ကုန်သည်ပညာ-အပိုင်း(၃)
အူလည်လည်မဖြစ်တာကတော့သေချာပါသည်။ ထိုကြက်သွန်အနာများကတော့ ဟင်းချက်သည့်နေရာတွင်သွားထားပေးရပါသည်။ ကြက်သွန်မိတ်ကတော့ဝယ်စားစရာမလိုပါ ။ အပုတ်အနာများစား၍မကုန်ပါက သေတ္တာပုံးလွတ်များတွင် မြေဆွေးဩဇာများထဲ့ပြီး ။
အဖေက ရှယ်စိုက်ထားပါသည်။ နွားမွေးသည့်အိမ် ။ မြင်းမွေးသည့်အိမ်တို့လည်း မနေရ ။ မြင်းချေး၊နွားချေးကတော့ ကျမတို ့မှာ ယူပေးတောင်းပေးရပါသည်။ မြင်းချေးကသိပ်အသုံးမပြုပါ အလွန်ပူသည်ဟု အဖေပြောပါသည်။
အာလူးနှင့်ကြက်သွန်ဖြူကိုတော့ အလုပ်သမားကဂိုဒေါင်အပေါ်ထပ်သို့ တန်းပို့ရပါသည်။ သံမာန်တလင်းကအအေးဓါတ်ခံရှိသဖြင့် အားလူးထားလျှင်အစို့အညှောင့် ခဏလေးနှင့်ပင်ချက်ခြင်းထွက်မြန်သည်။အပုတ်မြန်သည်။(ရှုံးမည်ဟုအဖေပြောပါသည်)
ကြက်သွန်ဖြူ သံမာန်တလင်းကြမ်းခင်းတွင်ထား၍မရပါ၊ အအေးဓါတ်ရှိသဖြင့် အထားမခံပါ ခဏလေးနှင့် အသားနာသွားကာ အတွင်းစားရသည့်အသားမှာ ဖြူရာမှဝါကျင်သွားတတ်သည်။ နာသွားပါကဟင်းချက်ရာတွင်လည်းစားသုံး၍မကောင်းပါ ကြက်သွန်နီပုတ်ကလှီးထုတ်ဖယ်ထုတ်ပစ်၍ရခါ စားသုံးလို့ရသေးသည်။
ကြက်သွန်ဖြူနာလျျှင်ကတော့ ဟင်းထဲထဲ့မချက်နဲ့ အဖေလည်းမကြိုက်ဟုပြောပါသည်။ ကြက်သွန်ဖြူနှင့်အာလူးက
အပူဓတ်ကြိုက်သည် အအေးဓါတ်ခံမကြိုက်။ ကုန်ပစ္စည်းများမှာ အမျိုးအစားမတူညီသည့် အပြင်ထားသိုသည့် ။
နေရာလည်းကွဲပြားခြားနားကါ စနစ်ကျနစွာဖြင့်ထားရှိတတ်ရမည် ဟုအဖေက ပြောဆိုပါသည်။
ဆေးရွက်ကြီးအား ဆေးလိပ်လိပ်သည့်နေရာတွင်အသုံးပြုသည်။ကွမ်းစားရာတွင်ထဲ့သုံးသည်။
ရာသီအလိုက်သာထွက်ရှိသဖြင့် ။ မဝယ်လှောင်လို့ကမရပါ ။ သူ ့ရာသီအလိုက်သာပေါ်ပါသည်။
ထိုပေါ်သည့်အချိန်ကဈေးလည်းသက်သာသဖြင့် ဝယ်လှောင်ထားရပါသည်။
တာရှည်အထားမခံသဖြင့် အတော်ပင်ဂရုတစိုက်ထားရှိရပါသည်။
အာလူး၊ကြက်သွန်(ဖြူနီ)တို့ကဲ့သို့လေဝင်လေထွက် ကောင်းသည့်အလင်းရောင်ရရှိသည့် ။
