1 မြောက်ဘက်ကျုံးလမ်း ထားဝယ်ဇရပ်နားကနေမြင်ရတာပါ
2 မြောက်ဘက်ကျုံးနဲ့မြို့ရိုး..................
3 ကျုံးရေပြင်နဲ့ နန်းမြို့ရိုး ပဏာရလှပါတယ်
4 ရေထဲမှာ အရိပ်ကျနေတဲ့မြောက်ဘက်ခြမ်း
5 မြောက်ဘက် ကျုံးမြင်ကွင်း လှပ ပါပေ၏။
6 တောင်ဘက်ကျုံးက ထန်းရိပ်ညို
7 မရိုးနိုင်သော ကျုံးမြိုရို်း .................... အဝေးရောက်နေရင်ပိုသတိရတယ်
8 ထန်းပင်နဲ့ မြိုရိုး ကြည့်မဝတဲ့အလှတရားပါ

9 ရေထဲမှ အလည်ရောက်နေတဲ့နန်းမြို့ရိုးအရိပ်
10 ထန်းညိုညို အစုလေးက မြို့ရိုးနံဘေးမှာ
12 ြုမိုတော်ခန်းမနားကနေမြင်ရတာလေ
13 စိန်းလန်းသော အေးမြသော ခန့်ညားသော
14 မင်္ဂလာ တံတား
15 မြောက်ပြင်က စိတ်ကောက်တဲ့ထနောင်းပင်16 ရေအရိပ်ကျနေတဲ့အလှ
“မန်းလေးက ရှေးအမွေ အမှတ်လေး”
မန်းလေးကျုံးပါတ်ပါတ်လည်ကို ရောက်တိုင်း ကြုံတိုင်းဓါတ်ပုံတွေရိုက်ပါတယ်။
အဲတော့ရိုက်တာတွေများတော့ မမှတ်မိဘူးဖြစ်ပြန်ရော။
အစကတော့ စဉ်ထားတဲ့အတိုင်းထဲ့ရင်း ကော်နက်ရှင်နှိပ်စက်တော့
ကမောက်ကမ။
အဲတော့ အပိုင်းလေးတင်ပေးလိုက်ပါတယ်။
ထပ်သွားရင် မှတ်မိအောင်တင်ပေးတယ်သဘောထားလိုက်ပါနော်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ ရလာတဲ့ အတွေးပါးပါးလေး။
(28-2-2012)
Post Views: 584
16 comments
water-melon
February 29, 2012 at 9:16 am
ပုံ ၁၂ က ကျွန်တော်ရိုက်ချင်နေတာကြာပြီ
၂၆ လမ်းပေါ်ကလေ
အဲဒီအပင်က ဘယ်ချိန်ကြည့်ကြည့် ဝါထိန်ထိန်လေးနဲ့ အရမ်းလှတယ်နေတာ
ကူးသွားတယ် ဘဘလေးပေါက်။
Moe Z
February 29, 2012 at 11:37 am
လေးပေါက်ရေ ကိုယ်တိုင်လာကြည့်ဦးမယ်
125 တစ်စီးအဆင်သင့်လုပ်ထားပေးနော် 😀
ကိုပေါက်(မန္တလေး)
February 29, 2012 at 2:52 pm
125 ဘာလုပ်မှာလဲ။
မောင်ပေ က သူစီးနေတဲ့ ကလစ် ရယ် ဒို ရယ် နှစ်စီးတောင်ပေးထားမှာတဲ့။
မိုးစက်ကလေးသာ လာဘို့လိုတော့တယ်။
မန်းလေးသားတွေကတော့
အဆင်သင့်ဘဲဟေ………………….
နဘဂခ စိတ်ကောက်နဲ့နော်………………….
Moe Z
February 29, 2012 at 3:05 pm
အာ .. လေးပေါက်ကလည်း ကလစ်တော့မသိဘူး
ဒိုကတော့မိုးစက်အရပ်နဲ့မမီဘူး စီးစေချင်ရင်တော့ လမ်းရှင်းထား
ပြီး ဆေးရုံကားပါခေါ်ထား 😀 😀
pooch
February 29, 2012 at 9:02 pm
စူပါကပ်နဲ့ စကူဖီတော့ ရှိတယ်စီးချင်ရင် ကိုယ့်ဖာသာကိုယ်တယောက်ထဲစီးနော် အမက သိပ်မမာလို့ တယောက်တစီး စီးကြတာပေါ့ ။ ခင်လည်း ခင်တယ်လေ ။
စီးလည်း စီးမယ်လေ နော်။ 😀
Moe Z
March 1, 2012 at 8:57 am
မမပူးချ် … ဘာလဲ မိုးစက်ကိုအထင်သေးတယ်လား
သူငယ်ချင်းတွေကတော့ အနောက်ကလိုက်ရရင် ဘုရားစာရွတ်ပြီးလိုက်တယ်
မမပူးချ်လည်း ကုသိုလ်ရချင်ရင် မိုးစက်နောက်ကထိုင်လိုက် 😀
inz@ghi
February 29, 2012 at 10:02 pm
ဘယ်ရောက်သွားလဲ အဲ့သည့် ….နဘဂခ ….
