ကျနော်နဲ့ ကျနော့် အကြား
နေ့စဉ်ဘဝတွမှာ အချိန်တွေကို လွဲချော်မှုများစွာနဲ့ ကျနော်ဖြတ်ကျော်နေရဆဲ။
အချိန်တွေက ကျနော့်ကိုဖြတ်ကျော်သွားတာမျိုးလည်း ရှိနေပြန်ရဲ့ …
အသိတရားများကိုဖြန့်ကျက်တွေးရင်း ခံစားချက်တို့သည် နူးညံ့တဖန် ခက်ထန်တစ်လှည့်
အနိမ့်အမြင့်များသော ဒေသတစ်ခုကဲ့သို့ပင် ။
ဒုက္ခဟု အမည်ရသော ဆင်းရဲမှုကိုကား မသိကျိုးကျွံပြုမရပေ။
သူကားအပေါင်းအပါများပါ ခေါ်ဆောင်လာတတ်သောကြောင့်ဖြစ်ချေ၏။
မည်သို့ပင်ဖြစ်စေဟု ရေရွတ်ရင်း ပူလောင်မှုကို အသာဝှက်ထားရမည်လော။
သို့သော်ကြာရှည်ကား ဖုံးကွယ်မရနိုင်ပါ။
အတွေး ၊ စိတ်ကူး ၊ အိမ်မက် ၊ ပစ္စုပ္ပန်တွေထဲကမှ ကျနော့်အနာဂတ်ခြေလှမ်းတို့သည်
ယိမ်းထိုးလျှက် …
ဖြစ်တည်မှုများဆီသို့ ဦးတည်ပါသော်လည်း ပြိုပျက်ယိုယွင်းမှုများကြောင့် ကျနော်မှ
ကျနော်ကူးပြောင်းရင်း နားမလည်နိုင်သောစကားလုံးများကြား မြှုပ်တစ်ခါ ပေါ်လာ
တစ်လှည့်ဖြင့် မဗေဒါလို အံကိုခဲကာ ရပ်တည်နေရဆဲ။
ပြည့်သိပ်လာသော အနာတရတွေကိုစကားလုံးများအဖြစ်သို့
ပစ်ပေါက်လိုက်လေသောအခါအစီစဉ်ကျနမှုကင်းစွာ ခုန်ပေါက်လျှက်ပင် …
မျှော်လင့်ချက်ဆိုသောစကားလုံးကို ကျနော် မရေရွတ်မိတာကြာချေပြီ။
သို့အတွက် အေးချမ်းမှု၏ ဆယ်ပုံတစ်ပုံက ကျနော့်ကို အတိုးမဲ့ချေးယူခွင့်ပေး၏။
ကျနော်နှင့်ကျနော်ကြား ကွာဟမှုတော်တော်များများကတော့ တစ်ယောက်နဲ့တစ်ယောက်
လက်ညိုးထိုးရင်း ပြစ်တင်ဝေဖန်နေကြဆဲပင် …
ကျနော်သည် နည်းလမ်းစည်းကမ်းများရဲ့ အပြင်ကလူဟု သတ်မှတ်သူတွေကသတ်မှတ်
ကြသလို အများဒုက္ခကို ထမ်းထားတဲ့ကောင်ဟု မှတ်ချက်ပြုသူကလည်းပြု၏။
ဘာပဲဖြစ်ဖြစ် အမုန်းတရားတွေထဲမှာလည်း ကျနော်ရှိမနေချင်ပါ ။
ကိုယ့်ဒုက္ခတွေကိုလည်းကမ္ဘာကြီးနှင့် မနှိုင်းစာချင်။
တိတ်တဆိတ်ဆောင်းညတွေလို မီးရောင်အောက် နှင်းမှုန်များနှင့်အတူ စိတ်ကူးတို့
ငြိမ်ဆိမ်တက်ကြွလျှက် …
မနက်ခင်းကျေးငှက်သံတို့သည်လည်း မင်္ဂလာတစ်ပါးပင်….