နေရာမျိုးတွင်ထားပါက ။ ဆေးရွက်ကြီးမှာမဲရာကနေ ဝါကျင့်ကျင့်ဖြစ်ခါ ။ဆေးလိပ်ခုံသမားတို့က မကြိုက်ကြ သူကတော့(ဆေးရွက်ကြီးကိုပြောတာပါ)နေထိလည်းမခံ လေထိလည်းမခံ အထိမခံရွှေပန်းကန်လို့ပြောရမယ် ဟုအဖေက ညွန်းဆိုကါပြောပြပါသည်။ ကျမတို့မိသားစုနေသည့် အိမ်အလည်ခန်းမကြီးက အခန်းများကန့်ထားသဖြင့် မှောင်နေပါသည်။ အခန်းဘေးကပ်ရက်တွင် ထားသဖြင့်ကျမတို့ကနံသည်ဟု ပြောလျှင်အဖေမကြိုက်ပါ မရှိ၍ဈေးရောင်းစားတာ နံသည်ဟုပြောလျှင် ကျေးဇူးကန်းစကားမျိုး ဖြစ်သည်ဟု အဖေမြင်ကါထိုသို့ ပြောသည်ကိုမကြိုက်ပါ။(နောင်မပြောရန်ဆုံးမပါသည်)
လူနှင့်အနီးကပ်ဆုံးထားပြီး ဆေးရွက်ကြီးများ၏အခြေအနေကို အဖေကညစဉ်ပင်ဂရုတစိုက်ထားပြီး အမြဲကြည့်ရှူစစ်ဆေးတတ်ပါသည်။ ဆေးလိပ်ခုံလုပ်သူများက ဆေးလိပ်ဝယ်လိုအားကောင်းလျှင်ကောင်းသလို ညဖက်လည်းအိမ်တံခါးအားဖွင့်ခိုင်းကာ လာဝယ်ယူလေ့ရှိပါသည် ။ ထိုအခါမျိုးပင် အဖေကစိတ်ရှည်စွာနှင့် ဝယ်ယူသူဖောက်သယ်အား ရောင်းချပေးလေ့ရှိပါသည်။ အိမ်မှာပင် ကုန်ခြောက်ဆိုင်ပြုလုပ်ထားခြင်းဖြစ်၍
ညနေ(၅)နာရီပုံမှန်ဆိုလျှင်ဆိုင်သိမ်းပါသည်။ ဆေးလိပ်ခုံသမားရှိသူတို့က ည(၈)နာရီအထိ လာဝယ်ယူတတ်၍ဖြစ်ပါသည်။
ဝယ်သူတို့ကလည်း အဖေ့ဆေးရွက်ကြီးမှ ကြိုက်သည်ဟု ပြောဆိုပြီး ညွှန်းကြပါသည်။ ထိုအခါမျိုးဆိုလျှင်အဖေက ဂုဏ်ယူတတ်ပါသည်။ သူ့ဆေးရွက်ကြီးအား မည်သို့ထားသိုပုံကိုလည်းသိအောင် ပြောပြတတ်ပါသည်။ ကျမတို့မှာတော့အဖေ့ဆေးရွက်ကြီးအနံ ့အား မခံစားနိုင်ရခါ မောင်နှမများ နှာခေါင်းရှုံ ့ကြရပါသည်။ ဈေးရောင်းဈေးဝယ်ကုန်သည်ပညာ လုပ်စားလျှင်ကတော့ ကြီးကျယ်၍မရဟု အဖေကကျမတို့မောင်နှမများအား အမြဲပြောဆိုဆုံးမလေ့ရှိပါသည်။ အစ်မမကြီးကျယ်က အဖေ့အလုပ်အား အလွန်စိတ်ပျက်သည်ဟု ပြောဆိုတတ်ပါသည်။
အဖေကကျမကို အလွန်အမင်းအားထားသည်ဟု ကျမမှမြင်မိပါသည်။ အရာဝထ္ထုပစ္စည်း အချို ့တို့အား
