Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြေးရင်းလွှားရင်း ရေးတဲ့ စာ

htet wayMarch 2, 20121min45117

ကျွန်တော်ဟာ ကံတရားအရ   သွားလာနေရသူဖြစ်နေခဲ့ပါတယ် မနှစ်ကတော့ ဒီလို မဟုတ် ခရီး မသွား ဖြစ် ဒီနှစ်တော့  ကိုယ် ဆုံးဖြတ်ချက်မှားယွင်း မူကြောင့်

ခရီး သွားလာနေရပါတယ်။ ကားချိန်အမှီ ပြေးလွှားသွားရ လုယက် စားရ  အချိန်ကို လုနေရသူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒါကို ပြေးလွှားတယ်လို့ သုံးမိတာပါ။

ကျွန်တော်ကို မိန်းကလေးတစ်ယောက်က ဖုန်းဆက်ပြီး ဆရာထက် နက်ကတစ် မလုပ်နဲ့ ပြောတိုင်းကောင်းတာမဟုတ်ဘူးနော်လို့ ပြောပါတယ်။ ကိစ္စကတော့ ဆင်း

ရဲသားလျှော့ပါးရေး ငွေချေးတဲ့ ကိစ္စမှာ နည်းလမ်းမကျ ၊ သမာသမတ်မကျတာကို ပြောပြထောက်ပြမိလို့ ပါ။ရပ်ကွက် NGOထဲကလူတွေကိစ္စပါ။

ယောအတွင်းဝန်ဦးဖိုးလှိုင် က “ အမ နှမ သမီးက  စ၍ဆက်သွင်း လက်ဆောင်နှင်းသော် စိုးမင်းချစ်မြတ် ထို အမတ်သည် အတတ်မရှိ  သတိကင်းကွာ ပြည် ရွာ

ပျက်ကြောင်း တပါးတည်းရှိကြောင်းပါ ဘုရားလို့ လျှောက်တော့   ဘုရင် က ဖိုးလှိုင် ဒီလှံကို သိလား မင်း ဖခင်ကို ထိုးခဲ့တဲ့ လှံကွဲ့ မင်းလည်း ဒီလှံနဲ့…………။

ယောာအတွင်းဝန်ဦးဖိုးလှိုင်က ရင်ကော့ပေးခဲ့တယ် အသက်ကို ပဓါန မထားဘဲ မှန်ရာကို ပြောရဲတယ်။လျှောက်တင်ရဲတယ် တိုင်းပြည်ကောင်းဖို့ ပြောရဲခဲ့ တာကို ငယ်ငယ်က စာသင်ရင်း မှတ်သားသဘောကျခဲ့ ဖူးပါတယ်။

နောက် တက္ကသိုလ် ပထမနှစ် မြန်မာစာထဲမှာ လဂွန်းအိမ်အကြောင်းဖတ်ရတယ်။ သင်ရတယ် ။ချောင်းတစ်ခုရဲ့ နံဘေးမှာ (အမည်ကို မေ့နေပါတယ် ပန်းတော်ကျချောင်းလားဘာလားမသိ စာအုပ်ပြန်ဖွင့်ဖို့ က ပြေးရင်းလွှားရင်းဖြစ်နေလို့ ခွင့်လွှတ်တော်မူကြပါကုန်)မင်းရဲကျော်စွာဘက်က သူရဲကောင်း တွေနဲ့

ရာဇဓိရာဇ်ဘက်ကသူရဲကောင်းတွေ အချင်းချင်း သစ္စာပြုဖို့ တွေ့ကြတယ် ။ ချောင်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို မျက်နှာချင်းဆိုင်ရပ်ကြတော့ လဂွန်းအိမ်

နဲ့ မျက်နှာချင်းဆိုင်နေတဲ့ ဗမာဘက်က သူရဲကောင်းက ဟေ့မင်းတို့ သစ္စာပြုပွဲက အမှန်ပဲလားလို့ မေးပါတယ်။ ဒီမှာလဂွန်းအိမ်က  စစ်ဆိုတာ နိုင်ဖို့ အဓိကပဲ

