Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေစက်တော်မန်းချောင်းက”အသည်းရောင်းတဲ.ကောင်မလေး”(ရွှေ – ဇတ်သိမ်းပိုင်း)

ေမာင္ရိုးMarch 6, 20121min3337

(ခရီးရုတ်တရက်ထွက်သွားရသဖြင်.ယခုမှအဆုံးသပ်နိုင်ခြင်းကိုအားနာမိပါကြောင်း )

ဥသျှစ်ပင်ရောက်တော.နံနက်ငါးနာရီခွဲခန်. ၊ခရီးသည်များကိုနှိုး၍မျက်နှာသစ် နံနက်စာစားစေသည်။ ပြီးလျှင်ပုသိမ်မုံရွာလမ်းမှ
ရွှေစက်တော်သို.နေ.လည်စာအမှီမောင်းရပေတော.မည်။ဥသျှစ်ပင်မှထွက်၍တစ်နာရီခန်.အကြာတွင် ပြဿနာစတော.သည်
ထိုစဉ်ကပုသိမ်မုံရွှာလမ်းသည်သိပ်မကောင်း ၊ခဲလုံးများထိုးထိုးထောင်ထောင်နှင်.အတန်ငယ်ကြမ်းသည်။ထိုခဲချွန်များသည်
ကျွန်တော်၏တကားနောက်ဘီးကိုထိုးခွဲလိုက်ပါပြီ …။ကျွန်တော်တို.ဆင်း၍ ကားဘီးလဲကြရသည်။

ပုသိမ်မုံရွာလမ်းသည် သိကြသည်.အတိုင်းပင် …ဥသျှစ်ပင်မှ ပဒါန်းလမ်းဆုံအထိ ကားနားရမည်.နေရာမရှိ၊ လေထိုးကျွတ်
ဖာရမည်.နေရာမရှိ ။ထို.ကြောင်.နောက်တကြိမ်ဘီးမပေါက်စေရန်ဆုတောင်း၍ ဖြေးဖြေးမှန်မှန်သာမောင်းရပေတော.သည်။
သို.သော်..ဆုတောင်းကားမပြည်.ခဲ.။မိုင်(၃၀)ခန်.မောင်းပြီးသောအခါ ရှေညာဘက်ဘီးပေါက်ပြန်လေသည်။ကျွန်တော်တို.
တွင်ကားဘီးအပိုမရှိတော….။ထို.ကြောင်. နောက်ဘီးတစ်လုံးဖြုတ်၍ ရှေ.ဘီးတွင်တတ်ဆင်ကာဘုရားရှိခိုးအမျိုးမျိုးရွတ်ပြီး
ဖြေးဖြေးသာမောင်းရပါတော.သည်။ပင်ပန်းလိုက်သည်.ဖြစ်ခြင်း …လူပင်ပန်းသည်ထက်စိတ်ပင်ပန်းသည်ကပိုသည်။
၄၆ ယောက်သောခရီးသည်တို.၏အသက်နှင်.ခရီးစဉ်ချောမောမှုသည်ယဉ်မောင်းတွင်တာဝန်အပြည်.အဝ ရှိလေသည်မို.
အထူးသတိထား၍မောင်းရသည်။ခရီးသည်တချို.လည်းဗိုက်ဆာကြပြီ ၊ သံဃာတော်နှစ်ပါးလည်းပါသည်မို.မွန်းလွဲမှာစိုးရ
သေးသည် …ကားသည်လည်းမြန်မြန်မောင်းလို.မရ ၊ ဒီကြားထဲ …ကားနှင်.ဒရိုင်ဘာကိုမေတ္တာပို.သံသဲ.သဲ.ကိုလည်း
မကြားဟန်ဆောင်၍နေရပြန်သည် ။

ပဒါန်းလမ်းဆုံရောက်တော.ကံကောင်းသည် ၊ကျွန်တော.အသိဒရိုင်ဘာမောင်းသည်. ကားနှင်.တွေ.သည်မို.ဘီးမဖာတော.
ဘဲသူ.ထံမှစပယ်ယာဘီးကိုငှား၍ ရွှေစက်တော်သို.အသော.နှင်ရပါတော.သည်။ကံဖေးမ၍သံဃာတော်တို.နေ.ဆွမ်းမှီခဲ.
ပါ၏။ကျွန်တော်တို.လည်းထမင်းပင်မစားအားကားဘီးဖြုတ်၍ ဖာထေးရလေသည်။ကိစ္စပြီးတော. နေ.လည်နှစ်နာရီ….
မတ်လဆန်း၏နေသည်ထိုအရပ်တွင်တော.ပူပြင်းလှသည်။