သိမ်းဆည်းထားသိုတတ်ပါက ။ မူလပစ္စည်းဂုဏ်သတ္တိတို ့ပျောက်ဖို ့ခဲရင်းကြောင်းအဖေက ကျမအား ပြောဆိုဘူးပါသည် ။
နေမထိ၊ လေမထိသည့် မှောင်ပိန်းသည့်နေရာ။ အအေးဓါတ်ခံရှိသည့် နေရာတွင်ထားပါက တော်ရုံနှင့်ပျက်စီးခြင်း မရှိတတ်ဟု
အဖေက ကျမအား ဗဟုသုတအဖြစ် ပြောဆိုပါသည်။
ရေနံဆီ၊ဓါတ်ဆီများလည်း အဖေကထားသိုဝယ်လှောင်ပါသည် ။(မဆလခေတ်တုံးကဖြစ်ပါသည်) အိမ်ခြံနောက်ဖေး နှစ်ထပ်ဂိုဒေါင်ကြီးနှင့်တွဲရက်က ရေနံဆီ၊ဓါတ်ဆီသိုလှောင်သည့် ။ (အလုံပိတ်)ကွန်ကရစ်ကိုင်ထားသည့် ဂိုဒေါင်အားအဖေဆောက်လုပ်ထားပါသည်။ (ဟိုယ္ခင်ကထားသိုသည့်စနစ်ဖြစ်ပါသည်) ရေနံဆီ၊ဓါတ်ဆီ ထည့်သည့်ဂိုဒေါင်ဖြစ်၍ မီးဘေးကါကွယ်ရန် မီးသတ်ပိုက်ဘူးအား ဂိုဒေါင်ရှေ့တွင်ချိတ်ထားပြီး စာလုံးနီနီကြီးဖြင့် မီးသတိပြု ဆိုင်းဘုတ်အား အဖေချိတ်ဆွဲထားပါသည်။ ရေနံဆီ၊ဓါတ်ဆီများထည့်သည့်ဂိုဒေါင်ဖြစ်၍ ဆောင်လုပ်ထားသည့်ပုံစံမှာထူးခြားမှုရှိသည်ကို ကျမမှသတိပြုမိပါသည် ။ အောက်ခြေကြမ်းခင်းပြင်က ဆင်ချေလျှောပုံစံဖြစ်သည့်အပြင် အပေါက်ဝကျဉ်းတစ်ခုထားရှိခါ သံမဏိအဖုံးအပွင့်အားဝက်အူရစ်ဖြင့်လှဲ့ခါ ပိတ်ထားခြင်းပင်ဖြစ်ပါသည်။
(အဖေပြောပြသည်မှာဆီများကြမ်းခင်းပြင်ပေါ်တွင်ဖိတ်စဉ်ပါက၊မတော်တဆဆီယိုစိမ့်ထွက်ခဲ့ပါကတင်မကျန်စေရန်အတွက် ထိုပုံစံဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်ဟုအဖေက ပြောပြပါသည်) ဆီများလည်း(ကြမ်းခင်းကဆင်ချေလျှောဖြစ်၍) အမြင့်မှအနိမ့်သို့စီးဆင်းပြီး ထိုအပေါက်ဝငယ်မှတဆင့် မြေကြီးထဲစိမ့်ဝင်ကါ ။ ခြောက်သွေ ့သွားမည်ဖြစ်ကြောင်း ။
သိရှိမှတ်သားရပါသည်။ ရံဖန်ရံခါ ရဲများလည်းလာစစ်ဆေးတတ်ပါသည်။
ထိုခေတ်ကပွဲစားကုန်သည်များက လာရောက်ရောင်းချသည့်အခါ အဖေကရေနံဆီ ၊ ဓါတ်ဆီပေပါများအား အမြင်နှင့်ဆုံးဖြတ်ခါ ချင့်ချိန်တိုင်းတာပြီးမှဝယ်ယူပါသည်။ ကုန်သည်များက လူလယ်ကျတတ်ကြကြောင်းအဖေကပြောပြပါသည်။ တစ်ခါတွင်ဆီကုန်သည် ဒေါ်ညိုထံမှအဖေက ပေပါ(စံချိန်စံညွန်းပြည့်သည့်)ရေနံဆီ(၈၀) ဂါလံဆန့်သည့်ပေပါအားဝယ်ယူလိုကြောင်းမှာပါသည်။ ဒေါ်ညိုက မိန်းမလယ်သိန်းကြွယ်လုပ်၍
