ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထား ( Eleven Media )

အိမ္လြမ္းသူNovember 30, 20114min18827

လူဦးရေ ၆ သန်းမှ ရ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

 ၄ လနဲ့ အပြီးဆောက်မယ့် ဂုံးကျော်များ

လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့် နောင်နှင့် တာမွေ(၅ လမ်းခွ)လမ်း ဆုံများတွင် ဂုံးကျော်တံတားများ တည်ဆောက်ရာတွင် ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။

“နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု ကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေ များလာလို့ ဂုံးကျော်တံတားကိုလာ မယ့်လေးလအတွင်းအပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့အ ပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန် ရမှာပေါ့။ ခင်ဗျားတို့မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကြပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွား တယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုး တွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေ အတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကြပ်နေလို့ ဘုရင့်နောင်တံတားရဲ့မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလ နဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း ကွန်ယက်ကိုလည်း ရန်ကုန်မှာဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။ လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။ အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ ယူရမယ်။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်း နဲ့ ရ သန်းရှိလာတဲ့အခါမှာ မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့ ကျွန်တော်တို့ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီ လို့ပြောချင်တယ်။ ဂုံးကျော်တံတား တွေ အများကြီး ဖြစ်သင့်တာပေါ့။ လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card  စနစ်နဲ့လုပ်ဖို့ စီစဉ်ထားတယ်”ဟု အမှတ် (၁)၊(၂) စက် မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက “လှည်းတန်းဂုံးကျော်အတွက် ကမ္ဘောဇ ဘဏ်က ငွေချေးယူပြီး လုပ်မယ်။ တာမွေ ၅ လမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်ကချေးယူပြီး လုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် လမ်းဆုံဂုံးကျော်တွေ အတွက်ကတော့ တာဝန်ယူမယ့် ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ B.O.T စနစ်နဲ့ လုပ်သွားမှာပါ။ တည်ဆောက်တဲ့အခါ လမ်းတွေကို ပိတ်ပြီးမဆောက်ဘူး။ မလှမ်းမကမ်းမှာ တံတား အချပ်တွေကို အရင်လုပ်မယ်။ ပြီးရင် ဂုံးကျော်ဆောက်မယ့်နေရာမှာ ပိုင်တွေရိုက်ပြီး ကရိန်းတွေနဲ့ တပ်ဆင်မှာ ဖြစ်လို့ လမ်းလည်းမပိတ်တော့ဘူး”ဟု ပြောကြားခဲ့သည်။

 

မိုးပျံရထားလမ်းအတွက် စင်ကာပူနဲ့ချိတ်ပြီး ရင်းနှီးမြှုပ်နှံသူရှာ

ရန်ကုန်တွင် မိုးပျံရထားလမ်း တည်ဆောက်ရန်အတွက်လည်း စင်ကာပူနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေနေပြီဖြစ်ကြောင်း၊ မြို့ပတ်ရထားလမ်း ကွန်ယက်အား တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ဆွေးနွေး ရယူလုပ်ကိုင်နိုင်ကြောင်း သိရသည်။

“စင်ကာပူနဲ့ချိတ်ဆက် ပြီးတော့လည်း Sky Rail လုပ်ဖို့ Investment  လုပ်ဖို့ ရှာဖွေနေပါပြီ။ စင်ကာပူ သံအမတ်ကြီးကိုလည်း ပြောကြားထားပြီးပါပြီ။ မြို့ပတ်ရထားလမ်း လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေလည်း လာရောက်ဆွေးနွေးပြီး ရယူလုပ်ကိုင်မယ်ဆို ခွင့်ပြုပေးသွားဖို့ ရှိပါတယ်”ဟု အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

 

လမ်းပျက်တွေကိုလည်းပြင် ရေဆိုးစွန့်ထုတ်တဲ့ စနစ်ကိုလည်းပြင်၊ ကားပါကင် ပြဿနာပါ ဖြေရှင်းမယ့် ရန်ကုန်

ရန်ကုန်မြို့တွင်းအပြင် မြို့ပြင် မြို့နယ်များရှိ လမ်းပျက်များကိုလည်း ပြင်ဆင်ရန် ညှိနှိုင်းထားကြောင်း နှင့် ရေဆိုးစွန့်ထုတ်စနစ်၊ မိလ္တာစနစ်မှအစ ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ပျက်နေတဲ့ လမ်းတွေအမြန် ပြင်ဆင်မယ်။ သာကေတတို့လို မြို့ပြင်ဘက်က ပျက်နေတဲ့ လမ်းတွေကိုလည်း အမြန်ပြင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်နဲ့ ညှိနှိုင်းပြီးအမြန်လုပ် သွားမယ်။ ကျွန်တော့်ဘက်က မြို့ တော်ဝန်ကို ညှိနှိုင်းထားတယ်။ နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့  ညပိုင်းပဲပြင်ဖို့။ နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။ ဂျပန်၊ အင်္ဂလန်တို့ဆိုရင် ည သန်းခေါင်ကျော်မှပြင်တယ်။ ဒါတွေကိုလည်း စတင် အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ရန်ကုန် မြို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်မယ်။ နီးနီးနဲ့လွယ်လွယ်၊ ရေသန့်သန့်ရဖို့ ဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ ဟာ လွန်ခဲ့တဲ့ အင်္ဂလိပ်လက်ထက် ကတည်းက တည်ဆောက်ခဲ့တာဆိုတော့ အခုကျွန်တော်တို့ သန့်ရှင်း သပ်ရပ်အောင် လုပ်တော့မယ်။ ပြည်ပက အကူအညီရရင်လည်း ယူပြီး လုပ်သွားမယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်ဆိုရင် ပျက်နေတာတွေကို မပြင်တော့ဘူး အသစ်ပဲ လုပ်တော့မယ်။ ကားပါကင်ထားဖို့ အတွက်လည်း လုပ်ဆောင်ဖို့စီစဉ်ထားပါပြီ” ဟု လည်း ဆက်လက်ပြောကြားခဲ့ပါ သည်။

