Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်က ငုစပ်ချယ်ရီပန်းတွေ ပွင့်နေပြန်ပြီ

weiweiFebruary 28, 20122min68821

ပွင့်နေပြန်ပြီလို့ရေးလိုက်တာက မနှစ်က ဒီအချိန်တုန်းက အဲဒီပန်းတွေပွင့်သေးတယ်လေ … ရွာထဲမှာ ရန်ကုန်မှာပွင့်တဲ့ချယ်ရီ ဆိုတဲ့နံမည်နဲ့ တင်ပေးပြီး ပန်းနံမည်စုံစမ်းလိုက်တာ နံမည်ပေါင်းစုံသိခဲ့ရပြီး နောက်ဆုံးတော့ ငုစပ်ချယ်ရီပန်းလို့ နံမည်အတည်အကျသိသွားခဲ့ပါတယ် … ဒီနှစ်မှာလဲ အချိန်မှန် ပွင့်လာပြန်တော့ အမှတ်တရ ပြန်တင်ပေးရင်း နောက်ထပ်နံမည်သိချင်တဲ့ ပန်းတစ်မျိုးကိုလည်း ထပ်တင်ပေးလိုက်ပါတယ် …

ငုစပ်ချယ်ရီပန်းပင်

ဇွန်းဆွဲပြီး ရိုက်ကြည့်လိုက်တယ်

ဇွန်းနဲ့အကုန်ဆွဲလိုက်ပေမယ့် အပင်ကမြင့်လွန်းတော့ ခပ်ဝါးဝါးပဲ

ချယ်ရီပန်းတွေက အပင်ပေါ်မှာ တစ်လလောက်ကြာအောင် ပွင့်လေ့ရှိပါတယ်။ အဲဒီပန်းတွေပွင့်ရင် ရုံးခန်းထဲကနေ မြင်နေရပြီး အိပ်ငိုက်ရလေ့ရှိလို့ အိပ်ချင်ပန်းလို့ပဲ ကျွန်မက အလွယ်ခေါ်နေမိတယ် …

သန်လျင်ဘက်သွားလည်ရင်း ညီမအိမ်မှာ ပန်းတစ်မျိုးပွင့်နေတာတွေ့ခဲ့တယ်… အပင်နံမည်ကို မသိဘူး … သူလဲ ငုစပ်ချယ်ရီလိုပဲ ပွင့်ချိန်တူပါတယ်။ ပန်းပုံသဏ္ဍာန်က ငုပန်းနဲ့ခပ်ဆင်ဆင်ဖြစ်ပြီး ပန်းရောင်နဲ့ အဖြူရောင်စပ်ထားတဲ့ အရွက်တွေအားလုံးကြွေပြီး အပွင့်တွေပဲ ရှိတဲ့ အလွန်လှတဲ့ ပန်းတစ်မျိုးပါပဲ … ရွာသူားတွေက ဗဟုသုတကြွယ်ကြလို့ ပန်းနံမည်လေးများသိရင် ပြောပြပေးကြပါလို့ အကူအညီတောင်းခံလိုက်ပါတယ် …

ကိုင်းတွေမှာ အပြည့်ပွင့်တယ်
ဇွန်းနဲနဲဆွဲကြည့်လိုက်တယ်
ဒါကတော့ ဇွန်းကြီးကြီးနဲ့
တော်တော်လှတယ်နော် ..

ဒီလောက်ဆိုရင် ဘာပန်းလဲလို့ သိကြမယ်ထင်ပါတယ် …

နောက်ဆုံးပုံလေးကတော့ ဒါ့ပုံဆြာတွေကို အားကျလို့ လက်တည့်စမ်းထားတဲ့ စက္ကူပန်းလေးပါ …

စက္ကူပန်းလေးလဲ သူ့အလှနဲ့သူပဲ ...