(၇၅)ဂါလံ ပေပါတစ်လုံးအားကြားညှပ်၍ထည့်ခါ လာရောက်ရောင်းချခဲ့ပါသည်။
အဖေက(၈၀)ဂါလံ ပေပါဖိုးပေးချေထားပြီးဖြစ်ပါသည်။ အဖေကပေပါများအားအမြင်ဖြင့်ကြည့်ရှုစစ်ဆေးလျှင်
သ္မီးအမြင်မှာပေပါတွေက အတူတူလားဆိုတာကြည့်စမ်းပါဟုဆိုပါသည် ။
ကျမအမြင်မှာ အတော်ပင်ကြည့်ယူရပါသည်၊အားလုံးကတူနေသလိုဖြစ်ခါ ကျမမှာခွဲခြား၍ မတတ်အောင်ပင်ဖြစ်နေခဲ့ရပါသည်။
အဖေကကျမအား တချက်မျှအကဲစမ်းပြီး ။ မသိဟုယူဆပြီး ကဲ..ကဲဒီမှာကြည့် ။ ဒီပေပါနဲ့ဒီပေပါ မကွာခြားဘူးလားဟုမေးပါသည်။ ကျမမှအဖေပြသော ။ ပေပါနှစ်လုံးတို့အား အမြင်နှင့်ယှဉ်ကြည့်ပြီး ။ လက်တလုံးမျှယောင်ယောင်လေးနိမ့်ပါသည်ဟု အဖေ့အား ပြောသောအခါ ။ အဖေက အလုပ်သမားအား ။ ထိုမသင်္ကာသောပေပါအား ။ ဆွဲထုတ်ပြီး ယူခိုင်းလိုက်ပါသည် ။
ပြီးလျှင်အဖေက ထိုပေပါအား ဖွင့်ခါ ။ ဘုံပိုင်စုပ်တံယူပြီး ပေပါထဲသို့နှစ်ချ၍ရေနံဆီများအားစုပ်ထုတ်ပေးပါသည် ကျမမှဂါလံခွက်အား အဖေစုပ်ယူသည့်ဘုံပိုင်ပိုက်ခေါင်းအဝနှင့်တေ့ပြီး ကိုင်ထားရခါ ဂါလံခွက်အဝအရစ်ထိ တိတိပြည့်လာပါက ပေပါလွတ်ထဲသို့ထည့်ပြောင်းပေးရပါသည်။ (အိမ်နောက်ဖေးခြံထဲက သင်ပြီးသားအုန်းလက်တုတ်ချောင်းလေးများအား ၇၅ချောင်းပြည့်အောင်ချိုးပြီးပေပါပေါ်မှာတင်ထားပေးရပါသည်) တစ်ဂါလံပြည့်၍ ပေပါလွတ်ထဲသို့တစ်ဂါလံပြီး၊တစ်ဂါလံပြောင်းထည့်ပြီးစီး သွားသည့်အခါတိုင်း၌ ။ ထိုပြောင်းထဲ့သည့် ပေပါပေါ်တွင်အုန်းလက်တုတ် ချောင်းများတစ်ချောင်းကျစီတင်ထားပေးထားရပါသည်။ လက်ကလုပ်နေရသဖြင့်ပါးစပ်ဖြင့်ရေတွက်ရာတွင် အမှတ်မှားမှာစိုးရိမ်ပြီးလုပ်ခိုင်းခြင်းဖြစ်ပါသည်။ အင်မတန်တိကျနိုင်လွန်းသည့်အဖေဖြစ်ပါသည်။ မလိမ္မာနှစ်ခါတော့အမောမခံနိုင်ဟုပြောပြီး ရေနံဆီ၊ဓါတ်ဆီတို့ကအနံ့ပြင်းသည်
