ThuyazawSeptember 3, 20141min64031
ပို့စ်လေး အစပထမမှာ နှုတ်ခွန်းလေးဆက်သရလိုက်ပါရစေ အားလုံးပဲမင်္ဂလာပါလို့ ကျွန်တော် ဒီရွာလေးထဲကို မရောက်တာကြာခဲ့ပါပီ။ အကြောင်းအရင်းကတော့ အနော့ရုံးတော်ကြီးဖြစ်တဲ့ ဟက်ဘလိုင်းကြီး မရှိတော့တဲ့အတွက်ပါ…… ရွာသူရွာသားအားလုံးကိုလဲ လွမ်းတသ နွမ်းလျတဲ့စိတ်တွေနဲ့ မေ့မရနိုင်ဖြစ်နေခဲ့ပါတယ်….. ကျွန်တော်ရွာလေးထဲမှာ ကဲနေစဉ်က သိတဲ့လူများဖြစ်တဲ့ လေးကိုင် ၊ လေးဘလက်၊ လေးကြီးမိုက်၊ လေးပေါက်၊ လေးဖောရိန်း၊ လေးပီချို၊ လေးနိုဇိုမိ၊ လေးစွယ်တော်၊ လေးကျောက်၊ လေးနေဝန်းနီ၊ လေးဘဲဥ၊ လေးကြောင်၊ လေးအမက်၊ လေးဖက်ကပ်၊ လေးရွှေတိုက်၊ လေးအိုဘား၊ လေးအမ်လုလင်၊ လေးရဲစည်၊ လေးအံဇာ၊ လေးပေါက်ဖော်၊ လေးကမ်း၊ လေးအာဂ၊ လေးသုဝေ၊ လေးကေကေအို၊ လေးအင်ဇာဂီ၊ လေးဖရဲ၊ လေးမိုးမင်းသား၊ လေးအလင်းစက် အင်းအဒူတွေကြံသေးပါလိမ့် လေးစံလှ၊ လေးထက်ဝေး၊ လေးနိဂိမိ တော်တော်စုံပီ ဟီး ကျန်သေးရင်ခွင့်လွှတ်တော်မူကုန်…….နှင့် ရွာသူများဖြစ်ကြတဲ့ […]


ThuyazawDecember 20, 20121min65927
ရွာတစ်ရွာမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အိမ်ထောင်ကျကြသတဲ့…… ကောင်လေးက ကောင်မလေးကို ချစ်ခင် ….. ကောင်မလေးက ကောင်လေးကိုချစ်ခင် အပြန်အလှန် မြတ်နိုးယုယမှုတွေနဲ့ပေါ့……. မင်္ဂလာဆောင်မှာ လက်ဖွဲ့တွေတသီတတန်း ပျော်မဆုံး မော်မဆုံး ပြုံးပြုံးကြီးပေါ့……ဒီထဲမှာမှ ထူးခြားစွာ ခွေးမဲမဲလေး တစ်ကောင်ပါလာတယ်……. အဲဒီလက်ဖွဲ့ရတဲ့ ခွေးမဲမဲလေးကို သူတို့နေမယ့် ကောင်မလေးအမေအိမ်မှာ သူတို့နဲ့အတူတူ မွေးမြူထားခဲ့တယ်………ဒီလိုနဲ့ နှစ်ကာလ အတန်တန် ကြာလာတဲ့အခါမတော့ အိမ်ထောင်သည်တို့ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်အမြင်မကြည်လင်မှုတွေဖြစ်လာခဲ့တယ်…… မိန်းမဖြစ်သူ ကောင်မလေးက ယောက်ျားကို အတော်နိုင်သတဲ့…… ကောင်မလေးရဲ့အမေကလဲ ဝင်ပြောပြောလာတော့ ကြာတော့ ကောင်လေးစိတ်ပျက်ပီးတော့ အိမ်ကနေထွက်သွားသတဲ့…ကောင်လေးရဲ့ စိတ်ထဲမှာ ကောင်မလေးနဲ့ သူ့အမေကို သေစေချင်နေခဲ့တယ်….ဒီလိုနဲ့ ကောင်လေး ထွက်သွားပီး နှစ်ရက်လောက်အနေမှာတော့ သူ့သူငယ်ချင်းကနေပီး အပြေးအလွှားကောင်လေးကို သတင်းတစ်ခုလာပေးတယ်……. အဲဒီ သီတင်းကြားတော့ ကောင်လေး ပြုံးရွှင်စွာပဲအိမ်ပြန်လာတယ်……အိမ်ရောက်တော့ သူ့မိန်းမဖြစ်တဲ့ […]


