ဓါတ်ပုံပညာ မှတ်စုများ (၄)

Diamond KeyNovember 30, 20113min22829

ဓါတ်ပုံပညာ မှတ်စုများ (၄)

                     မှတ်စု (၃) မှာ ဓါတ်ပုံရိုက်ရင် ပုံကောင်းလေးတစ်ပုံ ရစေဖို့ မှန်ကန်တဲ့ အလင်းပေးမှု (Correct Exposure = CE) ရှိရန် အဓိက ပူးတွဲ ထိမ်းချုပ်ရတဲ့ Aperture (အလင်းဝင်ပေါက်)၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) နဲ့ ISO (အလင်းစွဲနုန်း၊ အလင်းသိရှိ လက်ခံနိုင်မှု မြန်နုန်းအဆင့်) ဆိုတာတွေ ထဲက အပါချာ အကြောင်းလေးကို စပြောဖြစ် ခဲ့ပါတယ်။ ဒီနေ့ဆက်ပြောမှာက Shutter Speed အကြောင်းလေးပါ။

ကိုတံငါ ကွန်ကိုပစ်ပါလို့

ကင်မရာမှာ ပြင်ပကလာတဲ့ ပုံရိပ် (အလင်း) မှန်ဘီလူးကို ဖြတ်ပြီး ပုံရိပ်ဖမ်းတဲ့ နေရာဆီကို လာတဲ့ အခါ မလိုသေးချိန်မှာ (ပုံရိပ်တွေ ၊ အလင်းတွေ) မဝင်အောင် ပုံရိပ်ဖမ်းတဲ့ နေရာရှေ့ကနေ Shutter အလင်းလုံတံခါး နဲ့ ပိတ်ကာထားပါတယ်။ လိုအပ်တဲ့ ပုံရိပ်ကို လိုတဲ့ အခါမှ လိုအပ်သလို အနှေးအမြန် အချိန်တစ်ခုနဲ့ ဖွင့်ပေးပြီး ဖမ်းယူကာ  Shutter ကိုချက်ချင်း ပြန်ပိတ်လိုက်ပါတယ်။ (မှတ်စု (၃) မှာ အရှေ့ကျွန်း ဓါတ်ဆြာကြီးဂီ မှ မန့်ထားပါတယ် ဒီအကြောင်းလေးကို)။ အနှေးအမြန် အချိန်တစ်ခုနဲ့ ဖွင့်ပိတ်ပေးတယ် ဆိုတာက အလင်းကို နဲနဲပဲလိုရင် တံခါးကို မြန်မြန်ဖွင့်၊ မြန်မြန်ပိတ်၊ အလင်းများများ ဝင်လိုရင်တော့ နှေးနှေးကြာကြာ ဖွင့်ပေးတဲ့ သဘောပါ။ အဲဒီ အလင်းတံခါးရဲ့ ဖွင့်ပိတ်ပေးတဲ့ အနှေးအမြန်နုန်းကို Shutter Speed လို့ခေါ်ပြီး ဒီအလင်းတံခါးလေးကို ဖွင့်ပိတ်ပေးတဲ့ ခလုပ်လေးကို Shutter Release (ဓါတ်ပုံရိုက်ခလုပ်) လို့ခေါ်ပါတယ်။ အဲဒီ Shutter ပွင့်ချိန်မှာ ပြင်ပက အလင်းက ပုံဖမ်းလွာ ပေါ်မှာ အလင်းဝင်ကာ ပုံရိပ်ထင်ပါတယ်။