 

ပင်စင်ယူပြီး အိမ်ပိုင်မရှိသည့် ဝန်ထမ်းများ မဖြစ်စေရေး ဝန်ထမ်းအိမ်ရာသစ်များ တည်ဆောက်မယ့် အစီအစဉ်ကောင်းပါရှိ

“ဝန်ထမ်းတွေ အသက် ၆ဝ ကျော်လို့ ပင်စင်ယူပြီးရင် အိမ်မဝယ်နိုင်တာ များပါတယ်။ အဲဒီလိုမဖြစ်ဖို့တွက် ရန်ကင်းမှာလို ကျွန်တော်တို့ ဝန်ထမ်းအိမ်ရာတွေပါ တည်ဆောက် ပေးတဲ့ အစီအစဉ်လည်းပါ ပါတယ်။ မြို့ထဲမှာတော့ မရနိုင်ဘူး ဒါပေမယ့် သင့်တော်တဲ့နေရာရှာပြီး ဆောက်မှာပါ။ ဝန်ထမ်းတွေက လစဉ်ပေးရင်း ပေးရင်းနဲ့အပိုင် ဖြစ်သွားမယ့်မှာပေါ့။ အခုလိုလုပ်ရင် အိမ်ပိုင်လည်းရသွား မှာပေါ့”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်တွင် နောက်ပိုင်း၌ စင်ကာပူကဲ့သို့ပင် ယာဉ်လိုင်းများနှင့် ယာဉ်စီးခပေးသည့် စနစ်များ အထိပါ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်လုပ်ဆောင်ရင်းဖြင့် ရန်ကုန်အား ကုစားပေးမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ရန်ကုန်အတွက် အဓိကကျတဲ့ Yangon City Development Plan ရေးဆွဲပြီး လုပ်မယ်

ရန်ကုန်မြို့ကုစားရေးအတွက် အဓိကကျသည့် Yangon City Development Plan အား ရေးဆွဲကာ အဆိုပါ Plan  အတိုင်း ပြည်တွင်း ပြည်ပ အကူအညီများဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

“Yangon City Development Plan  ကိုရေးဆွဲပြီး လုပ်မှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန် မြို့တော်စည်ပင်တို့ ရှိပြီးဖြစ်တဲ့အတွက် သူတို့တွေနဲ့ ရေးဆွဲ လုပ်ဆောင်မှာပါ။ အဓိကျတာက Yangon City Development Plan ပါ” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

 

Following  are related comments for above post…

1.စလုံး မှာ နေ တဲ့ မြန်မာ တယောက် အနေ နဲ့ ဝမ်းသာ မှုကို ပြောမပြ နိုင်လောက်အောင်ဖြစ်မိပါတယ်. ငါဒို့တွေ ပြန်ရတော့မယ်ကွ။

2.ရန်ကုန်မြို ့ဗြတိသျှ စစ်အင်ဂျင်နီယာ Lt. Alexander Fraser ဆိုသူက ၁၈၅၂ နှစ်မှာ ဒီဇိုင်းဆွဲပြီးတော ့ ၁၈၉ဝ ခုနှစ်မှာ ရန်ကုန်ဆေးရုံကြီး နှင့် ရန်ကုန်တက္ကသိုလ်ကို အင်္ဂလိပ်တွေ တည်ဆောက်ခဲ့ပြီး အာရှတိုက်မှာ အကောင်းဆုံးတက္ကလိုလ်အဖြစ်နာမည်ကျော်ခဲ့ပါတယ်။ ဒီနေ ့ရန်ကုန်တက္ကသိုလ်ကို ကြည့်လိုက်ရင် နွားစားကျက်မြေဖြစ်နေပြီး ဒီလို ကမာ္ဘ ့သမိုင်းဝင် အဆောက်ဦးတွေကိုလဲ ပြန်လည်မွန်းမံပြီး သမိုင်းမပျောက်အောင်လုပ်ကြပါဦး ရန်ကုန်တက္ကသိုလ်ကိုလဲ ကျောင်းသားများ စီကားအောင်လုပ်ပေးသင့်ပါတယ်။ ဒါမှ တိုင်းပြည်တိုးတက်မှုရဲ ့ပြယုဒ်အဖြစ် မြင်နိုင်မှာပါ။

