Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အများရယ်ဖို့ ကိုယ်ငိုမယ်…… သူများငိုမှ ကိုယ်ပျော်မယ်…..

ThuyazawMay 11, 20121min98154

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ လွဲနေတဲ့အလွဲလေးတွေ မြင်တွေ့တတ်ကြရတာ ဓမ္မတာတစ်ခုပါ…….. အခု ကျွန်တော်ပြောချင်တဲ့ အလွဲလေးတွေကလဲ လူ့ပတ်ဝန်းကျင်မှာ လွဲလေ့လွဲထ ရှိတဲ့အကြောင်းအရာလေးတွေကို ကောက်နှုတ်တင်ပြတာပါ…….

လွဲမှားတဲ့ ဟာသပြုလုပ်ချက် ။       ။ အဲဒါက သူတစ်ပါးကို နှိမ့်ချပျက်ရယ်ပြုပြီး စိတ်ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းပါ……. အဲဒီလို နှိမ့်ချပျက်ရယ်ပြုလုပ်ခြင်းက အင်မတန် နိမ့်ကျတယ်လို့ဆိုချင်ပါတယ်….. လူတစ်ယောက် ကိုယ့်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ရင် မတော်တဆမို့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပေမယ့် စော်ကားခံရတာမျိုးဆိုရင်တော့ သိပ်မကောင်းဘူးပေါ့…… လူတစ်ယောက် မျက်နှာတွေ နီးမြန်းသွားရလောက်အောင် ဖြစ်သွားတာမျိုးတွေ၊ လူတစ်ယောက်ရဲ့ အားနည်းချက်ကို လှောင်ပြောင်ရယ်မောလိုက်တာမျိုးတွေ၊ ကလေးတစ်ယောက်က ဝမ်းနည်းပက်လက်နဲ့ ရှိုက်ကြီးတငင်ငိုချလိုက်အောင် ရယ်စရာ လုပ်လိုက်တာမျိုးတွေဟာ အဆင့်အတန်းမရှိတဲ့ ဟာသတွေဖြစ်ပါတယ်….. ပုတဲ့လူက ပုတဲ့အားနည်းချက်ကို ပုမှန်းသိပေမယ့် ပုတယ်ပြောရင် မခံချင်ဘူး…… အဲဒီထဲက ပုတဲ့အားနက်ချက်ကို ပိုပြီးလှောင်ပြောင်တာမျိုးဆို ပိုပီးမခံချင်ဘူး…..ကလေးတစ်ယောက်ကို  မင်းအမေကို အရူးကြီးဖမ်းသွားပီ ဆိုပြီး စလိုက် နောက်လိုက်တဲ့အတွက် ကလေးက ကြောက်စိတ်၊ အားငယ်စိတ်တွေရောပြီး မခံချင်လို့ အော်ငိုချလိုက်တာက ကိုယ့်အတွက် ရယ်မောပျော်ရွှင်စရာတွေ မဖြစ်သင့်ဘူး……. ဆိုလိုချင်တာက သူတစ်ပါး အရှက်ရသွားအောင်၊ မခံချင်အောင် ရယ်စရာလုပ်လိုက်တာမျိုးတွေဟာ လူမှုဆက်ဆံရေးအရ မလုပ်ကောင်းတဲ့ဟာသမျျိုးတွေသာ ဖြစ်ပါတယ်……..

ဟာသလုပ်တယ်ဆိုတာ လူမှုဆက်ဆံရေးအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှု ရလာနိုင်တဲ့ကောင်းသောတန်ဖိုးတွေရှိပါတယ်…… ထို့အတူ ဟာသလုပ်တာက သူများကို နှိမ့်ချလှောင်ပြောင်ပြီး အရှက်ရစေအောင်လုပ်တာမျိုးဆိုရင် အန္တရာယ်ရှိတယ်/ခိုက်ရန်ဖြစ်ပွားတတ်တယ်/ရှက်ရမ်း ရမ်းတတ်တယ်/မိတ်ပျက်သွားနိုင်တယ်…….. ဆိုလိုရင်းက ဟာသလုပ်မယ်ဆိုရင် အများလက်ခံနိုင်တဲ့….ခံနိုင်ရည်ရှိလောက်မဲ့ ဟာသမျိုုးလား၊ နှိမ့်ချလှောင်ပြောင်တဲ့ဟာသမျိုးလားဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်….. ဒါကြောင့် လူမှုဆက်ဆံရေးလောကမှာ အများက ကိုယ့်ကိုလက်ခံတဲ့၊ လေးစားအသိအမှတ်ပြုတဲ့ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ဆိုရင် အများရယ်ဖို့ ကိုယ်ငိုမယ် ဆိုတာလို မဖြစ်နိုင်ရင်တောင် သူများငိုဖို့ ကိုယ်ရယ်မယ် ဒါမှမဟုတ် သူများငိုမှ ကိုယ်ရယ်မယ်၊ ဒါမှမဟုတ် သူများငိုမှ ကိုယ်ပျော်မယ်ဆိုတဲ့ လုပ်ရပ်မျိုးတွေကို ရှောင်ရှားကြပါလို့ အကြံပြုရင်း………..

ဆရာ သန်းမြင့်ရဲ့ အတွေးတချို့မှ တိုက်ဆိုင်တဲ့အချက်အချို့ကို ကောက်နှုတ်တင်ပြအပ်ပါသည်ခင်ဗျား……………….