ကင်မရာတွေမှာ Shutter Speed နံပါတ်တွေကို တစ်စက္ကန့်နဲ့ အထက် နံပါတ်များ (ဥပမာ) 15s, 10s, 5s, 1s, B (bulb) (ခလုပ်နှိပ်ထားချိန် တစ်လျှောက်လုံး shutter တံခါးပွင့်နေသောခလုပ်၊ အချိန်အကြာကြီး အလင်းပေးလိုသော ဓါတ်ပုံများ ရိုက်ရန်) (ကျန် shutter speed များသည် ခလုပ်နှိပ်လိုက်သည်နှင့် သတ်မှတ်အချိန်အတိုင်း shutter ဖွင့်ကာ အလိုအလျှောက် ပြန်ပိတ်ပါတယ်), 1/2  (တစ်စက္ကန့်ရဲ့ နှစ်ပုံတစ်ပုံ၊ တစ်စက္ကန့်ဝက်) (တစ်ချို့ ကင်မရာတွေမှာက ½ လို့ မဖေါ်ပြပဲ 2 ဟုသာဖေါ်ပြပါတယ်၊ တစ်စက္ကန့်ဝက်နဲ့ 2s (စက္ကန့်) ကိုမမှားစေဖို့ 2s မှာ 2’ ဒါမှမဟုတ်  2” လို့ဖေါ်ပြကြပါတယ်), 1/4 , 1/8 , 1/15 , 1/60 , 1/125 , 1/250 , 1/500 , 1/1000 , 1/2000 , 1/4000 , 1/8000s  ဆိုပြီး အလင်းဝင်ချိန်တွေကို သတ်မှတ်ထားပါတယ်။ ဒီနံပါတ် တစ်ခုနဲ့ တစ်ခု အပြောင်းကို (Aperture မှာ ပြောခဲ့သလိုပဲ) One Stop လို့ခေါ်ပါတယ်။ (Digital Camera တွေမှာတော့ One Stop တွေရဲ့ ကြားမှာပဲ ကြားအချိန်လေးတွေ ထားရိုက်လို့ ရပါသေးတယ်။ ဥပမာဆိုရရင် 1/60s နဲ့ 1/125s ကြားမှာ 1/80s နဲ့ 1/100s လိုမျိုး ထားရိုက်လို့ ရပါတယ်။)

အထက်မှာပြောခဲ့သလို Shutter Speed နှေးရင် အလင်းဝင် (ချိန်) တာများပြီး Shutter Speed မြန်ရင် အလင်းဝင် (ချိန်) တာ နဲပါတယ်။ အပါချာမှာ အကျဉ်းအကျယ်က ဓါတ်ပုံအတွက် အလင်းအနဲအများ တစ်ခုတင်မဟုတ်ပဲ ပုံထဲက ရှေ့နောက်ပြတ်သားမှု Depth of field ရလဒ်ပြောင်းလဲသလိုပဲ Shutter Speed မှာလည်း နှေးခြင်းမြန်ခြင်းရဲ့ ပုံမှာ ပြောင်းလဲတဲ့ နောက်တစ်ချက်က Shutter ဖွင့်ချိန်နှေးရင် အလင်းတံခါးက အချိန်အကြာလေးပွင့်ပြီး ပုံရိပ်ဖမ်းနေရလို့ ဓါတ်ပုံရိုက်နေတဲ့ မြင်ကွင်းထဲမှာ ရှိနေတဲ့ Subject တွေက လှုတ်ရှားနေရင်ပဲဖြစ်ဖြစ်၊ ရိုက်တဲ့ ကင်မရာက လှုတ်ရှားနေရင်ပဲဖြစ်ဖြစ် ဓါတ်ပုံမှာပုံရိပ်က ရွှေ့လျှားတာ ဖြစ်ပေါ်နေပါတယ်။ အောက်မှာ ပြထားတဲ့ ဥပမာ ပုံလေးကို ကြည့်ပါ။ လိမ့်နေတဲ့ ဂွေလေးတစ်ခု ဆိုပါစို့။ Shutter တစ်စက္ကန့်ရဲ့ ၁၂၅ ပုံ တစ်ပုံ အမြန်နှန်းနဲ့ ရိုက်ရင် လိမ့်နေတဲ့ ဂွေလေးက ပုံမှ ပြတ်သားပြီး သူ့ထက်နှေးတဲ့ Shutter တစ်စက္ကန့်ရဲ့ ၃ဝ ပုံ တစ်ပုံ နဲ့ ရိုက်ရင် ဂွေလေးက သူ့နောက်မှာ အရိပ်အထပ်ထပ်လေးတွေ ပေါ်လာမှာ ဖြစ်ပြီး ပိုနှေးသွားတဲ့ တစ်စက္ကန့်ရဲ့ ၄ ပုံ တစ်ပုံ နဲ့ ရိုက်ရင် ဂွေလေးက သူ့နောက်မှာ အရိပ်အထပ်ထပ်လေးတွေ ပိုပေါ်လာတာတွေ့ရမှာပါ။

