Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရိုးသားမှုနဲ့ နှိမ့်ချမှုဟာ ကြီးမြတ်ခြင်းရဲ့ အမှတ်လက္ခဏာနှစ်ခုပါ

ThuyazawMay 15, 20121min75736

ယခုတစ်ခေါက် တင်ပြချင်တာလေးကတော့ နှိမ့်ချစွာကျင့်ကြံပါဆိုတာလေးပါ……. မပျင်းမရိဖတ်ပေးမယ်ဆိုလျှင်ဖြင့် ဗဟုသတုလေးများ တိုးပွားလေမလားဆိုပီး ရိုးသားစွာ ရေးချချင်တာလေးကတော့ ဒီလိုလေးပါ…….

မိမိကိုယ်ကို နှိမ့်ချပါ…..ထောင်လွှားမှုမလုပ်ပါနဲ့….မိမိကိုယ်ကို ယုံကြည်တယ်ဆိုတဲ့နေရာမှာလဲ မာန်မာနထောင်လွှားပြီး ယုံကြည်မှုရှိတာထက် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ယုံကြည်တာက ပိုပြီးအဆင်ပြေပါတယ်….. နှိမ့်ချမှုမပါဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ အဓမ္မဆန်တယ်…… အတ္တများတယ်….. နိုင်လိုမင်းထက်လုပ်ရာကျလွန်းပါတယ်…..

နှိမ့်ချခြင်းဟာ မြင့်မြတ်မှုအပေါင်းရဲ့ အခြေခံအုတ်မြစ်လေးပါပဲ…. အလားတူ နှိမ့်ချခြင်းဟာလဲ ကြီးကျယ်မှုအပေါင်းရဲ့ လက္ခဏာလဲ ဖြစ်ပါတယ်လို့ လူမှုပညာရှင်ကြီးတွေကဆိုထားပါတယ်….. ကောက်နှံတွေဟာ အထဲမှာ အဆံတွေပြည့်နေရင် ညွှတ်ပြီးတော့ ပျော့ပြောင်းနူးညံ့တဲ့သဘောကို ဆောင်နေတယ်…. မြန်မာစကားပုံလဲရှိပါတယ်…. ပြည့်တဲ့အိုးဟာ ဘောင်ဘင်မခတ်ဘူး တဲ့။ နှိမ့်ချတယ်ဆိုတာ ကျိုးနွံသိမ်မွေ့ပြီး မာနမထားဘဲ နေထိုင်တာကို ပြောတာပါ….. ကိုယ့်ကိုယ်ကို သေးသိမ်စေအာင် ပြောဆိုလုပ်ကိုင်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး….. ဖြူစင်ရိုးသားတဲ့ နှိမ့်ချမှုဟာ ဆွဲဆောင်မှုရှိပြီး မှားယွင်းတဲ့နှိမ့်ချမှုဟာ နိမ့်ကျအောင် လုပ်တာပဲဖြစ်ပါတယ်…. ဆိုလိုချင်တာလေးကို ဥပမာပြရမယ်ဆိုရင်ဖြင့်……

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြင်းတစ်ကောင်ကို စီးလာတဲ့ လူကြီးတစ်ဦးဟာ စစ်သားတွေ ကြီးမားလေးလံတဲ့ သစ်တုံးကြီးကု ိ ရွှေ့နေတဲ့နေရာကို ရောက်လာခဲ့ပါတယ်….. အဲဒီနေရာမှာ တပ်ကြပ်တစ်ယောက်က သူ့စစ်သားတွေကို ရပ်ပြီးကြည့်နေတာကို ထိုမြင်းစီးလူကြီးက တွေ့ရတယ်….. အဲဒါနဲ့ မြင်းစီးပုဂ္ဂိုလ်ကြီးက တပ်ကြပ်ကိုမေးတယ်….. စစ်သားတွေကို မကူညီဘူးလား ….လို့မေးတော့ တပ်ကြပ်က ငါကတပ်မှူးပဲ၊ အမိန့်ပဲပေးတယ်….. လို့ပြန်ဖြေလိုက်တယ်….. မြင်းစီးပုဂ္ဂိုလ်ကြီးက မြင်းပေါ်ကဆင်းပြီး စစ်သားတွေကို ဝိုင်းကူပြီး ရွှေ့ပေးတဲ့အခါ သစ်တုံးကြီးဟာ ရွေ့လားလာခဲ့တယ်….ပြီးတော့ သူကအေးဆေးစွာပဲ မြင်းပေါ်ပြန်တက်ပြီး စောစောကရပ်ကြည့်နေပြီး အမိန့်ပဲပေးတယ်ဆိုတဲ့ တပ်ကြပ်နားကိုပြန်လာပီး….နောက်တစ်ခါ ခင်ဗျားလူတွေအတွက် အကူအညီလိုတဲ့အခါ တပ်ရင်းမှူးချုပ်စီကို သတင်းပို့ပေးပါ လို့ပြောပြီး ပြန်ထွက်သွားခဲ့တယ်……… သူပြန်ထွက်သွားပြီးမှ တပ်ကြပ်နဲ့ သူ့စစ်သားတွေက အဲဒီမြင်းစီးပုဂ္ဂိုလ်ကြီးဟာ ဂျော့ဝါရှင်တန်ဖြစ်နေတယ်ဆိုတာ သိလိုက်ကြရတယ်…….

