Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လုပ်ရက်ပါပေ့ မမရယ် (ကဗျာရှင် နေရဲနီ)

အိမ္လြမ္းသူFebruary 27, 20122min3378

 

ဗိုလ်ခင်ညွန့်နှင့် Hot News အယ်ဒီတာချုပ် မမ
လုပ်ရက်ပါပေ့ မမရယ်။
မနှိုင်းကောင်းမနှိုင်းရာ
အမဲရိုးနှယ် ဟင်းအိုးမှအားမနာ
အမေစုနဲ့ ဒီလူကိုများ နှိုင်းရက်ပါပေ့။
မနှိုင်းသင့် မနှိုင်းထိုက်
စလေဦးပုညစကားနဲ့များ အငှားယူပြီးပြောရရင်
နတ်သုဒ္ဓာနဲ့ မစင်ဘင်ပုပ်
သာသနာကို အရှိန်အဝါနဲ့ ဟန်လုပ်ပြီးကြည်ညိုခဲ့တဲ့ပုဂ္ဂိုလ်
သီတဂူဆရာတော်ကြီးကိုပင် မဟာပါသာဏလိုဏ်ဂူမှာ
ကုလားထိုင်ပေါ်ကနေ ဝတ်ကျေတန်းကျေ ဂါရဝပြုခဲ့တဲ့သူ။
မနှိုင်းအပ်မနှိုင်းရာ
အတိုင်းထက်အလွန် အမေစုနဲ့ ဒီလူဆိုတာ
တံခွန်နဲ့ မြေဇာပင်
(ကျော်စောခြင်းအရာ)
မိုးကြိုးနဲ့ အီးသံ
(ကမ္ဘာ့အလယ် ထည်ဝါခြင်းအရာ)
သူရိန်နေမင်းနဲ့ မီးကျီးခဲ
( ပညာအရာ)
ဟင်္သာနှင့် လင်းတ
(တင့်တယ်ခြင်းအရာ)
ဇာမဏီဥဒေါင်းနှင့် ကျီးကန်း
( သတ္တိအရာ)
စာမရီသားမင်းနှင့် ဝံပုလွေ
(ကိုယ်ကျင့် သီလအရာ)
ကေသရာခြင်္သေ့မင်းနှင့် တောခွေး
(လုံ့လအရာ)
နံ့သာဆီနဲ့ အီး
(ပြည်သူ့မေတ္တာကို ခံယူသည့်အရာ)
အရာရာမှာ ကွာခြားပါသည်။
တူညီသောမေတ္တာ အပြုံးပန်းများ ရယ်လို့
ပြောရက်ပါပေ့ မမရယ်
အပေါ်ယံကြည့်ရင် ပြုံးတာချင်းတူရင် တူမယ်
ပြုံးရတဲ့ အကြောင်းရင်းချင်း မတူနိုင်ပါဘူး။
အရှိန်အဝါ တန်ခိုးထွားစဉ်က
တိုင်းပြည်နဲ့ ပြည်သူကို ဦးထိပ်မထားဘဲ
ကိုယ့်မွေးရာ ကိုယ့်ရပ် ကိုယ့်ရွာလောက်ကိုဘဲ
ဒေသစွဲနဲ့အကျိုးပြုခဲ့လို့
အဲဒီဒေသက လူတွေကလည်း သူတို့ရပ်ရွာ
သူ့ကြောင့် ကောင်းစားခဲ့လို့
နှစ်ဦးနှစ်ဘက် အတ္တကိုယ်စီနဲ့ ပြုံးနေကြတာ။
အမေစုနဲ့ ပြည်သူတွေရဲ့အပြုံး
အမေစုမှာပြည်သူကလွဲပြီး
ဒေသစွဲ ဝါဒစွဲ ပုဂ္ဂိုလ်စွဲ ဘာအစွဲမှမရှိ အားလုံးအသိ
ပြည်သူနဲ့အမေစု
အမေစုနဲ့ပြည်သူ အစဉ်ထာဝရ တပြေးညီ
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တဲ့
အမေစုရဲ့မေတ္တာကရုဏာ အပြုံး
ပြည်သူကလည်း အမေစုအပေါ်မှာ တန်ပြန်ထားတဲ့ မေတ္တာအပြုံး
အဲဒီအပြုံးတွေက ဖြူစင်တယ်
သန့်ရှင်းတယ် အပြစ်ကင်းတယ်။
Hot News ဂျာနယ်ပါ မမရဲ့ဆောင်းပါးကို
ယထာဘူတကျကျ ပရမတ္ထအမြင်နဲ့
အတ္တကင်းစွာ ဖတ်ပါသော်လည်း
တချိန်တခါက အဖေတူသားတွေ
ကျေးဇူးခံ ကျေးဇူးစားရှိခဲ့လို့
ခုချိန်မှာ သတင်းသမား တစ်ယောက်အနေနဲ့
အမေစု အရိပ်ကိုမှီခိုပြီး
အဆိပ်ကုန် အစွယ်ကျိုးနေတဲ့ မြွေပွေးကို
လူရှေ့သူရှေ့ အတင်းများ တွန်းပို့ နေတာလား။
ဗိုလ်ခင်ညွန့်ခေတ်ကောင်းစဉ်က ဇေကမ္ဘာခင်ရွှေမှ ဤသို့..
ဟိုအရင်က အမြင့်စံရစဉ်
အာဏာနဲ့ အရှိန်အဝါကို အလွဲသုံးစားပြုပြီး
လက်သင့်ရာ ဆွမ်းလောင်းခဲ့လို့
သူ့ကြောင့်ကောင်းစားခဲ့တဲ့ အတ္တသမားတွေ
ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ကိုစားမြုံ့ပြန်ပြီး
သူ့အပေါ်မှာ ပြန်မျှော်လင့်နေကြသလို
သူ့ကြောင့်ဘဝပျက်ပြီး ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကလည်း
အမုန်းတရားနဲ့ မတန်လို့
သူ့အကြောင်းပြောဖို့ရာ
ပါးစပ်ပင် မဟချင်။
နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေသာရှိ၏။
သူနဲ့ ပတ်သက်သမျှ အရာရာကို
ဥပေက္ခာပြုဖို့ ကြိုးစားနေတဲ့အချိန်
အနာတွေက မကျက်သေး
ဒဏ်ရာတွေက နာကောင်းတုန်း
ပြန်စဉ်းစားရင် အဖြစ်တွေကမနေ့ တနေ့ကလိုဘဲ။
ဒီလိုပြောခဲ့တာမှ မကြာသေး။
မေတ္တာသုတ်တော်ကို အကြိမ်ကြိမ် အခါခါရွတ်
ဒီဃာဝုသုတ္တန်လာ ရန်ကိုရန်ချင်း မတုံ့နှင်းနဲ့
တရားဒေသနာကို အဖန်ဖန် အထပ်ထပ် ဘာဝနာပွား
အနန္တသူရိယအမတ်ရဲ့ အမျက်ဖြေ လင်္ကာထုံးကိုနှလုံးမူ၍
ဒီလူ့ မျက်နှာကို စေ့စေ့ကြည်ပါသော်လည်း
အမေစုနှင့် နှိုင်းယှဉ်ချက်က
ပြည်သူ့မေတ္တာ အလေးချိန်ခွင် မညီညာ၍
ကျက်သရေတုံး လိုက်ပုံများ
စကြာဝဠာအနန္တ ကမ္ဘာအနန္တပါဘဲ။
နေရဲနီ