Shutter Speed နှေးနှေးလာရင်

အောက်က ပုံလေးကို ဆက်ကြည့်ပါ။ အပေါ်က သဘောတရား အတိုင်း Shutter မြန်ရင် လှုတ်ရှားနေတဲ့ Subject က ပုံမှာ ပြတ်သားနေပြီး Shutter နှေးလာရင် လှုတ်ရှားနေတဲ့ Subject က ပုံမှာဝါးလာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအခြေခံ သဘောတရားနဲ့ ရိုက်ထားတဲ့ ကျနေတဲ့ ရေတွေရဲ့ ပုံလေးတွေကို ကြည့်ပါ။ Shutter နှေးရင် ရေကျနေတွေက ဆက်သွားတာ တွေ့ရမှာ ဖြစ်ပြီး Shutter မြန်ရင် ရေတွေက ရပ်သွားသလို ဖြစ်နေတာကို တွေ့ရပါမယ်။ (ဒီပန်ကာပုံလေး နဲ့ ရေကျနေတဲ့ ပုံလေးကို နက်ထဲက ဆွဲချလိုက်တာပါ။ 😀 )

Shutter Speed လေးတွေ နှေးရာကနေ မြန်မြန်လာရင်

ဒီ Shutter အနှေးအမြန်မှာ 1/60 (တစ်စက္ကန့်ရဲ့ ၆ဝ ပုံတစ်ပုံ) အမြန်နုန်းဟာ သာမာန်လူတစ်ယောက် ကင်မရာကို လက်နဲ့ ကိုင်ရိုက်နိုင်တဲ့ အနှေးဆုံး အမြန်နုန်း (ပိုသေချာတာကတော့ 1/125 )  ဖြစ်ကာ သူ့ထက်နှေးတဲ့ Shutter Speed တွေကိုတော့ ကင်မရာကို Tripod (သုံးချောင်းထောက်) ပေါ်တင်ရိုက်မှသာ ဓါတ်ပုံမှာ hand Shape (လက်လှုတ်တာ) မဖြစ်မှာပါ။

Shutter Speed အနှေးတွေမှာ ကင်မရာတင်ရိုက်ရမယ့် သုံးချောင်းထောက်လေး

ကိုယ်ရိုက်ရမယ့် အကြောင်းအရာက လှုတ်ရှားနေတာမျိုးဖြစ်နေပြီး ပြတ်ပြတ်သားသား ပုံမှာ ပေါ်နေစေလိုရင် Shutter Speed ကို မြန်ထားရမှာ ဖြစ်ပါတယ်။ ဇယားလေးနဲ့ Shutter Speed အပြောင်းအလဲရဲ့ အလင်းဝင် အနဲအများနဲ့ ဓါတ်ပုံထဲမှာ ပြတ်သားမှုကို အောက်က ဇယားလေးလို မှတ်လို့ရပါတယ်

Shutter အမြန်နဲ့ ရိုက်ထားတဲ့ ပုံလေးတွေပါ။

တံတိုင်းပေါ်ကနေ ဌက်အိမ်လေးဆီ ခုန်ဆင်းနေတုန်း လေထဲမှာ

အောက်က ပိုက်ကျော်ခြင်းခတ်နေတဲ့ ပုံေလေးကို ကြည့်ပါ။

ခုန်ပျံဝဲက ခတ်ကစားမယ်

ဒီပုံလေးကလည်း ကိုတံငါ ကွန်ပစ်နေချိန်မှာ Shutter Speed အမြန်နဲ့ ပိုက်ကွန် ရေမထိခင် ရိုက်ထားတဲ့ ပုံလေးပါ။

