Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မော်တင်စွန်း နံနက်ခင်း (သို့) ပင်လယ်ထက်က နေဝန်းနီ

weiweiFebruary 26, 20124min71622
နံနက် ၆ နာရီ ၁၅ မိနစ်ခန့်
နေဝန်းကြီး နိုးထလာတော့မယ် ...
ရောင်ခြည်ဖျော့ဖျော့ အရင်စလွှတ်လိုက်ပြီ ...
ထွက်စပြုလာပြီ ...
ခရုခွံလေးတွေ လိုက်ကောက်နေကြတယ် ..
ထွက်လုထွက်ခင် အခြေအနေ ..
နေစထွက်လာပြီ ...
နံနက် ၆ နာရီခွဲ ...
တစ်ဝက်လောက် မြင်နေရပြီ ...
တဖြည်းဖြည်းနဲ့ နေလုံးကြီး မြင့်တက်လာခဲ့ပြီ ..
နေလုံးအပြည့် ထွက်လာတော့မယ် ..
နေလုံးကြီး အပြည့်ထွက်လာပြီ ...
နေစထွက်တာကနေ အပြည့်ဖြစ်တဲ့အထိ တစ်မိနစ်လောက်ပဲ ကြာတယ် ...
နေ့တစ်နေ့တာ စတင်လာပါပြီ ....

ဒီကနေ့ မနက်မှ ရိုက်ထားတဲ့ လတ်လတ်ဆတ်ဆတ်ဓါတ်ပုံများဖြစ်ပါတယ် ….
မော်တင်စွန်းဘုရားရှေ့က ပင်လင်ပြင်ထဲက နေအထွက်ကို အမိအရ စောင့်ရိုက်ခဲ့တာ …
နောက်နေ့မှ ခရီးစဉ်နဲ့ ဓါတ်ပုံလှလှတွေ တင်ပေးပါအုန်းမယ် ..

22 comments

  • စိန်ပေါက်ပေါက်

    February 26, 2012 at 6:49 pm

    အားလား..
    သိပါဘူး ကဗျာဆရာ နေဝန်းနီကြီး ပင်လယ်ထဲငုတ်ပြီး ပြန်တက်လာတာလားလို ့ 😀
    မိုက်ဒယ်တော့..နီနီရဲရဲ နေထွက်ချိန်လေး.. 😯

  • koaung

    February 26, 2012 at 6:58 pm

    ဩမြင်ရပြီမြင်ရပြီ နဲနဲလေးမြင်ရပြီ တဝက်လားမြင်ရပြီ အကုန်လုံးမြင်ရပြီ ဟုက်ကဲ့အားလုံးကြည့်ရှူအားပေးသွားပါကြောင်း

  • pooch

    February 26, 2012 at 7:26 pm

    မမဝေ ပင်လယ်ကြီးရဲ့အလှတွေကို မြင်တော့ အားကျလိုက်တာ။ ပင်လယ်နဲ့ဝေးနေတာ ကြာပေါ့။ ၂ နှစ်နီးပါးရှိတော့မယ်။ ရောက်တုန်းရောက်ခိုက် စိတ်လက်ပေ့ါပေါ့ပါးပါးနဲ့ အားရပါးရ အနားယူခဲ့ပါလေ။
    ဒါကြောင့် ပျောက်နေပါတယ်မှတ်တာ။

    • weiwei

      February 26, 2012 at 7:35 pm

      မော်တင်စွန်းကို ခဏလေပဲသွားပြီး ပြန်ရောက်လာတာ …
      ကြာကြာမနေနိုင်ခဲ့ပါဘူး … ခရီးစဉ်အသေးစိတ် ရေးတင်ပေးအုန်းမယ် … သွားချင်တဲ့သူတွေရှိရင် အဆင်ပြေအောင်ပေါ့ …