ဘုရားဖူးယဉ်များထားရာစုရပ်သို.ကားကိုနေရာချပြီးလျှင်နေ.လည်စာအတွက်နီးရာဆိုင်သို.ပြေးရတော.သည်။အထက်စက်
တော်ရာသို.မူမတက်နိုင်တော.။ထိုနေ.ညနေတွင်ပင်ပန်းသမျှကိုမန်းချောင်းရေတွင်စိမ်ရင်းအပန်းဖြေခဲ.ရပါသည်။စောစောအိပ်မည်
ဟုစိတ်ကူးရင်းတည်းခိုဆောင်တခုခုရရန်ရှာဖွေရသည်။ကျွန်တော်သည်ရွှေစက်တော်သို.ရောက်တိုင်းကားပေါ်တွင်အိပ်လေ.မရှိ။
ကားတံခါးမျာအလုံပိတ်ထားရသဖြင်.ပူအိုက်သည်တစ်ကြောင်း၊ပြင်ပလေတဟူးဟူးတိုက်သည်.မန်းချောင်းဘေးမှဝါးတဲလေး
များတွင်နေထိုင်ရသည်ကိုနှစ်သက်သည်တစ်ကြောင်း တို.ကြောင်.အမြဲတန်းတည်းခိုဆောင်တွင်အိပ်လေ.ရှိသည်။ထိုနေ.
ထပ်မံကံဆိုးပါသည်။ဘုရားဖူးများပြည်.နေ၍ဈေးပေါပေါ တည်းခိုဆောင်မရ။ထို.ကြောင်..ကားပေါ်တွင်သာဒုက္ခခံ၍အိပ်ရ
ပါတော.မည်။

ဒီလိုနှင်. …..အကြော်စုံရောင်းသောဆိုင်မှ အညာမြေပဲကပ်ကြော်တစ်ထုတ်နှင်.ရေတစ်ဘူးဆွဲပြီးမန်းချောင်းပေါ်ဖြတ်ထိုး
ထားသော ဝါးတံတားလေးဆီသို.ထွက်ခဲ.သည်။ မန်းချောင်းပေါ်ဖြတ်သန်းလာသောလေနုအေးလေးများ၏အထိအတွေ.ကို
ခံစားရင်းပဲကြော်ဝါး၍ ဟိုတွေးဒီတွေး ……။မဆီမဆိုင်ဆရာမင်းသိင်္ခရေးသောနာမည်ကျော်မနုစာရီဝတ္ထုထဲမှ မန်းချောင်း
နဘေးတောအုပ်လေးတွင်နေသောမနုစာရီကိုသတိယနေမိသေးသည်။ ရေတစ်ဘူး ပဲကြော်တစ်ထုတ်နှင်. ဆေးလိပ်သုံးလိပ်
ကုန်သောအခါတွင်အိပ်ချင်စပြုလေပြီ ။ ကားဆီသို.ပြန်လာရင်း အတက်အဆင်းဝင်ပေါက်အနီး ထိုင်ခုံတွင်နေရာယူ၍အိပ်
ပျော်ခြင်းသို.ခဏမကြာရောက်သွားလေတော.သည် ။

မည်မျှကြာကြာအိပ်ပျော်သွားခဲ.သည်မသိ ..။ဒေါက် ဒေါက် ဒေါက် ဟူသောခတ်တိုးတိုး တံခါးခေါက်သံကြောင်. နိုးစ
ပြုလေပြီ …..အသာမှိန်းနေစဉ် ခတ်ကျယ်ကျယ်တံခါးခေါက်သံ ထပ်မံကြားရသဖြင်. မျက်လုံးအတင်းဖွင်.၍ထကြည်.မိ
သည် ။ ဖြတ် ကနဲ လင်းလက်လာသောမီးရောင်အောက်တွင်မြင်ရသည်ကား ……….။။။
တံခါးမှန်အပြင်ဘက်တွင် ဖြူဖြူ ဖွေးဖွေးမျက်နှာကြီးတစ်ခု ….၊
ပါးစပ်ပေါက်ကို အနားသပ်ဘေင်ခတ်ထားသော နီနီ ရဲရဲ နုတ်ခမ်းကြီး …….။
ပြီးတော. …..လှုပ်စိလှုပ်စိနှင်. တစ်ခုခု ပြောချင်နေသည်.အလား …..ရုတ်တရက် ..ဝါကြန်.ကြန်.သွားများကို
ဖြဲပြလိုက်လေသည်တွင် …….။