တရားတာ မတရားတာ အဓိက မဟုတ်ဘူး လို့ ပြန်ပြောလိုက်တယ်။ ဒီမှာတင်  ဗမာဘက်က သူရဲကောင်းက မွန်တွေ အကောက်ကြံတာဟေ့ဆိုပြီး ချောင်းတစ်ဖက်ကနေ ထွက်ပြေးကြပါတယ်။

တကယ်တော့ သဲချောင်းအောက်မှာ ရာဇဓိရာဇ်ရဲ့ အစီအမံတွေနဲ့  ဓါးတွေ လေးမြားတွေ မြုပ်ထားပါတယ်။ လဂွန်းအိမ်လုပ်တာနဲ့ အစီအမံတွေပျက်ခဲ့ ရတာပါ

နောက်နေ့ ညီလာခံဝင်တော့ ဒီ ကိစ္စ ဘယ်သူဖေါ်တာလဲလို့ မေးတော့ လဂွန်းအိမ်က  ကျွန်တော်မျိုးဖေါ်တာပါလို့ လျှောက်တင်ပါတယ်။ ဘုရင်ကလည်း စိတ်ဆိုးတော်မူလို့ သတ်စေအမိန့်ထုတ်တယ်။ဒီမှာ လဂွန်းအိမ်ရဲ့ စကား ကို ကျွန်တာ်သဘောကျတာပါ။

   သူရဲကောင်းဆိုတာတိုက်နိုင်ခိုက်နိုင်တာက အဓိကမဟုတ် မှန်ကန်မူသစ္စာတရားကို အသက်နဲ့ ထပ်တူ ချစ်မြတ်နိုးနိုင်မှသာ သူရဲကောင်းမည်၏

ဗိုလ်ချုပ်အောင်ဆန်းကလည်းညစာစားပွဲတစ်ခုမှာအနိ္ဒယဘုရင်ခံချုပ်မောင့်ဘက်တန်ကို  ခပ်ပြတ်ပြတ်ပြန်လည်ချေပဖူးတာပဲ။နေရာကတော့ အရှေ့နှင့် အနောက်

ကလပ်(East and West Club) မှာပါ အဲ့ဒီကာလက ၁၉၄၅ခုနှစ်ဂျပန်စစ်ရှုံးပြီး ဗြိတိသျှ အစိုးရက စက္ကူဖြူစာတမ်းနဲ့ အုပ်ချုပ်နေချိန်မှာပါ။ ဆာပေါ်ထွန်းတို့ ဆာထွန်းအောင်ကျော်တို့တွေ ကိုဖိတ်ပါတယ်။ဗိုလ်ချုပ်ကိုတော့ ဝတ်ကျေတန်းကြေ ဖိတ်တယ်ဆိုရုံပါ အခမ်းအနားမှာ စကားပြောဖို့လည်း အစီအစဉ်မပေးပါဘူး။

နောက်ဆုံး မိန့်ခွန်းပြောတော့ ဘုရင်ခံချုပ်က နိုင်ငံရေးလောကဟူသည် လူရှုပ် လူယုတ်တို့ ၏ ကွန်းခိုရာလို့ ပြောတာ စကား အညှိအစွန်းလေးဖြစ်သွားပါတယ်။

( Politics is the refuge  of the scoundrels)

မောင့်ဘက်တန်ပြောအပြီးမှာ အစီစဉ်ထဲတွင် မပါဘဲလျှက် ဗိုလ်ချုပ်က  ခပ်တည်တည်ပဲ လျှောက်ပြီး မောင့်ဘက်တန်နားမှာရပ်လို့ မိန့်ခွန်းပြောပါတော့တယ်။