 

54 comments

  • Ch@vez

    May 11, 2012 at 9:51 am

    မူရင်းစာမူမှာကို ပုတဲ့လူအကြောင်း ပါတာလား ဟင်င်င်င်င်င်…

    😀

    • သူရဇော်

      May 11, 2012 at 2:54 pm

      ပုတဲ့လူအကြောင်းဆိုတာက ဥပမာတစ်ခုအဖြစ်ပါ Ch@vez ခင်ဗျား……..

      • manawphyulay

        May 12, 2012 at 3:51 pm

        ပုတဲ့သူကို ဟာသအဖြစ်ပြောမယ်ဆိုရင်တော့…. အများငိုမှ ရယ်နိုင်မယ်ထင်တယ်ပေါ့နော်… 😛

  • Rose Minn

    May 11, 2012 at 9:58 am

    သူရရေ အဲဒီအကြောင်းနဲ့ပါတ်သတ်လို့ ဟတ်ထိနေတာ ကြာပြီပေါ့။ ဆရာ့ သန်းမြင့် ကို လေးလဲလေးစားတယ်။ သူက တကယ်လုပ်ခဲ့ တဲ့ သူ့ရဲ့ ကိုယ်တွေ့တွေကို ရေးတာများတယ်။ သူရေးထားတဲ့ အချက်တွေကို သူကိုယ်တိုင်လဲ လိုက်နာတယ်။ အများကြီးမန့်တော့မန့်ချင်တယ်။ အတိုချုပ်ပဲမန့်တော့မယ်။ ခေါင်းဆောင်ကောင်းဖြစ်ချင်ရင်၊ လုပ်ငန်းမှာ အောင်မြင်ချင်ရင် အဲဒီစာအုပ်ထဲက အချက် (25)ချက်ကိုလိုက်နာလျှင် ပိုကောင်းတယ်လို့ပဲ ပြောပါရစေ။

    • သူရဇော်

      May 11, 2012 at 2:56 pm

      ဆရာသန်းမြင့်ရဲ့ စာသားလေးတွေက ထိထိမိမိ ပိုင်ပိုင်နိုင်နိုင်ရှိလှပါတယ်ဗျ…. ဒါကြောင့်လဲ ကျွန်တော် ကောက်နှုတ်တင်ပြဖြစ်တာပါ…. တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပဲ ပြန်လည်မျှဝေခြင်း သက်သက်ပါဗျာ……..

  • ခုနောက်ပိုင်း လူရွှင်တော်တွေ ရဲ ့အသုံးအနှုန်းတွေ ရိုင်းပျလွန်းနေတဲ့။
    ငယ်ပါတွေ ကိုတိုင်းသုံးနေတာတို ့၊မပြုအပ်သော ဟာသများတွေ ့နေရ
    တာ စိတ်မကောင်းစရာပါ။

    • သူရဇော်

      May 11, 2012 at 2:58 pm

      အတိသဉ္ဖာ နာဂရချစ်သူ ရေ အောက်ပိုင်းကမတက်တဲ့ ပျက်လုံးတွေကတော့ တကယ့်ကို မသတီစရာကောင်းလှပါတယ်….. ဟိုးရှေးရှေးက လူရွှင်တော်ကြီးတွေကို အားနာမိပါရဲ့ဗျာ…….

  • nozomi

    May 11, 2012 at 10:21 am

    တကယ်ကောင်းတဲ့ ပို့စ် လေးပါ အားပေးသွားပါတယ်
    ကိုယ့် စိတ်ကျေနပ်မှုအတွက် သူတစ်ပါ စိတ်ထိခိုက်ရတာတွေကတော့ မဖြစ်သင့်တဲ့ကိစ္စတွေပါပဲ

    • သူရဇော်

      May 11, 2012 at 2:59 pm

      ကို နိုဇိုမိရေ အားပေးသွားတဲ့အတွက် ကျေးကျေးအကြီးကြီးတင်ပါတယ်……
      ကိုယ့်စိတ်ကျေနပ်မှုအတွက် သူတစ်ပါးစိတ်ထိခိုက်တယ်ဆိုတာ လုံးဝမကောင်းတဲ့ကိစ္စ တစ်ခုအဖြစ် မြင်မိပါတယ်ခင်ဗျာ……….

  • ဦးဦးပါလေရာ

    May 11, 2012 at 10:31 am

    လူတယောက်ရဲ့ အားနည်းချက် ဆိုရာမှာတောင်..
    တကယ် အားနည်းတာဖြစ်တဲ့ အားနည်းချက် အစစ် နဲ့
    တကယ်အားနည်းတာတော့မဟုတ်ပေမယ့် လူအများစုနဲ့မတူလို့ အဲဒီမတူညီချက်ကပဲ အားနည်း(သယောင်ဖြစ်)စေတဲ့ အားနည်းချက်အတု ဆိုပြီးခွဲနိုင်ပါတယ်။

    အားနည်းချက်အစစ်ဖြစ်တဲ့-
    ခြေလက်မသန်တာ၊ မျက်စိစွေစောင်းတာ၊ မျက်စိမမြင်တာ၊ စကားထစ်တာ၊ အကြောဆွဲတာ၊ ယောင်တတ်တာ စတဲ့ အားနည်းချက်မျိုးတွေကို
    ကာယကံရှင်က လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ လုံးဝ မနောက်ပြောင်သင့်ပါဘူး။
    ဟာသ မလုပ်သင့်ပါဘူး။
    မလှောင်ပြောင်သင့်ဘူး ဆိုတဲ့စကားကိုတော့ ထည့်ကိုပြောစရာမလိုပါဘူး…။

