Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မမြင်အပ်သော ပုဂ္ဂိုလ်များဝင်ရောက်ပူးကပ်ခြင်း (ဖြစ်ရပ်မှန်)

ThuyazawFebruary 28, 20121min67222

ဟိုနေ့က ဖုတ်အကြောင်းလေး ဖတ်ရင်း ကျွန်တော့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို သတိရမိသွားပါတယ်………… ဒီအဖြစ်ကို မကြုံရခင်လေးမှာ ကျွန်တော်ဟာ ဒီလိုဖြစ်ရပ်တွေကို မယုံကြည်ပါဘူး….. ကိုယ်တွေ့ဖြစ်တော့မှ/ကြုံတော့မှ ဪ မမြင်အပ်တဲ့ပုဂိ္ဂုလ်တွေဆိုတာ တကယ်ရှိပါလားလို့ လက်ခံလိုက်မိတယ်…………ဒါကို အမည်တွေ အားလုံး လွှဲပြီးမှ ကျွန်တော်တင်ဖို့ဆုံးဖြတ်လိုက်တာပါ…….. အဖြစ်အပျက်က ဒီလိုဗျ……  ကျွန်တော် လက်ရှိလုပ်နေတဲ့ရုံးက အဖြစ်အပျက်တစ်ခုပါ………အဲဒီနေ့က ကျွန်တော်တို့ ရုံးသူ/ရုံးသားတွေ ပုံမှန် အလုပ်ချိန် ၉းဝဝ နာရီ ရုံးတက်ခဲ့ကြပါတယ်……..ကိုယ့်အလုပ်ကိုလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် မကြည့်အားကြပါဘူး……. ဒီလိုနဲ့ ရုံးချိန် ၁၂းဝဝ နာရီရောက်လာတော့ ထမင်းစားခန်းမှာ ထမင်းချိုင့်ကိုယ်စီနဲ့ ထမင်းစားကြပါတယ်……..အဲဒီအချိန်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်လေးတစ်ခုဖြစ်လာပါတယ်……. ထမင်းစားခန်းအတွင်းတွင် ဆရာ၊ မဒီနှင့် ရုံးသူတစ်ဦးတို့ ထမင်းတူစားရင်း စကားပြောနေခဲ့ကြလေသည်…….ဟိုရောက်ဒီရောက် အကြောင်းလေးများပြောရင်းဖြင့် ဆရာ၏မျက်နှာချင်းဆိုင်တွင် ထမင်းတူ စားနေသော မဒီဆိုသည့်အမျိုးသမီးမှာ ထမင်းစားပွဲအား တအုန်းအုန်းနှင့် ထုရိုက်ကာ ရယ်သံနက်ကြီးဖြင့် ရယ်လေတော့သည်…… ပထမတွင် ထိုအဖြစ်အား မရိပ်စားမိသေးပေ….. ကြောင်အန်းအန်းဖြင့် အဘယ်သို့နည်းဟု ထင်မှတ်မိလေသည်……. ချက်ချင်းပင် ဆရာဖြစ်သူမှ သိလိုက်ပေတော့သည်….. အင်း တစ်ခုခုတော့ ဝင်ပူးပါလေရော့လား…… သတိချက်ချင်းဝင်လာ၍ ဆရာမှ `ဟဲ့ နင်တို့ ဘာလို့ချင်လို့ လာနှောင့်ယှက်သလဲ´ဟုမေးလိုက်သည်။ ထို ဝင်ပူးနေသည့် မဒီဆိုသည့်အမျိုးသမီးထံမှ ဘာမှ ခွန်းတုံ့ပြုသံမရ…. `တဟင်းဟင်း´ ဖြင့်သာ နေလေသည်…… ထမင်းတူစားနေသည့် ရုံးသူလေးမှာ အပြင်သို့ပြေးထွက်လာပြီး ရုံးအတွင်းမှ လူကြီးနှင့် အခြားသူများသိစေခြင်းအလို့ငှာ `လုပ်ပါဦး နောက်မှာ ဝင်ပူးကုန်ကြပြီ´ ဟုဆိုကာ အကူညီတောင်းခံခြင်းပြုလေသည်…….လူကြီးမှ အဆိုပါဝင်ပူးခြင်းခံရသည့် မဒီဆိုသူအား ဦးခေါင်းမှကိုင်၍ ဘုရားစာရွတ်ဖတ်ပေးခြင်းအမှုကိုပြုပေသော်ငြား ဘာမှထူးခြားမလာပါချေ……. ထိုသို့နှင့် ဆယ့်ငါးမိနစ်ခန့်ကြာသော် ရုံးခန်းအတွင်း ထိုင်နေသည့် ရုံးသူတစ်ဦးအား အခြားမမြင်အပ်သော ပုဂ္ဂိုလ်မှ ထပ်မံပူးကပ်ခြင်းကို ပြုပြန်လေသည်……… ထိုပူးကပ်ခြင်းခံရသည့်ရုံးသူမှ `ဟဲ့ နင်တို့တွေဘာတွေဖြစ်နေကြတာလဲ ငါမကြိုက်ပါဘူးအေ´ ဟုဆိုကာ ထမင်းစားခန်းအတွင်း ပြေးဝင်လာလေသည်….. ကျွန်ုပ်တို့လဲ အဘယ်သို့လုပ်ရမည်မသိဖြစ်နေချိန် နောက်တစ်ဦးပါ ဝင်ပူးသည့်အတွက် ပိုရှုပ်ကုန်တော့သည်… မဒီဆိုသည့် အမျိုးသမီးမှာလဲ ရယ်လိုက်၊ ငိုလိုက်ဖြင့်သာ………ထပ်မံပူးကပ်ခြင်းခံရသည့် ရုံးသူလေးမှ စတင်၍ မကျေနပ်ချက်များကို ပြောကြားလေတော့သည်……. “နင်တို့ ဒီရုံးထဲမှာ အလုပ်လုပ်ပြီးတော့၊ မှီခိုလုပ်ကိုင်နေကြပြီးတော့ ရုံးက မြင်အပ်/မမြင်အပ်/အစောင့်အရှောက်တွေကိုကျတော့ ဘာအလှူအတန်းမှ မလုပ်/ ဘာအမျှအတန်းမှလဲမပေးဝေဘူး….. အဲဒါကောင်းလား…..´´ သာမာန်စိတ်နှင့်ဆိုလျှင် လူကြီးအား ထိုကဲ့သို့ ပြောဝံ့မည်မဟုတ်…… ဆက်ပြောသည်မှာ “အခန်းထဲက လူကြီးကလဲ ဘာလုပ်နေမှန်းမသိဘူး…… နားမလည်ဘူးလား……အလှူအတန်းဆိုတာ လုပ်ကိုမလုပ်တော့ဘူး´´ ဟု လူကြီးအား အပြစ်တင်ပြောကြားလေသည်။