ကျနော်ကတော့ ကိုယ့်ခံစားချက်နှင့်ကိုယ် ဟန်ချက်ညီအောင် ညှိုနှိုင်းနေမိ၏ ။
ဂီတသံစဉ်ချိုတို့ကား ရင်ထဲမရောက်ပေမဲ့ ခြောက်သွေ့လွန်းနေသော အတွေးများ
ကို တီးတိုးဖျော်ဖြေနေလေသည်။
ဝါကျတို၊ ဝါကျရှည်များနှင့် ကျနော်နပန်းလုံးရင်း တွေးခေါ်မြော်မြင်မှုများသည်
အကန့်သတ်မဲ့လွင့်ထွက်ကုန်၏။
ကျနော်ဘာလဲ ဘယ်လဲဟူသော မေးခွန်းများအား မဖြေရှင်းမိ …
ဒါလည်းပြီးသွားမှာပါဟု ရေရွတ်ရင်း အတိတ်များမှရုန်းထွက်ခါ နေရောင်အောက်မှ
ဘဝလေးများကို အမိုးအကာတပ်ဆင်ကြည့်နေမိပါတော့သည်။
11 comments
နွေဦး
March 1, 2012 at 1:02 pm
စာဖွဲ့တာတွေ ခံစားသွားပါတယ်
kotun winlatt
March 1, 2012 at 4:59 pm
လာရောက်ဖတ်ရှု့ခံစားပေးတာ ကျေးဇူးပါခင်ဗျာ…။
windtalker
March 1, 2012 at 2:20 pm
အတိုးမဲ့ ချေးယူခွင့်ရတဲ့ ကျောင်းဆရာ ကို အားကျမိပါကြောင်း ရယ်ပါလေ
kotun winlatt
March 1, 2012 at 5:00 pm
ဟာ… ဆြာပေရော…
ချေးးးဦးးးးးမလားးးးးး
ပြောပေးးမယ်လေ…..
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 1, 2012 at 2:33 pm
ဝါကျတို၊ ဝါကျရှည်များနှင့် ကျနော်နပန်းလုံးရင်း တွေးခေါ်မြော်မြင်မှုများသည်
အကန့်သတ်မဲ့လွင့်ထွက်ကုန်၏။
ကျနော်ဘာလဲ ဘယ်လဲဟူသော မေးခွန်းများအား မဖြေရှင်းမိ …
ဒါလည်းပြီးသွားမှာပါဟု ရေရွတ်ရင်း အတိတ်များမှရုန်းထွက်ခါ နေရောင်အောက်မှ
ဘဝလေးများကို အမိုးအကာတပ်ဆင်ကြည့်နေမိပါတော့သည်။
ကိုထွန်းဝင်းလတ်ရေ….ဘဝလေးတခဏတာ လုံခြုံနွေးထွေးပါစေဗျား။
kotun winlatt
March 1, 2012 at 5:01 pm
နွေးထွေးလုံခြုံချင်ပါတယ်ဗျာ…
ဒါပေမယ့်လည်းးးး
ဘယ်လိုပြောရမလဲနော်…….။
amatmin
March 1, 2012 at 3:05 pm
ကိုထွန်းဝင်းလတ်ရေ..
လက်မတချောင်းထောင်ပြီး အားပေးသွားပါတယ်ဗျ.. 😛
ခင်ဗျားရေးတဲ့စိတ်ကူးတွေကို..ကျနော့အတွေးတွေနဲ့ ဆက်စပ်ရင်း.အိမ်မက်တွေ.ဆက်မက်လိုက်ဦးမယ်ဗျာ..
kotun winlatt
March 1, 2012 at 5:03 pm
ဟုတ်ကဲ့…..
အိပ်မက်ဆိုတာ လက်တွေ့ဖြစ်လာဖို့
လမ်းစလေးးတွေဖြစ်ပါစေလို့
ဆုတောင်းးလိုက်ပါတယ်ခင်ဗျာ…။
kyeemite
March 1, 2012 at 3:22 pm
ကိုထွန်းဝင်းလတ်ရေ..ခံစားမှု့ အနုစိတ်အတွေးသစ် ကလေးကို ဖတ်ရှု့ခံစားသွားပါတယ်။
“နေရောင်အောက်မှဘဝလေးများကို အမိုးအကာတပ်ဆင်ကြည့်နေမိပါတော့သည်။”
အင်မတန်ကျေးဇူးတင်စရာလုပ်ရပ်ပါဗျာ..အားလုံးက ကိုယ်နဲ့နီးစပ်ရာမှာတတ်နိုင်
သလောက် ကိုထွန်းဝင်းလတ်လို လုပ်နိုင်ရင် သူတို့လေးတွေအရိပ်ရလာကြမှာပါ..
kotun winlatt
March 1, 2012 at 5:06 pm
ဟုတ်ကဲ့ပါခင်ဗျာ…
တတ်နိုင်သလောက် ကူညီလုပ်ကိုင်ကြရင်
နွေးထွေးလုံခြုံပြီး စိတ်ချမ်းသာစရာကောင်းတဲ့
နေရာလေးတွေဖြစ်လာ ပိုင်ဆိုင်လာနိုင်ကြမှာပါခင်ဗျာ…။
snow white
March 5, 2012 at 3:24 pm
ဖတ်ရှုသွားပါသသည်