စီးဘူးဗျို့ .. ….စီးဘူး…ဆိုင်ကယ်တော့ ….
ကျေးကျေးပါ လေးပေါက်ရယ်…
😀
အဟမ်း …ဘာ …
ဆေးရုံကားခေါ်ထားတဲ့ …အောက်က တယောက် ..မန့်ချက်က လန်ထွက်နေတယ်….
မောင်လေးရယ် ….ကျောက်ကပ်၁လုံး ဘယ်ဈေးအောက်မေ့လို့တုန်း ….
အလဟသတ် ဆိုင်ကယ်စီးပြီး မဖြုန်းချင်ပါနဲ့ကွယ် ….
စဉ်းစားဦးလေ. …နော….
…
ထိပ်က ပိတ် မန့်သွားပါသည်…
ဟီဟိ…
😀
ခင်တဲ့
ကအင်ဂျီး…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 29, 2012 at 10:34 pm
ကိုပေါက်ရေ ကျနော်တို ့ကျတော့မခေါ်ဘူးပေါ့။ဒီလောက်လာချင်နေတာ။
မန္တလေးကို ကျနော့်ဆိုင်ကယ်ယူလာမလားလို ့။ကိုပေါက်တို ့လိုက်ပို ့ပေးမယ်
ဆိုရင်လာလည်မယ် မတ်လမှာ။
ကိုပေါက်(မန္တလေး)
February 29, 2012 at 4:43 pm
ကလစ်က မန်းလေးမှာအစီးများတယ်
အော်တိုဂီယာ။
ဒိုကတော့ အခုခေတ်ကောင်မလေးတွေလဲစီးနေကြပြီ.
နောက်ကသာထိုင်လို်က်ပါအေ……………………….
koaung
February 29, 2012 at 6:22 pm
ပုံ၂,၇၊၉၊၁၀၊၁၂၊၁၃၊၁၄ လှတယ်ဗျိုး ၂,၊၉၊၁၃ အကောင်းဆုံးပဲဗျိုး
မဟာရာဇာ အံစာတုံး
February 29, 2012 at 6:37 pm
လေးပေါက်ရေ ..
ဒီပုံတွေလည်း အကုန်လုံး ကြိုက်သဗျ ..
လေးပေါက် ရိုက်ချက်တွေကတော့ .. ရှယ်တွေဂျီးပဲ .. 😀
ကိုပေါက်(မန္တလေး)
February 29, 2012 at 9:57 pm
ကျနော်ရိုက်တာ ကြောင့်လှတာမဟုတ်ဘူး။
နဂို်ရ်ရှိမှ နဂိုင်းထွက်တဲ့။
စကတည်းကလှပြီးသားတွေလေဗျာ။
MaMa
February 29, 2012 at 10:12 pm
ပုံလေးတွေ လှလိုက်တာ ကိုပေါက်ရေ။
ဒါပေမယ့်…. မန်းလေးလာလည်ရင်….
ဒိုလည်း မသိ၊ ကလစ်လည်း မသိ၊ ဆံညှပ်လည်း မသိ…. 😆
ကိုပေါက်(မန္တလေး)
February 29, 2012 at 10:36 pm
ရပါတယ် မမရေ ရွာသူများအတွက် နန်းမတော်မယ်ပု ရွာသားများအတွက်ဆိုရင် ဘောကွမ်းမောင်ပေ
တို့နဲ့ ကိုပေါက်က စီစဉ်ပေးပါမယ်။
လူသာ အရင်လာခဲ့ပါ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 29, 2012 at 10:51 pm
သေချာတယ်ဆိုရင်တော့ မတ်လဆယ်တန်းစာမေးပွဲပြီးရင် လာလည်မှာနော်။
တကယ်ပြောတာလား ကိုပေါက်ရေ။ဖုန်းနံပါတ်တော့ ကိုပေက မှတ်ထားတယ်ပြော
တာဘဲ။ကိုပေါက်တို ့ကိုပေတို ့ဖုန်းတွေပေးလဲမသိပါလား။လာရင် ဘယ်လို ဆက်သွယ်
ရမှာတုန်းဗျ။
ကိုပေါက်(မန္တလေး)
March 1, 2012 at 8:46 am
ကိုနာဂ ရ ရေ
လာခါနီးရင်သာပြောလိုက်။
အဆင်ပြေအောင်စီစဉ်ပေးပါမယ်။
ကျနော် ဖုန်းကတော့ မန်းဂေဇက် အလှူပေါက်ပေပုအသင်းမှာပါတယ်လေ။.
အချိန်မရွေးလာခဲ့ပါ။
လေမဟုတ်ပါ မယုံရင်ကိုချောမေးကြည့်။