8 comments

  • memeseku

    February 27, 2012 at 10:23 am

    တကယ်ကိုကောင်းတဲ.ပိုစ့်လေးပါပဲ…
    နှိူင်းယှဉ်ချက်လေးတွေကထိမိပါတယ်…
    ဒါနဲ.အယ်ဒီတာမမရဲ.ဆောင်းပါလေးသိရရင်ကောင်းမယ်… လက်လှမ်းမမှီိလို့ပါ…
    ကျေးဇူးပါ။

  • Prince of Pennsylvania (PoP)

    February 27, 2012 at 10:26 am

    လေးဘီးကားနဲ့ မာစီဒီး…
    နံ့ သာဆီနဲ့ …. -ျီး..

    😀
    ဒါလေးပါဖြည့်စွက်သွားပါသည်
    ခင်တဲ့

  • သရဲ ပြေး ဘီလူး ငို

    February 27, 2012 at 11:20 am

    ဖအေတူလား မသိပေဘူး

    ရဲစွမ်းသတ္တိ စွမ်းပကားလည်း

    အံဩကုန်ဖွယ်

    မဟုတ်မခံ ပြည်သူ့အသဲ

    တိုင်းပြည်ရတနာ

    အောင်ဆန်းစုကြည်

    ကမာ္ဘကျော်ဆဲ မိန်းမဘုန်းရှိ

    ခုမှ တွေ့ရ သိရ မြင်ရလေပြီ

    သည်းခံ တရားချုပ်နှောင်ခြင်းကို

    ကျော်လွှားခဲ့ပြီ ယခုတချိန်

    ကျောင်းသားလူငယ်

    လူထုပူပေါင်း

    အသဲထဲက မဲတပြားကတော့ . . . . . . .