လူကြီး                            ။       ။နင်တို့ကို ဘာလုပ်ပေးရမလဲပြော…..မနှောင့်ယှက်ပါနဲ့…..

နင်တို့လိုချင်တာ ငါလုပ်ပေးမယ်၊ ကောင်းကောင်းမွန်မွန်ပြောပါ´´

ပူးကပ်ခြင်းခံရသည့်ရုံးသူ ။      ။ နင်တို့တွေသေချာလား ငါတို့ကို အလှူအတန်းလုပ်ပေးမှာလား

ဘယ်နေ့လဲ သေသေချာချာပြော၊ ငါအရမ်းဒေါသထွက်တယ်နော်´´ ဟုဆိုကာ ထိုင်နေရာမှ ခဏငြိမ်ကျသွားလေသည်……… ထမင်းစားခန်းအတွင်းမှ မဒီကတော့ တဟင်းဟင်းဖြင့်သာ ပူးကပ်ခြင်းကို ခံနေရလေသည်…….. အဆိုပါရုံးသူလေးမှာ ထပ်မံပူးကပ်ခြင်းခံရမည်ကို စိုးရိမ်ကြီးစွာဖြင့် ဘုရားစာ များကို တွင်တွင်ဆိုနေလေသည်…… ပါးစပ်မှလဲ ထို မမြင်အပ်သည့်ပုဂ္ဂိုလ်တို့အား တိုးရှိုးတောင်းပန်နေလေသည်…..“ငါ့ကိုဝင်မပူးကြပါနဲ့´´ဟု တတွတ်တွတ်ရွတ်နေလေသည်…..သတိဝင်နေစဉ် ခဏတွင် ကျွန်ုပ်နှင့် အခြားရုံးသူတစ်ဦးအား နင်တို့ငါ့နားနေပြီး ထိန်းပေးကြပါဟု ပြောလေသည်။.. ကျွန်ုပ်နှင့် အခြား ရုံးသူမှာ ပူးကပ်ခြင်းခံရသည့် ရုံးသူအား လဲကျသွားမည်စိုးသဖြင့် အနီးနားတွင် နေကြပါလေသည်။ နောက်တစ်ကြိမ် ထပ်မံဝင်ပူးပြန်လေသည်……..ပါးစပ်မှလဲ မကျေနပ်ချက်များကို တတွတ်တွတ်ပြောကာ ရုံးရှေ့နှင့်နောက် တတောက်တောက်လျှောက်ကာ ပါးစပ်မှလဲ “နင်တို့ရုံးထဲမှာ စီရင်ထားတာတွေရှိတယ်၊ လူကြီးကို အလုပ်ကထွက်စေချင်လို့လုပ်ထားတာ၊ ငါတို့မှာတော့ ကြည့်လိုက်ရတာ၊ နင်တို့ကတော့´´

သို့နှင့် ပူးလိုက်၊ ထွက်သွားလိုက်ဖြင့် အကြိမ်ကြိမ်အခါခါ ဖြစ်နေလေသည်………အခန်းတွင်းမှလူကြီးကိုးကွယ်သည့် ဘုန်းဘုန်းတစ်ပါးအား ဖြစ်ပုံပျက်ပုံ အလုံးစုံကို လှမ်း၍လျှောက်ထားလေသည်……. ထိုဘုန်းဘုန်းမှမိန့်သည်မှာ “ဘာမှမပူနဲ့ဒကာ ဘုန်းဘုန်းအကုန်သိတယ်´´ “သူတို့ ဘုန်းဘုန်းကိုလဲ လာလျှောက်တယ်´´ ဘုန်းဘုန်း လကုန်ကြွခဲ့မယ်ဆိုတာပြောလိုက်ပါ၊ ဘုန်းဘုန်းလဲ ဒီကနေသူတို့ကို မေတ္တာပို့လိုက်ပါမယ်…..အားလုံးအဆင်ပြေသွားမှာပါ ဟုမိန့်တော်မူလေသည်…… အခန်းတွင်းမှ လူကြီးမှ မမြင်အပ်သော ဝင်ပူးနေသည့် ပုဂ္ဂိုလ်တို့အား “ကဲကဲ ကို့လမ်းကိုသွားကြတော့ နင်တို့ကို လကုန်ရက်မှာ အလှူလုပ်ပေးမယ်၊ ကတိပေးတယ်၊ ဘုန်းဘုန်းကိုလဲ လျှောက်ပြီးပြီ´´ ဟုလှမ်းပြောလိုက်သည်…….

ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် အပြင်မှ ပူးကပ်ခြင်းခံရသည့်ရုံးသူမှာ “ဟဲ့ဟဲ့ နင်တို့တွေအကုန်ကြားလား၊ ဘုန်းဘုန်းက ငါတို့ကို လကုန်ကျ ကုသိုလ်တွေ အမျှတန်းပေးဝေမယ်တဲ့၊ အကုန်ကြားကြတယ်နော်…..နင်တို့ အကုန်ထွက်တော့၊ ဟိုတစ်ယောက် ထွက်တော့လို့ပြောနေတာမကြားဘူးလား´´ ထိုစကားများမှာ မမြင်အပ်သော ပုဂ္ဂိုလ်တို့အား အမိန့်ပေးနေခြင်းဖြစ်ပါသည်။ ကျွန်ုပ်နှင့် အခြားသူများ သူပြောသည့်နေရာများအား လိုက်လံကြည့်ရှု သော်ငြား တစ်စုံတစ်ခုကိုလေမျှ မမြင်ရပါချေ……… ပူးကပ်ခြင်းခံရသည့် ရုံးသူလေးမှာ ထမင်းစားခန်းဘက်သို့သွားပြီး မဒီဆိုသည့် အမျိုးသမီးထံတွင် ပူးကပ်ခြင်းပြုနေသည့် မမြင်အပ်သည့်ပုဂ္ဂိ်ုလ်အား…..“ညီမလေး နင်ထွက်တော့ ဘုန်းဘုန်းက ကတိပေးလိုက်ပီ…..ငါတို့ကို လကုန်ကျအမျှအတန်းပေးဝေမယ်တဲ့၊ ငါတို့တွေ ကုသိုလ်အမျှရတော့မယ်“ ထွက်တော့နော်ဟုပြောလေသည်………. မဒီဆိုသည့်အမျိုးသမီးထံတွင် ပူးကပ်သည့်  မမြင်အပ်သည့်ပုဂ္ဂိုလ်မှာ လုံးဝမထွက်ပဲ ပေကပ်နေလေသည်……….. ပူးကပ်ခြင်းခံရသည့် ရုံးသူမှ ထပ်မံပူးကပ်ခြင်းပြုပြီး “ဟဲ့နင့်ကိုထွက်တော့လို့ပြောတာမရဘူးလား´´ ဟုဆိုကာ နဖူးအား သုံးလေးချက်မျှ တဖြန်းဖြန်းရိုက်လေသည်………….ထိုမှ အပြင်သို့ ပြေးထွက်ကာ ရုံးအတွင်းမှ ချောင်ကြို ချောင်ကြားရှိ မမြင်အပ်သော ပုဂ္ဂိုလ်များအားလဲ နှုတ်မှ တဖွဖွဖြင့် အော်ဟစ်ပြောဆို နှင်ထုတ်လေတော့သည်……. ကျွန်ုပ်အား ရုံးဝင်ပေါက်တံခါးမကြီးအား ဖွင့်ခိုင်းသဖြင့် သွားရောက်ဖွင့်ပေးခဲ့ရသည်……မမြင်အပ်သည့် ပုဂ္ဂိုလ်ဆိုသည်မှာ ထိုသို့ တံခါးပိတ်ထားလျှင် သူတို့ထွက်မရဟုဆိုသည်……… အားလုံးနှင်ထုတ်အပြီးတွင် မဒီဆိုသည့်အမျိုးသမီးမှာ သတိပြန်ဝင်လာခဲ့လေပြီ…..သို့သော် ရုံးသူလေးထံတွင် ပူးကပ်နေသည့် မမြင်အပ်သည့်ပုဂ္ဂိုလ်မှာ ထွက်မသွားဘဲ ကျန်ရစ်နေလေသည်…..ကျွန်ုပ်နှင့် အခြားရုံးသူရုံးသားများမှ အဆိုပါပူးကပ်ခြင်းခံရသည့် ရုံးသူအား ကဲကဲ ကတိတွေလဲ ပေးပြီးပြီ ထွက်တော့ဟု ပြောသည်……..မမြင်အပ်သည့် ပုဂ္ဂိုလ်မှ ပြန်ပြောသည်မှာ “နင်တို့က သရဲမှန်းမသိ နတ်မှန်းမသိ၊ ငါက နင်တို့ကို ဖြေရှင်းပေးတာဟဲ့….. ငါက ရုံးစောင့်နတ်“ဟုပြောလေသည်…… အဆိုပါ ရုံးစောင့်နတ်ပူးကပ်ခြင်းခံရသည့် ရုံးသူလေးသည် ရုံးအပြင်သို့ လက်ခုပ်လက်ဝါးတီး၍ ရုတ်တရက်ထွက်သွားလေသည်…. ရုံးအပြင်ရောက်သောအခါ အဆိုပါ ရုံးစောင့်နတ်လဲ ထွက်သွားလေတော့သည်…….