အိုဘဲ့ကိုတံငါ ကွန်ကိုလေမှာ လွှတ်ကာဝဲ

အထက်မှာ ပြောခဲ့တာလေးတွေက ကင်မရာမှာ ပါတဲ့ အလင်းတံခါး Shutter ရဲ့ အမြန်နုန်း Shutter Speed တွေ အကြောင်းပါ။ ဒီသဘောတရားတွေကို နားလည်ရင် Pro Camera, Manural Setting ပါတဲ့ ကင်မရာ သုံးမယ့်သူတွေမှ မဟုတ်ပဲ အပျော်တမ်း ကင်မရာလေးတွေ ကိုင်နေတဲ့ သူတွေမှာလည်း ကင်မရာမှာ ပါတဲ့ အပါချာ ၊ Shutter Speed နဲ့ ဆိုင်တဲ့ Function လေးတွေ (P, A, S, M mode တို့၊ Auto modes တို့၊ Scene modes တို့) မှာလည်း ပိုင်ပိုင်နိုင်နိုင် အသုံးချ ရိုက်နိုင်လာမှာပါ။ (ဆက်ပါအုံးမယ်)။

စိန်သော့

29 comments

  • Zero Hour

    November 30, 2011 at 10:05 am

    ဦးဦးစိန်သော့ ဘယ်တော့များ မော်ဒယ်တွေနဲ့ portrait ရိုက်မယ့်အကြောင်းတင်မလဲ? 😛

    • Diamond Key

      November 30, 2011 at 1:08 pm

      မော်ဒယ်တွေနဲ့ portrait ရိုက်တဲ့အကြောင်းတင်မှာက … ဆြာမှော်ပါ။ 😀
      ဒီအပိုင်းကို နော်မနိုင်ပါ။ 😐
      ကိုင်မပြင်ပေးရတဲ့ မော်ဒလယ်လေးတွေပဲ ရိုက်တတ်တယ်။ 😆
      ဆြာမှော်ရေ………….စိုင်ကသင်ပေးတဲ့ မုဆိုးပညာတွေ (ဆြာ့စကားယူသုံးတာပါ ခင်ဗျ) ပြပါတော့ဗျို့။ 😛

      • မှော်ဆရာ

        November 30, 2011 at 2:24 pm

        လာမယ်ဆရာရေ … စိုင်က သင်တဲ့ မုဆိုးပညာဆိုတော့ စိုင်ပုံလေးတွေက မဖြစ်မနေပါရတော့မှာ .. စိုင်လေးတွေနဲ့ ညှိနေတုန်းမို့လို့

        • Diamond Key

          November 30, 2011 at 2:39 pm

          ညှိညှိ မြန်မြန်ညှိ………………လေ့လာချင်လှပြီ စိုင်တွေကို (အဲမှားသွားလို့ ……….ဆရာပညာတွေ 😛 ) မျှော်နေကြပြီနော်……………………………………. :mrgreen:

        • inz@ghi

          November 30, 2011 at 3:03 pm

          စိုင်ဂလေးဒွေ ဆိုဘဲ …..

          ဒါဘဲနော် …မြင်းမြတ်စက်ကျာ ရီး …
          စိုင်ထဲမှာ ဂီ ကြိုက်တဲ့စိုင် ပါလာရင်
          ဖုန်းနံပါတ်တောင်းပေ ဂျီမေးလ်းတောင်းပေး …
          လိပ်စာတောင်းပေး …. ရမှာနော………

          😀
          ဂီဂီ

  • nozomi

    November 30, 2011 at 10:10 am

    တကယ်ကောင်း အမှန်အကန်ကောင်း အရမ်းအရမ်းကို ကောင်းပါတယ် ဗျာ
    ဖတ်ရင်းနဲ့ မှ တော်တော်လေး မြင်လာတယ် ၊ ကူးလဲ ထားတယ် ထပ်ဖတ်ရအောင်လို့
    ကျေးဇူးတင်ပါတယ်နော

  • Zero Hour

    November 30, 2011 at 10:12 am

    ဦးဦးစိန်သော့နဲ့ ဓာတ်ပုံပညာရှင်များ လမ်းညွှန်ပေးပါ။
    Shutter speed မြန်လိုက်တဲ့အခါ ပုံက မှောင်သွားပါတယ် ဘယ်လိုလုပ်ရပါမလဲ?
    Canon 60D နဲ့ အသုံးပြုပြီး ဥပမာ ပေးပေးပါ။