ThuyazawDecember 20, 20121min49218
ကမ္ဘာကြီးအား အလှဆင်နေရာတွင် အရောင်လေးများဖြင့် ဖွဲ့စည်းတည်ဆောက် လှပေစေခဲ့သည်…….. ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင်လည်း အရောင်းလေးများဖြင့် လှပနေခဲ့သည်……. ထိုအရောင်းပေါင်းများစွာထဲမှ လူအများနှစ်သက်ခြင်းကို အထူးခံရသော အရောင်လေးများလဲရှိ၏……..လူအများ နှစ်သက်မှုမရှိသော အရောင်များလဲရှိ၏…..မိမိနှစ်သက်ရာအရောင်သည်သာ လှပသော အရောင်ဖြစ်ပေမည်…… အသင်တို့ကော အဘယ်ကဲ့သို့သော အရောင်ကို နှစ်သက်ပါသနည်း….. အရောင်လေးများတွင် ကိုယ်ပိုင် အဓိပ္ပာယ်ပေါင်းများစွာလဲရှိကြပေသည်…… သင်သည်လည်း မည်ကဲ့သို့ အရောင်လေးဖြစ်ချင်ပါသနည်း…..အဖြူလား…..အနီလား…… အရောင်ဘယ်နှစ်မျိုးခန့်နှစ်သက်ပါသနည်း…… တစ်မျိုးထက်ပိုပါသလား……. ကိုယ်ပိုင်အရောင်လား…….ဒါမှမဟုတ် အရောင်ရောလား…….. အရောင်လေးများဖြင့် လှပနိုင်ကြပါစေ…….


ThuyazawDecember 14, 20121min52923
အော် ဘာလိုလိုနဲ့ ရွာထဲစာဝင်မရေးဖြစ်တာကြာပါပေါ့လား…….. အရင်ချိန်တွေကို မှတ်မိနေပါသေးတယ်……. သူရဇော်က စာကိုမယ်မယ်ရရ ရေးတတ်တဲ့ကောင်မဟုတ်ပါဘူး…… သီချင်းလေးတွေကို စီကာပတ်ကုံးနဲ့ လာပြီး ညာပီး အာဖြီးလို့ရေချိုး အဲလေ သီချင်းနာမည်ဒွေရောကုန်ပါရော့လား……. စာရေးတာပြောပါတယ်……..တချိန်က ဂေဇက်ဆိုတဲ့ရွာလေးဟာ အင်မတန် လှပမှုအပေါင်းနဲ့ပြည့်စုံခဲ့တယ်လေ…..ခုများတော့ ဒလိုမဟုတ်တော့ပါဘူး…… ထော်လာဂျီတဒုန်းဒုန်း….. မီးစက်သံ တဝုန်းဝုန်း သာအေးကစင်္ကာပူ၊ မိအေးက ဗိုက်ကြီးပူလို့ ခုများတော့ တစ်ယောက်မှမရှိတော့…..နားလည်ပေးကြပါ သားစိုးရဲ့စာဥသီချင်းနဲ့ရောသွားတာပါ….. ခုများဆို မန်းဂဇက်ဆိုတဲ့ ရွာကြီးက ပေါက်ပွားလာကြတဲ့ အဖွဲ့အစည်းတွေလဲရှိရဲ့……. ရန်ပွဲတွေလဲရှိရဲ့……. အလှူပွဲတွေလဲရှိရဲ့……..