ထိုအဖြစ်အပျက်မှာ မမြင်အပ်သော ပုဂ္ဂိုလ်များမှ အမျှကုသိုလ်ပေးဝေလိုစေခြင်းငှာ ပူးကပ်ပြောဆိုခြင်းဖြစ်လေသည်…… ကျွန်ုပ်တို့ရုံးသူ/ရုံးသားများနှင့် လူကြီးများမှ ကတိကဝတ်အတိုင်း လကုန်အရက်တွင် ဘုန်းဘုန်းအားပင့်ကာ အလှူအတန်းများ ပြုလုပ်၍ အမျှအတန်းများပေးဝေခြင်းကို ပြုပြီးသောအခါ ယနေ့တိုင်အောင် နောက်ထပ်မည်သည့်အသံမှ မကြားရတော့ပေ………………

စာသားများအလွန်ရှည်သွားသည်ထင်ပါသည်………အမှားအယွင်းတစ်စုံတစ်ရာရှိလျှင် ခွင့်လွှတ်ပေးစေလိုပါသည်….. ယခုဖြစ်ရပ်မှန်လေးအား ကာယကံရှင်ဖြစ်သူ၏ ခွင့်ပြုချက်ကို ရယူ၍ တင်ခြင်းဖြစ်ပါသည်………. ထိုကာယကံရှင်ဆိုသူမှာလဲ ယခုလက်ရှိ ဂေဇက်ရွာကြီးအတွင်းတွင် ရှိပါသည်………. အားလုံးကို ကျေးဇူးတင်ပါသည်……… အားလုံးကိုခင်မင်လေးစားစွာဖြင့်

သူရဇော် 21451

22 comments

  • Prince of Pennsylvania (PoP)

    February 28, 2012 at 1:45 pm

    သများ ကတယောက်ထဲ နေရတာ ….
    ဒီရက်ပိုင်း ကံနိမ့်ပြီး …အသည်းမမာ ဘူးဆိုတာလည်း သိရက်နဲ့ …
    ဘာတွေ လျောက်ရေးတာတုန်းကွယ် ….
    😀
    စိတ်ထိခယက်လို့ပါ….

    ဇကားမစပ် …နာမည်နောက်ကဂဏန်း တွေက ဘာတွေတုန်းဟင်င်င်
    ဖက်ကတ်ပြောသလို လား…..
    ဟီး….
    😛

    • Khaing Khaing

      February 28, 2012 at 3:14 pm

      ဂီတစ်ယောက်တည်းနေလို့ရလို့မပူနဲ့ တူရဇာတ်လမ်းကထွက်သွားတဲ့ ဟာတွေက ဂီနဲ့လာနေလိမ့်မယ်… ဂီဒါ့ပုံထဲမှာတောင်ပါတယ်လေ.. တူရနောက်ကနံပါတ်က သူယူမယ့်မိန်းမ အရေအတွက်တွေလေ…တူရ နင်နဲ့ငါ မခင်ဘူးနော်…နင်ရေးတာနဲ့ ငါတို့ကို ယုံထင်ကြောင်ထင် ဖြစ်တော့မယ် တော်ကြာနင်တို့ရုံးလူစည်နေအုံးမယ် …ဟိုဂျပန်မဂီက လာပင့်နေရင်ဒုက္ခ….. တူရ အဲပို့စ်ကိုတင်ဖို့ ကာယကံရှင်ကို ခြေသလုံးဖက်တိုးရှိုးတောင်းပန် စားသောက်ဆိုင်ခေါ်သွား လက်ဆောင်ပန်းခြင်းတွေ ပေးလိုက်ရတယ် တနားတယ် ဟီး ဟီး ….

      • thuyazaw21451

        February 28, 2012 at 3:21 pm

        အနော်က အဒူလို့ အဒူ့ကိုမှ ကြောကြပါဝူးဗျာ……….. ရုံးကတစ်ယောက်ယောက်ပေါ့……ဟီး
        ဂီအတွက် စပါယ်ရှယ်သရဲမတွေ မှာထားတယ်………..ပို့ပေးမယ်………လိပ်စာသာပြော

    • Shwe Tike Soe

      February 29, 2012 at 1:11 pm

      အဲဒီ နောက်က နံပါတ်တွေ က ထောင်သားနံပါတ်တွေပါဗျာ…… ဟိဟိဟိ 😀

  • ကိုသူရဇော် ကြုံခဲ့ရတဲ့ အဖြစ်ကလည်း မယုံနိုင်စရာပါလားဗျာ။
    နတ်ရော၊ သရဲရော စုပြုံပြီး ဝင်ပူးတာပဲ …
    ကာယကံရှင်ကလည်း ဒီရွာထဲကပဲ ဆိုတော့ ဘယ်သူတုံးဗျ ..
    နာမည်လေး တစ်ဆိတ်လောက်ပါဗျို့ ..
    အင်တာဗျူးချင်လို့ …
    😀