    • inz@ghi

      November 30, 2011 at 12:22 pm

      ဆြာသောစ့် သူများပိုစ့်တွေအလည်လွန်နေလို့
      ဂီ ဝင်မန့်ပီဗျာ
      ဂီ က ဒါ့ပုံပညာရှင်တော့မဟုတ်ဝူး ဒါ့ပုံပညာငင်
      ပညာရှင်ဖြစ်ဖို့ ကြိုးစားရင်း ပညာတွေ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့လူ…

      shutter speed တင်ရိုက်ရင် မှောင်သွားတယ်ဆိုတာ
      aperture ဖွင့်တဲ့အချိန် လေး နည်းသွားတဲ့အတွက် အလင်းအဝင်နည်းသွားပီး
      under-exposed ဖြစ်သွားတာပါ… ISO တင်ရိုက်ပါ …ဒါမှမဟုတ်လည်း
      aperture-size ကိုချဲ့ပေးပါ…correct exposed ဟုတ်မဟုတ်ကို
      exposure bar မှာ မြင်နိုင်ပါတယ်…
      လက်ရှိ manual mode နဲ့ ရိုက်နေတယ်လို့ ယူဆပါတယ်…
      AE mode ပြောင်းစမ်းရိုက်ကြည့်ပါလားဗျာ..
      (AE mode အကြောင်းကိုတော့ ဆြာသော့စ် ရေးမယ့် နောက်ပို့စ်မှာ
      စောင့်ဖတ်နိုင်ပါကြောင်း … သတင်းကောင်းပါးလိုက်ပါတယ်..)

  • inz@ghi

    November 30, 2011 at 10:12 am

    လန်းတယ် ဆြာသော့ ရေ့ … ရှယ်ပဲ…
    ရိုက်တဲ့လက်ရာ ရှင်းတဲ့ပညာ ရေးတဲ့ အထာ …
    အလွန်ပဲ ကောင်းမွန်လှပါသည်ဗျာ ….

    ဒါတွေ အတွဲလိုက်ရေးလို့ ပြီးသွားရင်
    သဂျီး ကို စာအုပ်ထုတ်ခိုင်းရမယ်ဗျို့ …

  • small cat

    November 30, 2011 at 10:28 am

    Anti hand shape function ပါတဲ့ကင်မရာတွေက shutter speed ဘယ်လောက်အထိရိုက်လို့ရပါသလဲခင်ဗျာ။

    • Diamond Key

      November 30, 2011 at 3:19 pm

      ကင်မရာကို လက်နဲ့ကိုင်ရိုက်တဲ့ အခါ ရိုက်သူရဲ့ သွားလာလှုတ်ရှားမောပန်းနေမှုရယ်၊ ခလုပ်ကို လက်နဲ့နှိပ်တဲ့ အနေအထားရယ် (အားထည့်တာ :P)(ဓါတ်ပုံဆရာတွေကတော့ ကင်မရာကို စနစ်တကျကိုင်၊ ကိုင်ထားတဲ့ လက်ကို ငြိမ်အောင်ထား၊ အသက်အောင့်ပြီး hand shake မဖြစ်အောင် သတိထားကြတယ်) ပေါ်မူတည်ပြီး hand shake ဖြစ်ပါတယ်။ Anti hand shape function ပါတဲ့ကင်မရာတွေက shutter speed ဘယ်လောက်အထိရိုက်လို့ရတယ်ဆိုတာတော့ တိတိကျကျပြောဖို့ နဲနဲခက်ပါတယ်။ သာမာန်ခြုံပြောရရင်တော့ Shutter speed 1/60 ထက်နဲရင်တော့ Tripod သုံးတာပိုကောင်းပါတယ်။ Anti hand shape function က ဒီအချက်ကို အတိုင်းအတာ တစ်ခုထိ ထိမ်းပေးတာပါ (Image stabilization (IS) လိုမျိုး)။ shutter speed ဘယ်လောက်အထိ ဆိုတဲ့တိတိကျကျကတော့ အထက်မှာပြောခဲ့တဲ့ အခြေအနေလေးတွေ အပေါ် မှုတည်ပါသေးတယ်။