ဆုပေးပွဲတွေလဲရှိရဲ့ အင်မတန်တိုးတက်ပြောင်းလဲလာတာပါ…….သူကြီးကလဲ ပျော်မဆုံး တပြုံးပြုံးနဲ့……. နှစ်လုံးပြူးခါးကြားထိုးပီးဒူးတနှံ့နှံ့နဲ့ ပေါ့……. သူကြီးကို ခဲနဲ့ချောင်းပေါက်သူလဲရှိရဲ့၊ သူကြီးကို မုန့်လာကန်တော့သူလဲရှိရဲ့…..ဓါးနဲ့ထိုးချင်သူလဲရှိရဲ့…….ဒုတ်နဲ့ရိုက်ချင်သူလဲရှိရဲ့……. ဒါပေမယ့် သူကြီးကတော့ မမှုပါဘူး…… ရွာသူရွာသားတွေထဲမှာ စိတ်ဝမ်းကွဲသူတွေရှိရဲ့…….ချစ်ခင်သူတွေလဲရှိရဲ့…..ရှိရဲ့ပေါင်းများစွာထဲမှာတော့ မရှိခဲ့တာ ဘာတွေလဲ…….. ဂေဇက်မှာ လိုနေတာက ဘာဒွေလဲ                             […]


ThuyazawAugust 29, 20121min120478
ဪ ရွာထဲမှာ ဘာလိုလိုနဲ့ ဖက်တီးကပ်တစ်ယောက် ၃၂ နှစ်ပြည့်မြောက်မယ့် မွေးနေ့လေးကို ရောက်ရှိလာခဲ့လေပီ….. ဒီလိုအချိန်အခါသမယမှာ ဖက်တီးကပ်တစ်ယောက် ဘာတွေစဉ်းစားပီး ဘာတွေလုပ်နေမလဲ…… ကျွန်တော်တွေးကြည့်မိတယ်လေဗျာ….. သူ မီးဖိုထဲမှာ ရှိနေမလား….. ဒါမှမဟုတ် သူ့ချစ်သူမိန်းမရဲ့ အနားကွေးနေမလား….. ဟောဟဲ ဟောဟဲ နဲ့ဖြစ်နေလေမလား….. ဒါမှမဟုတ် သူငယ်ချင်းတွေကျွေးလို့ ကုန်ကျမယ့်စရိတ်အတွက် အိမ်ဂရံလေးပဲ ပြေးပေါင်နေပလားပေါ့နော်……….. အတွေးများစွာဖြင့် ချာချာလည်နေမိပါတယ်…….. ဪ ဘာပဲဖြစ်ဖြစ်လေ ကိုဖက်တီးကပ်ရဲ့ ၃၂ နှစ်မြောက်မွေးနေ့လေးမှာဖြင့် ကျန်းမာ၊ ချမ်းသာ၊ ထီပေါက် နိဗ္ဗာန်ရောက်စေခြင်းအလို့ငှာ ကျွန်တော် မောင်သူရဇော်မှ ဂေဇက်ရွာသူ/သားများ အားလုံးကိုယ်စား ဒီပို့စ်လေးနဲ့ HAPPY BIRTHDAY လေးကို ကြိုဆိုလိုက်ပါကြောင်းခင်ဗျာ……….. ယနေ့မှစ၍ နောက်နှစ်ပေါင်းများစွာ အုပ်ထိန်းသူ မဇင်လေးနှင့်အတူ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်စွာ ဘဝခရီးကို […]


ThuyazawJuly 13, 20121min61630
ကျွန်တော်တို့ရဲ့ အလှူအတမ်းလေးတွေကို မန္တလေးအလင်း VOL 2/No.11 13.072012(Friday) ဆိုတဲ့ သတင်းဂျာနယ်တစ်ခုမှာ တွေ့လိုက်လို့ ရွာသူ/ရွာသားအပေါင်း သိစေလိုခြင်းငှာ ဂျာနယ်လေးနဲ့အတူ တွဲလျက် တင်ပေးလိုက်ပါတယ်……..