ဆိုတော့ အဲဒီဖြစ်စဉ်လေးဟာ ရှင်းရှင်းလေးပါပဲ….. အောင်မြင်မှုနဲ့ နှိမ့်ချမှုဟာ နမူနာလုပ်ပြပြီး အဆင့်ဆင့်လက်လွှဲလို့ရတယ်.။ ရိုးသားမှုနဲ့ နှိမ့်ချမှုဟာ ကြီးမြတ်ခြင်းရဲ့ အမှတ်လက္ခဏာနှစ်ခုဖြစ်ပါသည်ဟု ပြောဆိုရင်း ကောက်နှုတ်ချက်လေးအဆုံးသက်ခွင့်ပြုပါ…….

မှတ်ချက် ။       ။ မည်သူ့ကိုမှ မရည်ညွှန်းပါ….. လွှတ်လပ်စွာဝင်ရောက်ဆွေးနွေးနိုင်ပါသည်……..

အမှားများရှိလျှင်လဲခွင့်လွှတ်ပေးပါလို့

36 comments

  • Khaing Khaing

    May 15, 2012 at 10:07 am

    ဘာမှလာရှင်းပြမနေနဲ့ ရည်ရွယ်ရင်ရည်ရွယ်တယ်ပေ့ါ ………. အွန်း
    နောက်မှဖတ်မယ် ဆက်မန့်မယ် လာထား ၁၀

    • သူရဇော်

      May 17, 2012 at 10:07 am

      ဟုတ်ကဲ့ ဟုတ်ကဲ့ ရှင်းပြတော့ဘူးနော်….. ရော့ ၁ဝ ယူသွား……ခွိ

  • siamonone

    May 15, 2012 at 11:14 am

    နှိမ့်ချမှုဟာ ကြီးကြယ်မှု ဆိုတာ မှန်ပါတယ် ..
    ဒီလိုဘဲ ကိုယ့်ကိုကိုယ် အမွှန်းတင်တာ .. ကိုယ့်အကြောင်း ကိုယ် ပြောတာ၊ ပြတာ လည်း ထူးချွန်ထက်မြတ်တဲ့ စီးပွားရေးသမားတွေ ရဲ့ မရှိမဖြစ်လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်
    ကိုယ့်ဂုဏ်ကိုယ်ဖေါ်မသူတော် ဆိုတာ မှန်တဲ့နေရာရှိသလို မှားတဲ့နေရာလည်း ရှိပါတယ် ..
    သင် ပညာရှိနေရာမှာ နေတယ်ဆိုရင်တော့ မှန်ကောင်း မှန် နိုင်ပေမယ့် ..
    သင် ဘုရင် နေရာ CEO နေရာမှာ ဆိုရင်တော့ လုံးဝ မှားကောင်းမှားနေပါလိမ့်မယ် ..

    • သူရဇော်

      May 17, 2012 at 10:11 am

      လိုအပ်ရင် လိုအပ်သလို…….. သင့်တော်မယ်ထင်ရင် သင့်တော်သလို ဝေဖန်ပိုင်းခြားတတ်ဖို့လဲ လိုအပ်မယ်လို့ ထင်ပါတယ်….
      ခင်မင်လေးစားစွာဖြင့်
      သူရဇော်

  • ဗိုက်ကလေး

    May 15, 2012 at 11:37 am

    အူးလေးရေ…ကျနော်က ရိုးရိုးသားသားဖိုးသခွားလေးပါဗျား.
    မလစ်ရင် ဘားမှ မလုပ်ပါဘူး
    နှိမ့်ချလားမချလားဆိုတာတော့ ပြောမနေနဲ ့ တဖြည်းဖြည်း လူက ကိုင်းတောင်လာပါပြီ..
    တစ်နေကုန် ငုတ်တုတ်ထိုင်ပြီး ကုန်းကုန်း ကုန်းကုန်းနဲ ့ ရွာထဲ ကင်းလှည့်နေရလို ့လားတော့ မသိပါဘူး
    နောက်ဒါ..နော်..ဟီးဟီး.