  • blackchaw

    November 30, 2011 at 12:10 pm

    ကိုစိန်သော့ ကြီးရေ။
    မိုက်တယ်ဗျို့။
    မောင်ပေတော့ ရန်ကုန်ရောက်နေပါပြီဗျာ။
    မန်းသားများကို ရန်ကုန်သားဘလက်က ခရစ္စမတ် ကန်တော့ချင်လို့
    ကိုစိန်သော့ ကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပတ်လေး ပီအမ်က နေပို့ပေးစေချင်ပါတယ်ဗျာ။
    ရန်ကုန်ကတော့ ရွှေပုဇွန်နဲ့ ဂျေဒိုးနတ်ပဲ ရှိပါတယ်ဗျာ။
    ဆြာ ချင်ခြင်းတတ်ရာ လှမ်းမှာပါဗျာ။
    မနက်ဖြန် မောင်ပေ က လိမ်ပျံကြီးနဲ့ ပြန်မှာတဲ့ ဆြာ။

    • koaung

      November 30, 2011 at 4:52 pm

      အားကျလိုက်တာနော် ကြက်ရှာစွန်းကဒန်ပေါက်လေး(ဖိုက်တင်ဘောလေးနဲ့)စားချင်တယ်ဗျိုး 😉

  • koaung

    November 30, 2011 at 3:08 pm

    ဆက်ထားဆရာရေ့ ဆက်ထား 😀

  • kay jonas

    November 30, 2011 at 4:26 pm

    Carry on! ကိုစိန်သော့ အရမ်းအကျိုးရှိတယ် ကျေးဇူး

  • bigchef

    December 1, 2011 at 10:02 am

    thank u ကိုစိန်.
    program mode မှာတော့ shutter speed မပါ ဘူး။
    ကျွန် တော် ့ကင် မ ရာ က program mode ရိုက် ရင် shutter speed အ ရမ်း နှေး နေတယ်။အဲ ဒါ ဘယ် လို
    လုပ် ရ မလဲ မသိဘူးနော်.ကူညီ ပါ အုံး။
    လေး စား လျက်
    ချက်

    • Diamond Key

      December 1, 2011 at 10:56 am

      ကိုချက်ပြောတဲ့အတိုင်းဆိုရင်တော့ အလင်းနဲနေတဲ့ နေရာ၊ အချိန်မျိုးမှာ ဖြစ်နေမယ် ထင်ပါတယ် (Flash မသုံးရင်)။ ကင်မရာတစ်ချို့မှာတော့ program mode မှာကိုပဲ shutter speed ပြောင်းသွားအောင် လုပ်လို့ရတာလေးတွေ ရှိပါတယ်။ ကျွန်တော် မှတ်စု (၅) မှာ ဆက်ရေးမယ် ISO အကြောင်းလေးက ဒီအချက်နဲ့ ဆက်စပ်နေပါတယ်။ အလင်းနဲနေလို့ အပါချာကျယ်လာတာ၊ Shutter နှေးသွားတာကို ISO speed နဲ့ပြန်မြှင့်ပေးလို့ရပါတယ်။ ကင်မရာ အမည်အတိအကျလေး သိခွင့်ရမယ်ဆိုရင်တော့ ပိုပြီးတော့ ကူညီနို်င်ပါမယ်။

  • musicalpunk

    December 1, 2011 at 11:14 am

    nice photo……. Thank u

  • bigchef

    December 1, 2011 at 12:14 pm

    ကျွန်တော် ့ကင်မရာ က canon eos 500 d ပါ.နောက် ပြီး canon နဲ ့ nikon အား သာချက် အားနည်း ချက်လေးများ သိရင် ဝေ မျှ ပေး ပါ အုံး ကိုစိန်ရေ။ နောက် ပြီး ကျွန်တော် တို ့ လို အ ပျော်တမ်း တွေ အ တွက် ဆောင် ထား သင် ့ တဲ. lens တွေ ကို လည်း လမ်း ညွန် ပေး ပါ အုံး။သက် သက် သာ သာ ပေါ့။
    လေး စား လျက်
    ချက်

      • မှော်ဆရာ

        December 3, 2011 at 8:27 pm

        တကူးတက ညွှန်းပေးတာ ကျေးဇူးပါ ဆရာစိန်သော့ ..