    တကယ်အားနည်းတာတော့မဟုတ်ပေမယ့် လူအများစုနဲ့မတူလို့ အဲဒီမတူညီချက်ကပဲ အားနည်း(သယောင်ဖြစ်)စေတဲ့ အားနည်းချက်အတုတွေဆိုတာကတော့ ဥပမာ-
    ဆင်းရဲတာ၊ အရပ်ပုတာ ၊ စကားမပီတာ၊ အများနဲ့ အသား/ဆံပင်/မျက်လုံး အရောင်ကွာခြားတာ၊ အများနဲ့ လူမျိုးမတူတာ၊ ဘာသာမတူတာ၊ ပညာအဆင့်ကွာခြားတာ ၊ ရုပ်ရည်မလှတာ စတာမျိုးတွေပေါ့….။

    တကယ်တော့ အဲဒါမျိုးတွေက တကယ့်အားနည်းချက်အစစ်မဟုတ်လို့ ရင့်ကျက်လာသည်နှင့်အမျှ သူများဘာပြောပြော အရေးလုပ်စရာတော့ မဟုတ်ပါဘူး။
    သို့သော် လူ့သဘာဝကိုက ကိုယ့်ကို ရီစရာလုပ်တာများရင်တော့ မကြိုက်တာအမှန်ပဲ..။
    သူများမကြိုက်လောက်တာ လုပ်လေ့မရှိရင် ပိုကောင်းတာပေါ့ နော…..။

    • သူရဇော်

      May 11, 2012 at 3:02 pm

      ဦးဦးပါလေရာရဲ့ စာသားလေးတွေဟာ ကျွန်တော့်ပို့စ်အတွက် လိုအပ်တဲ့ စကားလုံးလေးတွေ အားဖြည့်ပေးသလိုဖြစ်တဲ့အတွက် ဦးဦးပါလေရာကို အထူးကျေးဇူးတင်ပါတယ်ဗျာ…….

  • snow white

    May 11, 2012 at 10:46 am

    ဟုတ်ပါတယ် သူများငိုမှကိုယ်ပျော်မယ် ဆိုတာ ကမဖြစ်သင့်ပါဘူး ကောင်းပါတယ် ဒီလိုပို့စ်လေးတင်ပေးတာ ကောင်းပါတယ် အခြားတဖက်သား စိတ်ဆင်းရဲမှကိုယ်ဘဝတိုးတက်မယ် ပျော်ရွှင် ရမယ်ဆိုရင် ဒီပျော်ရွှင်မှူတွေက မတည်မြဲပါဘူး ကိုလည်း ဝဋ်လည် မယ်မကြာမီပေါ့လေ

    • သူရဇော်

      May 11, 2012 at 3:06 pm

      oဋ်ဆိုတာထက် ယခုလက်ရှိဘဝ လူမှုဆက်ဆံရေးမှာပါ အနှောင့်အယှက်ဖြစ်နိုင်တာမို့ ရှောင်ကျဉ်သင့်ပါကြောင်း……ခင်ဗျား

  • Shwe Tike Soe

    May 11, 2012 at 10:51 am

    အော်သူရရယ် ကောင်းလိုက်တဲ့ပို.စ်…. အေးလေ အသားမဲတာတို. ……… သူရလိုပေါ့
    ဝ တာတို. ……. ကိုဖက်ကပ်လိုပေါ့
    ပု တာတို…….. အချောအလှလေး မင်းမော်တိုက် လိုပေါ့.. ခိခိ..
    စတာချင်းတူပေမယ့် ခင်မင်မှုကြောင့် စတာ နဲ. သူတပါးကို ချိုးချိုးနှိမ်နှိမ်စတာ လေသံကအစ မတူဘူးဗျ….
    အကောင်းဆုံးကတော့ စာရေးသူပြောသလို ပဲ ဆင်ခြင်တာကောင်းတာပေါ့ဗျာ….
    ပြောမနာဆိုမနာတွေက တော့ ဘယ်လောက်ပြောပြော မနာဘူး.. တားတားကိုသာကြည့်ကြပါတော့… ပုလို ချစ်စနိုးနဲ. တိုက်ပု လို.ခေါ်တာကို ဂုဏ်ယူနေတော့တာပါပဲ… (အရေထူနေတာပြောပါတယ်) ဟဲဟဲဟဲ

    • သူရဇော်

      May 11, 2012 at 3:23 pm

      အော်သူရရယ် ကောင်းလိုက်တဲ့ပို.စ်…. အေးလေ အသားမဲတာတို. ……… သူရလိုပေါ့
      ဝ တာတို. ……. ကိုဖက်ကပ်လိုပေါ့
      ပု တာတို…….. အချောအလှလေး မင်းမော်တိုက် လိုပေါ့.. ခိခိ..
      စတာချင်းတူပေမယ့် ခင်မင်မှုကြောင့် စတာ နဲ. သူတပါးကို ချိုးချိုးနှိမ်နှိမ်စတာ လေသံကအစ မတူဘူးဗျ…. အဲဒီကောက်နှုတ်ချက်လေးအတိုင်ပါပဲ ကိုတိုက်ရေ လူဆိုတာ စကားကို ဘယ်လို ဘယ်လေသံပြောတယ်ဆိုတာ အားလုံးက ကွဲကွဲလွဲလွဲသိကြပါတယ်အေ

  • snow white

    May 11, 2012 at 10:54 am

    ဟုတ်ပါတယ် သူများငိုမှကိုယ်ပျော်မယ် ဆိုတာ ကမဖြစ်သင့်ပါဘူး ကောင်းပါတယ် ဒီလိုပို့စ်လေးတင်ပေးတာ ကောင်းပါတယ် အခြားတဖက်သား စိတ်ဆင်းရဲမှကိုယ်ဘဝတိုးတက်မယ် ပျော်ရွှင် ရမယ်ဆိုရင် ဒီပျော်ရွှင်မှူတွေက မတည်မြဲပါဘူး ကိုလည်း ဝဋ်လည် မယ်မကြာမီပေါ့လေ။

