Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


နိုင်ငံရေး နဲ့ ဝေးဝေးနေသူ (ဝါ) ကိုယ်လုပ်မှကိုယ်စားရတာပါလို့ အမြဲပြော သော သူငယ်ချင်းသို့………… သူငယ်ချင်း ……… မင်းမရှိမဲ့ ရှိမဲ့နဲ့ ဝယ်ထားတဲ့ မြေကွက်လေးပေါ်မှာ မင်းရဲ့ စီးပွါးရေးလေးကို လုပ်နေတုန်း နိုင်ငံတော်က မင်းမြေကွက်လေးဟာ နိုင်ငံတော် စီမံကိန်းမြေနေရာထဲမှာ ပါနေတယ်ဆိုပြီး လျော်ကြေးမဖြစ်စလောက်ပေး သိမ်းပြီးနောက် ခရိုနီကြီးတွေလက်အပ် ဟိုတယ်ကြီး ဟီးနေအောင်ဆောက်နေတာကို မင်း ဝမ်းပန်းတနဲ့ ကြည့်နေရတဲ့ အချိန်။ အိမ်ရဲ့ စီးပွါးရေး အတွတ် တဖက်တလမ်း အကူအညီရဖို့ အထည်ချုပ်မှာလုပ်နေတဲ့ မင်းရဲ့ အချစ်ဆုံးညီမလေး ရတဲ့ လစာ လေးငါးသောင်းမလောက်လို့ အခုအချိန်ခတ်စားနေတဲ့ ဟောင်ကောင်မှာ အိမ်ဖော်သွားလုပ်ဖို့ မင်းကိုပူစာ တဲ့ အချိန်။ မင်းသားလေး နေမကောင်းလို့ စားရိတ်မျှပေး ကျမ်းမာရေး ဆိုတဲ့ ဆေးရုံးကိုသွားပြတုံး မင်းသားလေး […]


ဒီပို့လေး ကိုရေးဖြစ် လာခြင်းရဲ့အစ ကိုပြောပါ ဆိုရင် အရီးလတ်ရဲ့ Avatar ချိန်ခွင် လေးကို မြင်မိတဲ့ အချိန်ကစတာပါ။ ချိန်ခွင် ဆိုတဲ့ အမှတ်တံဆိပ်ကို တရားမျှတခြင်း သမာဓိရှိခြင်း နဲ့ ဘက်မလိုက်ခြင်း ဆိုတဲ့ အမှတ်အသား အသားအဖြစ် နေရာတော်တော်များများမှာ အသုံးပြုကြတာ တွေ့ရပါတယ်။ အထူးသဖြင့် တရားစီရင်ရေး နဲ့ ပတ်သက်တဲ့ ရုံးတွေမှာ ဒီ ချိန်ခွင်တံဆိပ် ကိုအမှတ်အသား အဖြစ်အသုံးပြုကြပါတယ်။ ကျွန်တော် ဒါနဲ့ ပတ်သက်ပြီး နှစ်တော်တော်ကြာ ကတည်းကကို အများနဲ့ မတူတဲ့ အမြင်ရှိခဲ့ ပေမယ့် ဘယ်သူနဲ့မှ အငြင်းအခုံ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီရွာက တော့ ဒီမိုရွာ ဖြစ်တာက တကြောင်း သဂျီး ကိုယ်တိုင်က မတူတဲ့ အမြင်ကို လွတ်လတ်စွာ […]


ကဗျာရေးတဲ့သူက နိုင်ဦးညို (ဖိုးဇီးရိုး) ပါတဲ့။ ကြိုက်လို့ ရွာသားတွေကို share တာပါ။ (တချို့တွေက တွေးတယ် … အရိုင်းစကားမပြောစမ်းနဲ့ တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး … တဲ့) ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း ဒါပေမဲ့ လွဲနေတဲ့အတွေးလွဲ ကျုပ်တို့တိုင်းတပါး ထွက်ခဲ့ရတဲ့အကြောင်းရင်းက ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး …။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးစင်စစ် ဘုရင်ရူးရူးနေတဲ့ အာဏာရှင်ရူးတွေကြောင့် ပျက်သုန်းခဲ့ရတဲ့ဘဝတွေ ကြမ်းတမ်းခဲ့ရတဲ့ဘဝတွေ မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ဘဝတွေ တစ်နေကုန် ကြုံးရုန်းလုပ် ဆန်အိုးထဲ ဆန်မရှိတဲ့ဘဝတွေ ရင်နာနာနဲ့ ကျုပ်တို့ချစ်တဲ့တိုင်းပြည် ကျုပ်တို့ချစ်တဲ့လူမျိုး စွန့်ခွာခဲ့ရ …။ ရောက်ရာအရပ်ရောက်ရာနေရာ ကျရာအလုပ်ကျရာတာဝန် ရိုးသားစွာရှာဖွေ ရသမျှအသပြာငွေဖြူကို မြန်မာငွေမည်းနဲ့ လဲလှယ်လို့ အမေ့ရဲ့ဆန်အိုးထဲဆန်ရှိဖို့ အဖေ့ရဲ့ကျန်းမာရေးဆေးဝယ်ဖို့ တစ်နေကုန်ကြုံးရုန်းလုပ် ပေးပို့နေရတဲ့ဘဝ ဒါတရားတဲ့အလုပ်ပါ။ တိုင်းတပါးမှာ […]


ကျေးဇူးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ ကို comment တွင် သိသူများကတင်ပေကြပါ။ တခုတဲမှာ စုစုစီးစီး ဖတ်ချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။ မှတ်ချက်။ ။ (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ) လို့.. ခေါင်းစဉ်ထဲထည့်ပေးလိုက်ပါတယ်..။ — Kai —


စောင့်ကြိုနေတဲ့ ပြည်သူတွေရဲ့ မျက်နှာပေးတစ်မျိုးကတော့ အာရုံစူးစိုက်ပြီး ဘယ်ကားမှာများ ကျွန်မပါလာလိမ့်မလဲလို့ အကြည့်ပါပဲ။ ခရီးရှည်တဲ့အခါ တစ်ချိန်လုံးအမိုးဖွင့်ပြီးနေလို့က မလွယ်ပါဘူး။ ဒီတော့ထိုင်ပြီးပြတင်းပေါက်ကပဲနှုတ်ဆက်ရင် အဆင်ပြေမဲ့ နေရာတွေမှာ ထိုင်နေတော့ ကျွန်မဘယ်ကားမှာ ပါသွားမှန်းမသိလို့ စိုက်ငေးနေရင်း လွတ်သွားသူတွေလဲရှိပါတယ်။ အဲဒီလိုဖြစ်ရင် ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်တုန်းက စောင့်နေမှန်းလဲမသိ စောင့်ရကျိုးမနပ် ဖြစ်သွားလေရဲ့လို့ အားနားမိတယ်။ အချို့နေရာတွေမှာ သတိပြုမိတာက မျက်လုံးမကောင်းသူတွေ၊ မစွမ်းမသန်သူတွေ တန်းစီတဲ့အခါ လာလမ်းဘက်အကျဆုံးနေရာတွေမှာ နေကြတယ်။ ပိုပြီး လွယ်လွယ်မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်မှာပါ။ ဒါပေမဲ့ ကားက တစ်ခါတစ်လေ ချက်ချင်းအရှိန်မသတ်နိုင်တော့ အဲဒီလိုပုဂိုလ်တွေကို လွန်သွားပြီးမှ ရပ်နိုင်တယ်။ ပြန်ဆုပ်လို့ကလည်း မရ။ အခြားစောင့်နေသူတွေကလည်း ဝိုင်းလာတော့ ကိုယ်အင်္ဂါအားနည်းသူတွေဟာ နှုပ်ဆက်တဲ့အထဲ ဝင်မတိုးနိုင်ဖြစ်ရပါတော့တယ်။ ကျွန်မတို့ သုံးခွအသွား သာကေတအနား ဖြတ်သွားတဲ့အခါက စောင့်နေသူတွေရဲ့ အစွန်မှာ […]


သမ္မတသက်တမ်း တစ်နှစ်ပြည့်အဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့ နိုင်ငံတော် သမ္မတ မိန့်ခွန်း (၂၀၁၂ခုနှစ် မတ်လ ၁ရက် နံနက် ၁ဝနာရီ ၁၅မိနစ်) အောက်က လင့်မှာ အပြည့်အစုံ နားထောင်နိုင် ပါတယ်။


အိမ္လြမ္းသူFebruary 27, 20122min3358
  ဗိုလ်ခင်ညွန့်နှင့် Hot News အယ်ဒီတာချုပ် မမ လုပ်ရက်ပါပေ့ မမရယ်။ မနှိုင်းကောင်းမနှိုင်းရာ အမဲရိုးနှယ် ဟင်းအိုးမှအားမနာ အမေစုနဲ့ ဒီလူကိုများ နှိုင်းရက်ပါပေ့။ မနှိုင်းသင့် မနှိုင်းထိုက် စလေဦးပုညစကားနဲ့များ အငှားယူပြီးပြောရရင် နတ်သုဒ္ဓာနဲ့ မစင်ဘင်ပုပ် သာသနာကို အရှိန်အဝါနဲ့ ဟန်လုပ်ပြီးကြည်ညိုခဲ့တဲ့ပုဂ္ဂိုလ် သီတဂူဆရာတော်ကြီးကိုပင် မဟာပါသာဏလိုဏ်ဂူမှာ ကုလားထိုင်ပေါ်ကနေ ဝတ်ကျေတန်းကျေ ဂါရဝပြုခဲ့တဲ့သူ။ မနှိုင်းအပ်မနှိုင်းရာ အတိုင်းထက်အလွန် အမေစုနဲ့ ဒီလူဆိုတာ တံခွန်နဲ့ မြေဇာပင် (ကျော်စောခြင်းအရာ) မိုးကြိုးနဲ့ အီးသံ (ကမ္ဘာ့အလယ် ထည်ဝါခြင်းအရာ) သူရိန်နေမင်းနဲ့ မီးကျီးခဲ ( ပညာအရာ) ဟင်္သာနှင့် လင်းတ (တင့်တယ်ခြင်းအရာ) ဇာမဏီဥဒေါင်းနှင့် ကျီးကန်း ( သတ္တိအရာ) စာမရီသားမင်းနှင့် ဝံပုလွေ (ကိုယ်ကျင့် သီလအရာ) ကေသရာခြင်္သေ့မင်းနှင့် […]