နိုင်ငံရေးလောက ဟာလူရှုပ်လူယုတ်တို့ရဲ့ ကွန်းခိုရာလို့  ဘုရင်ခံချုပ်ကြီးကပြောသွားပါတယ်။ဒီစကားလုံး အသုံး အနုန်းဟာ အနောက်နိုင်ငံမှာတော့  မှန်ကောင်းမှန်

လိမ့်မယ် ကျုပ်တို့ အရှေ့နိုင်ငံမှာတော့   ဘုရင်ခံချုပ်ကြီးရဲ့ ခံယူချက်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်…….လို့ ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ မဟုတ်မခံတတ်သော ဘယ်နေရာရောက်ရောက် တုံပြန်တတ်သော  မှန်ကန်မူသစ္စာကို ဖက်တွယ်တတ်သောစိတ်ကို တွေ့ရပါတယ်။

ကျွှန်တော်တို့တွေဟာ ငါ့အသိ ငါ့အမျိုး ငါ့ အဖွဲ့ဆိုပြီး ရောလိုက် လိုက် ၊လိုက်ရောလိုက် လုပ်နေရင် သူရဲကောင်းလဂွန်းအိမ်ရဲ့ ဒဿန  ပေါ်မှာ မရှိနိုင်သလို

သစ္စာတရား ( မြင့်မြတ်သော အမှန်တရား) ကို လက်ကိုင်ပြုရာ မရောက်ပါဘူး။လောက ကို အလှဆင်တဲ့ သတင်းရေးသူတွေ စာရေးဆရာတွေ  ဟာ အတော်ကို အဓိကကျတယ်လို့  ဆိုချင်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ လူမဟုတ်ပါဘူး ။ လူပုဂ္ဂိုလ် တွေ ပြောတဲ့ စကားတွေလည်း ကျွန်တော် အမှနန်တရားကိုဖေါ်ဆောင်တဲ့

ကိစ္စတွေမှာ မှတ်သားထားမိပါတယ်။ အမည်တော့ ကျွန်တော်မရေးတော့ပါဘူး သူကြိုက်မှန်း မကြိုက်မှနန်းမသိလို့ပါ။ကျွန်တော်ခင်မင်ရတဲ့ လ ူအရာရှိကြီးပါ

ကျွန်တော်ဟာ တစ်သက်စားမကုန်အောင်ချမ်းသာတယ် ကိုထက်ဝေး ဒါပေမယ့် အမှန်တရားနဲ့ ပတ်သက်လာရင် ပြောရဲတယ် ကွှန်တော်ကို ခေါ်သွားမလားလိုက်

ရဲတယ် ဘာလုပ်မလဲ ခံရဲတယ် ။ မှန်တာကိုပြောရဲရမယ်လို့ လက်ဖက်ရည်ဆိုင် စကားဝိုင်းလေးမှာ ပြောခဲ့ဖူးပါတယ်။သူကတော့ တကယ်လည်း

ဆုတောင်းပြည့်သူ  အရာရှိ၊ ချမ်းသာသူ ဥပဓိရုပ်ကောင်းသူ စာရေး တဲ့ ပညာရှင်တစ်ဦးပါ။

အကြောင်းအရာတစ်ခုပေါ်မှာတခါတရံ အမိုက်ခံတည့်မှတ်ပေးရပါတယ်။ တခါတရံမှာ ဂျာနယ်လစ်တို့ ရဲ့ လုပ်ထုံးအတိုင်း ကိုယ်လူကို နည်းနည်း  ဖိပေးပြီး

နာမည်ကြီးအောင်လည်း လုပ်တတ်ကြပါတယ်။ ကျွန်တော်ကတော့ ပညာကလည်း နည်း စကားပြောကလည်း မကြွယ်ဝတော့ အပေါ်မှာရေးသလို ငွေချေးတဲ့ ကိစ္စ