  • snow white

    May 11, 2012 at 10:56 am

    ဟုတ်ပါတယ် သူများငိုမှကိုယ်ပျော်မယ် ဆိုတာ ကမဖြစ်သင့်ပါဘူး ကောင်းပါတယ် ဒီလိုပို့စ်လေးတင်ပေးတာ ကောင်းပါတယ် အခြားတဖက်သား စိတ်ဆင်းရဲမှကိုယ်ဘဝတိုးတက်မယ် ပျော်ရွှင် ရမယ်ဆိုရင် ဒီပျော်ရွှင်မှူတွေက မတည်မြဲပါဘူး ကိုလည်း ဝဋ်လည် မယ်မကြာမီပေါ့နော်

  • ဗိုက်ကလေး

    May 11, 2012 at 10:56 am

    ကျေးဇူးပြု၍ ကျနုပ်အား ဟိုမင်းသားနဲ ့တူတယ်လို ့ နောက်ပြောင်ကျီစယ်ခြင်းသမှု အလျင်းမပြုကြပါနှင်တော့ခင်ဗျား

    • ဗိုက်ကလေး

      May 11, 2012 at 2:13 pm

      ဟုတ်ကဲ့ပါ ကိုလီဒေါင်ချူး

      • သူရဇော်

        May 11, 2012 at 3:24 pm

        တော့ ကပေါက်ဖော် တစ်ယောက်ထဲ ပြောပီး တစ်ယောက်ထဲ အဆင်ပြေနေပါလားကွယ်ရို့……… လီဒေါင်ချူးဆိုတဲ့ အရူး ရွာထဲရောက်နေတယ်တော့ ကြားမိသားလားဗျ……ခွိခွိ

  • ဆူး

    May 11, 2012 at 11:28 am

    တူရ ဘယ်သူတွေ ဘိုလို ကစ် သွားလို့လဲ.. အတည်းနာ ချာတွေ ဖြစ်နေလို့ ပိုစ်တင်လိုက်တာလား..
    ခံစားချက်တွေ ပြင်းထန်ပြီး ဂလိုင်သံ ထွက်နေပြီလား ဟယ်။

    • ရွာစားကျော်

      May 11, 2012 at 11:44 am

      အဟင့်
      အနော့်မှာတော့ အိုးမလုံ အုံပွင့် ဖြစ်နေဘီ 🙄
      တားတားကို ကျောတာလားဟင် အူးတူရ..
      🙁 ဟင့် ဟင့် စိတ်ထိခယက် နေရဘီ..

      • သူရဇော်

        May 11, 2012 at 3:29 pm

        အူး ရွာဇားကြော်ရေ အိုးမလုံ အုံမပွင့်ပါနဲ့ဗျ တားတားက တဘောရိုးနဲ့ ဖတ်စေချင်တဲ့ဆန္ဒအရိုးခံလေး သက်သက်နဲ့ တင်ပြခြင်းဖြစ်ပါတယ်ခင်ည….
        စိတ်ထိခယက်နေရင် ရက်လေဘယ်လေနဲ့ ဖြေသိမ့်ပါမယ်ခင်ည…..

    • သူရဇော်

      May 11, 2012 at 3:26 pm

      မဆူးရေ ဘယ်တူမှ ဘိုလိုမှ ကစ်ပါဘူးဗျာ…… လူ့လောကမှာ ကြုံတွေ့တက်တာလေးတွေ ကောက်သင်းနှုတ်တဲ့သဘောပါခင်ည….ဆက်ရန်ရှိပါသေးသည်…… ဂလိုင်သံတော့ မထွက်သေးပါ………….

  • windtalker

    May 11, 2012 at 12:29 pm

    ကိုသူရဇော်ခင်ဗျ
    ကျွန်တော်တို ့ငယ်ငယ်တုန်းက စိန်ပြေးလိုက်တန်း တို ့တူတူပုန်းတန်း တို ့ကစားတုန်းက
    သူများ မပါ မှ ကိုယ်ပျော်သလို ရှိခဲ့ဖူးတယ်ဗျ
    အဲဒီ သူများမပါမှ ကိုယ်ပျော်မယ် ဆိုရင်လဲ မကောင်းဘူးပေါ့နော်
    ဟုတ်သလားဗျ ကိုသူရဇော်
    လေးစားစွာဖြင့်
    ဝါတော်ကင်း

    • သူရဇော်

      May 11, 2012 at 3:27 pm

      ကိုဝါတော်ကင်းပြောသလို ကလေးတို့သဘာဝ ဆော့ကစားတဲ့အခါ ဘယ်သူမပါရဘူး ပါရမယ်ဆိုတာမျိုး ရှိခဲ့တာအမှန်ပါဗျ….. အခုအသက်ရွယ်မှတော့ဖြင့် ဒါမျိုးလေးတွေ မရှိရင် ပိုကောင်းတာပေါ့ဗျာ………. ကလေးတွေမှ မဟုတ်တော့တာပဲနော်……. နော် နော် နော်