အိမ္လြမ္းသူFebruary 27, 20122min2202
ပန်းမြတ်တော်ဝင် သဇင်သည်လည်း အမေ့ခေါင်းမှာပန်ခဲ့ပြီ။ ရဲ့ရင့်တည်ကြည် နှင်းဆီနီလည်း အမေ့ရင်ဝယ်ပွေ့ခဲ့ပြီ။ ပြည်သူကမ်းလင့် အောင်ပွဲကိုကြို သပြေညိုလည်း အမေ့လက်သို့ရောက်ခဲ့ပြိ။ ချိုသာမိန့်ကြား အမေ့စကားလည်း ပြည်သူ့နားသို့ဝင်ခဲ့ပြိ။ အမေ့ဟန်ပန် ညှိုးရော်ပြန်လည်း အမေ့အသံ အားမာန်အပြည့်။ အာဏာရှင်ခေတ် ဒုက္ခနွံနစ် ဆင်းရဲတွင်းထက် ရုန်းထွက်ဖို့ရာ အမေ့စကား ခွန်းချိုပျားသို့ ပြည်သူ့အတွက် အားဆေးတစ်ခွက်။ စိတ်အားသန်သန် ဇွဲမာန်မလျှော့ အရိုးကြေကြေ အရေခမ်းခမ်း ဖိနှိပ်မှုဒဏ် အမေတွန်းလှန်ခဲ့။ ဘယ်လိုပမ်းပမ်း ဘယ်လိုနွမ်းနွမ်း ပြည်သူ့ရှေ့မှောက် အမေရောက်သော် အမေ့မျက်နှာ အပြုံးမပျက်။ အမေသည်ကား ပြည်သူ့ရှေ့ဆောင် ဗိုလ်မင်းရောင်မြေး အောင်ဆန်းသွေးမို့ အာဇာနည်မျိုး သေရိုးမရှိ။ အမေ့ပီတိ ပြည်သူ့ပီတိ အမေ့အပြုံး ပြည်သူ့အပြုံးတည့်။ ပြည်သူ့မျက်ရည် အမေ့မျက်ရည် ပြည်သူ့ဒုက္ခ အမေ့ဒုက္ခတည့်။ အမေသည်ကား ပြည်သူ့အသက် ပြည်သူသည်ကား အမေ့အတွက်။ […]


အိမ္လြမ္းသူDecember 10, 20111min2283
ခုတလော မီဒီယာတွေမှာ ဖတ်လိုက်ရသည်။ ရန်ကုန်ကို စင်္ကာပူနှင့် တူအောင် လုပ်ရန် သမ္မတကြီးက လမ်းညွှန်မှု ပေးထားသည်ဟူ၍ ဖြစ်သည်။ ထို့အတွက် စင်္ကာပူတွင် ၁၂နှစ်တာမျှ နေထိုင်ခဲ့သည့် ကျွန်တော့် အတွက် တွေးစရာတွေ ရလာသည်။ တခေတ်တခါက အာရှတွင် ထိပ်တန်းဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့ကို စင်္ကာပူ၏ အမျိုးသားေခေါင်းဆောင်ကြီး ဖြစ်သည့် လီကွမ်ယူက အားကျခဲ့ရသည်ဟု ၎င်းရေးသားသည့် စာအုပ်ထဲတွင် ဝန်ခံထားပြီး စင်္ကာပူရှိ အချို့သော နေရာများတွင် ရန်ကုန်လမ်း၊ ပဲခူးလမ်း၊ မော်လမြိုင် လမ်း စသဖြင့် မှည့်ခေါ်ခဲ့သည့် လမ်းနာမည်များ ခုထိ ရှိဆဲ ဖြစ်သည်။ ခုတော့ သံသရာ ချားတပတ်ပြန်လည်ပြီ ထင်ပါသည်။ ကျွန်တော်တို့၏ ရန်ကုန်ကို အထင်ကြီး အားကျစိတ်ဖြင့် အတုယူခဲ့ရသည့် စင်္ကာပူကို […]