ThuyazawJuly 10, 20121min35613
သို့နှင့် ညနေချိန်သို့ နီးကပ်လာလေပီ ဖြစ်သဖြင့် ကျွန်ုပ်သည် ရေမိုးချိုးပြင်ဆင်ရတော့သည်…… ခုချိန်ဆို ကာလသားခေါင်း ကိုမက်မင်းမျှော်လှပေါ့ထင့်…….. မျက်လုံးထဲ ဦးကြီးမိုက်ထန်းတောကြီးနှင့် ကြွက်ကြော်၊ ကြောင်သားဟင်းတို့ကို မြင်ယောင်မိနေလေသည်………. ဦးလေးဖြစ်သူအားလဲ ခေါ်ရပေဦးမည်……ညီဖြစ်သူ ဗိုက်ကလေးအားလဲ မချန်……. သို့နှင့် ဦးဘလက်ချောနှင့် သားဖြစ်သူ ဗိုက်ကလေးအပါအဝင် သုံးယောက်သား ဦးကြီးမိုက်ထန်းတောကြီးဆီသို့ ချီတက်ခဲ့လေသည်……. ထန်းတောသို့ ရောက်လေလျှင် အဖွဲ့သား စုံစုံလင်လင် တွေ့မြင်ရလေပီ…… ကိုသူရနောက်ကျသဗျို့….. ဟားဟား ဦးလေးနဲ့ ညီပါခေါ်လာပါလားဟေ့…..ဒီနေ့တော့ လူစုံစုံပဲဗျို့….ဟု ကိုမက်မင်းမှ ဆိုလေသည်…… လာဗျာ….. ဦးကြီးဘလက်ထိုင်၊ ညီလေး ဗိုက်ကလေးလဲထိုင်ကွာ…… ဦးကြီးမိုက်မှ နေရာပေးရင်း ဝါးဆစ်ခွက်လေးများ ချပေးလေ၏……. ကျွန်တော်လဲ ဝိုင်းတွင်းရောက်ရှိနေသော သူငယ်ချင်းများကို ဝေ့ဝိုက်ကြည့်လိုက်ရာ…… ကိုရွှေတိုက်၊ ကိုအာဂ၊ ဖက်တီးကပ်၊ ကိုရဲစည်၊  အီးတီ၊ ရွှေမင်းသား၊ […]


ThuyazawJuly 5, 20121min57523
ကိုမက်အိပ်နေရာမှ ထလာဟန်တူ၏….. သူ၏ ပုလင်းဖင်မျက်မှန်ကို ကပျာကယာကောက်စွပ်လျက် ပွတ်သတ်ပီး ထွက်လာလေသည်……. ဟား…..ကိုသူရ ဘယ်တုန်းကရောက်တုန်းလာဗျာ၊ ထိုင်ဗျထိုင်၊ ကြောင်ဝတုတ်လဲပါသကိုးဗျ……….. ကိုမက်မင်းမှာ ယခင်ပုံစံတိုင်းမပြောင်းလဲ တဲတွင်းတွင် ပုလင်းခွံအများအပြားနေရာယူထားလျက်…… ပုလင်းခွံများမှထွက်လာသည့် ချဉ်သိုးသိုးအနံ့နံ့များမှာလဲ မင်းမူလျက်ရှိလေသည်….. ခဏအကြာတွင် ပဲကြီးလှော်ပျော့ပျော့များကို ယူလာလျက် ကိုမက်မင်းထွက်လာလေသည်……. စားဗျာကိုသူရနဲ့ ကြောင်ဝတုတ်….. ညက ကျွန်တော်မြည်းလို့ကျန်တဲ့ ပဲကြီးလှော်တွေပါ…..အကောင်းတွေပါဗျ…စားပါ…..စေတနာကောင်းစွာဖြင့် သူခင်ဗျာ ဧည့်ဝတ်ပြုရှာလေသည်….သို့တွင် ကျွန်ုပ်သူရ လာရင်းအကြောင်းအား စကားဖောင်ဖွဲ့ပြောဖြစ်လေတော့သည်……ဒလိုဗျ….