ရှေးကနဲ့မတူပါ…………………….(မန္တလေးက အာဇာနည်ဗိမ္မာန်)
ရှေးကနဲ့မတူပါ…………………….(မန္တလေးက အာဇာနည်ဗိမ္မာန်)
(29-2-2012)နေ့မနက် တောင်သမန်ကအပြန်မှာ (10-2-2012)နေ့ကမှ သန့်ရှင်းရေးတွေလုပ်ထားကြတဲ့
မန်းလေးက အာဇာနည်ဗိမ္မာန်မှာ ပန်းခွေလေးချိတ်ထားတာ မြင်မိပါတယ်။
အဲတော့ ကျနော်လဲ ဘယ်သူတွေလာပို့ထားပါသလဲဆို စိတ်ဝင်စားတာနဲ့သွားကြည့်မိတော့ဒီပုံတွေရလာပါတယ်။
ဘာဘဲပြောပြော ရှေးကနဲ့ မတူတော့တာတော့အမှန်။
ရလာတဲ့လွတ်လပ်ခွင့်ကို မှန်မှန်ကန်ကန်နဲ့ အကျိုးရှိရှိအသုံးချဘို့တော့လိုအပ်မယ်လို့တော့ အကြံပေးချင်ပါတယ်ဗျာ။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့ အတွေးပါးပါး
(1-3-2012)
12 comments
ကိုပေါက်(မန္တလေး)
March 1, 2012 at 9:50 am
88 မျိုးဆက်ကျောင်းသားတွေ လွမ်းသူ့ပန်းခွေသွားချတာ ကျနော်မသိလိုက်ပါဘူး။
ဒါပေမယ့်နောက်ရက်ကျနော်ရောက်တော့ ဒီပန်းခွေလေး ချိတ်ထားတာတွေ့လို့မျှဝေပေးလိုက်ပါတယ်။
water-melon
March 1, 2012 at 9:52 am
အပင်လေးတွေစိုက်နေပြီဆိုတော့
နောက်ဆိုစိမ်းစိုတော့မယ်ထင်တယ်
အတွဲတွေအတွက် နေရာကောင်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။
ကိုပေါက်(မန္တလေး)
March 1, 2012 at 10:07 am
အခုလိုသာရှင်းလင်းထားရင် ဘယ်အတွဲမှ မလာလောက်ပါဘူး။
ငပွကြီး
March 1, 2012 at 11:13 am
ဒီနေရာ ဒီလိုဖြစ်လာတာလဲ ကိုပေါက်ရဲ့ စွမ်းဆောင်ချက် တစိတ်တဒေသ ပါဝင်နေမယ်လို့ကျွန်တော်ထင်တယ်(ယခင်တင်ခဲ့ဖူးသော အာဇာနည်ဗိမ္မာန် ပိုစ့် အရ)
ဂေဇက်ကိုယ်စား ဂုဏ်ယူပါတယ်..
Shwe Tike Soe
March 1, 2012 at 11:39 am
ဟုတ်ပလေးပေါက်ရယ် တော်တော်လေးကိ ုသန်.ရှင်းသွားတာပဲနော်..
အရင်တုန်းကဆို အဲဒီနေရာရှိတယ်လိုတောင်မထင်ရဘူး……. ရှုပ်ပွနေတာပဲ…
အခုလိုမြင်ရတော့ ဝမ်းသာပါတယ်ဗျာ……..