21 comments

  • weiwei

    February 28, 2012 at 10:57 am

    ဒီမနက် ကော်နက်ရှင် တော်တော်ညံ့တယ် … လတ်လတ်ဆတ်ဆတ်ရိုက်ထားတဲ့ပန်းလေးတွေမို့ ချက်ခြင်းတင်ချင်တာနဲ့ စိတ်ရှည်လက်ရှည်နဲ့ ၂ နာရီလောက် အချိန်ပေးပြီး တင်လိုက်ရတာဖြစ်ပါတယ် …

  • Harumoto

    February 28, 2012 at 11:00 am

    တကယ်လှပါတယ်..
    ဇွန်း နဲ့ဆွဲလဲ ဝါးတာဘဲနော်..
    ဇွန်းကြီးကြီး နဲ့တော့ သိပ်မဝါးဘူးနော်..
    နောက်ဆို အဆင်ပြေအောင်
    ခက်ရင်းလေးပါ ထဲ့ပေးပါနော်။ း)

  • ဆူး

    February 28, 2012 at 11:02 am

    အပွင့်က တော်တော် လှတယ်နော်။
    ဒီလောက်ပူတဲ့ နေရာ ချယ်ရီတော့ မဖြစ်နိုင်ပေမဲ့ ချယ်ရီ ပွင်လို ခပ်ဆင်ဆင် မျိုးပဲနော်။
    အိမ်မှာတောင် စိုက်ထားချင်တယ်။

    • weiwei

      February 28, 2012 at 11:10 am

      ပျိုးပင်လေးတွေကို ဝယ်စိုက်ထားတာ တစ်နှစ်ကြာတော့ အပင်ကြီးလာပြီး အပွင့်ပွင့်လာတော့တာပဲ … တစ်ခါပွင့်ရင် အကြာကြီးခံတယ် … စိန်ပန်းပင်လိုမျိုး အစေ့တွေကနေ မျိုးပြန်ပွားလို့ရသေးတယ် …. လိုချင်ရင် အစေ့ပေးမယ်လေ … အပေါ်က ငုစပ်ချယ်ရီလဲ အစေ့ရှိတယ် …

      • ဆူး

        February 29, 2012 at 10:22 am

        အပေါ်က အပင်မျိုး အစေ့ ဆိုရင်တော့ လိုချင်တယ်။
        ခြံထဲမှာ စိုက်ထားချင်လို့ ပေးပါနော်။

  • နွယ်ပင်

    February 28, 2012 at 11:22 am

    ပန်းလေးတွေက လှလိုက်တာ မဝေရေ …
    ချယ်ရီပန်းနဲ့ တော်တော်တူတာပဲ ……………..

  • blackchaw

    February 28, 2012 at 11:45 am

    ခုနှစ်မိုင် က ဆူဇူကီး showroom ကျော်ကျော်လေးမှာ
    အဲဒီလို ပန်းတွေ ပွင့်နေတယ်ဗျ။
    ကျွန်တော်တောင်လိုရမယ်ရ လက်ဆော့ထားသေးတယ်။
    အဲဒီ ခုနှစ်မိုင်က ပန်းတွေပဲလား မသိ။
    ဒါကတော့ ဇွန်းကြီးကြီးနဲ့ ဆိုတဲ့ ပုံလေး တော်တော်လှပါတယ်။
    :mrgreen:

    • weiwei

      February 28, 2012 at 12:49 pm

      ဇွန်းကြီးကြီးနဲ့ ပန်းတွေက သန်လျင်က …
      အပေါ်ဆုံးက ပန်းတွေက ရန်ကုန်က …
      ဆန်းတယ်ထင်ရင် ရိုက်ချင်စိတ်ပေါက်လေ့ရှိတယ် ….
      ဒါပေမယ့် ရိုက်ဖြစ်တိုင်းတော့ မတင်ဖြစ်ပါဘူး … ထူးခြားတယ်ထင်မှပါ …

  • Ma Ei

    February 28, 2012 at 1:01 pm

    ရန်ကုန်က ငုစပ်ချယ်ရီပန်းတွေ ပွင့်နေပြန်ပြီ….
    တစ်နှစ်ကလဲ ခဏလေးလိုဘဲနော်..
    ချယ်ရီမတိုင်ခင် ခရီးစဉ်တွေထဲက ပုံတွေစာတွေဖတ်ခဲ့သူပါ..
    ခုတော့ Comment လေးတွေဝင်ရေးဖြစ်ခဲ့ပြီ…

  • လင်းဝေ

    February 28, 2012 at 1:15 pm

    ပွင့်ပြန်ပြီလား ဒီနှစ်… အင်း … အဲသလိုနဲ့ တစ်နှစ်ကူးတော့မှာပေါ့လေ။
    ချိဖ် အဲဒါလည်း ငုစပ်ချယ်ရီ နောက်တစ်မျိုးပဲ။ ကာလာကွဲပေါ့။