    • သူရဇော်

      May 17, 2012 at 10:25 am

      ရိုးရိုးသားသား ဖိုးသခွားဟုတ်ပါဘူး ဗိုက်ကလေးပါ……. ကင်းလှည့်တာလေးလဲ လျှော့ကွယ်….. ပြန်နောက်ဒါနော်……ဟီဟီး

  • Rose Minn

    May 15, 2012 at 11:52 am

    “ကောက်နှံတွေဟာ အထဲမှာ အဆံတွေပြည့်နေရင် ညွှတ်ပြီးတော့ ပျော့ပြောင်းနူးညံ့တဲ့သဘောကို ဆောင်နေတယ်…. မြန်မာစကားပုံလဲရှိပါတယ်…. ပြည့်တဲ့အိုးဟာ ဘောင်ဘင်မခတ်ဘူး တဲ့။ နှိမ့်ချတယ်ဆိုတာ ကျိုးနွံသိမ်မွေ့ပြီး မာနမထားဘဲ နေထိုင်တာကို ပြောတာပါ။”

    “ကျေးဇူးရှင်မိခင် က ဘာပြောလဲဆိုရင် ကိုယ်ကိုယ်တိုင် အရည်အချင်းပြည့်ဝ တဲ့သူဟာ ဘယ်တော့မှ မာန တစ်ထောင်ထောင်နဲ့ မနေဘူးတဲ့။ မာန ဆိုတာ အလကားတဲ့ ဘာမှ အသုံးမဝင်ဘူးတဲ့။ မိတ်ဆွေကောင်းတွေ ဆုံးရှုံရတက်တယ် တဲ့။ ကိုယ်စွမ်း ကိုယ်စ ရှိပြီး အောင်မြင်အောင်လုပ် ခဲ့တဲ့သူဟာ လဲ လူတိုင်းကို ကိုယ်ချင်းစာတက်တယ် တဲ့။ ကိုယ်ဟာ တစ်နေ့မှာ အောင်မြင်တဲ့ အဆင့်တစ်နေရာရောက်ခဲ့ ရင်လည်း အော် ငါလည်း အရင်တုန်းက ဒီလို ဘဝမျိုးကြိုးစားခဲ့ပါလား ဆိုတာမျိုးပြန် အမှတ်ရနေရမယ်တဲ့။ ဆင်းရဲတဲ့ သူတွေကို မနှိမ်ရဘူးတဲ့ တချို့ သူတွေဟာ အကြောင်းမဲ့ ဆင်းရဲနေတာမျိုး မဟုတ်ပဲ သူတို့ ကိုပတ်ဝန်းကျင် ကောင်းနဲ့ တွေ့မယ် ကြိုးလဲ ကြိုးစားမယ် ဆို ချမ်းသာတဲ့ သူတွေ ဖြစ်လာနိုင်တယ်တဲ့။ ”

    ဒီစာသားလေး ဟာငယ်ငယ် ကတည်း က အမေ ကအမြဲပြောတဲ့ စကားလေး ပါ။ မူလတန်း တုန်း က သင်ခန်းစာမှာလည်း စပါးနှံအကြောင်းကို သားအဖ စကားပြောတဲ့ ပုံစံလေးနဲ့ သင်ရဘူးပါတယ်။ လူမှုဘဝထဲကို ရုန်းကန် ရပြီ လို့ဆို ကတည်း က ဘဝကို ဒီစကားပုံ လေးနဲ့ အတူတူနေထိုင်ရဲလားလို့ အမြဲ ဆုံးမ ဖြစ်ပါတယ်။ အခုလည်း ထပ်ဆုံးမဖြစ်ပါတယ် ကိုယ့်ကိုယ်ကိုယ်ပါ။ လူသားတိုင်း လူသားတိုင်းလဲ အမြဲ စပါးနှံလို ကျင့်ကြံနိုင် ကြပါစေ။