ကိုမက်ရ…. ကျွန်တော်အကြောင်းလဲ ကိုမက်အသိသားလားဗျ… ကျွန်တော်က ရွာကိုရောက်ရောက်ချင်းနေ့မှာပဲ ပွေလီကာလီလေးတွေလုပ်တတ်သဗျ…. ဒီတော့ကာ ကျွန်တော်ဆိုလိုချင်တာက ညနေဘက် ဦးကြီးမိုက် ထန်းတောထဲမှာ ကာလသားခေါင်း ကိုမက်ဦးဆောင်ပီး ရွာကာလသားတစ်သိုက် ပျော်ချင်တယ်ဗျာ…..အဲဒါလေး ကိုမက် ကူညီနိုင်မယ်ထင်သပေါ့ဗျာ….. အို ကိုသူရရာ ဒါများ အထွေအထူးလုပ်လို့ ညနေဖြစ်ပီသာမှတ်လိုက်ဗျာ…..ကိုကြောင်ဝတုတ်က ရွာအရှေ့ပိုင်းက ကာလသားတွေကိုသတင်းပို့ဗျာ…… […]


ThuyazawJuly 5, 20121min55639
တစ်နေ့သ၌ ကျွန်ုပ်မောင်သူရတစ်ယောက် တောရွာလေးတစ်ရွာသို့ အလည်တစ်ခေါက် သွားရောက်မိရာမှ အစပြု၍ ဤဇာတ်လမ်းလေးဖြစ်တည်လာရပေတော့သည်…….. ရွာဝင်လမ်းတစ်လျှောက်တွေ့သမျှ ရွာသူအချောအလှများကိုလဲ မလွတ်စတမ်းလိုက်ကြည့်မိချေသည်တမုံ…….. လှည်းဝင်ရိုးသံ တကျွီကျွီနှင့် နွားခလောက်များမှ တချွင်ချွင်မြည်သံများမှာလဲ ရွာ၏အလှကို တစ်ဖက်တစ်လမ်းမှ အားဖြည့် ပေးနေလေသည်……ထိုရွာမှ ရွာသူူရွာသားများမှာလဲ လွန်စွာမှ ဖော်ရွှေလှသည်ထင့်…….. သို့နှင့် တောင်ငေးမြောက်ငေးနှင့် ရွာဝင်လမ်းလေးတိုင်းလျှောက်လာရင်း ကျွန်ုပ်၏ ဦးကြီးတော်စပ်သူ ဦးဘလက်ချောနေအိမ်သို့ရောက်ရှိခဲ့လေပီ……. ကျွန်ုပ်ကိုမြင်သည်နှင့်  ဦးကြီးဘလက်မှ ဝမ်းသာအားရဖြင့် ဟေးမောင်သူရကြီးလာတယ်ဟေ့…….. မင်းကွာ ဆိုင်းမဆင့် ဗုံမဆင့်…..လာကွာဟုဆိုကာ တဲရှေ့မှ ကွပ်ပျစ်ကြီးပေါ်သို့ခေါ်ဆောင်သွားကာ ခရီးဦးကြိုပြုလေ၏…….. ဦးကြီး၏ ဇနီးမှာလဲ အလိုက်သိတတ်စွာ ထန်းလျက်ခဲ၊ ဆက်သားခြောက်နှင့် ရေနွေးကြမ်းများယူဆောင်လာလေသည်……… မောင်သူရ စားနော်……ဆက်သားခြောက်လေးက သူ့သားတော်မောင် ဗိုက်ကလေး မနေ့က တောတွင်းဝင်ထားလို့ စားရတာ…… ဦးကြီးဘလက်မှ …… မောင်ရင်တို့ မြို့လို အတုအပမဟုတ်တဲ့အတွက် […]


ThuyazawMay 15, 20121min57136
ယခုတစ်ခေါက် တင်ပြချင်တာလေးကတော့ နှိမ့်ချစွာကျင့်ကြံပါဆိုတာလေးပါ……. မပျင်းမရိဖတ်ပေးမယ်ဆိုလျှင်ဖြင့် ဗဟုသတုလေးများ တိုးပွားလေမလားဆိုပီး ရိုးသားစွာ ရေးချချင်တာလေးကတော့ ဒီလိုလေးပါ……. မိမိကိုယ်ကို နှိမ့်ချပါ…..ထောင်လွှားမှုမလုပ်ပါနဲ့….