ကြာကြာရှူမိပါက ကျမ္မာရေးအတွက်လည်း မကောင်းဟုအဖေကပြောပါသည်။
တုတ်ချောင်းလေးများ(၇၅)ချောင်းကုန်သည့်အခါ ပေပါထဲတွင်လည်း ရေနံဆီများကုန်သွားပြီးဖြစ်ပါသည်။ အဖေကကုန်သွားသည့် ပေပါအားအဖေကမှောက်ချပြသခဲ့ပါသည်။
ထိုရေနံဆီရောင်းသည့် ဒေါ်ညိုအားခေါ်ယူကါ ။ လက်တွေ ့ပြသခဲ့သဖြင့် ဒေါ်ညိုမှာမငြင်းသာဘဲအဖေ့အား (၅)ဂါလံဖိုးနှင့်ညီမျှသည့်တန်ဘိုးငွေကို အလျှော်ပြန်ပေးခဲ့ရပါသည်။
အဖေကကျမအား ထိုသို့လက်တွေ ့အပင်ပန်းခံကါလုပ်ပြရသည်မှာ သ္မီးတို့နောင်ကိုလုပ်စားသည့်အခါ အသုံးဝင်စေရန် မည်သည့်အကြောင်းအရာကိစ္စ မှန်သမျှပေါ့ပေါ့လျှော့လျှော့ မလုပ်မိစေရန် သင်ပေးခြင်းသာဖြစ်ကြောင်း ၊ တစ်ပေပါရောင်းကုန်လျှင်တောင်(၅)ဂါလံမျှမမြတ်နိုင် သိအောင်မလုပ်ထားပါက ရှုံးမည်သာဖြစ်ကြောင်းပြောဆိုပြပြီး ကုန်သည်ပညာ(ဈေးရောင်းဈေးဝယ်တတ်စေရန်)အပင်ပန်းခံကာသင်ကြားပေးခဲ့ပါတော့သည်။။
(ဝေဖန်ထင်မြင်ချက်များတောင်းခံအပ်ပါသည်)
12 comments
aye.kk
February 25, 2012 at 9:23 pm
သူကြီးရှင့်..ကူညီပေးပါဦး
ကုန်သည်ပညာအပိုင်း(၂)တင်နေသည့်အချိန်တွင်
ကွန်နက်ရှင်မကောင်းသဖြင့်ပြတ်တောက်သွားပါသည်။
ကျခဲ့သောကျန်အပိုဒ်များအားအပိုင်း(၃)ဟုဆက်တင်လိုက်မိပါသည်။
Khin Latt
February 25, 2012 at 10:31 pm
အစ်မအေး ရေ
အစ်မ စာကို ဖတ်ရင်း အစ်မ အဖေက စေ့စပ်သေချာတာ၊ စည်းစနစ်ရှိတာတင် မကဘဲ အလုပ်ပေါ်မှာရော ကိုယ့်ရဲ့ customer တွေပေါ်မှာပါ စိတ်စေတနာ အပြည့်ရှိကြောင်း သိလိုက်ရပါတယ်။
တစ်ခါတစ်လေ အဲဒီလို ကုန်ရောင်းကုန်ဝယ် မှာ အကွက်မြင်တတ်တဲ့ အရည်အချင်းဟာ သူ့ဟာသူ မွေးရာပါဗီဇ ဖြစ်နေနိုင်သလား လို့တွေးမိတယ်။
ဒါကြောင့် မို့လဲ အောင်မြင်ခဲ့တာနေမှာပါ။
ရှေးတုန်းက ဒီခေတ်မှာလို ဒီဂရီ တွေ မရှိဘဲ ပင်ကိုယ်အရည်အသွေး နဲ့ အောင်မြင်ခဲ့ကြတာ မဟုတ်လား။
ထင်တာတွေးကြည့် မိတာပါ။