မယူခင်ကတည်းက ကောင်မလေး။ ကျွန်မနဲ့ လက်ထပ်မယ်ဆိုရင် အရက်ဖြတ်မှာလား။ ကောင်လေး။ မင်း ဖြတ်စေချင်ရင် ဖြတ်ပါ့မယ်။ ကောင်မလေး။ ဒါဆိုရင် ဆေးလိပ်သောက်တာလည်း ဖြတ်ရမယ်နော်။ ကောင်လေး။ အင်း….မင်းသဘောလေ။ ဖြတ်ပါ့မယ်။ ကောင်မလေး။ ညဘက်တွေ အပြင်ထွက်တဲ့ အကျင့်ကိုလည်း ဖြတ်ရမယ်။ ကောင်လေး။ (ဒေါသသံဖြင့်) အေးကွာ… ဖြတ်မယ်။ ကောင်မလေး။ ဒါဆို အကုန် ဖြတ်ရမယ်နော်။ ကောင်လေး။ ဖြတ်မယ်ဟေ့။ မင်္ဂလာဆောင်မယ့်နေ့ကိုပါ ဖြတ်မယ်။ ~~~~~~~~~~~~~~~~~~~~~ ကြက်တူရွေး လေလံပွဲတစ်ပွဲတွင် လူတစ်ယောက်က ကြက်တူရွေး တစ်ကောင်ကို လေလံဆွဲသည်။ “၃၀၀” “၃၅ဝ ” ဟု ဈေးပြိုင်ပေးသော အသံကို ကြားလိုက်ရသဖြင့် ထိုလူမှ ဈေးထက်တိုးပေးသည်။ “၄၀၀” “၅၀၀” ဟု တဘက်မှ ထပ်တိုးပေးပြန်သည်။ “၆၀၀” […]


ဗန်းမော်ဆရာတော်၏ဆုံးမစာ တရားကို တေးဆို ၊ အဖေကိုသားဆဲ ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန် မကောင်းကြံလျှင် သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင် ၊ ပညာရှင်ကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက် ၊ ရိုးသားသူကို အရူးဆို အပျိုငယ်က လင်နေစော ၊ အင်္ကျီပါးနဲ့ ဥပုသ်သည် ဇရပ်အလယ် ကို့ယို့ကားယား ၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ အပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင် အဝတ်ပြောင်မှ လူရိုသေ ၊ လင်ရှိမယားက အပျိုလုပ် မသာပို့ရင်း အပျိုလှည့် ၊ အလှူပေးရင်း ထမင်းရောင်း ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် ပွဲသဘင်ပါမှ […]


အိမ္လြမ္းသူNovember 30, 20114min40027
လူဦးရေ ၆ သန်းမှ ရ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။  ၄ လနဲ့ အပြီးဆောက်မယ့် […]


အိမ္လြမ္းသူNovember 27, 20111min47212
    နေရဲနီ ထကြွနိုးကြား သနားသည်းခံ ဝေဖန်ထောက်ရှု ဤခြောက်ခု ကြီးသူ ကျင့်ဝတ်သာ။ ဟု ငယ်စဉ်က သင်္ဂဇာဆရာတော်၏ လူ့ကျင့်ဝတ် ဆုံးမစာကို ဖတ်ခဲ့ဘူးသည်။ မင်းကျင့်တရား ၁ဝပါး ကို သီတဂူ ဆရာတော်ဟော၍ ရာဇောဝါဒသုတ္တန်မှာ ကြားနာခဲ့ဘူးသည်။ ကျွန်တော်တို့သည် န ဝ တ အဖွဲ့ဖြစ်သောကြောင့် မင်းကျင့်တရား ၁ဝပါးနှင့် အကျုံးမဝင်ဟု ဥက္ကဋ္ဌလုပ်သူမှ ဆင်ဝှေ့ရန်ရှောင် ပြောသံကို ကြားဘူးသည်။ သရဲနှင့်တစ္ဆေသည် တဘုံတည်းဖြစ်၍ ဘီလူးနှင့် သဘက်သည်လည်း ခွဲခြား၍မရပေ။ ထို့အတူဘီယာသည် အရက်မဟုတ်ပါဟု ဆိုလာသောအခါ နဝတသည်လည်း နအဖဟူ၍ ဖြစ်လာတော့သည်။ ထိုအခါမှစ၍ ဥက္ကဋ္ဌ ဟူ၍လည်းကောင်း အကြီးအကဲ ဟူ၍လည်းကောင်း အမျိုးမျိုးပြောင်း၍ ခေါ်ဝေါ်လာကြရာ လက်အောက်ငယ်သားတို့က အဘ ဟူ၍ […]