  • Khaing Khaing

    May 11, 2012 at 1:09 pm

    သူများငိုမှ ကိုယ်ပျော်မယ်ဆိုတာ ငယ်ငယ်က ကစားခဲ့တုန်းကတင်မဟုတ်ပါဘူး အခုအချိန်မှာလည်း လုပ်ငန်းခွင်တွေ လူကြီးဘဝတွေမှာ ပတ်ဝန်းကျင်အစုံစုံမှာလည်းရှိပါတယ် သူအလုပ်ကထွက်ရင် ငါပျော်တယ် ….. သူသာ ဒီခရီးမှာမပါရင် ငါပျော်တယ်ဆိုတာလေးတွေတောင်ရှိသေးတယ် …. သူ့နေရာကနေဖယ်ပေးရင် ငါပျော်တယ် … လူ့ပတ်ဝန်းကျင်မှာ ဒါတွေကဖြစ်နေကျပါ …… သူများစိတ်ထိခိုက် နာကျင်အောင် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်လုပ်နေကျသူတွေရှိပါတယ် …….. ခွေးတောင်ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်ကြပါတယ် ကိုယ့်ကိုသူများကစပြီးနောက်ပြီး ကိုယ့်ကိုထိခိုက်ရင်တော့ လူဆိုတာ ခွေးထက်သာတဲ့အတွက် ပြန်ပြီးတိုက်ခိုက်ဖို့ဝန်လေးမှာမဟုတ်ပါဘူး ……… ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာလည်း ကိုယ့်စိတ်ကမှတ်ယူလို့မရပါဘူး အများက ဒီလူဟာခေါင်းဆောင်ကောင်းဖြစ်သင့်တယ်ဆိုတာလေးကို ထောက်ခံမှ ခေါင်းဆောင်ကောင်းဖြစ်မှာပါ … ခေါင်းဆောင်ဆိုတာ တော်ရုံမဖြစ်စလောက်ဟာကို ရိုးမဲဖွဲ့အပြစ်မြင်နေရင် ဘယ်တော့မှခေါင်းဆောင်ကောင်းဖြစ်မှာမဟုတ်ပါဘူး ….. ဒါကြောင့်ကျွန်မဟာခေါင်းဆောင်ကောင်းလည်းမဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်ချင်ခဲ့ပါဘူး ဘာလို့လဲဆိုတော့ ကျွန်မစိတ်ဟာ ပြည့်ဝမှုမရှိလို့ပါ ……….

    • windtalker

      May 11, 2012 at 1:15 pm

      ဒီလိုဆို မခိုင် ရင်ထဲမှာ အေသင်ချိုဆွေ ဖြစ်နေတဲ့ ခေါင်းဆောင်တစ်ယောက်တော့ ရှိနေပြီ ထင်ပါရဲ ့။

      • Khaing Khaing

        May 11, 2012 at 1:26 pm

        ကိုပေရေ အေသင်ချိုဆွေဖြစ်နေတဲ့ခေါင်းဆောင်ဆိုရင်မှားပါတယ် …. ညီမသာ အေသင်ချိုဆွေ ဖြစ်တဲ့လူဆို ခေါင်းဆောင်လို့ညီမစိတ်ထဲမသတ်မှတ်ပါဘူး ……… ညီမက အဲဒီလူကို ခေါင်းဆောင်ကောင်းလို့သတ်မှတ်ရင်လည်း အေသင်ချိုဆွေမဖြစ်ပါဘူး ………
        အခုဟာက လောကမှာဖြစ်ပျက်တာလေးကိုပြောတာပါ ……. ညီမဘဝမှာ ခေါင်းဆောင်ကောင်း ဆိုတာ ညီမ “မေမေ” ပဲဖြစ်ပါလိမ့်မယ် ……… နောက်တစ်ယောက်က မြတ်စွာဘုရား သာဖြစ်ပါလိမ့်မယ် …….

        • သူရဇော်

          May 11, 2012 at 3:33 pm

          ဘယ်နေရာမှာမဆို မိဘနဲ့ဘုရား တစ်ဂိုဏ်းထဲထားတဲ့အတွက် ကောင်းကျိုးချမ်းသာများစွာ ရရှိပါလိမ့်မယ်…………. အေတင်ချဉ်ဆွေ တချင်းလေးရဲ အားပေးတွားပါတယ်…. ဒီမှာ တင်းရယ် တင်းရယ် တင်းရယ် တင်းရယ်ဟေ့…… လူမတိ တူမတိ နာ့မှာ တစ်ယောက်ထဲ တိတ်တာ……..တိန်

        • windtalker

          May 11, 2012 at 6:50 pm

          အို အဖြေမှန် ကို မမြင်ပါကလား
          တင်းဒယ် တင်းဒယ်

  • etone

    May 11, 2012 at 2:22 pm

    ကိုသူရရေ .. ရင်ထဲမှာ ဘာညာဘညာဖြစ်နေသလားဟင် … ။ 😛
    ခံစားချက် ပြင်းပြင်းနဲ့ ဗျင်းထားတဲ့ ဒီပို့စ်ကို … မျက်စိနဲ့ရော ၊ နှလုံးသားနဲ့ပါ ဖတ်သွားပါတယ်နော် ။

    နောက်ပြောင်ကျီစားတယ် .. ဟာသလုပ်တယ်ဆိုတာက .. အတိုင်းတာ တစ်ခုထိပဲကောင်းပါတယ် … ။
    လွန်သွားလျှင် ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ခုစရာတွေ ၊စိတ်ဆိုးစရာတွေ ဖြစ်လာတော့မယ် … အဲ့ဒီလိုတွေဖြစ်လာတယ်ဆိုတာကလည်း ..စနောက်တဲ့ လူက … ကိုယ်ချင်းစာတရားမရှိလို့ကို ဖြစ်ရတာ … သူသာ အ ပြောခံရတဲ့ နေရာမှာဆိုလျှင် ဆိုတဲ့စိတ် …. မရှိလို့ .. ၊ မထားခဲ့မိလို့ ဖြစ်ရတာလို့ ထင်ပါတယ် .. ။