မောင်နှစ်မ တွေထဲ မှာ အစ်မ အဖေရဲ့ ပညာအမွေ ကို ဆက်ခံ ခဲ့သူရှိခဲ့လား။
အစ်မ မတော့ ကုန်သည် အလုပ်ကို အမွေ မခံခဲ့ဘူးနော်။
ဒါမျိုး Post လေးတွေ က ကျွန်မတို့ အတွက် တကယ်ဘဲ ဗဟုသုတရပါတယ်။
ဆက်ပြီးမျှပါဦးရှင်။
Mလုလင်
February 25, 2012 at 10:58 pm
ကျေးဇူးပါ အစ်မ ရေ.. အခွင့်အခါ သာရင်တော့ အစ်မ နဲ့ တွေ့ချင်ပါသေးတယ်။
လေးစားစွာဖြင့်
Mလုလင်
MaMa
February 25, 2012 at 11:02 pm
မအေးရေ- ပညာတွေ ရေးပြထားတာ တကယ့် ရတနာရွှေအိုးကြီးပါပဲ၊
pooch
February 25, 2012 at 11:10 pm
ရှေးလူကြီးများ စေ့စပ်သေချာတာကတော့ တကယ်ပါပဲ။ အလေအလွင့်အဖိတ်အစင်နည်းအောင် လည်း လုပ်တတ်ကိုင်တတ်ကြတယ်။ ကျမတို့ခေတ်နဲ့တော့ အကွာကြီးကွာပါတယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 25, 2012 at 11:25 pm
မမအေးတို ့အဖေများ သင်ပေးလိုက်တဲ့ ပညာအမွေတွေနည်းလှတာမဟုတ်ဘူးဗျာ။
ဒီဘက်ခေတ်မှာတော့ ကုန်သည်အများစုဟာ ကုန်သယ်ဖြစ်သွားပီဗျာ။
စိန်ပေါက်ပေါက်
February 26, 2012 at 1:00 pm
ကုန်သည်လောက ကလဲ တယ်ပဲ ကလိမ်ကကျစ်များသကိုးဗျာ
နားမလည်ပဲ လုပ်ရင်တော့ မွဲသွားနိုင်တယ်နော့..
မှတ်သားလောက်ပါပေတဲ့ အန်တီအေးရဲ့ အဖေနဲ ့ ဘကြီး တို ့ရဲ့ လောကီပညာတွေပါပဲဗျား..
water-melon
February 26, 2012 at 1:17 pm
အန်တီအေးရေ
ကုန်သည်ပညာကို ဖတ်ပြီးတော့
ပညာတွေရသွားပါတယ်
နောက်လည်း အခွင့်ကြုံအခါသင့်ရင် သင်ပေးပါအုန်းနော်။
ချစ်ရင်ထူးနှစ်
February 26, 2012 at 3:58 pm
မအေး …. ကျွန်တော်က ကုန်သည် တော့မဟုတ်ပါဘူး
စီးပွါးရေး လုပ်ပါတယ် ဈေးသည် အဆင့် ပဲ ရှိမှာပါ
မေးချင်တာလေး ရှိလို့ပါ
အလုပ်သမား ကိစ္စပါ အလုပ်သမားတွေကို ဘယ်လို ထိန်းချုပ်ရတယ် ဆိုတာကို သိသလောက်လေး ပြောပြပေးပါလား ခင်ဗျာ..
ကျေးဇူးတင်ပါတယ်
ချစ်ရင်ထူး
aye.kk
February 26, 2012 at 9:46 pm
မလတ်,…
မလတ်ရဲ ့အတွေးကဟုတ်မှန်တယ်လို့ထင်မြင်မိပါတယ်..