ကို ပြောင်ပြောင်တင်းတင်းပဲဝေဝဖန်ခဲ့ပါတယ်။

ဒီလိုဝေဖန်ပြောဆိုလိုက်လို့  အမှန်တရားတစ်ခုတော့ ရသွားပါတယ် ကော်မတီကတော့ မုန်းသွားပါတယ်။မှန်ကန်မူ သစ္စာတရားကို ချစ်မြတ်နိုးတာပါပဲ။လဂွန်းအိမ်လို

အသက်နဲ့ ရင်းပြီးမပြောရဲပေမယ့် လုပ်နိုင်တာလေးလုပ်လိုက်တာပါပဲ။အမှန်တရားတခုပေါ်မှာဆွေးနွေးငြင်းခုန်ကြတဲ့ အခါ ဝါဒစွဲ ပုဂ္ဂိုလ်စွဲကင်းဖို့ သဘောထားကြီးဖို့တော့ လိုအပ်ပါတယ်။

မှန်တာမပြောရဲ  ၊ကောင်းတာမလုပ်ရဲ မပြောရဲလျှင် ဆက်လက်နိမ့်ကျနေဦးမယ်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောခဲ့တယ်လို့Hot News ဂျာနယ်

Vol-2 No81, 2 -8March 2012မှာ မျက်နှာဖုန်းမှာဖေါ်ပြတာ ဖတ်ရပါတယ်။

ကဗျာဆရာနာမည်ကြီးအောင်ဝေးရဲ့  ကဗျာတစ်ပိုင်းတစကို သတိရမိလို့ ဖေါ်ပြရင်း ပြေးလွှားရင်းရေးတဲ့ စာက်ို ရပ်နားလိုက်ပါတယ်။ကဗျာစာသားမှားနေရင်

ကိုအောင်ဝေးခွင့်လွှတ်ပါ။

အမှန်တရားဆိုတာ

အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်း

ဘုံဆိုင်ထဲ ငနဲတစ်ကောင်

မာနကျိုးကျ

 

စာကိုး    ။       ။ နဝမတန်း စကားပြေ လက်ရွေးစင်  ၊  တက္ကသိုလ်  ပထမနှစ် မြန်မာ စကားပြေ ၊ မြေနီသစ္စာ ၏ ဆောင်းပါး ဒီလှိုင်းဂျာနယ် ဂေဇက် စာရေးဆရာများတွေ့ဆုံခြင်း လက်ဖက်ရည်စကားဝိုင်း ၊ Hot News ဂျာနယ် မျက်နှာဖုံးစာသား။

 

17 comments

  • marblecommet

    March 2, 2012 at 3:19 pm

    ကိုထက်ရေ့ အားပေးသွားပါတယ်
    မတွေ့တာကြာပြီနော့…..

  • htet way

    March 2, 2012 at 7:03 pm

    အားပေးတာကျေးဇူးပါဆရာ
    မိတ်ဆွေတစ်ယောက်ကို သတိတရရှိနေပါတယ်
    ကို ကမ်းကြီးပျောက်နေတာပါ

  • mg mg

    March 2, 2012 at 7:45 pm

    “အမှန်တရားတခုပေါ်မှာဆွေးနွေးငြင်းခုန်ကြတဲ့ အခါ ဝါဒစွဲ ပုဂ္ဂိုလ်စွဲကင်းဖို့ သဘောထားကြီးဖို့တော့ လိုအပ်ပါတယ်”
    အဲဒီဝါကျလေးအတွက် အားရဲ့ကိုယ်စားကျေးဇူးပါ။

  • lulinmg

    March 2, 2012 at 8:03 pm

    ကျွန်တော်တို့ရဲ့ဝန်းကျင်တွေမှာအုပ်စုတွေမိတ်ဆွေတွေ
    သူတို့နဲ့ပါတ်သက်တဲ့ကိစ္စတွေမှာအမှန်တရားကိုမပြောရဲတက်ကြဘူး
    မျက်နှာနာတက်ကြတယ်
    တစ်ကယ်တော့ပြောရဲဆိုရဲလုပ်ရဲတာသူရဲကောင်းပါပဲ