    လုပ်တဲ့လူနဲ့ ခံရတဲ့လူ .. ခံရတဲ့လူမှာ ဒဏ်ရာ ပိုကျန်ရစ်တယ်ဆိုပေမယ့် …ကိုသူရရေ … အဲ့ဒီဒဏ်ရာကို တမြေ့မြေ့ ခံစားနေရတာကိုက .. မိအေး နှစ်ခါ နာသလိုဖြစ်နေပါပြီ … ။ အတတ်နိုင်ဆုံး မေ့ထားတာကမှ … အချိန်ကြာလျှင် ပျောက်သွားနိုင်တာမို့ .. အကောင်းဆုံးကုသနည်းလို ့ပဲ ကျွန်မကတော့ မြင်မိပါတယ် ။

    • သူရဇော်

      May 11, 2012 at 3:36 pm

      မအိတုံရေ ရင်ထဲမှာ ဘာညာ ဘာညာ ဇာတ်ကားကြီး မရိုက်ပါဘူးဗျာ….သဘောရိုးသက်သက် ဖတ်စေဖို့ စေတနာဖြူလွှလွှလေးနဲ့ တင်ပေးတာသာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ညား…….ဒက်ဂလု ဒက်ဂလု

  • Novy

    May 11, 2012 at 3:02 pm

    သူရရေ..
    ရင်ထဲမှာ ဆူးတွေများရင် နေရခက်ပါတယ်
    ထုတ်လို့ရသမျှ ဆူးတွေကို ထုတ်လိုက်ပါ
    သူများကိုသာဆူးထုတ်ခိုင်းနေရတယ်
    မနိုကိုယ်တိုင်လဲ မထုတ်ပဲထားတဲ့ဆူးတွေရှိနေတယ်လေ
    ဒါကြောင့် အရမ်းပင်ပန်းပါတယ်
    ဖြစ်နိုင်ရင်တော့ ထုတ်လိုက်ပါလို့ပဲ အကြံပေးပါရစေ

    • သူရဇော်

      May 11, 2012 at 3:42 pm

      မမနိုဗွီရေ ……. တားတားရေ ရင်ထဲမှာ ဆူးတွေများပါဘူး…… တားတားကိုက ဆူးချင်တာပါ….တားတားလေ ဒီပို့စ်တင်တာ သဘောရိုးသက်သက်ပါခင်ည…..ဗဟုသုတ လေးတွေ မျှဝေခြင်းပါခင်ည….. အကြံပေးတဲ့အတွက် မမနိုဗွီကို ကျေးဇူးအများကြီးတင်ရင်း ဂင်ချီလက်တဆုပ် နှိုက်မြည်းသွားပါတယ်ခင်ဗျား………

      • Shwe Tike Soe

        May 11, 2012 at 3:52 pm

        ဟဲ့ဟဲ့ မိတူရ နင်နှိုက်သွားတာ မနိုဗွီ ကင်ချီမဟုတ်ဘူး အဲဒါ ရပ်ကွက်ထဲက ပုံးနဲ.လာလာသိမ်းတဲ့ ဝက်စာတွေ…
        ခိခိခိ……
        အော်ငါ့နှယ့် ကင်ချီနဲ. ဝက်စာ မှားစားရသလား မိတူရရယ်… ဖစ်မဖစ်ရလေအေ…. 😛

  • Khin Latt

    May 11, 2012 at 3:22 pm

    ကိုသူရ ရေ

    ဒီလို စာမျိုး လေး ကို အတော်သဘောကျ မိပါတယ်။
    တကယ်တော့ သူများ ကို မတရားနှိမ့်ချ နောက်ပြောင် တတ်သူဟာ သူ့ကိုထိရင်တော့ ဆတ်ဆတ်ထိမခံ ဖြစ်တတ်ပါတယ်။
    သူများ နေရာမှာ ဝင်ပြီး မကြည့်နိုင်တဲ့ လူမျိုးတွေပေါ့။
    ကိုယ့် စိတ်ဓာတ်နိမ့်ကျ တာကို သူများ ကို မတရား နောက်ခြင်းဖြင့် သက်သေပြ နေတယ် ဆိုတာ သူတို့ မသိကြဘူး။ 🙄

    ကိုသူရ စာကို ဖတ်ရင်း အရီးလဲ ငယ်ငယ်က ကျောင်းမှာ ဒေါသဖြစ်ရမလို ဝမ်းနည်းရမလို ဖြစ်တဲ့အထိ အနောက်ခံရဘူးပါတယ်။
    ကျောင်းတုန်းက အရီးက မျက်နှာ ကို တော်ရုံ ဘာမှလိမ်းလေ့မရှိဘူး။
    ဆံပင်ကို အပြောင်စည်းထားတတ်တယ်။
    အမှန်ကတော့ အိပ်ယာထနောက်ကျလေ့ ရှိတာမို့ ကျောင်းကို ဝရုန်းသုန်းကား ပြေးလေ့ရှိတာမို့ပါ။
    အဲဒါ ပထမနှစ် အစရှိသေး ကျောင်းက သကောင့်သားတွေက “ပြောင်ကြီး” လို့ ခေါ်ကြပါရော။
    အတန်းရှေ့က အော်တယ်။ ကန်တင်း ထဲ ကနေ အော်တယ်။
    အဲဒီတုန်းက ရှက်လဲရှက်၊ အဲဒီကောင် တွေ အားလုံးကို အသေမုန်းတာပါဘဲ။
    တန်းစီခိုင်းပြီး ပါးပိတ်ရိုက်ပစ် ချင်တယ်။
    (အရီးပြောင်ကြီး လို့ မခေါ်နဲ့နော်။ 😀 )