    ( ကူးချ ထားခြင်း ဖြစ်ပါ၏)

  • memeseku

    February 27, 2012 at 11:29 am

    ဗိုလ်အောင်ဆန်း နဲ. ကိုကြီးသန်း
    လေးဘီးကားနဲ.မာစီဒီး
    မာမီဂီကိုအားဖြည်.ပေးတာပါ
    🙂 😉

  • မဟာ ထမိန်ကြီးဝါဒ

    February 27, 2012 at 11:39 am

    ဟုတ်ပဗျာ…တချို.လူတွေကလည်း ကိုယ့်အဆင့်ကိုဘယ်နေမှန်းမသိ ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်ချင်သေးတယ်..တန်ရာတန်ရာကိုပြောစမ်းပါ..မထောက်ခံချင်မထောက်ခံနဲ.။ နှမ်းတစေ့နဲ.ဆီမဖြစ်ပေမယ့် ဆီဖြစ်မယ့်နှမ်းစေ့တွေကတော့ အများကြီးပါ

  • စိန်ပေါက်ပေါက်

    February 27, 2012 at 11:56 am

    ခုတော့ ပြောစရာတွေဖြစ်ကုန်ဘီပေါ့
    ကျက်သရေတုံးပါတယ်…ဘွားဒေါ်ရယ်..
    အင်းလေ..ကျေးဇူး..ကျေးဇူး.. ရယ်လို ့ သံဝေဂ ရမိသွားခြင်း ရယ်ပါလေ

  • zawgyi min

    February 27, 2012 at 3:53 pm

    မော်ဖူးစေ အခြေနေမှာတောင် ဒူးထောက်ပြုံးနေ တ`့ မမ ကို အများကြီးကို ချီးကျူးပါဒယ်။

  • piti

    March 2, 2012 at 12:13 pm

    ကျေးဇူးရှင်ကို အမြဲဦးထိပ်ထားတာက မြန်မာ့ဓလေ့ထုံးစံပါ။ ဦးခင်ညွန့်ဆီက ဘာအခွင့်အရေးတွေ မမ တို့ ရခဲ့သလဲဆိုတာ ဒီဓါတ်ပုံလေးကို ကြည့်လိုက်တာနဲ့ သိသာနေတယ်လို့ ခံစားရပါတယ်………..

    အတ္တကြီး ကိုယ်ကျိုးရှာစိတ် မရှိခဲ့ဘူးပါဘူးလို့ သူတို့တွေရဲ့ စိတ်ထဲမှာ ထင်ကောင်းထင်နေကြအုံးမှာပေါ့နော်……….. ဒါပေမယ့် တိုင်းပြည်ကို ချစ်တယ်ဆိုတာ ချစ်နေယုံနဲ့ ပြီးတာမှ မဟုတ်တာ….. စဉ်းစား ဆင်ခြင်ဉာဏ်လေးနဲ့ အမြော်အမြင်ရှိစွာ ချစ်တတ်ဖို့တော့ လိုသေးတာပေါ့…………… မျက်ကန်း မျိုးချစ်စိတ်ဆိုတာ တိုင်းပြည်ကို တကယ်မချစ်တတ်တဲ့သူတွေဆီမှာ ရှိတဲ့အရာပေါ့……… အမေရိကန်ကျွန်မဖြစ်ချင်ဘူး ပါးစပ်က ကျွေးကျော်နေခဲ့ပြီး တရုပ်နိုင်ငံရဲ့ လက်အောက်ခံ ကျွန်နိုင်ငံတစ်ခုအဖြစ် စစ်အာဏာရှင်တစ်စုက မျက်ကန်းမျိုးချစ်စိတ်နဲ့ ရောင်းစားမှန်းမသိ ရောင်းစားခဲ့ကြတယ်ဆိုတာ မြင်တတ်၊ ကြည့်တတ်၊ စဉ်းစားတတ်သူတိုင်း သိမြင်ကြပါတယ်……..။

    ဒီလိုလူမျိုးရှေ့မှာ ဒူးထောက်ရဲတဲ့သူတစ်ယောက်ဟာလဲ……… ???????????????????????????????

Leave a Reply