မိမိကိုယ်ကို ယုံကြည်တယ်ဆိုတဲ့နေရာမှာလဲ မာန်မာနထောင်လွှားပြီး ယုံကြည်မှုရှိတာထက် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ယုံကြည်တာက ပိုပြီးအဆင်ပြေပါတယ်….. နှိမ့်ချမှုမပါဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ အဓမ္မဆန်တယ်…… အတ္တများတယ်….. နိုင်လိုမင်းထက်လုပ်ရာကျလွန်းပါတယ်….. နှိမ့်ချခြင်းဟာ မြင့်မြတ်မှုအပေါင်းရဲ့ အခြေခံအုတ်မြစ်လေးပါပဲ…. အလားတူ နှိမ့်ချခြင်းဟာလဲ ကြီးကျယ်မှုအပေါင်းရဲ့ လက္ခဏာလဲ ဖြစ်ပါတယ်လို့ လူမှုပညာရှင်ကြီးတွေကဆိုထားပါတယ်….. ကောက်နှံတွေဟာ အထဲမှာ အဆံတွေပြည့်နေရင် ညွှတ်ပြီးတော့ ပျော့ပြောင်းနူးညံ့တဲ့သဘောကို ဆောင်နေတယ်…. မြန်မာစကားပုံလဲရှိပါတယ်…. ပြည့်တဲ့အိုးဟာ ဘောင်ဘင်မခတ်ဘူး တဲ့။ နှိမ့်ချတယ်ဆိုတာ ကျိုးနွံသိမ်မွေ့ပြီး မာနမထားဘဲ နေထိုင်တာကို ပြောတာပါ….. ကိုယ့်ကိုယ်ကို သေးသိမ်စေအာင် ပြောဆိုလုပ်ကိုင်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး….. ဖြူစင်ရိုးသားတဲ့ နှိမ့်ချမှုဟာ ဆွဲဆောင်မှုရှိပြီး […]


ThuyazawMay 11, 20121min73454
ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ လွဲနေတဲ့အလွဲလေးတွေ မြင်တွေ့တတ်ကြရတာ ဓမ္မတာတစ်ခုပါ…….. အခု ကျွန်တော်ပြောချင်တဲ့ အလွဲလေးတွေကလဲ လူ့ပတ်ဝန်းကျင်မှာ လွဲလေ့လွဲထ ရှိတဲ့အကြောင်းအရာလေးတွေကို ကောက်နှုတ်တင်ပြတာပါ……. လွဲမှားတဲ့ ဟာသပြုလုပ်ချက် ။       ။ အဲဒါက သူတစ်ပါးကို နှိမ့်ချပျက်ရယ်ပြုပြီး စိတ်ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းပါ……. အဲဒီလို နှိမ့်ချပျက်ရယ်ပြုလုပ်ခြင်းက အင်မတန် နိမ့်ကျတယ်လို့ဆိုချင်ပါတယ်….. လူတစ်ယောက် ကိုယ့်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ရင် မတော်တဆမို့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပေမယ့် စော်ကားခံရတာမျိုးဆိုရင်တော့ သိပ်မကောင်းဘူးပေါ့…… လူတစ်ယောက် မျက်နှာတွေ နီးမြန်းသွားရလောက်အောင် ဖြစ်သွားတာမျိုးတွေ၊ လူတစ်ယောက်ရဲ့ အားနည်းချက်ကို လှောင်ပြောင်ရယ်မောလိုက်တာမျိုးတွေ၊ ကလေးတစ်ယောက်က