အဖေရဲ ့မွေးရာပါဗီဇလို့လည်းပြောရမလားဘဲ..
အဖေကသူ့ရဲ ့မွေးရာပါပင်ကိုယ်ဗီဇကြိုးစားမှုနဲ့ဘဝမှာအောင်မြင်လာခဲ့တဲ့လူတစ်ယောက်ပါ..
အဖေ့ပညာအမွေကိုဆက်ခံခဲ့သူရှိပါတယ်(ဒီမှာတော့မဟုတ်ပါဘူး)။။
Mလုလင်,…တွေ့ချင်တယ်ဆိုတာ
သိရလို ့အင်မတန်မှဝမ်းသာမိပါတယ်။။
မမရေ..
မမရဲ ့ထင်မြင်ချက်လေးကိုကျေးဇူးတင်ပါတယ်နော်..
အဖေကပညာရွေအိုးလူမခိုးဆိုပြီး..
ကျမတို့ကိုအတန်းပညာပါမက၊အသိပညာတွေပါပေးခဲ့တာပါ။။
ကိုနာဂရဲ ့….ထင်မြင်ချက်လေးကိုဖတ်ရတာ၊ဝမ်းသာပီတိဖြစ်ရမိပါတယ်။။
စိန်ပေါက်ပေါက်(ဘော်ဒါကြီးရေ)..ဈေးသည်ဘဝကတကယ်မလွယ်တာပါ။။
water-melonရေ..သိသမျှ..အခါအခွင့်သင့်ရင်ပြောပြပါ့မယ်။။
ကိုချစ်ရင်ထူး..ရေ
အဖေကအလုပ်သမားတွေကိုစခေါ်ကတည်းက..
သူ့တို့မိဘတွေရဲ ့မျိုးရိုးဇစ်မြစ်ကိုလေ့လာပြီးမှ..
သူ့တို့ရဲ ့ရိုးသားမှုရုပ်သွင်ကြည့်ရှုလေ့လာအကဲခတ်ပြီးမှခေါ်ခဲ့ယူပါတယ်..
နဲနဲကြာလာလို ့လူရည်လည်လာတဲ့သူကိုတော့..
သတိပေးခေါ်ဆိုဆုံးမမှုအရင်ဦးဆုံးပြုလုပ်ပါတယ်..(နားလည်အောင်၊သူတို့ကိုသဘောပေါက်စေတဲ့အထိအဖေကရှင်းပြတတ်ပါတယ်)
အဖေကအလုပ်သမားတွေအချင်းချင်းအပေါ်ဘက်မလိုက်ပဲ..
တရားမျှတစွာနဲ့အုပ်ချုပ်ခဲ့ပါတယ်..
ကျမတို့ကိုလည်းအလုပ်သမားတွေအပေါ်ပြောဆိုစရာတွေ ့မြင်ရင်..
သူတို့ကိုတိုက်ရိုက်မပြောရစေဘဲနဲ့အဖေ့ကိုသာအရင်ပြောဆိုကြရပါတယ်။ ကျမတို့နဲ့ကရွယ်တူမတိမ်းမယိမ်းတွေဆိုတော့..
ကျမတို့ကပြောဆိုလိုက်မိရင်သူတို့အနေနဲ့က
အရှက်ရသွားမှာ၊စိတ်အားငယ်သွားမှာကို(သိမ်ငယ်သွားတာကို)
အဖေကလုံးဝအဖြစ်မခံခဲ့ပါဘူး..
လူငယ်အလုပ်သမားတွေဆိုတော့လှချင်ပချင်တဲ့စိတ်ရှိမှာဆိုပြီး..
အဝတ်အစား၊လက်ပတ်နာရီ၊ဖိနပ်အစရှိသည်ပေါ့နော်..
ကောင်းကောင်းလေးဆင်ယင်ပေးပါတယ်..။ဥပမာလေးပြောပြချင်ပါတယ်..
ကျမတို့ရောအဖေပါဖိနပ်အကြမ်းစီးကြပေမဲ့..