  • ဦးဦးပါလေရာ

    March 2, 2012 at 10:04 pm

    လေးစားပါတယ် ကိုထက်ဝေးရေ
    “ဆရာထက် နက်ကတစ် မလုပ်နဲ့ ပြောတိုင်းကောင်းတာမဟုတ်ဘူးနော်….” ဆိုပေမယ့်…
    မှန်တိုင်းမကောင်းဘူးဆိုကြပေမယ့်
    မှန်တာလုပ်ပြီး အဲဒီမကောင်းတဲ့ရလာဒ်ကို လက်ခံဝံ့တာဟာ ရဲရင့်သူတို့လုပ်ရပ်ပါဗျာ။

    တခုဆက်ပွားချင်တာလေးက …
    ရဲရင့်မှု့ ဆိုတာ (အခြားအရာတွေလိုပဲ) ကူးစက်တတ်ပါတယ်။
    တယောက်ကကြောက်ပြရင် အခြားသူတွေက လိုက်ကြောက်လာတတ်သလိုပဲ
    တယောက်ကရဲပြရင် အခြားလူတွေလဲ စိတ်ခွန်အားတွေ တိုးပွားရဲရင့်လာတတ်တယ်။

    ကျုပ်တို့နိုင်ငံ ထိထိရောက်ရောက် ပြောင်းလဲတိုးတက်ဘို့မှာ
    ရှေ့ဆောင်ရဲရင့်ပြသူတွေ အထူးလိုအပ်လှပါကြောင်း……

  • aye.kk

    March 3, 2012 at 12:07 am

    မှန်တဲ့သူ၊ဒယ်အိုးမကြောက်။

  • kai

    March 3, 2012 at 12:58 am

    ပြေရင်းလွှားရင်း
    အမှန်တရားကြဲချ
    အခါးသီးခဲ့
    ရေမြေဓါတ်သက်..။

    ==
    စကားမစပ်..
    ဆရာအောင်ဝေး.. မန္တလေးဂေဇက်မှာ အတွဲနဲ့ရေးဖူးတဲ့.. “မမခင်ဦးစံပယ် သို ့ တမ်းချင်း”ကို.. ပေါင်းပြီး စာအုပ်ထုတ်မယ်တဲ့..။

  • htet way

    March 3, 2012 at 9:11 am

    မှတ်သားရပါတယ် ဆရာ ဦးဦးခင်ဗျား
    ကူးစက်တတ်တယ်ဆိုတဲ့ ဒဿနကို ကျွန်တော်ကြိုက်ပါတယ်။
    ဟိုတခောတ်က တိုင်စားတဲ့ လူးတစ်ယောက်ရှိတယ် ပညာက မတောက်တခေါက်ပါ
    တိုင်စာရေးတာကတော့လက်ဖျားခါလောက်ပါတယ်။အဲ့ဒီလူက ဒါနဲ့ ပဲကြီးပွားခဲ့တယ်
    မြို့နယ် အာဏာပိုင်တွေတောင်ကြောက်ရတယ် အခွန်ဆက်သလိုပေးရတယ်
    ဒါက ဆရာပြောတဲ့ ကူးစက်ခြင်းပဲ။အခုအစိုးရသစ်ထိ သူ့ကို အရေးမယူနိုင်သေးဘူး
    သူက အလံထူနေတုန်းပဲ။
    ဆရာရဲ့မှတ်ချက်ကို အထူးနှစ်သက်လှပါကြောင်း ။
    ကျုပ်တို့နိုင်ငံ ထိထိရောက်ရောက် ပြောင်းလဲတိုးတက်ဘို့မှာ
    ရှေ့ဆောင်ရဲရင့်ပြသူတွေ အထူးလိုအပ်လှပါကြောင်း……