သရဲမကြောက်သောကျွန်တော်သည်ရုတ်တရက် ကြက်သီးထ၍ ချွေးပြန်သွားလေတော.သည် ..။ကမန်းကတန်း ဘယ်
ဘက်လက်မှ နှစ်တောင်.ထိုးဓတ်မီးကိုဆွဲ၍ ညာဘက်လက်မှ အသင်.ဆောင်ထားသော တာယာလီဗာသံချောင်းကိုကိုင်
ပြီးလျှင် တိုက်ပွဲဝင်တော.မည်အပြု ….”ဆရာ ဆရာ ဘာဖြစ်လို.လဲ ” ဟုပြောရင်း စပယ်ယာလေးကြွက်နီ ရောက်
လာခဲ.ပါတော.သည်။ထို.နောက် ….”ဟာ ..ဆရာကလဲ “ဟုပြောရင်း ကျွန်တော်.ရှေ.မှရပ်၍ ထိုဖြူဖြူ ဖွေးဖွေး
နှတ်ခမ်းရဲရဲ ပါးစပ်ပြဲပြဲ ကြီးကို လက်ခါပြလိုက်လေတော.သည် ။

ခတ်မှုန်မှုန် လင်းနေသောမီးရောင်ပျောက်သွားလေပြီ ။ ထို.နောက် ထိုဖြူဖြူ သဏ္ဌန်သည် ကားတံခါးဆီမှ ခွါ၍ ဖြေး
ညှင်းစွာထွက်သွားလေသော် …..မပီဝိုးတဝါးလရောင်အောက်တွင်မြင်ရသည်မှာကား ….မိန်းကလေးတစ်ယောက်
ဖြစ်နေလေတော.သည် ။

ကျွန်တော်ဘာမှနားမလည်ပါ …။နားလည်သော စပယ်ယာကြွက်နီသည်ကျွန်တော.အဖြစ်ကိုကြည်.၍ အူတက်မတတ်
ရယ်မောလေတော.သည်။ အဖြစ်ကဒီလို …..ကျွန်တော်ကညဘက်ကားပေါ်တွင်မအိပ်၍ ဒီအကြောင်းတွေမသိခဲ.ခြင်း
ဖြစ်သည်။ကျွန်တော်တို.ကားကြီးများစုတားရာအရပ်သည် အငှားကားများ လိုင်းကားများ ဘုရားဖူးအငှားကားကြီးများသာရှိ
သဖြင်. ကားသမားများလွတ်လပ်စွာကဲကြလေသည် ။ကားသမားများစုမိသောအရပ်သည်ထိုသို.ဖြစ်တတ်လေသည်။

ထိုသို.သော ညငှက်မူလကီးလေးများသည် ကားသမားများရှိရာသို.ညသန်းကောင်ခန်.တွင်လာကြလေသည်၊။ ကားတံခါး
များခေါက်၍ မားကက်တင်းလုပ်ကြသည် ဟူ၏။ ထိုနေ.ညက ကျွန်တော်၏တံခါးကိုလာခေါက်သောမူလကီးသည် သူ၏
မျက်နှာကိုမြင်ရစေရန် ဂက်စ် မီးခြစ်ကို မျက်နှာနားတွင်ခြစ်၍ပြခြင်းဖြစ်လေသည်။ ကျွန်တော.မှာကား ….
သနပ်ခါးများ ထူပိန်းနေအောင်လိမ်း လျှက်နှုတ်ခမ်းနီရဲရဲများဆိုးထားသော ထိုမူလကီးကိုရုတ်တရက် မီးခြစ်ရောင်နှင်.
သရဲ ဟုထင်မှတ်သွားခြင်းဖြစ်လေတော.သည်။ ထိုနေ.ည ဆက်အိပ်၍မရတော.ပါ …။သို.နှင်. ပြားချပ်နေသော
လန်ဒန် စီးကရက်ဘူးလေးအတွင်းမှ ကောက်ကွေးကွေး စီးကရက်လေးကိုဖွာရင်း ခတ်စောင်းစောင်းကားတစ်စီးဆီမှ
အရောင်းအဝယ်ပြုလုပ်နေသည်များကို တအံ.တဩနှင်.ငေးမောကြည်.နေမိပါတော.သည် ………..။