ဝမ်းနည်းပက်လက်နဲ့ ရှိုက်ကြီးတငင်ငိုချလိုက်အောင် ရယ်စရာ လုပ်လိုက်တာမျိုးတွေဟာ အဆင့်အတန်းမရှိတဲ့ ဟာသတွေဖြစ်ပါတယ်….. ပုတဲ့လူက ပုတဲ့အားနည်းချက်ကို ပုမှန်းသိပေမယ့် ပုတယ်ပြောရင် မခံချင်ဘူး…… အဲဒီထဲက ပုတဲ့အားနက်ချက်ကို ပိုပြီးလှောင်ပြောင်တာမျိုးဆို […]


ThuyazawApril 6, 20121min39844
(နှစ်သစ်ကူးလို့ ကိုကမ်းကိုရှာဖွေ……. ဘယ်ရပ်ဌာနေ ဘယ်မှာများ မူးနေလိမ့် ရွှေတိုက်နဲ့ကိုပေ…… မအိတုံရေ မအိတုံရေ  နွယ်ပင်တို့ အရမ်းကဲလို့သာနေ……..) Next (အမတ်မင်း ဖင်ကုန်းမူးနေတယ်……. အာဂ ခွက်ပုန်းမူးပြန်တယ်….. အားလုံးနဲ့မတူဘဲ ကျုပ်က သူရဇော်ပဲ…….. ဖင်လေးတမမနဲ့ အီးပါချင်လို့မဟုတ်ဘူးကွယ် ယဉ်စစနဲ့ မြင်လိုက်ရတာ မဆူးဟာလေ အလွန်ဝတယ်…….. Ma Rose နဲ့ မခိုင်ရယ် အိမ်သာမှာ စီတန်း အီးပါတယ်…….. ရိုးရိုးသားသားနဲ့ ဖက်ကပ်နဲ့ ဦးပေ ထိုင်ချောင်းတယ်…….. မြနန္ဒာ နေညိုညိုရစ်ကာသန်းတော့ ရွှေမန်းတောင်ရိပ် အန်တီနိုဗွီရယ်…..အင်ဇာဂီရယ်……မျှော်ချင်းလေးသာပါဘိနှယ် နှစ်ကူးချိန်မယ် ထိုင်မူးနေပြန်တယ်………) Next (တာသဘင်ဒီပွဲ မြူးမြူးကြွကြွ စည်တိုသံညံမစဲ နှစ်ကူးတန်ခူးလ လောကကြီးမှာ ပျော်တယ်ဗျ ဖရဲသီးနှမဟာ ကျွန်တော်နဲ့ရ  မိုးကောင်ကင်မှာ နေနဲ့လ တာရေသဘင်မှာ သူကြီးက တွဲပြီး […]


ThuyazawMarch 20, 20121min67331
၁ း  နွယ်ပင် မင်းသမီးလေးကို…… လိုချင် တပ်မက်မောသူ ….. သူရ မင်းသားလေးနဲ့ ယှဉ်ပြိုင် မိတိုက်စိုးဟာ…… မေဇော်ဟန်ကို ခိုးပြေးသွားတဲ့ အသည်းတစ်ခြမ်းနဲ့လူသား…… စာနာပါတယ် မမဆူးရဲ့ နှလုံးသားဝိဉာာဉ်အား အချစ်ရှုံးသမား ဖက်ကပ်ဂီရိ အချစ်ရှုံးသမား ဖက်ကပ်ဂီရိ Rap: ကျွန်မ ဖင်စိပ်တာ အဒူတဲ့လဲ ကျွန်မဖင်စိပ်တာ အဒူတဲ့လဲ Rose ပဲ Rose ပဲ Rose ပဲ ဒဿဖက်တီး အချစ်ရှုံးသမား အသဲကွဲတယ်လို့ အခိုင်ကပြောတယ်…….. ဒဿဖက်တီး အချစ်ရှုံးသမား အသဲကွဲဘူးတာ ဘာဆန်းလို့လဲ……….. ဘယ်သူကပြောလဲ…..ပြောလဲ ပြောလဲ….. အခိုင်ကပြောတယ်….. ဘာဒဲ့……. အို…. ဘာဒဲ့……… ကမ်းဝေး….. ကမ်းဝေး……. CHO : (နာဇီပါတီ ခိုးစားသွားတဲ့ အရူးမ မုန့်ကိုများ………… […]