    • Diamond Key

      December 3, 2011 at 3:09 pm

      Canon EOS 500D ဆိုရင် program mode မှာ shutter speed အ ရမ်းနှေး နေတာကို ပြင်ဖို့က
      – (ISO တင်ပါ။)
      – Shutter release ကို တစ်ဝက်နှိပ်ထားပါ။ (program combination setting – Aperture + Shutter speed ပေါ်လာပါမယ်။
      – ကင်မရာခလုပ်နားက လှည့်လို့ရတဲ့ ဘီးကလေးကို ကိုယ်လိုချင်တဲ့ shutter speed combination အတွဲလေး ပြောင်းလိုက်ပါ။
      ဒါဆိုရင် ရပါပြီ။

  • windtalker

    December 3, 2011 at 8:36 pm

    ကျုပ် ကင်မလာကတော့ ဆိုနီ N50 ခင်ဗျ
    မရှိလို ့သာ ဝယ်ထားရတယ် ၊ ခလုပ်နှိပ်ရင် ဓါတ်ပုံရတာက လွဲရင် ဘာမှ သိပ်နားမလည်ဘူးဗျို ့
    ကိုစိန်သော့ နဲ ့အပြင်မှာ ဆုံမှ ၊ သင်ယူရဦးမယ်ဗျာ

  • ဒီပိုစ်လဲ ဖတ်မိရော ဓါတ်ပုံနဲ့ပါတ်သက်တဲ့ အတတ်ပညာမရှိဘဲ
    လက်ဆော့ နေတာကို ရှက်လာသလိုဘဲ ကိုစိန်သော့ရေ။

    • Diamond Key

      December 5, 2011 at 4:43 pm

      ဒီလိုလဲ မဟုတ်ပါ ကိုပေါက်ရာ၊ ကင်မရာ အကြောင်းသိပေမဲ့ အနုပညာ အမြင်အတွေး က ပိုအရေးပါပါတယ်။ အဲ..တစ်ခုက ကင်မရာက ဖန်ရှင်လေးတွေ အစွမ်းရှိသလောက် သုံးနိုင်ရင်တော့ ပိုကောင်းပေါ့။ ဒါပေမဲ့ ဓါတ်ပုံလောကမှာတော့ ” ကင်မရာ နောက်က လူက အရေးအပါဆုံး” ဆိုပါ့။ 😀

  • MIN GAUNG

    December 5, 2011 at 8:09 pm

    So so thanks ,
    Ko Pouk(mandalay) I like your photo articles .I believe you will be continues to write more and more.Especially I request you I like Nikon camera so I want to know about Nikon camera (e.g D 5100 and D 90)now I consider to buy Nikon Camera but I don’t know which one is more suitable for new user .Pls reply my letter.
    Regards,
    MIN GAUNG

  • unclegyi1974

    December 5, 2011 at 9:01 pm

    ဟုတ်တယ်ကိုပေါက်ရေ
    ကင်မရာကအရေးကြီးသလို
    ကင်မရာကိုကို်င်တဲ့လူကပိုအရေးကြီးပါတယ်
    သို့သော်လည်းပေါ့လေ
    လူချင်းတူသွားရင်
    ကင်မရာပိုသာတဲ့သူ
    အယူအဆပိုကောင်းတဲ့သူကသူများထက်
    ဂေါင်းတလုံးပိုမြင့်နေမှာပါပဲ

  • bigchef

    December 6, 2011 at 4:16 am

    ကျေးှဇူး အထူး တင် ပါ တယ်။ကျွန် တော့် camera နဲ. ခုုလေး တင် စမ်း ကြည် ့ လိုက် တယ်။ရ သွား ပြီ.

  • Shan Gyi

    May 11, 2012 at 2:49 pm

    မှတ်စု (၅)ကို ဆက်လက်ချီတက် ဖတ်ရှုပါဦးမယ် ဆရာသော့ရေ
    ဒါနဲ့ ဆရာသမားတို့ပြောပြေနေတဲ့ စိုင်ဆိုတာ ဘာလည်းဗျ
    သိသလိုလို မသိသလိုုလို ဖြစ်နေတယ်
    ကျွန်တော်သိတဲ့ စိုင်တို့ ပြောင်တို့ကတော့ ခြေလေးချောင်းသတ္တဝါတွေဗျ 🙂

Leave a Reply