  • htet way

    March 3, 2012 at 9:24 am

    သူကြီးမင်းခင်ဗျား
    ဂေဇက်ကို ကျွန်တော်ဝင်လာတာ ၆လတောင်မရှိသေးပါခင်ဗျား။
    ဂေဇက်မှာဆရာအောင်ဝေးရေးတာသိရလို့ ဝမ်းသာဂုဏ်ယူရပါတယ်
    နောက်စာအုပ်ထွက်မယ်ဆိုတော့ လလည်း ဝမ်းသာရပါတယ်။
    စကားမစပ်
    သူကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ် ဂေဇက်တည်မြဲခြင်းဟာ
    ပြည်သူအကျိုး ဖြစ်စေတာပဲလို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်က ဂေဇက်မှာရေးတာကို
    ကျွန်တော်မြို ကကျည်းတော့ ကလောင်နာမည် အမှန်နဲ့ရေးတော့ သိကြပါတယ်။
    ဋ္ဌာနဆိုင်ရာတွေကလည်းဖတ်ကြပါတယ်။
    ပြေရင်းလွှားရင်း
    အမှန်တရားကြဲချ
    အခါးသီးခဲ့
    ရေမြေဓါတ်သက်..။
    အမှန်တရားတွေကြဲချလိုက်တာ အခါးတွေသီးလောက်အောင် ရေဓါတ်မြေဓါတ်ကညံ့နေတယ်လို့
    ဆိုလိုချင်တာလားခင်ဗျား။
    ကျွန်တော်တို့ တိုင်းရင်းဆေးမှာ သောက်ရတဲ့ ဆေးတွေက ခါးတာများပါတယ်
    ရောဂါ အမြစ်ပြတ်ဖို့ ဆေးခါးကြီးလည်းသောက်ရတာပါပဲ
    အစွဲကင်းမှ အမှန်ရောက်မှာဖြစ်ပါတယ်။တခါတလေမှာ တရွာလုံးနဲ့ တစ်ယောက်ဆိုတဲ့ ဆိုရိုးလို
    အများမိုးခါးရေ သောက်ပေမယ့် ကိုယ်မသောက် အမှန်တရားအချိုရည်ကိုသောက်ရပါ့မယ်
    ကျွန်တော်ကတော့ မရောက်သေးပေမယ့်ရောက်အောင်သွားကြည့်နေပါတယ်။သူကြီးက မော်ဒန်ကဗျာဆရာဖြစ်မယ်ထင်တယ်။ရေးထားတာ မော်ဒန်ကဗျာလေးပဲ ။
    အမှားပါရင် ခွှင့်လွတ်ပေးပါ
    လေးစားစွာဖြင့်
    ထက်ဝေး

  • ကျနော်လဲ အတူတူပါဘဲဗျာ မြို့ကကျဉ်းတော့ အချင်းချင်းသိနေကြလေတော့
    ဌာနဆိုင်ရာတွေ၊သတင်းပေးတွေ၊စိတ်ပါဝင်စားသူတွေပါမကျန်ဝင်ဖတ်နေကြ
    တာပါ။ဆရာထက်ရေ…..မှတ်သားဖွယ်ရာလေးမို ့ကူးယူပြန်မန့်လိုက်ပါ၏။
    —————
    နောက်ဆုံး မိန့်ခွန်းပြောတော့ ဘုရင်ခံချုပ်က နိုင်ငံရေးလောကဟူသည် လူရှုပ်
    လူယုတ်တို့ ၏ ကွန်းခိုရာလို့ ပြောတာ စကား အညှိအစွန်းလေးဖြစ်သွားပါတယ်။
    ( Politics is the refuge  of the scoundrels)
    မောင့်ဘက်တန်ပြောအပြီးမှာ အစီစဉ်ထဲတွင် မပါဘဲလျှက် ဗိုလ်ချုပ်က  ခပ်တည်တည်ပဲ
    လျှောက်ပြီး မောင့်ဘက်တန်နားမှာရပ်လို့ မိန့်ခွန်းပြောပါတော့တယ်။
    နိုင်ငံရေးလောက ဟာလူရှုပ်လူယုတ်တို့ရဲ့ ကွန်းခိုရာလို့  ဘုရင်ခံချုပ်ကြီးကပြောသွားပါတယ်။
    ဒီစကားလုံး အသုံး အနုန်းဟာ အနောက်နိုင်ငံမှာတော့  မှန်ကောင်းမှန်
    လိမ့်မယ် ကျုပ်တို့ အရှေ့နိုင်ငံမှာတော့   ဘုရင်ခံချုပ်ကြီးရဲ့ ခံယူချက်နဲ့ ဖြောင့်ဖြောင့်ကြီး
    ဆန့်ကျင်နေပါတယ်…….လို့ ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

