင်ကနေမြောက် ဆိုင်ကယ်စီးလိုက် ရပ်လိုက် လက်ဆော့လိုက်ပေါ့။
24လမ်းနားရောက်တော့ မြို့ရိုးပေါ်က ထန်းတော ညိုညို။
(ရွာထဲက မောင်ပုအဖိုးရဲ့အဖေစိုက်ခဲ့တယ်ပြောတာဘဲ)
လှမ်းကြည့်တော့ အမင်္ဂလာကိစ္စမှာသာသုံးတယ်ဆိုတဲ့အာဠဝီကိုလှမ်းမြင်ရ။
24လမ်း နည်းနည်းလွန်တော့ မန်းလေးဂုဏ်ဆောင်(စာပေဟောပြောပွဲတွေ၊ဗုဒ္ဓဘာသာသင်တန်းတွေပေးတဲ့ )ဓမ္မဗိ္မာန်။
အာဠဝီကိုလွန်တော့ မြောက်ပြင်ဘက်က ပြအိုးတွေပစ္စင်တွေ ကို တွေ့တော့ လက်ဆော့။
အဲဒါနဲ့ 16လမ်းကျော်ပြီး 12လမ်း အနောက်မြောက်ကျုံးဒေါင့်ရောက်သွားပါတယ်။
အဲဒီနေရာရောက်တော့ မန်းလေးတောင်ကို လှမ်းမြင်နေရပါတယ်။
အင်မတန်ကို မမေ့နို်င်စရာလို့ ထင်မိပါတယ်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့အတွေးပါးပါး။
(28-2-2012)
7 comments
water-melon
February 29, 2012 at 8:47 am
လေးပေါက်ရေ
ကြိုက်လို့
ဓာတ်ပုံကိုပြောတာပါ
ကူးသွားတယ်ချင့်။
Ma Ei
February 29, 2012 at 9:07 am
သူကတော့ ………
ကောင်းကင်က ပြာလဲ့ချိန်မှာ…..
တောင်ကနေမြောက် ဆိုင်ကယ်စီးလိုက် ရပ်လိုက်နဲ့ လက်ဆော့ပြီး…
သူများကျတော့…
ကျုံးတစ်ပါတ်လမ်းလျှောက် ဓါတ်ပုံရိုက်..တဲ့
Khaing Khaing
February 29, 2012 at 11:04 am
လေးပေါက်ရေ ကန်ရေပြင်ကိုတွေ့ရတာ စိတ်ချမ်းသာလိုက်တာ ရေတောင်ဆင်းကူးချင်တယ်…ဟိ ဟိ
ကိုပေါက်(မန္တလေး)
February 29, 2012 at 2:50 pm
ဆင်းကူးလိုက်လို့ကတော့ အဖမ်းခံရမှာ သေချာပေါက်ဘဲ
ကိုပေါက်(မန္တလေး)
March 2, 2012 at 6:22 pm
မယ်အိရေ
ကျနော်ဆိုမရောက်ဘူးတဲ့နေရာဆို လမ်းလျှောက်တာ
ရန်ကုန်ရောက်တုန်းက ကုက္ကိုင်းလမ်းဆုံ့ကနေ အင်းလျားကန် အနောက်ခြမ်းထိ အသွား
အပြန်ကျတော့ အင်းလျားကန်ကနေ ချော်တွင်းကုန်းထိ လမ်းလျောက်သွားခဲ့တာ အကုန်ကြည့်ရတယ်လေဗျာ။
MaMa
March 2, 2012 at 11:03 pm
မှန်တယ် ကိုပေါက်ရေ။
လမ်းလျှောက်သွားမှ ကိုယ်မရောက်ဖူးတဲ့နေရာရဲ့ ဒေသန္တရ ဗဟုသုတတွေကို ရနိုင်တာ။
ကျမလည်း မရောက်ဖူးတဲ့နေရာ အလည်သွားရင် လမ်းလျှောက်ပြီး လိုက်ကြည့်ရမှ ကျေနပ်တာ။
ကိုပေါက်(မန္တလေး)
March 3, 2012 at 8:50 am
လမ်းလျောက်တာ ခရီးတော့မတွင်ဘူး။
ဒါပေမယ့်အသေးစိတ်မြင်ရတယ်။