  • MaMa

    February 26, 2012 at 7:47 pm

    မော်တင်စွန်းကို မရောက်ဖြစ်တာ တော်တော်ကြာပြီ။
    ခရီးစဉ်လေး သိချင်နေတာ အတော်ပဲ တင်ပေးဦးနော်။
    ရွာထဲက နေဝန်းနီလည်း ပင်လယ်ထဲမှာ ပုန်းနေတယ်ထင်ပ့ါ။ 😀
    ဝေဝေ ရိုက်ထားတဲ့ ပုံတွေကိုကြည့်ပြီး ဓာတ်ပုံအတွက် တကူးတက အချိန်ပေးခဲ့ရလိမ့်မယ် ထင်တယ်။
    နေ့တစ်နေ့တာ စတင်လာပါပြီ …. ဆိုတဲ့ ပုံလေးက လူတွေအများကြီးပါလို့လား မသိဘူး တော်တော် အသက်ဝင်တယ်။ အဲဒီပုံကို အကြိုက်ဆုံးပါပဲ။ 😀

  • ကိုရင်မောင်

    February 26, 2012 at 7:53 pm

    တချိန်ကရောက်ခဲ့ဘူးတဲ့မော်တင်စွန်းဘုရား
    အလွမ်းပြေကြည့်ရအောင်စောင့်မျော်နေပါတယ်
    မြွေတောင်ကမ်းစပ်ပုံလေးတွေပါတင်ပေးပါနော်
    ကျေးဇူးဘဲ မဝေရေ……..

  • Harumoto

    February 26, 2012 at 10:36 pm

    ကမ်းခြေအလှ ကြည့်၍မဝ
    တနေ့တာအစ နေဝန်းလှလှ
    post ရေးသူက ဝေမမ
    ဘုရားပုံတော် တင်ပါဗျ
    ဖူးချင်သူတို့ စောင့်နေကြ
    ကျေးဇူးပါခင်ဗျ။

  • ငပွကြီး

    February 26, 2012 at 11:26 pm

    အေးဗျာ..ပုသိမ်သားဖြစ်ပြီး မော်တင်စွန်း မရောက်တာတောင် နှစ် ၂ဝ ကျော်ပြီ…
    အခုကတော့ ရှပ်ပြေးသဘောင်္တွေကတော်တော်အဆင့်မှီနေပါပြီ..

  • Khin Latt

    February 26, 2012 at 11:46 pm

    အားပါးပါး လှမှလှ လို့သာ ပြောလိုက်ပါတော့မယ်။
    ဝေဝေ ရဲ့ ပုံတွေ က Post Card လေးတွေထက်တောင် လှတယ်။ တကယ်။ 😉
    မော်တင်စွန်း ကနေ အင်တာနက် ဝင်ရတယ်လား။
    ကျေးဇူးဘဲ ဝေဝေရေ။
    နောက်ပုံတွေ မျှော်နေမယ်။

    • weiwei

      February 27, 2012 at 9:30 am

      မော်တင်စွန်းကနေ တင်နေတာမဟုတ်ပါဘူး အရီးလတ်ရေ …
      မော်တင်စွန်းနဲ့ ရန်ကုန်ကားလမ်းခရီးက စုစုပေါင်း ၈ နာရီလောက်ပဲကြာပါတယ် … ကီလို ၃၆ဝ …. မနက်ပိုင်း နေအထွက်ကို စောင့်ကြည့်ပြီး ပြန်လာခဲ့တာ ရန်ကုန်ကို ညနေ ၄ နာရီလောက် ပြန်ရောက်ပါတယ် …