  • Burmese or Chinese

    March 3, 2012 at 12:57 pm

    အားပေးသွားပါတယ်

  • htet way

    March 3, 2012 at 1:18 pm

    အားပေးတယ်ဆိုလို့ ဝမ်းသာမိပါတယ်
    သဘောမတွေ့တဲ့ သူလည်း ရှိမှာပါ လွတ်လပ်စွာ သဘောထားကွဲလွဲခြင်း
    ရှိကြပါစေသတည်းပေါ့။
    ပြေးရင်းလွှားရင်းရေးတဲ့ စာဆိုတော့လည်း
    သိပ်တော့ အားမရလှပါဘူး။
    မည်သို့ပင်ဖြစ်စေ …………………….။

  • a me

    March 4, 2012 at 5:23 pm

    အေမီ နားမလည်ဘူး အဲ့ဒီ အကျောင်းအရာတွေ နားလည်အေညင်တွေးနေတာပဲ ဉာဏ်မ မှီဘူးထင်ရဲ့ အေမီတာ့

  • htet way

    March 4, 2012 at 6:52 pm

    ဘာမှ မဟုတ်တဲ့ စာတွေပါအေမီ
    နားလည်အောင်ဖတ်ကြည့်ပါလေ
    ဖတ်ပေးတာကိုပဲကျေးဇူးပါကွယ်

  • padonmar

    March 4, 2012 at 8:41 pm

    ဆရာထက်ရေ ကိုဘလက်လိုပဲ လက်မထောင်ပေးခဲ့ပါတယ်။
    မှန်တာကိုပြောရဲကြဖို့ Free From Fear ရှိကြဖို့လိုပါတယ်။
    စကားအတင်းစပ် ဆရာထက်ရဲ့ အရာရှိကြီးကို သိသလိုပဲ။:D

  • ဒီ လုံး

    March 4, 2012 at 9:06 pm

    လေးစားပါတယ်ဆရာထက်ရေ
    ကျနော်လည်းအရာရာကိုအမှန်အ
    တိုင်းမြင်နိုင်အောင်မြင်တဲ့အတိုင်း
    လည်းပြောရဲအောင်အမြဲကြိုးစားပါတယ်။
    ဦးဦပါလေရာရဲ့ဒသနလေးကိုလည်းကြိုက်ပါတယ်။

  • htet way

    March 5, 2012 at 8:39 am

    အခုလို ဖတ်ပေးဝင်ရေးပေးကြတဲ့
    ဒေါက်တာရယ်၊ဆရာဒီလုံးရယ်ကို လေးစားကျေးဇူးတင်ပါတယ်။
    စကားပုံတော့ မဟုတ် ဆိုရိုးတစ်ခုရှိပါတယ်
    “မှန်လွန်းရင် ရွာပြင်ထွက်ရတယ်တဲ့ ”
    ဒါလေးတော့ ကျွန်တော် သတိထားမိပါတယ်။
    အရာရှိကြီးကတော့ ဒေါက်တာရယ်………….။

Leave a Reply