    ပိုစ့်ရေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါကြောင်း။

    ခင်တဲ့ Rose

    • Ch@vez

      May 15, 2012 at 12:21 pm

      ဗျို့ ဒေါ်ရိုစ့်
      ခညား ကို နေလှမ်းပြီး ရိုက်ထားတဲ့ ပုံ၂ပုံ ရဘီ…
      တင်လိုက်ရမား …ဟင်င်င်င်င်???
      😀

      • Rose Minn

        May 15, 2012 at 2:47 pm

        ဟေ့ မိဂီ မလုပ်နဲ့နော် ပုံကြီးပျူးတူး ပြဲတဲ ရယ်။ လက်ဆော့တဲ့ ဆရာ့ ကိုတော့အားနာပါရဲ့တော်။

    • သူရဇော်

      May 17, 2012 at 10:26 am

      ကျွန်တော့်ပို့စ်မှာ ဝင်ရောက်အားဖြည့်ပေးတဲ့အတွက် မမအုံရေ ကျေးကျေးပါ……..

  • kai

    May 15, 2012 at 12:30 pm

    တပ်ကြပ်ကြီးလိုလူစား.. 😆
    (မည်သူ့ကိုမှ မရည်ရွယ်ပါ.. တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်ပါ…)

    • Khaing Khaing

      May 15, 2012 at 3:51 pm

      သူကြီးကိုအရမ်းစိတ်ဆိုးတယ် ……….. သူများအမျိုးတွေပုံတွေပါနေတယ် …… သူတို့ခင်မျာ ယူနီဖောင်းလေးတွေ အခုလိုလူမြင်သူမြင်မှ ကောင်းကောင်းဝတ်ရတာ ပွဲရှိမှလေ အဲဒါလေးပေမှာ စိုးလို့ လက်ညိုးထိုး မတ်တပ်ရပ်နေတာကို အခုတော့ ရွာကလူတွေမြင်ရင် သူများအမျိုးတွေကို ကဲ့ရဲ့တော့မယ် ……. စိတ်ဆိုးတယ် စိတ်ဆိုးတယ် သူကြီးကို ……….

      • htoosan

        May 16, 2012 at 7:27 am

        ခိုင်ခိုင်လွဲသွားပြီထင်တယ် .. သူကြီးက ဝါဝါလေး ပုခုံးပေါ်တင် စည်းရိုးပေါ်ရပ်နေသူကို လို့ ထင်ပါတယ် … ခိုင်ခိုင်ပြောတဲ့ အမျိုးတွေက အားလုံး လုပ်နေတဲ့ ပုံပါ ။ သူကြီး ညွှန်းသူဘေး က ထိုင်နေသူကလည်း လုပ်ထားတဲ့ ပုံရှိတယ် ။ ဘောင်းဘီခေါက်တင်ထားတဲ့ ပုံဆိုတော့…

        • htoosan

          May 16, 2012 at 7:28 am

          ကျန်သွားလို့ .. အုပ်ချုပ်သူဆိုတာလည်း လိုတာပါဘဲ .. ဒါပေမဲ့ လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ နေရာဖြည့်ပေးဖို့တော့လိုပါသည်

        • kai

          May 17, 2012 at 12:44 pm

          မြန်မာပြည်ရဲ့ ပြဿနာက.. သိကိုမသိတော့တာလို့ထင်မိတယ်..
          လူထုအများစုက.. ကိုယ်က..ဘယ်နေရာရောက်လို့.. ဘာတွေဖြစ်နေတယ်ဆိုတာကို.. သိကိုမသိတော့တာ..
          ..လူလူချင်းတန်းတူညီမျှမှု.. ပျောက်နေကြလေရဲ့..
          အဲဒါကို.. ပုံမှန်လို့ထင်နေတာက.. တကယ့်ပြဿနာခင်ဗျား…

          ဦးဦးပါဆို.. သိသိနဲ့.. မသိချင်ယောင်ဆောင်နေတာလေ.. :mrgreen:

    • char too lan

      May 15, 2012 at 4:06 pm

      သဂျီးမင်းရေ…
      ကျနော်ပန်းတနော်အလှူပြန်လာပီးဂတဲက ရွာထဲဝင်ရတာအဆင်မပြေဘူး တစ်ခါမန်းပီးရင် ဝါးပရက်စ်အယ်ရာ နောက်လုံးဝပြန်ဝင်မရတော့ပြန်ဘူး အဲ့ဒါဘာဖြစ်တွားဒါလဲ ?? သဂျီးတိုးပေးတဲ့ရာထူးကို မနိုင်လို့များလားမသိဘူးနော် 😀 … ပီတော့အဲ့ရာထူးတိုးတယ်ဆိုတာကို ဘယ်နားရှာကြည့်ရလဲခည .. ကျနော့် ချာတူးလန် အကောင့်ကတော့
      ဘာမှထူးချားတာမတွေ ့ဘူးခည အဲ့ဒါလေးဝင်အထွန့်တက်တာပါ ခည
      =============
      တိုဂျီးတူရ ….. ကြားဖူးတဲ့တရုတ်စကားပုံတစ်ခုရှိတယ်
      (လိမ္မာတဲ့မြင်းက အခိုင်းခံရမယ်။ ရိုးသားတဲ့လူက အလိမ်ခံရမယ်။) တဲ့ အနော်တို့နှစ်ယောက်ရိုက်ပွဲပုံလေးများ ရနိုင်မလား ခည !! 😀

      • သူရဇော်

        May 15, 2012 at 4:22 pm

        ရပါမယ် ချာတူးလေးရေ….. ကိုတူရ Gtalk လိပ်စာလေး အပ်ပေးပါ…. ဒါမှပို့ပေးလို့ရပါမယ်…. Thuyazaw21451@gmal.com

      • kai

        May 16, 2012 at 1:46 am

        ရာထူးရှိပြီးသားသူတွေ.. . ရာထူးမတက်ပါဘူး.. သားသားရေ.. 🙂

        • သူရဇော်

          May 17, 2012 at 10:29 am

          သူကြီးရေ တားတားတစ်ခုတင်ပြချင်ပါတယ်….ဂလိုပါ…..သားသားက သူကြီးဆိုဒ်ထဲကို စဝင်ဝင်ချင်း ဘာပွိုင့်မှ ရပါဘူးခင်ညာ…… သူများတွေ စစချင်းမှာ လေးထောင်က စရတယ်လို့ သိရပါတယ်…. အဲဒါ ဘိုလိုဖြစ်တယ်ဆိုတာလေး သိချင်ပါတယ်……သားသား ရာထူးလဲတိုးပါဘူးခင်ညာ….ဘာရာထူးမှလဲရှိပါဘူးခင်ညာ……

  • amatmin

    May 15, 2012 at 12:56 pm

    အင်း ဒီခေတ်ကြီးထဲမတော့ ရိုးသားမှုအားကိုးပြီး..
    ယုံကြည်မှုပြင်းစွာ နဲ့လိုက်နှိမ့်ချနေမိခဲ့ရင်တော့…
    ငမိုက် နင့်ပြင်ရှိသေးလား ဖြစ်မယ်.လို့.ယုံကိုယုံကြည်တယ်ဗျ… 🙂

    • သူရဇော်

      May 17, 2012 at 10:31 am

      မက်မက်ရေ အချိန်အခါနဲ့ လိုက်လျောညီထွေဖို့ ဆိုလိုတာပါ…….

  • windtalker

    May 15, 2012 at 1:02 pm

    လောကဇါတ်ခုံကြီးပေါ်မှာ ကျရနေရာကနေ အကောင်းဆုံး သရုပ်ဆောင်တတ်ဖို ့လိုအပ်တာ ကလားဗျ။

    • သူရဇော်

      May 17, 2012 at 10:32 am

      ကိုပေကြီးပြောတာ ဟုတ်ပါတယ်ဗျ ….. သရုပ်ဆောင်တယ်ဆိုတာကလဲ လှပဖို့လဲလိုသေးတယ်မဟုတ်လားဗျ…….

  • mocho

    May 15, 2012 at 1:20 pm

    ပိုစ့်ရဲ့ ခေါင်းစဉ်နဲ့ မဆိုင်ပေမယ့် အောက်က အကြောင်းရာနဲ့ တိုက်ဆိုင် တာ လေးတွေ မကြာခဏကြုံဖူးပါတယ်။
    ၂ ယောက်လာက် ကပဲ အလုပ်လုပ်နေပြီး ၅ ယောက် လောက် ကလက်ညှိုး တထိုးတိုး နဲ့ ခိုင်းနေတာကိုမကြာခဏတွ့ဖူးပါတယ်။