    နောက်ပိုင်း ကျောင်းတွေပြီး အလုပ်ထဲဝင် ပြီး အသက်လေးလဲ ရလာတော့ မှ ဒင်းတို့ က ငါ့ကို ဂရုစိုက် လို့ အာညောင်းခံပြီး အသားကုန် အော်ရရှာတာ လို့ တွေးလိုက်ပါတယ်။
    အခု လဲ အလုပ်ထဲမှာ တစ်ချို့ က “အရီး ရဲ့ ငပိသံ” ကို လိုက်ပြောပြီးနောက်လေ့ ရှိတယ်။
    ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ့်ကို ချစ်လို့၊ ဂရုစိုက်လို့ နောက်တာ လို့ဘဲ မှတ်ထားလိုက်ပါတယ်။
    ဒီတော့ ကိုယ့်စိတ်ထဲ မှာ သူကြောင့် အကုသိုလ် ဖြစ်မနေရတော့ဘူးပေါ့။

    အမှန်တော့ တစ်ချို့က ဘာရယ် မဟုတ်ဘူး။
    အစအနောက်ကို သန်တာ။
    ဒါပေမဲ့ ကိုယ့်စကားကြောင့် သူများဆီမှာ ဖြစ်သွား မဲ့ ခံစားချက် ကို ထည့်ပြီး စဉ်းစားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။
    လက်မ တင် မက ဘဲ လက်သီးလက်မောင်းပါတန်း လို့ အားပေးသွားပါတယ် ကိုသူရ ရေ။ 🙂

    • ဗိုက်ကလေး

      May 11, 2012 at 3:26 pm

      ဟေ့
      ငါတို ့ဂျီးဒေါ်ကို အရီးပြောင်လို ့ခေါ်တာ ဘယ်သူလဲကွ
      နောက်ခါ အရီးပြောင်လို ့ခေါ်ရဲခေါ်ကြည့်
      အရီးပြောင်လို ့ခေါ်တဲ့လူ ဗိုက်ကလေး ရန်သူပဲ..နော်.အရီးေ ာ င ်

      • Khin Latt

        May 11, 2012 at 3:29 pm

        အဲလို ခေါ်ရင် ဘာလုပ်မယ် ဆိုတာ ပြောထားပြီးနော်။
        ဟင်း ဟင်း ဟင်း ဟင်း ဟင်း 😀

        • ဗိုက်ကလေး

          May 11, 2012 at 3:32 pm

          အရီး- လို ့ခေါ်ရင် ပါးပစ်ရိုက်ပလိုက်
          နော်..အူးလေး

        • Khin Latt

          May 11, 2012 at 3:41 pm

          ပြောလိုက်စမ်းဘာ မောင်ဗိုက် ရယ်။
          (မှန်ထဲကြည့်ပြီး) 😆

    • Khaing Khaing

      May 11, 2012 at 3:29 pm

      အရီးလတ်ရေ ……. နောက်ပြောင်တယ်ဆိုတာ ကိုယ့်ကိုထိခိုက်စေချင်လို့လား သဘောကျလို့ လားဆိုတာ သိပ်သိသာပါတယ် …… သမီး တက္ကသိုလ်ဘဝတုန်းကလည်း မိတ်ကပ်တွေတအား လိမ်းတော့ ယောက်ျားလေးတွေက လှေကားတက်တိုင်းစတတ်ကြတယ် သမီးဆီကမိတ်ကပ်တွေ လိမ်းချင်လို့တဲ့လေ အခန်းထဲမှာတောင်လမ်းလျှောက်ရင် ကိုယ်တစ်ယောက်တည်းမလျှောက်ရဲ ဘူး သိပ်နောက်လို့ ဒါပေမယ့် ကျေနပ်တယ် သူတို့က ကိုယ့်ကိုခင်လို့စကြနောက်ကျတာပါ … ကိုယ့်ကိုကိုယ့်အခုချိန်ထိ ဂုဏ်ယူနေသေးတယ် အဲလိုအစခံရလို့လေ ……..

      • Khin Latt

        May 11, 2012 at 3:40 pm

        ခိုင်ပြောတာလဲ ဟုတ်ပါတယ်။
        ကျောင်းထဲမှာ စတာနဲ့ အပြင်လောက မှာ စတာတော့ ပုံစံ ကွာတတ်ပါတယ်။ 😉

      • Shwe Tike Soe

        May 11, 2012 at 3:46 pm

        အင်းအဲလို မိတ်ကပ်တွေ လိမ်းလွန်းလို. သူ သင်္ဘောတက်သွားရရှာတာပေါ့နော်.. သနားလိုက်ထာအေ.. ခိခိခိ

    • သူရဇော်

      May 11, 2012 at 3:47 pm

      လက်သီးလက်မောင်းတန်းအားပေးသွားတဲ့ အရီးကို တားတားတူရဇော် ကျေးဇူးတင်လှပါတယ်…..အရီးပြောထားတဲ့
      အမှန်တော့ တစ်ချို့က ဘာရယ် မဟုတ်ဘူး။
      အစအနောက်ကို သန်တာ။
      ဒါပေမဲ့ ကိုယ့်စကားကြောင့် သူများဆီမှာ ဖြစ်သွား မဲ့ ခံစားချက် ကို ထည့်ပြီး စဉ်းစားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲဆိုတဲ့
      ဒီစကားလုံးတွေကို တားတား တူရဇော်မှ ပြန်လည်ထောက်ခံပါတယ်ခင်ညား……