သူတို့ကိုတော့အချောစီးဖိနပ်ဝယ်ပေးခါစီးစေခဲ့တာပေါ့နော်။ပြီးမှသူတို့ရဲ ့လစာထဲကအနည်းငယ်(နည်းနည်းခြင်းပြန်ဖြတ်ယူပါတယ်)
အဖေကပြောပါတယ်မရှိဆင်းရဲလို့ငယ်ငယ်ရွယ်ရွယ်နဲ့မိဘကိုသိတတ်စွာရှာဖွေကျွေးမွေးတယ်
သ္မီးတို့လိုကျောင်းနေရမယ့်အရွယ်မှာကျောင်းမနေရဘူး..
သူတို့အလုပ်လုပ်တယ်မိဘကိုရတဲ့ပိုက်ဆံပြန်ပို့ပေးတယ်..
လူငယ်ဆိုတာသူတို့အလုပ်လုပ်ပြီး၊ပင်ပင်ပန်းပန်းရှာဖွေပြီး၊ကောင်းကောင်းလေးမစားရ၊မဝတ်ရရင်..
အားငယ်စိတ်ဝင်ပြီးသူတိုရဲ့စာရိတ္တအကျင့်ပျက်စီးသွားနိုင်တယ်။
အခုသူတို့ရှာတဲ့ပိုက်ဆံကမိဘကိုလည်းပေးရတယ်..
သူတို့လိုချင်တာလေးလည်းလစာလေးထဲကဝယ်ဝတ်နိုင်အောင်အဖေကဖန်တီးပေးတော့
သူတို့လည်းအလုပ်ပေါ်မှာစိတ်ဝင်စားခါနေပျော်တယ်ဆိုပြီးအဖေပြောပြခဲ့ပါတယ်။
အစကကျမလည်းအဖေ့သဘောကိုနားမလည်မိ်ခဲ့လို့သူတို့အပေါ်မှာ
စိတ်ထဲကြိတ်ပြီးမနာလိုဖြစ်မိခဲ့ရပါသေးတယ်။
အဖေအလုပ်သမားဆိုပြီးလုံးဝမနှိမ်ပါဘူး၊ကျမတို့ကို်..
အလကားမထားပဲလက်ကြောတင်းအောင်လုပ်ခိုင်းခဲ့တော့..
အလုပ်သမားတွေကလည်းရေသာခိုဖို့ဆိုပိုဝေးသွားတော့တာပေါ့နော်..
အဖေ့ရဲ ့အပြုအမူကိုကြည့်ပြီးအင်မတန်မှလေးစားပြီး၊ချစ်ကြောက်ရိုသေခဲ့ကြပါတယ်..
သူတို့စိတ်ကျေနပ်မှုရရှိစေအောင်လည်းအဖေကထိန်းချုပ်ထားနိုင်ခဲ့ပါတယ်..။
ကြောင်ကြီး
February 27, 2012 at 2:06 am
အဲလောက် စည်းကမ်းကြီးတာ အထင်ကြီး လေးစားပါ၏… သို့သော် မနှစ်သက်ပါ…။ ပေါ့ပေါ့နေ ပေါ့ပေါ့စား သေလျင် နတ်ပြည်တက်၏..။ လေးနက်လွန်းပါက လက်နှေးတတ်သည်…ထိုအခါ လူကြပ်လျင် အဆင်မပြေ…ဒေါက်ဖိနပ်စာ အပ်စာမိတတ်၏…ယနေ့ခေတ်တွင်မူ ဝီစီအမှုတ်ခံရမည်…။ 😀
aye.kk
February 27, 2012 at 1:53 pm
ဦးကြောင်ကြီးရေ..
မလျှော့မတင်း..
စောင်းကြိုးညှင်းဆိုသလိုပါဘဲ..
ကျမအစ်မ…မကြီးကျယ်ကတော့
အကြီးကျယ်ဖောက်ထွက်သွားပါတော့တယ်။