  • မဝေရယ် ကိုယ့်ညီမလေးဆူးကို မျိုးစေ့မပေးပါနဲ့တော့။
    ပျိုးပြီးသားအပင်သာ လက်ဆောင်ပေးလိုက်ရင်ပြီးရော။
    စစ်ကိုင်းဘက်မှာလဲရှိတယ်။

  • ဦးဦးပါလေရာ

    February 28, 2012 at 10:48 pm

    ပန်းဆိုတာ လှတာချည်းပဲဆိုပေမယ့်
    ဒီလိုအစုလိုက် အဆုပ်လိုက်ပွင့်တဲ့ပန်းလေးတွေက
    တပွင့်ချင်းစွင့်စွင့်ကားကားအလှပြိုင်တဲ့( နှင်းဆီလို)ပန်းလေးတွေထက်
    မြင်ရသူစိတ်နှလုံးကို ချမ်းမြေ့စေတဲ့ သဘာဝရှိတယ်လို့ ထင်မိတာပဲ…

  • padonmar

    February 29, 2012 at 12:12 am

    ဝေဝေေ၇
    မျိုးလိုချင်တယ်။ပန်းရောင်လေးပိုကြိုက်တယ်။

  • kyeemite

    February 29, 2012 at 10:10 am

    မဝေတင်လိုက်တဲ့ ပန်းတွေတော်တော်လှပါတယ်…ဓါတ်ပုံထဲမှာအပြင်ထက်ပိုလှသလိုဘဲနော်..
    မတ်ကပ်လိမ်းပီးများ ရိုက်ထားလားမှတ်ရတယ်(မဝေကိုပြောပါတယ်)…
    ခုတော့ “ပန်းတွေနဲ့ဝေ” ပေါ့လေ…
    ခင်တဲ့..

  • Moe Z

    February 29, 2012 at 11:23 am

    မမဝေရေ လှလိုက်တာ ကူးသွားတယ်နော်
    တစ်နှစ်နဲ့ပန်းပွင့်တယ်ဆိုတော့မဆိုးဘူးပဲ ပျိုးပင်သွားဝယ်ဦးမယ်
    မမဝေဆီတောင်းတဲ့သူများလာမှာစိုးလို့ 🙂

  • weiwei

    March 2, 2012 at 12:04 am

    ဒီပို့စ်က ထူးဆန်းတယ်နော် …
    ပန်းကလေးတွေနဲ့ အရောင်လိုက်ဖက်အောင် အနီတွေ တမင်များလိုက်ပေးထားတာလားမသိဘူး ….

    • kai

      March 2, 2012 at 2:08 am

      ယောနိသောမနသိကာရ
      နှလုံးသွင်းမှန်မယ်ဆိုရင်.. ဝက်ဘ်ဆိုက်မှာ အနီက.. #FF0000ကုဒ်ဖြစ်ပြီး.. အစိမ်းက #008000 မျှသာပါပဲ..။
      ဒီအပေါ်မှာ လူတွေက.. ခံစားချက်တွေပြင်ထန်နေတာ.. ရယ်စရာမကောင်းဖူးလား
      အဘိဓမ္မာနဲ့ညှိရင်.. တရားရဖို့လွယ်ပါတယ်.. 😆

  • အောင် မိုးသူ

    April 27, 2015 at 3:29 pm

    ခြံနဲ့နေရင် အဲ့အပင်လည်း စိုက်ချင်တယ် အရမ်းလှတဲ့ပန်း။ သိပ်သဘောကျနေတဲ့ပန်း။

  • မြစပဲရိုး

    April 28, 2015 at 12:12 am

    အဲဒီ “စက္ကူပန်း” ပုံလေး က တစ်အားလှတယ်။
    “စက္ကူပန်း” က အရီးရဲ့ အချစ်ဆုံးပန်းတွေထဲ မှာ ထိပ်ဆုံးပါတယ်။
    နွေရာသီ အပူကြီး ထဲ မှာ ကို ဝင်း စို နေအောင် အကြာကြီး ဇွဲ နဲ့ ကို ပွင့်နေတော့တာ။
    ကျန်တဲ့ နွေ ပန်းတွေ က သူ့လောက် ကို ရေရှည်မခံရှာကြဘူး။

    • အောင် မိုးသူ

      April 28, 2015 at 2:18 pm

      ကျတော့်အိမ်မှာ အဖြူ စွတ်စွတ် စက္ကူ ပန်းတစ်မျိုးရယ် ခရမ်းနဲ့ အနီအစပ် စက္ကူ ပန်းရယ်ရှိတယ်။

Leave a Reply