3.တစ်ခါမှတောင် မတွေးနိုင်ခဲ့ဖူးတဲ့ စကားရပ်များကို အစိုးရသစ်ဆီက တရားဝင်ကြားလိုက်ရတာပါဘဲ။
တကယ့်ကို အမှောင်မိုက်ဆုံးကာလတွေ ပြီးဆုံးသွားပြီး ရောင်နီပျို ့လာသလိုပါဘဲဗျာ။
ဒါပေမယ့် အများသူငါစိုးရိမ်နေကြသလို စေတနာ ပါပေမယ်လို ့ အသိပညာနဲ ့အတတ်ပညာ တွဲမပါလာပြန်ရင်လည်း အရည်အချင်းပိုင်း၊ အရည်အသွေးပိုင်း က စုတ်ပြတ်သတ်နေပါလိမ့်မယ်။ စင်ကာပူလိုဖြစ်ချင်ရင်တော့ အရည်အသွေးပိုင်းကိုလည်း ထိပ်ဆုံးကနေ (မဖြစ်မနေ) ဦးစားပေးစဉ်းစားသင့်ပါတယ်။ တော်ကြာ အခုဂုံးကျော်တံတား ၄ခုပြီးပြီး နောက်ဟာအသစ်တွေ ဆက်ဆောက်နေတုံး ရှေ ့ဂုံးတံတား မခိုင်ခံ့မှု ပြသနာတက်ပါသည် ဆိုတာမျိုးကို ဂျာနယ်ခေါင်းစီးပိုင်းကြီးတွေမှာ ဖတ်နေရအုံးမယ်။
အခု ကြား၊သိ၊မြင်၊ဖတ် နေရသလောက်ကတော့ ကျန်တဲ့ တိုင်းနဲ ့ပြည်နယ် ကဝန်ကြီး နဲ ့အစိုးရပိုင်း ကသူတို ့ ဒေသတိုးတက်ရာတိုးတက်ကြောင်း ဖော်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ ဟုတ်ဟုတ်ငြားငြားဘာမှ မကြားရပါလား။ အရင်ကလိုဘဲ အထက်က (ဦးသိန်းစိန်) ညွှန်ကြားမှ လုပ်မှာတဲ့လား။ ကိုယ့်အသိစိတ်နဲ ့ကိုယ် ဘာမှ မလုပ်တတ်ဘူးလား။ လုပ်နိုင်တဲ့အရည်အချင်းမျိုးမရှိဘူးဆိုရင်လည်း ကိုယ့်ဟာကိုသိပြီး နှုတ်ထွက်ကြပါ။ တိုးတက်အောင် လုပ်ထားတာမျိုးရှိရင်လည်း မီဒီယာတွေအနေနဲ ့ အရေးတယူဖော်ပြပေးပါလို ့ ဒီကနေတစ်ဆင့် တောင်းဆိုချင်ပါတယ်။ ဒါမှ ကျန်တဲ့ ဒေသတွေကလည်း သူတို ့တတွေလည်း လုပ်နေကြပြီဆိုတဲ့ message ရောက်သွားစေချင်တယ်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော် လို လုပ်တာမျိုးကိုပြောတာမဟုတ်ဘူးနော် သူလိုလူမျိုးကတော့ ရှက်တတ်ရင် ကိုယ့်ကိုကိုယ် သတ်သေဖို ့ကောင်းနေပါပြီ။ ဒီနေရာ ရောက်လာတာတောင် တော်တော်ကို ရှက်ဖို ့ကောင်းနေပြီ။

4.လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။ အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။

5.Well said by U Soe Thein. Of course, not only Singapore but also other Asean countries such as Thai, Malaysia, Vietnam and Indonesia are well ahead of us. We need to learn from them. When it comes to learning, there are 2 kinds – adoption and adaptation. We do not have to carbon-copy everything from them. Even Singapore is not free from errors and mistakes in national-level planning. Take the case of lifts in old HDB apartments for example. They have been doing a lot of lift upgrading later because they failed to provide lifts at every floor in those old buildings. Taking another example of MRT lines in Singapore, they built East-West and North-South lines first. According to transport economists, it is the most economically efficient to build the circle line first and connect to other areas in wheel and spokes configuration. Only recently, Singapore has been building the circle line. We can learn from such kinds of things. Another example is safety guards in above-ground MRT stations. Only after many years and a lot of accidents and causalities, they took action to build the safety guards along the platforms in MRT stations.
The above are some examples we can learn so that we do not have to reinvent the wheels again and repeat the same mistakes.
Another issue is that we need a shift in government procurement policy. So far, the government projects are monopolized by a few businessmen and there has been no transparency in the bidding and award process. What is worse is oversight and regulations are extremely weak. The government needs to set up new agencies (the likes of NEA, SCDF, BCA in Singapore) and empower the existing ones such as YCDC to standardize, regulate and oversee the projects. In order to do that, we need to minimize, even if not being able to eradicate, bribery and corruption in government agencies.
Apart from the above, I’d like to suggest U Soe Thein to tap into the expertise of overseas Burmese engineers and other technocrats in national planning efforts. Just for the case of Singapore, there are so many Burmese engineers working at various levels and in different organizations in Singapore’s megaprojects whose expertise will be of great value to nation building for Burma. As for myself, I just started packing up and has been looking forward to one day in near future when I can go back and contribute for the betterment of my mother land (Burma).