    • thuyazaw21451

      February 28, 2012 at 3:26 pm

      အင်တာဗျူးအတွက် ရက်ချိန်းတောင်းရမယ်တဲ့ဗျ…….. ဟီး…

  • bluerose

    February 28, 2012 at 2:42 pm

    နောက်ဆိုရုံးမှာတယောက်တည်းနေတော့ဘူး
    မီးမီးကြောက်ကြောက်

  • etone

    February 28, 2012 at 2:52 pm

    ဒီလို အဖြစ်တွေလည်းရှိပါတယ် ကိုသူရဇော်ရေ …ကျွန်မတို့ စက်ရုံထဲမှာတောင် ဝင်ပူးပြီး … အမျှတန်းဝေဖို့ … ပြောတာတွေ ကြုံခဲ့ဖူးပါတယ် .. နာမည်နဲ့တကွ … နေရပ်ပါပြောတာနော် .. ခေသူတွေတော့ မဟုတ်ဘူး … ။ ဟိုးတစ်လောက စက်ရုံနဲ့လည်း လေးငါး မှတ်တိုင်ဝေးတဲ့ နေရာမှာ ကားမှောက်လို့အစိမ်း သေခဲ့တဲ့ အုပ ်စု .. အမျှလိုလို့ ဝင်လာတုန်းကလေ …. ။ အဲ့ဒီနားစက်ရုံတွေ ပေါပါလျှက် ဒီစက်ရုံကိုမှ ..လေးငါးမှတ်တိုင်ကွာပြီး ဝင်လာတာတော့ ထူးဆန်းတယ် … ။

    လူကို အန္တရာယ်မပြုလျှင်တော့ … ပြသနာမရှိပါဘူး .. အလှူတန်းဆိုတာကလည်း ကိုု့်ဆန္ဒအရပဲဖြစ်ဖြစ် ၊ သူတပါးတိုက်တွန်းလို့ပဲဖြစ်ဖြစ် လုပ်ကောင်းတဲ့ အပြုမူမျိုးမို့ …. အလှူတန်းလည်း လုပ်သင့်ပါတယ် … ။

    ရွာသူလေးဆိုတော့ … ဆံပင်ရှည်ရှည် မေးစေ့ချွန်ချွန်နဲ့ .. ခပ်ချောချော အစ်မလားမသိဘူး .. ဟိဟိ 😀

  • amatmin

    February 28, 2012 at 2:58 pm

    ကိုသူရဇော်ရေ.
    ဖတ်ပြီး တကယ့်အဆန်းကြီးပါလား လို့ပဲ..
    ဒါနဲ့ ဆက်စပ်တွေးကြည့်လိုက်တော့ ရွာသူထဲကကိုသူရဇော်နဲ့ နဂိုထဲကခင်တာဆိုတော့..
    ဘူလေးလဲဆိုတာ ခန့်မှန်းမိသလိုပဲ 🙂

    • thuyazaw21451

      February 28, 2012 at 3:01 pm

      လွဲတော့လွဲတယ်ဗျ……..ဒါပေမယ့် ကာယကံရှင်က ဘယ်သူဘယ်ဝါထုတ်ဖော်ပြောဖို့ကို ခွင့်မပြုပါဘူးဗျ……….. ကျွန်တော့်ရုံးက ရုံးသူတစ်ယောက်ယောက်ပေါ့ဗျာ……….ဟီး

  • ဆူး

    February 28, 2012 at 3:14 pm

    ဇတ်လမ်းထဲက မဒီ ဆိုတာ ဒီရွာထဲက ရွာသူလေး မယ်ခင်ရ ဖြစ်မှာပေါ့.. အနောက်က ဂဏန်းတွေက ဘာလုပ်တာလဲဟင်..
    ဂဏန်းပေးနေတာလား..