7 comments

  • windtalker

    March 6, 2012 at 9:37 pm

    ထင်မှားစရာရှားလို ့ ဗျာ … ဘိုင်ကြီးရာ
    ဂျေမီသီချင်းထဲကလိုဘဲ ဆိုပြလိုက်ချင်မိတယ်
    ““ ဆွဲသာဆွဲ..မင်းဂရုမစိုက်နဲ ့””
    ဟီဟိ

  • surmi

    March 6, 2012 at 10:31 pm

    မှားတာဘဲခတ်ကောင်းကောင်း ကိုပေရေ ….။
    ကားသမားကားမောင်းတာဘဲကောင်းတယ်ဗျ ။တခြားဟာသွားမောင်းရင် ဂျောက်ထဲကျလိမ်.မယ် ….။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 6, 2012 at 11:14 pm

    ဂိတ်မှားဆိုက်လို့ ကားကောလူကောလိုင်စင်အသိမ်းခံရသလိုသိမ်းသွားမှ ဒုက္ခဖြစ်ရော
    ကြည့်ရှောင်ဗျို့ ပြစ်မှုဆိုင်ရာဥပဒေထဲမှာ အမျိုးသမီးများအဓမ္မပြုကျင့်ခံရခြင်း၊ဖြားယောင်းသွေးဆောင်ခံရခြင်း
    တွေကာကွယ်ဖို့ပဲ ပုဒ်မတွေပြဌာန်းထားတာ နောက်ပြီးအမျိုးသမီးရေးရာဘဲရှိသေးတယ် အမျိုးသားရေးရာ
    မရှိသေးဘူးနော်……
    ခဏနေမှာ ကိုဆာမိတို့ မာလကီးယားသွားအောင် မတော်မတရားပြုကျင့်ခံနေရဦးမယ်
    ဒီခေတ်ကြီးထဲမှာ ယောက်ျားလေးတွေလည်း 376ကဲ့သို့ပြစ်မှုတွေပြုကျင့်ခံရတတ်တယ်ဗျ။
    By the way….
    ကိုဆာမိကို ဟိုက အာဘွားတော့မပေးသွားဘူးမှုတ်လား……..

  • surmi

    March 6, 2012 at 11:46 pm

    ရှမ်းပြည်သားရယ် …..သရဲမကြောက်မှဖြစ်မယ်ကွဲ. ။
    ဝေးဝေးရှောင် ဝေါင် ဝေါင်ရှေး ……..ပြေးနိုင်မှလွတ်မယ် ။။

  • ကြောင်ကြီး

    March 7, 2012 at 11:21 am

    ဆာမိ
    တဏှာထိ
    အသာဖိ
    လာ၏
    အရာရှိ
    သာဂိ
    သမာ္ဘအတိ
    မကြာဘိ
    ကညာပိ..။

    • surmi

      March 7, 2012 at 1:19 pm

      ဆရာကြောင် တဘောင်နဲ.ပေါ်လာသကိုး
      ယောင်တောင်တောင် ကျွန်တော်ဆာမိ
      တဏှာတော.မထိပါရစေနဲ.
      ဆရာ ဘိရှာရင်ဖုံးဖိတားပါ.မယ်
      ကမ္ဘာဆုံးစေတော.
      ဘုန်း ကြောင်ရှာခန်း ……….။

  • မူလကီး=ကြက်

    ကိုဆာမိရေ ……..အဲအဖြစ်မျိုးတကယ်ရှိတယ်ဗျို ့။ကျနော်လဲ ကိုယ်တွေ ့ပါဘဲ။
    ရွှေစက်တော်မှာဘဲဗျာ။ကျနော်လဲ မလျော်ကန်ဘူးဆိုပြီး အတင်းနှင်လိုက်တယ်။

Leave a Reply