6.ဒီလိုလုပ်မယ်ကြားရတာနဲ့တင် ဝမ်းသာအားရဖြစ်မိပါတယ်..
ဒါပေမယ့်…မြင်တာလေးတော့ပြောပါရစေ..
၁။ကောင်းတာလုပ်ချင်တဲ့ ဆန္ဒရှိတာ ကောင်းပါတယ်.ဒါပေမယ့် သင့်တင့်လျှောက်ပတ်တဲ့ အချိန်အတိုင်းအတာနဲ့သိသောတတ်သော ပညာရှင်များနဲ့ သေချာစေ့စပ်ဆွေးနွေးပြီးမှ အသင့်တော်ဆုံး နည်းလမ်းကို ရွေးစေချင်ပါတယ်..အရာရာတိုင်းဟာ နောက်ဆက်တွဲဆိုးကျိုးရှိပါတယ်..လွဲပေါင်းများလှပါပြီ..
ု၂။ မြန်မာပြည်မှ ကန်ထရိုက်တာများအပါအဝင်မည်သည့် အဖွဲ့နှင့်မှ မဆောက်ဘဲ..နိုင်ငံခြားဆောက်လုပ်ရေး ကုမ္ပဏီများနှင့်သာ ဆောက်လုပ်စေချင်ပါတယ်.. မြန်မာပြည်က အဖွဲ့အစည်းများက ၁ကျပ်ကုန်မှာကို ၂ ကျပ်ပြပြီး .. ငါးမူးဖိုးသာ အသုံးပြုပါတယ်..နိုုင်ငံတော်မှ များစွာနစ်နာနေလျက်ရှိပါတယ်..မြန်မာပြည်မှ မဆင်းရဲရင် ဘယ်သူမှ မဆင်းရဲတော့ပါ.. ဆောက်လုပ်ရေး..ဆည်မြောင်း..GE(တပ်) မှသူများသည် ထီပေါက်၍ ချမ်းသာနေခြင်းမဟုတ်ပါ..စီမံကိန်းတိုင်းသည်လည်း သူဌေးများကို အမြဲမွေးထုတ်ပေးနေကျဖြစ်ပါသည်..
၃။တတ်သိနားလည်သော ပညာရှင်များကို တန်ဖိုးထား၍ အကြံဉာဏ်ရယူစေလိုပါတယ်.. လူတိုင်းသည်နေရာတကာ မသိနိုင်ပါ..မိုးပေါ်ကကျလာသူများသည်လည်း စွမ်းဆောင်နိုင်မည်မဟုတ်ပါ…ဂျိုကာသည်..ပိုကာ(ဖဲ)မှာပင်ရှိပြီး ..လက်တွေ့လောကတွင်မရှိနိုင်ပါ..
၄။အချိန်ယူသေချာလေ့လာ၍ strategic plan များဖြင့် ချဉ်းကပ်စေချင်ပါသည်..နာမကျန်းဖြစ်နေသူ တစ်ဦးကို မိတ်ကပ်လိ်မ်းပေးခြင်းထက်.. ရောဂါဇစ်မြစ်ကို ရှာ၍ ကုသစေချင်ပါသည်..စီမံကိန်းများသည် corruption အောက်တွင် ပြားပြားမှောက်ရလေ့ရှိပါသည်..

27 comments

  • ကြောင်ကြီး

    November 30, 2011 at 11:16 am

    အဟွတ် အဟွတ်… အခုအချိန်မှာ ရန်ကုန်မြို့ကို စင်္ကာပူနဲ့တူအောင်လုပ်မယ် ကြိမ်းနေရင် ၂၀၁၅ခုနှစ် ရွေးဂေါက်ပွဲနီးတဲ့အခါ ဝါရှင်တန်ဒီစီမြို့တော်နဲ့တူအောင် လုပ်မယ်ပြောမယ်ထင်၏။ 😆
    လဖက်ရည်နဲ့ကော်ဖီ နှစ်မျိုး စပ်သောက်တာကို စင်္ကာပူလို့ ခေါ်တယ်။ သံမဒဂျီး ပြောသလို မဖြစ်ဘဲ စင်္ကာပူလဖက်ရည်လို တရုတ်နဲ့ ကုလား နှစ်မျိုးပဲ ရန်ကုန်မြို့ကြီး လွှမ်းနေမှဖြင့်… 🙄

  • lone

    November 30, 2011 at 11:48 am

    ဘာပဲပြောပြော တစ်ကယ်လုပ်ပေးရင်ကောင်းမှာပဲ…ပစ္စည်းတွေလည်း ဈေးချပေးရင်ကောင်းမယ်။ cosmetics ပစ္စည်းတွေလည်း ဈေးလျော့ရောင်းမယ်ကောင်းမယ်။ အဝတ်အစားတွေလည်း ဈေးကျရင်ကောင်းမယ်။ ကုန်ဈေးနှုန်းတွေ လျော့ကျရင်အရမ်းကောင်းမှာပဲ…တကယ်အကောင်အထည်ဖော်ပေးပါ။ ကျေးဇူးအရင်တင်ထားပါ့မယ်။

  • koyinmaung

    November 30, 2011 at 11:58 am

    ဟုတ်ကဲ့ဒီလိုအပြောမျိုးကြားခဲ့ဘူးပါတယ်
    ဘကြီးနုလက်ထက်ကပြည်တော်သာစီမံကိန်းကြီးဆိုတာလေ..