avocardo
March 1, 2012 at 12:24 pm
အတွဲတော့မနေလောက်ပါဘူး။ခေါင်းပါတယ်။စဉ်းစားတတ်ရင်။ဒါအတွဲထိုင်ရမယ်နေရာမှာမဟုတ်တာ။
ရောက်တော့မရောက်ဘူးဘူး။အခုလိုတင်ပေးလိုတွေ့ဘူးတာ။ကျေးဇူးတင်ပါတယ်ကိုပေါက်
နောက်လည်းဒီထက်မကလက်ဆော့နိုင်ပါစေ။(ကားပေါ်မပါ)
kyeemite
March 1, 2012 at 1:20 pm
ဘာဖြစ်လို့များအာဇာနည်ကုန်းတွေကိုပိတ်ထားရတာပါလိမ့်..အင်းဒါကြောင့်
ကိုစွယ်တော်ရွက်က“ ဖေဖေါ်ဝါရီ (၁၃) မှသည် ဇူလိုင် (၁၉) ဆီသို့ – နောက်ဆက်တွဲ ”ဆိုတဲ့
ပို့စ်နှစ်ခုရေးပီး ပေါက်ကွဲထားတာ…၈၈မျိုးဆက်ကျောင်းသားတွေတောင်
လွမ်းသူ့ပန်ခွေ တံခါးမှာချိတ်ခဲ့ရသတဲ့..တောက်..
(ကို)စွယ်တော်ရါက်ပို့စ်မှာ…သဂျီးမင်းကိုယ်တိုင်မန့်ထားသလို…လာလေရော့..
အာဇာနည်ဗိဗ္မာန် တနှစ်ပါတ်လုံးဖွင့်ထားရေး… ဒို့အရေး..။
ဗိုလ်ချုပ်အောင်ဆန်းအခန်းကဏ္ဍ မြှင့်တင်ရေး .. ဒို့အရေး..။
ဗိုလ်ချုပ်အောင်ဆန်းသမီး လွှတ်တော်ထဲရောက်ရှိရေး .. ဒို့အရေး..။
ကျေးဇူတင်ပါတယ်ကိုပေါက်ခင်ဗျား။
windtalker
March 1, 2012 at 1:50 pm
မရောက်ဖူးသေး သူများအတွက် ကိုပေါက် စေတနာများ ။ ကြည့်ရူအားပေးသွါးပါကြောင်း
ကိုပေါက်(မန္တလေး)
March 1, 2012 at 2:47 pm
တကယ်လို့အစောင့်မရှိဘဲ တံခါးဖွင့်ထားရင်တော့ လူမိုက်တွေလာဖျက်ဆီးတာ ခံရနိုင်ပါတယ်။
နောင်ကြရင် ဒီထက်ကောင်းအောင် စီစဉ်နို်င်လာမယ်လို့ယုံကြည်ပါတယ်။
အခုလို သန့်သန့်ရှင်းရှင်းဖြစ်တာ တစ်လတောင်မရှိသေးပါဘူး။
လောလောဆယ်တော့ ဒီရလာဒ်လောက်ဆိုရင် မဆိုးဘူးလို့ဆိုနိုင်ပါတယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 1, 2012 at 2:52 pm
ဟုတ်တယ်ဗျာ ကျနော်လဲ ခုလိုမြင်ရမှစိတ်ထဲဘဝင်ကျမိတော့တယ်။ကိုပေါက်ရေ ကျေးဇူးဘဲနော်။
အရင်ကနဲ ့မတူလုံးဝပြောင်းလဲသွားပြီး သပ်ရပ်သွားပီဗျ။
blackchaw
March 1, 2012 at 5:33 pm
ကျေးဇူးပါ ကိုပေါက်ရေ။
လွမ်းသူ့ပန်းခွေလေးက ခြံစည်းရိုးမှာ ချိတ်ထားတယ်လို့ ထင်တယ်နော်။
အထဲမှာ ဘာလို့ မချခဲ့တာလဲ သိချင်သား…။
ကိုပေါက်(မန္တလေး)
March 1, 2012 at 5:54 pm
တံခါးသော့သွားတောင်းရင်အချိန်ကြာနေမှာစိုးလို့ထင်ပါတယ်.
ဘာဘဲဖြစ်ဖြစ် အခုလို ဂါရဝပြုခွင့်ရတာကို က နည်းနည်းတော့ကျေနပ်စရာကောင်းပါ၏။