    • Shwe Tike Soe

      May 15, 2012 at 2:44 pm

      အဲဒါ မြို.တော်စည်ပင်လေ…. အပြာရောင် ယူနီဖောင်းနဲ. ခိုင်းတဲ့သူက အများကြီး အောက်က မြောင်းဆည်တဲ့ သူတွေက နဲနဲ….
      အဲဒါ မြို.တော်စည်ပင်………… လို. တားတားမပြောဘူးနော်…

  • နီလေး

    May 15, 2012 at 1:31 pm

    ကိုယ့်ဘက်ကရိုးသားတာကို တစ်ဖက်သားက ကိုယ့်ကို အတယ်ညံ့တယ်လို့ အထင်ခံရဖူးတယ်——–ဒါပေမယ့်အဲဒီအတွက်တော့ ကို့လိပ်ပြာကိုယ်လုံတယ် တစ်သက်လုံး

    • သူရဇော်

      May 17, 2012 at 10:48 am

      ကိုယ့်ဘက်က ရိုးသားမှုကို သူများက ညံ့တယ်ထင်လဲ ကိုယ့်ဘက်က ရိုးသားမှုက တစ်နေ့မှာ အနိုင်ယူသွားမှာပါဗျာ……. တစ်ခုတော့ရှိတယ် အနိုင်ယူလိုစိတ်မရှိပါနှင့် ဆက်လက်ရိုးသားပါဗျာ

  • Shwe Tike Soe

    May 15, 2012 at 1:54 pm

    အော်မဲတူမရယ် ညည်းတော်တော်ရင့်ကြတ်နေပြီးပေါ့လေ…. အေးလေ အခုလို အသိအမြင်တွေရှိနေတော့ ညည်းသားသမီးတွေ ကံကောင်းတာပေါ့…
    မဲတူမရေ. အားပေးနေတယ်နော… 😀

    • သူရဇော်

      May 17, 2012 at 10:33 am

      ကိုတိုက်ရေ အားပေးနေတဲ့အတွက် အရမ်းအရမ်းကျေးဇူးတင်ပါတယ်ဗျာ……

  • marblecommet

    May 15, 2012 at 7:30 pm

    ရိုးသားခြင်းကလည်း…မင်္ဂလာတစ်ပါး…
    နှိမ့်ချခြင်းကလည်း မင်္ဂလာတစ်ပါး
    ရိုးရိုးသားသားနှိမ့်ချခြင်းကတော့
    ကြီးမြတ်တဲ့ မင်္ဂလာတစ်ပါး ပေါ့
    ကိုသူရရယ်….

    • သူရဇော်

      May 17, 2012 at 10:35 am

      ကို ကမ်းဝေးကြီးရေ တိုတိုနဲ့ထိမိလှပါပေတယ်ဗျာ……… ကျေးကျေးဗျာ

  • kyeemite

    May 15, 2012 at 7:42 pm

    သူရရေ…စာရေးကောင်းတာဘဲကွ…ညီတို့လိုလူငယ်တွေ
    ကြိုးစားကြကွာ..တစ်ခုခု ထူးချွန်အောင်လုပ်ဟေ့..

    • သူရဇော်

      May 17, 2012 at 10:34 am

      လေးလေးရေ အားပေးလို့ ကျေးကျေးပါ…… လေးလေးဖြစ်စေချင်သလို ဖြစ်ဖို့ ကြိုးစားပါ့မယ်

  • char too lan

    May 17, 2012 at 12:30 pm

    သဂျီးမင်းပေးတဲ့ရာထူး ဘိုလိုမျိုးပါလိမ့်ဆိုပီးစမ်းပီး မန်းကြည့်တာ … 😀

    • သူရဇော်

      May 17, 2012 at 12:38 pm

      ချာတူးရေ ဘာရာထူးလဲကွယ်……တိချင်တယ် တိချင်တယ်လေ ငါလေ အို့ဟို့

  • etone

    May 17, 2012 at 1:54 pm

    ရိုးသားမှုနဲ့ နှိမ့်ချမှုဟာ ကြီးမြတ်ခြင်းရဲ့ အမှတ်လက္ခဏာနှစ်ခုဆိုတာ .. လက်ခံပေမယ့် … သူတပါးစော်ကား ၊ အနိုင်ကျင့် ၊ မိုက်ရိုင်းတာခံဖို့ ၊ အခွင့်ရေးပေးထားတယ်ဆိုတဲ့ သင်္ကေတနှစ်ခုတော့ မဟုတ်ဘူးနော် … ။

Leave a Reply