    • maungmoenyo

      December 2, 2011 at 11:10 am

      မှန်လိုလေဗျာ…။ မိသားတစု၊ ကားတစီး၊ အိမ်တလုံ..ပြည်တောသာစီမံကိန်းကြီး ..ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့တဲ့တည်မြဲ အစိုးရကတင်သွင်းခဲ့ပြီး ၊ သခင်နုမှာ ရှိသမျှကိစ္စ အစိုးရကလက်ဝါးကြီးအုပ်ရေးဆိုတဲ့ အစီအစဉ်ဆိုးတွေကြောင့် ရေစုံမြေခဲ့ရပါတယ်။ အဲ့ဒီအစီအစဉ်အတွက် ယူဂိုစလားဗီးယား၊ ဂျာမနီ၊ ပြင်သစ် နဲ့ ရုရှားတို့နဲ့ ဆွေးနွေးတာ အတော်ခရီးပေါက်နေပါပြီ။ အစိုးရထဲကပါလီမန်အတွင်းဝန်တွေဆိုရင်အဲ့ဒီနိုင်ငံတွေ နှစ်ပေါက်သွားလေ့လာဆွေးနွေး စာချုပ်ချုပ် ရေတာတွေနဲ့ အတော်ခြေလှမ်းသွက်နေတဲ့အချိန်ပေါ့။ လီကွမ်းယူက London School of Economics မှာ ကျောင်းသားဘဝ နဲ့ လက်ရှိစင်္ကာပူဝန်ကြီးချုပ်လီဆင်လောင်းရဲ့အမေ နဲ့ date လုပ်တုံးဘဲရှိပါသေးတယ်။ မြန်မာပြည်က Trade Union အဖွဲ့ချုပ်ကကိုယ်စားလှယ်တွေလာရင် ဗြိတိသျှ အမတ်တွေ၊ဝန်ကြီးတွေရဲ့ညစာစားပွဲမှာ အမြှောင်လိုက်ရတဲ့ဘဝမှာဘဲရှိပါသေးတယ်။ ခုများတော့……….

      • Don Juan Ronald

        December 3, 2011 at 12:14 pm

        ဆရာမျိုးညို~~
        ယခု စင်ကာပူ မှာအောင်မြင်ကျော်ကြားနေ သော၊အလွန်ကောင်းမွန်သော၊ အိုးအိမ်စနစ်ဟာ၊ ဗမာပြည်ကပြည်တော်သာတိုက်ခန်းများကိုလာရောက် လေ့လာပြီး၊၎င်းကိုအခြေခံထားတာမဟုတ်ဘူးလား???

  • Shwe Tike Soe

    November 30, 2011 at 12:00 pm

    အမလေး အားရစရာကောင်းလိုက်တာ.. Plan ကတော့ ထောင့်ကိုစိနေတာပဲ..
    တကယ်ဖြစ်လာမယ်ဆိုလို.ကတော့ ကျွန်တော်တို. နိုင်ငံကနေ ပြည်ပ အလုပ်ထွက်လုပ်မယ့်သူတောင် ရှိပါတော့မလားမသိဘူး
    နိုင်ငံခြားမှာကျောင်းတက် ကိုယ့်နိုင်ငံကို ပြန်လာအလုပ်လုပ် ဟေဟေဟေ ပျော်စရာကြီး စိတ်ကူးယဉ်ကြည့်တာ…

  • decemberthel

    November 30, 2011 at 12:47 pm

    တာရာမင်းဝေရဲ့လေစီးကြောင်းထဲကလူများဆိုတဲ့ဝတ္တုတိုလေးဖတ်ဖူးကြပါသလား၊

  • moethidasoe

    November 30, 2011 at 12:51 pm

    ပုဂ္ဂလိက လုပ်ငန်းရှင်က ပုဂ္ဂလိက ဘဏ်က ငွေ ချေးပြီး တံတား ထိုးပါပြီတဲ့ .. တံတားဖိုးကို ဘယ်လိုနည်းနဲ့ ပြန်ရအောင် လုပ်သွားမလဲ ဆိုတာကို စဉ်းစားကြည့်ရင် ကားပိုင်ရှင်တွေ ဒုက္ခ ရောက်မလား ဒါမှမဟုတ် ပြည်သူတွေ ဆီက အထွေထွေ ခွန်တွေ ဘယ်လောက် တိုးကောက်ပြီး ချေရမလဲပဲ

    မိုးပျံရထား လုပ်ဖို့ ဆိုရင် မီး မှန်မှန် ရဖို့ လိုလိမ့်မယ်

    အမှိုက်ပြဿနာကို ဘယ်လို ရှင်းဖို့ လုပ်မလဲ

    စည်ပင်သာယာ အခွန် စတိုးနေပြီ လုပ်အား ဘယ်လို တိုး ပြမလဲ

  • decemberthel

    November 30, 2011 at 12:53 pm

    တာရာမင်းဝေရဲ့လေစီးကြောင်းထဲကလူများဆိုတဲ့ဝတ္တုလေးဖတ်ဖူးကြပါသလား၊
    – အချို့သောလူများသည်လေထဲတွင်ပျံသန်းနိုင်ကြလေသည်။
    သူတို့သည် ပါးစပ်မှလည်းမီးခိုးမထွက်၊ခါးမှာလည်းပန်ကားတပ်မထား၊
    ဝမ်းဗိုက်မှာလည်းဆီ၊ရေ၊လေ၊ဝိုင်ဟု ရေးမထား
    သို့သော် . . . သူတို့သည် လေထဲမှာပျံသန်းနိုင်ကြလေသည်။
    (တာရာမင်းဝေ)