  • Khin Latt

    February 26, 2012 at 11:47 pm

    အစားအစာတွေ ကို ရိုက်ပြီး တင်ရန် မမေ့ဖို့ သတိပေးမယ်နော်။ 😆

  • windtalker

    February 27, 2012 at 12:37 am

    ှဗဲရီး ဗဲရီး ဗျူးတီး ပါ လျန်း

  • ကြောင်ကြီး

    February 27, 2012 at 12:47 am

    အန်တီဝေက နေဝန်းနီကို ကြိတ်ခိုက်နေတာကို….။ အဆင်ပြေသွားဂျမယ်ဆို ဝမ်းသာပါတယ်ဗျာ…မြန်မာပြည်မှာ လူဦးရေနည်းလို့ ပြောမရရင် သဂျီးကိုယ်တိုင် လှုပ်ရှားမယ် တကဲကဲလုပ်နေတယ်… 😆

  • water-melon

    February 27, 2012 at 8:34 am

    ဘယ်တော့လဲဟင်
    စိန်ပေါက်ရေ လက်ဖွဲ့အတွက် ပိုက်ပိုက်စုထားဟေ့။
    ကူးသွားတယ်နော့်

  • ba gyi

    February 27, 2012 at 9:26 am

    တော်တော်ကို စိတ်ရှည်၊အချိန်ပေးပြီး၊ခံစားရိုက်ကူးထားတာမို့၊တန်ဘိုး ကြီးပါတယ်ဗျား။
    သူရိန် နေမင်း ဆိုတဲ့ အဓိပါယ်ပိုပေါ်လွင်စေပါတယ်၊
    ရောင်ခြည်လေးတွေဆင့်ကဲ၊ ဖျာထွက်လာပုံ အသက်ပါလို့ပါ။

  • ဆူး

    February 27, 2012 at 9:26 am

    သဘာဝ အလှတရားတွေ အပြည့်အဝ ခံစားလို့ ရတဲ့ ပင်လယ်ပြင်ကြီးပဲ..
    ဆူး မရောက်ဖူးသေးတော့ အားကျစွာ စောင့်ဖတ်နေပါ့မယ်။

  • laypai

    February 27, 2012 at 10:04 am

    ဧရာဝတီ တိုင်း ရဲ့ အထင်ကရ နေရာ တစ်ခု ပေါ့။
    မနက် ပိုင်း ဘုရား လည်း ဖူး လို့ ရသလို ညနေပိုင်း ငွေတောင် ဘက် ကို သွားပြီး ရေကူး လို့ လည်း ရတယ်။
    ပို ပြီး ဆန်းကြယ် တဲ့ ကျောက်ဆောင် တွေ ရှိတဲ့ နေရာ က ကျောက်ကလပ် ပါ။
    မော်တင်ကို ရောက် ရင် တဆက် တည်း သွာလို့ ရတယ်။ မော်တင် နဲ့ နဲနဲ တော့ ဝေးတယ်။

    ကြုံ တုံးလေး ပြော ပြချင်တာ က ငွေတောင် က ဆိုင်ခန်း အားလုံး လိုလို လေအားလျပ်စစ် နဲ့ သုံးနေတာ တွေ့ ခဲ့ ရတယ်။ Go Green ပေါ့။ ၂၀၀၆ ခု နှစ် ရောက်တုံး က တွေ့ ခဲ့ တာပါ၊ ခု တော့ မပြော တတ်ဖူး။

  • Shwe Tike Soe

    February 27, 2012 at 1:56 pm

    အော် မမဝေ မမဝေ ပျောက်နေပါတယ်အောက်မေ့တယ်.. ကမ်းခြေသွားပြီး sunset သွားထိုင်စောင့် ဓာတ်ပံရိုက်နေတာကိုးးးးးး ဟဟဟ
    လှတယ်ဗျာ…. အရမ်းမိုက်တယ ်အရမ်းခိုက်တယ်…… 😀

  • myat pearl phyu

    February 28, 2017 at 4:39 pm

    ပုံတွေမမြင်ရတော့တာ နှမျောစရာ … း(

  • Thint Aye Yeik

    February 28, 2017 at 5:33 pm

    ပိုစ့်တော်တော်များများမှာ
    ပုံတွေ မရှိတော့တာ

    ဟုတ်ပါ့ နှမြောစရာ

Leave a Reply