    • shwe kyi

      May 12, 2012 at 1:59 pm

      အရီးလတ်ရေ အရီးလတ်ကိုတအားချစ်တာပဲ။ ရွှေကြည်ပြောချင်တာတွေကိုတခါတလေထိထိမိမိ
      ချမပြတတ်ဘူး။ အရီးရေးသမျှတွေဟာ ရွှေကြည်ပြောချင်တာတွေပါ။
      ရွှေကြည်လေ ကလေးတွေကိုအရမ်းစရင်တအားစိတ်ဆိုးတာ။
      တော်ရုံဆိုတောရောပေါ့။ အဲဒါနဲ့ စကားများရရော။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 11, 2012 at 9:35 pm

    အားနည်းသူကို နှိမ်ချပြောဆိုခြင်းဟာ အောက်တန်းကျသကဲ့သို့
    တစ်စုံတစ်ယောက်ကို မြှောက်ပင့်ပြောဆိုခြင်းဟာလည်း အောက်တန်းကျပါကြောင်း
    ဥပမာ။ ။ မြန်မာ့အလင်း အယ်ဒီတာနှင့် ကြေးမှုံ အယ်ဒီတာ 😀

  • မိတူရရေ
    ကောက်သင်းကောက် အမှတ်သုံးမှာတော့ အားလုံးကို စထားလိုက်ပြီဟေ့
    ချစ်လို့စတယ်မှတ်ပါ.

    ပုံ
    ကိုပေါက်

    • သူရဇော်

      May 12, 2012 at 9:46 am

      လေးပေါက်ရေ စချင်သလိုစ မနာတတ်ပါကြောင်း…… အားလုံးကို ခင်မင်မှုလုံးဝမပျက်ပါဘူးဆိုတဲ့အကြောင်း အူးပေါက်ကို ပြောပါရစေ…… မွေးရာပါ အမေပေးတဲ့ စိတ်ရင်းစေတနာအမှန်လေးနဲ့ပါလေးလေး

  • ညလေး

    May 12, 2012 at 10:08 pm

    ဟော်တော်……..ဘယ်လိုမန်.ရမယ်မှန်းမသိအောင်ကိုဖြစ်နေပြီ
    ရွာသူ/သားတွေက…..“ညလေး”ပြောမယ့်စကားတွေအကုန်ပြောသွားပြီ………..
    သူတို.ပြောသလိုပါပဲ……….ကိုသူရဇော်ေ၇………
    အားပေးသွားပါတယ်

  • ကြောင်ကြီး

    May 12, 2012 at 10:26 pm

    ဟုတ်ပါ့ဗျာ.. ရွာထဲမလဲ ကြေးမုံဂျီးဆိုဒါ ရှိဒယ်… သူတဘားဂို စော်စော်ဂါးဂါး မှိုချိုးမျှစ်ချိုး ပြောလေ့ရှိဒယ်… သူ့အလှည့်ကြတော့ ချစ်စနိုးနဲ့ လေး..တပ်ခေါ်မိဒါလေးဂို နှိမ်ပါဒယ် အရပ်ဂဒို့ ခုနှစ်အိမ်ဂျား ရှစ်အိမ်ဂျား လုပ်သေးဒယ်..။ သူနဲ့ဆက်ဆံဒဲ့အခါ သတိထားဖို့ လက်တို့ဒါဘာ..။

  • တူတော်မောင်ကြောင်ဂျီး
    ရှင်းနေတာကို ရှုပ်အောင်မလုပ်ပါနဲ့အေရယ်။

    ကိုလတ်ရေ
    ကိုပေါက်ကတော့ လူတကာလိုက်စတတ်တာနော်။
    ဒါပေမယ့် မဲ့သွားအောင်မစပါဘူး။
    ပြုံးအောင်စတာပါ။

    ကိုလတ်ကို သူပြောတဲ့နာမယ်ပြောင်အရီး……. ခေါ်ရဲတဲ့သူခေါ်ကြည့်စမ်း
    မိုက်ကယ်ဂျော်နီအောင်ပုကိုခေါ် ပြီး သူကြီးနှစ်လုံးပြူးခဏငှားပြီး ပစ်ခို်င်းလိုက်မယ်။
    ဘာမှတ်နေသလဲ………….ဟုတ်တယ်မလား ဗိုက်ကလေး
    ကိုလတ်နာမယ်ပြောင်အရီး………….လို့ ခေါ်ရင် ဆော်ပလော်တီးထည့်လိုက်နော်။
    နာမယ်ပြောင် အရီး ………….လို့ ဘယ်သူမှ မခေါ်ပေ့စေနဲ့ ကြားလား

  • surmi

    May 13, 2012 at 2:09 am

    တော်တော်လေးကောင်းပါတယ် ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို ခံနိုင်တဲ.သူရှိသလို
    မခံနိုင်တဲ.လူလဲရှိလေတော. ….ထိမ်းသိမ်းဆင်ခြင်နိုင်ရင်ကောင်းတာပေါ.။
    ကျုပ်မိတ်ဆွေတစ်ယောက် အမှုရင်ဆိုင်ခဲ.ရတာ အဲဒီ စနောက်ခြင်းကြောင်.ပေါ.ဗျာ ။
    ရှိသမျှလက်တွေအားလုံးထောင်သွားပါတယ် ။

  • kyeemite

    May 13, 2012 at 10:59 am

    ဒါဒွေကဟာသပါ…ကျုပ်ဟာကျုပ် အကြော်ရောင်းနေတာဂို
    ထဲ့ထဲ့ စဒါဒေါ့ စိတ်ဆိုဒယ်တော့..

Leave a Reply