  • JackSkellington

    November 30, 2011 at 1:01 pm

    အဲ့လို တကယ် လုပ်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ..
    ဒါပေမယ့် နိုင်ငံတော်ဘတ်ဂျက်နဲ့ မဟုတ်ဘဲ ဘဏ်ကနေ ငွေချေးပြီး ဆောက်မယ် ဆိုတော့ နိုင်ငံတော် ဘတ်ဂျက်တွေက ဘယ်နားမှာ သုံးဖို့လဲ မသိ
    ပြီးရင်ကော ဘဏ်ကို ဘယ်လို ပြန်ဆပ်မှာလဲဟင် တံတားဖြတ်ခတွေ ဘာတွေနဲ့ပဲလား…

    ဘာပဲ ပြောပြောပါလေ… လုပ်ခုျင်ကိုင်ချင်စိတ်ရှိလာရင်ကိုပဲ ကျေးဇူးတင်လှပါပြီ…
    ဘာပဲ ပြောပြော ဒါ အစပဲပေါ့.. း)

  • phantom

    November 30, 2011 at 1:24 pm

    ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ကြိုဆိုပါတယ်ဗျာ ဘာပဲဖြစ်ဖြစ် နိုင်ငံတိုးတက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ တစ်ခုတော့ရှိတယ် ဂုံးကျော်တံတားတွေကို ဘဏ်ချေးငွေရယ် လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီရယ် လုပ်မှာဆိုတော့ ဖြတ်သန်းခတော့ မကောက်ပါဘူးနော် 😀

  • zawmyothu

    November 30, 2011 at 2:05 pm

    အမှန်တကယ် လုပ်ဖြစ်မယ်ဆိုရင်
    သူဌေးကြီးတွေ ပေါ်လာတော.မှာပဲ 😛
    (တစ်အိတ်ဆို နှစ်အိတ်ပေါ.ဗျာ စာရင်း…………)

  • Ko Ko Aung

    November 30, 2011 at 2:16 pm

    အမဲရိုးနှယ် ဟင်းအိုးမှအားမနာ ….
    ပြောရင်းပြော- ၂၀၁၁ ရန်ကုန်မြို့ကြီးကို လွန်ခဲ့တဲ့ နှစ်၃ဝတုန်းက ၁၉၈ဝ ရန်ကုန်မြို့ကြီးနဲ့ တူအောင် လုပ်မယ်ဆို ဟုတ်တုတ်တုတ်ရှိသေးတယ်။

    ကိုင်း…ကိုင်း…ထားပါ… စေတနာတွေကိုတော့ ချီးကျူးပါတယ်။
    စင်္ကာပူမြို့ကြီးရဲ့ အင်္ဂါရပ်တွေနဲ့ ရန်ကုန်မြို့ကြီးကို တူအောင်လုပ်ရင်းနဲ့ …
    စင်္ကာပူရဲ့ အုပ်ချုပ်သူတွေနဲ့တူအောင် ရန်ကုန်မြို့ကြီးရဲ့ အုပ်ချုပ်သူ- ရပ်ကွက်၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှုးတွေနဲ့ ဝန်ထမ်းတွေကိုလဲ…..
    စင်္ကာပူရဲ့ မြို့ပြစီမံသူတွေနဲ့တူအောင် ရန်ကုန်မြို့ကြီးရဲ့ မြို့တော်စည်ပင်ကိုလဲ…
    စင်္ကာပူရဲ့ ရဲတပ်ဖွဲ့နဲ့တူအောင် ရန်ကုန်မြို့ကြီးရဲ့ ရဲတပ်ဖွဲ့ကိုလဲ …
    စင်္ကာပူရဲ့ ယာဉ်ထိန်းတပ်ဖွဲ့နဲ့တူအောင် ရန်ကုန်မြို့ကြီးရဲ့ ယာဉ်ထိန်းတပ်ဖွဲ့ကိုလဲ …
    ပြီးတော့… ပြီးတော့ … (ဖြစ်နိုင်မယ့်ရာစုနှစ်တခုခုမှာ) စင်္ကာပူရဲ့ အင်တာနက်ကော်နက်ရှင်လေးနဲ့တူအောင်…..###

  • laypai

    November 30, 2011 at 2:19 pm

    လုပ်ကွက်တွေ ရ တဲ့ ကန်ထရိုက် ကတော့ ထော ပြန် ပြီ ပေါ့။

    Under Ground System နဲ့ ရေဆိုးထွက် ပေါက် သာ အရင် ဆုံး ပြုပြင်၊ လမ်းရေ မဝပ်ရင် လမ်း မပျက်ဖူး။
    လမ်းမပျက်ရင် ပြုပြင် စရိတ် ရော ယဉ်ကြော ပိတ်ဆို့ မှု ပါ သက်သာ သွားမယ်။
    သိသလောက်ပဲ ပြောရတာ ဒါ့ ထက် ပို မပြောတတ်တော့ ဘူး၊ ရွာ ထဲ မှာ ဆရာတွေ အများကြီးပါ။
    ဘယ်အိမ် ဘယ်ရပ်ကွက် ဘယ်မြို့ မဆို ရေဆိုးထွက် ပေါက် က အဓိ ကျ တယ် လို့ ထင်ပါ တယ်။