    • thuyazaw21451

      February 28, 2012 at 3:15 pm

      အတိတ်စိမ်းလေ ဟီး

  • water-melon

    February 28, 2012 at 3:33 pm

    အမလေး ကြောက်လိုက်တာ
    အိမ်မှာ တစ်ယောက်ထဲမနေရဲတော့ဘူး
    တော်ကြာ ဖုတ်ကပ်လို့ ခွာမရနေရင် ဒုက္ခ
    စိန်ပေါက်ရေ နင်လည်း ရွာထိပ်မှာ အရက်သွားသွားသောက်မနေနဲ့
    တော်ကြာဖုတ်ဝင်နေအုန်းမယ်
    ကြီးမိုက်နဲ့မအံကိုလဲ သတိပေးအုန်းမှ 😀

    • နွေဦး

      February 29, 2012 at 2:49 pm

      ညည အစာထစားတဲ့ ဖုတ် ကအရက်ဆိုင် မလိုက်ပါဘူး
      အဲဒီဖုတ်က အစာစားတဲ့ဖုတ်
      အိမ်မှာဘဲနေတာ
      စိန်ပေါက်နောက်ကလိုက်ပီး ဝင်မဲ့ ဖုတ်က သောက်…အဲ
      အရက်သောက်တဲ့ ဖုတ်ဘဲဖြစ်မှာ..
      ဟိုနှစ်ယောက်က အဲဒီဖုတ်ကို စောင့်နေတာ..
      အရက်တိုက်မလို့တဲ့….။

  • we R one

    February 28, 2012 at 5:27 pm

    သရဲ တစ္ဆေတွေ က လူထက်တောင် ပိုများနေအုံးမယ်.. နေရာတိုင်းမှာ ရှိတယ်လို့ စာအုပ်တွေထဲမှာ ဖတ်ရတယ်..။ မကောင်းဆိုးဝါး သရဲတွေ ဝင်ပူးခံရတယ် ဆိုတော့ တော်တော် ကံနိမ့်နေလို့ ဖြစ်မယ်နော်..။
    လူဆိုတာ ၃၁ ဘုံမှာ အမြင့်မြတ်ဆုံးမဟုတ်လား.. ။ ရွာသူရွာသားတွေလည်း ဘုရားမှန်မှန် ရှိခိုး ပြီး.. ငါးပါးသီလ လည်း မမေ့ကြနဲ နော်..။ တော်ကြာ ဝင်ပူးခံနေအုံမယ်.. 😀

  • chityimhtoo

    February 28, 2012 at 5:43 pm

    အင်းသူတို့က အုပ်စုလိုက်နေကျတာဗျ…သူတို့မှာလည်း ဂိုဏ်းချုပ်ရှိတယ်။သူတို့ကလူရဲ့စိတ်ကိုသိမ်ငယ်အောင်
    လုပ်ပြီးမှဝင်ကျတာ။

  • kyeemite

    February 29, 2012 at 10:31 am

    ဟဲ့ ဖြဲသီးမ..ငါ့လိုအမြဲမူးနေတဲ့လူကိုဘယ်ဖုတ်မှမကပ်ရဲဘူးဟဲ့..သူတို့အန္တရာယ်သူတို့သိတယ်..ဟီး..

    • နွေဦး

      February 29, 2012 at 2:57 pm

      လာမှာ ..အရက်ကြိုက်တဲ့ဖုတ်က
      သောက်ဖို့ လာတောင်းရင် တောင်းမှာ
      မရလို့ကတော့ ဝင်ပြီးသာမှတ်…

  • Rose Minn

    February 29, 2012 at 12:29 pm

    တို့တော့ဖြင့်လိပ်ပြာမလှပေါင်။ လိပ်ပြာလှသူသာ။ ဒါမျိုး ဝင်ပြောတာ သိလား။ ပြောရင်း ကျက်သီးထတယ် ငှဲငှဲ။ အတွေးထဲရေးရေးပေါ်

  • နွယ်ပင်

    February 29, 2012 at 1:21 pm

    မမြင်နိုင်တဲ့ လောကသားတွေကလည်း အများသားနော်
    ကိုသူရဇော် ရဲ့အတွေ့အကြုံကလည်း အထူးအဆန်းနော်
    နတ်ရော၊ သရဲရောဝင်ပူးတာပဲ …

  • Shwe Tike Soe

    February 29, 2012 at 1:21 pm

    သင်္ဘောသီး ကြိုက်တဲ့မမလား ဟင် ဝင်ပူးခံရတဲ့သူက……… 😀

Leave a Reply