  • chityimhtoo

    November 30, 2011 at 2:21 pm

    ခုလိုကြားရတာဝမ်းသာတယ်ဟေ့….တစ်ကယ်အမြန်ဆုံးလုပ်ဖြစ်ပါစေဗျာ။ကိုယ့်နိုင်ငံတိုးတက်အောင်
    လုပ်မယ်ဆိုတော့ မြန်မာနိုင်ငံထဲမှာနေတဲ့လူတွေ ကပိုပြီးဝမ်းသာမိတာပေါ့ဗျာ။အရင်တုန်းကဆိုလမ်း
    မီးတွေလုံးဝမလင်းဘူး ခုဆိုမာကျူရီမီးတွေလိုက်တက်နေတာတွေ့ရပါတယ်။တိုးတက်မှူ့ရဲ့
    အစပေါ့ဗျာ။

  • moeyan309

    November 30, 2011 at 3:36 pm

    တရားကျစရာကောင်းသဗျာ…ဟိုအရင်တစ်ချိန်တုန်းက စင်္ကာပူဆိုတာ မြန်မာနိုင်ငံကို စံထားပြီးပြုလုပ်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ ဥပမာအားဖြင့် စင်္ကာပူမှာရှိတဲ့ ပေါ်လီတက်(က)နစ်ကျောင်းဟာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အင်းစိန် G.T.I ကျောင်းကို အတူယူပြီးတည်ထောင်ထားတာပါ။ အခုတော့ ကံကြမာ တစ်ပတ်ပြန်လည်ပြီလားမသိပါဘူး။ နိုင်ငံတိုးတက်ဖို့အတွက်ဖြစ်တဲ့အတွက်ဝမ်းသာပါတယ်။ ဒါပေမဲ့ အောင့်သက်သက်နဲ့………..

  • koaung

    November 30, 2011 at 6:27 pm

    ကောင်းပါပေ့ဗျာစီစဉ်စဉ်းစားတာလေး ဖြစ်ချင်တာထက်ဖြစ်သင့်တာက ပိုပြီးအရေးပေးသင့်ပါကြောင်း
    မိုးပျံလမ်းတွေမဆောက်ခင် မိုးပျံနေတဲ့အမှိုက်ပုံတွေဘယ်လိုရှင်းမလဲကစစေချင်ပါတယ် နေပြည်တော်ကြီးတည်ထောင်ပြီး
    ရန်ဂုံမြို့ကို ရန်သူတော်နိုင်ငံလိုသတ်မှတ်ပြီး ပြစ်ထားခဲ့တော့ ဘယ်ဝေန်ထမ်းကမှအလေးမထားဘဲ ပိုက်ဆံရမှလုဎ်တတ်တဲ့စရိုက်ဆိုးတွေ
    အလေ့အကျင့်လိုဖြစ်လာတာမဆန်းပါဘူးဗျား အဓိကရှင်းသင့်တာတွေကလူအမှိုက် ပြစ်စည်းအမှိုက်ပါဘဲ
    ဖော်ရင်နာတွေလာပြီတဲ့ဗျာ ပထမဆုံးလေဆိပ်ရောက်ပြီဆိုတာနဲ့ လူအမှိုက်တွေနဲ့စတွေ့ရတာဘဲ ဝေန်ထမ်းတွေနဲ့ပေါင်းထားတဲ့အထွေထွေ
    အလုဎ်သမားတွေဆိုတာ မျက်စိနောက်ရအောင်များပြီး ပြစ်စည်းကိုလစ်ရင်လစ်သလိုကခိုး ပြစ်စည်းလိုအပ်လို့သယ်ပြီဆိုရင်ဒေါ်လာမှတဲ့
    သူဒို့တောင်းတဲ့နှုန်းမရရင်မျက်စောင်းကထိုးသေးဗျား ရန်ဂုံဆေးရုံကြီးကအလုဎ်သမားတွေနဲ့သူနာပြုတွေကအစတူတူပါဘဲ
    မြို့တော်ကြီးကိုအဆောက်အဦးတွေသစ်တာထက် သန့်ရှင်းမှူကအရေးပါတယ်ဗျ နိုင်ငံကြီးတွေရဲ့မြို့တော်ကြီးတွေဟာ သပ်ရပ်တာထက်
    သန့်ရှင်းတာကဘယ်နိုင်ငံမဆိုပိုတယ်ဗျ ဗမာစကားပုံတခုလိုမဖြစ်စေချင်ဘူးဗျာ( မျက်နှာမှာပန်းကွက်ကြားနဲ့ ပေါင်မှာသေးချောင်းနဲ့) ဆိုတာမျိုးပါ

  • Don Juan Ronald

    November 30, 2011 at 7:40 pm

    စင်ကာပူနဲ့တူချင်ရင်၊သူ့စီက“ကြိမ်ဒါဏ်”လေးကိုပထမဦးဆုံးမှာယူတင်သွင်းထားရမယ်၊
    မသမာလုပ်ဖူးတဲ့ကောင်တွေကိုအရင်စော်ပြထားလိုက်၊နောက်ကောင်တွေကြောက်သွားအောင်ဒါမှအလုပ်မှန်မှန်နဲ့ကောင်းကောင်းလုပ်မှာ။

  • fatty

    November 30, 2011 at 8:36 pm

    တချက်ခုတ် အပိုင်းပိုင်းပြတ်ပါဘဲ။ ဘဏ်တွေကိုကျားကန်ပေးချင်တာလဲပါတာပေါ့။
    တလောကဘဏ်မှာအကောင့်ဖွင့်ဖို့သွားပါတယ် အတိုးပေးစရာမရှိလို့တဲ့ ….။
    ဂူဂဲလ်မှာဖွင့်တာကမှမြန်သေးတယ်ဗျို့ ….။

  • koyinmaung

    December 1, 2011 at 7:39 am

    စင်ကာပူနဲ့တူချင်ရင်၊စင်ကာပူကခေါင်းဆောင်တွေစိတ်ဓါတ်ကို
    အယင်တူးအောင်လုပ်လိုက်ပါအုံး..ပြောင်စိန်ကြီးရေ

  • eveningstar

    December 1, 2011 at 9:45 am

    အားပါးပါး နဲတဲ့မုန့်ဆိံကြော်ကြိံးမဟုတ်ဘူး
    ငါ့ပါးစပ်နဲ့တော့် တဲ့ပမလား ဟေဟေး

  • ကိုရင်စည်သူ

    December 1, 2011 at 10:32 am

    ရန်ကုန်လား.. စလုံးနဲ့ တူလာအုန်းမယ်.. အဟစ်အဟစ်..
    ကိုရင်တို့ မြေးတီတွတ်ကျွတ်တွေ ထိတောင်
    စကပူနဲ့ အသွင်တူရင်တော့… မြန်မာပြည်မှာ
    ဘုရားထပ်ပွင့်မယ်…။ နေက အနောက်က ပြန်ထွက်လာမယ်။ 😀 😀 😀

    • htoosan

      December 1, 2011 at 1:45 pm

      ရော် ..ခက်ပါလား .. စင်္ကာပူ နဲ့ တူအောင် ဘဲ ပြောတာပါကွယ် .. ဘယ်နှစ်ခုနှစ် စင်္ကာပူလို့ မပြောမိပါလား .. ၁၉၆၁ စင်္ကာပူ ကို ပြောတာပါ မောင်ရင်တို့ရယ်.. 😀 😀

  • naywoonni

    December 1, 2011 at 3:18 pm

    ကာလဝိဘက် နောက်ပိုးကမတက်ဖူး ဒဂေက်က တက်တာ…..။ အရင်တုန်းက စလုံးက သူတို့ မြို့ကိုတည်တော့ ရန်ကုန်ကိုလာကြည့်ပြိး ဒီဇိုင်းဆွဲတာ….။ ရန်ကုန်က အမဆိုရင် စင်္ကာပူက ညီမတဲ့….။ ခုတော့ ညီမကို ပြန်ပြီးအတုယူနေရပြိး….။ အမက စည်းပျက်ကမ်းပျက်နဲ့ လမ်းဘေးရောက်နေတာကိုးးးးးးးး

  • maungmoenyo

    December 3, 2011 at 11:24 am

    ကွာခြားတာက စင်္ကံာပူနိုင်ငံ တိုးတက်ထွန်းကားလာချိန်က တနိုင်ငံတည်းချွန်ပြီးတိုးတက်လာတာပါ။ အဲ့ဒီအချိန်က မြို့ပြ တိုးတက်မှုနှုးန်က ခုခေတ်တိုးတက်ထွန်းကားလာတဲ့ နှုန်းထက်စာရင် နှေးကွေးပါတယ်။ ဘာမဆိုမြေစမ်းခရမ်းပျိုး တိုးတက်လာရတာပါ။ ခုခေတ်က အရမ်းမြန်မာတယ်။ အရှိန်လဲမြင့်ပါတယ်။ ဒါ့ကြောင်မို့ မြန်မာနိုင်ငံရဲ့ တိုးတက်ထွန်းကားမှု (လူနေမှုအဆင့်အတန်း၊ မြိုပြဖြစ်ပေါ်တိုးတက်မှု) တွေအားလုံးဟာ အရှိအဟုန်နဲ့ဖြစ်မှာမို့၊ စင်္ကာပူနိုင်ငံလောက်အရျိမယူရသလို၊ အချိန်ကာလလဲတိုတောင်းလိမ့်မယ်လို့ယူဆရပါတယ်။ (နို်င်ငံရေးစနစ်မှန်ကန်ရင်ပေါ့လေ။)

  • windtalker

    December 3, 2011 at 2:33 pm

    အဲဒါတွေ ပြီးရင်တော့
    တစ်ပါတ် ကို ၃ ခါ လောက်
    ရန်ကုန် ကို လေယာဉ်စီးသွားပြီး
    ကဲမယ် ဗျို ့

  • char too lan

    December 3, 2011 at 7:47 pm

    စလုံးနဲ့တူမလား ဆလိန်နဲ့တူမလားဒေါ့မတိဝူး
    တာမွေအဝိုင်းထိပ်က ကျုပ်အိမ်လေးကတော့ မျက်ခုံးလှုပ်နေဒယ်ဗျာ…………….. :8O:

Leave a Reply