နီရဲစိုလွင် လက်ပန်ပင်…………………….
“တောင်သမန်ကလက်ပန်ပင်”
တောင်သမန်အင်းမြောက်ဘက်က နေပြီး ဓါတ်ပုံတွေ စိတ်တိုင်းကျရိုက်ပြီးတဲ့အခါ
လက်ပန်ပင်ကြီးကို လဲရိုက်ဘို့ သတိရလိုက်ပါတယ်.။
ဒီလက်ပန်ပင်ကတော့ ရတနာပုံတက္ကသိုလ်ကို တက်ဘူးသူတိုင်း၊
တောင်မြို့မှာနေသူတိုင်းသိတဲ့အပင်ကြီးပါဘဲ။
ထူးထူးခြားခြား လမ်းအလည်ခေါင်မှာ မတ်မတ်ရပ်နေတဲ့အပင်ကြီးပေါ့။
မနှစ်က ကျနော် ဒီအပင်ကြီးကို ရိုက်တင်ဘူးပါတယ်။
အဲဒီတုံးကတော့ လမ်းမပေါ်က နေ မတ်တပ်ရပ်ပြီးရို်က်တင်သွားတာပါ။
အခုတော့ ပုံစံအမျုိုးမျိုးနဲ့ပေါ့။
ကဲ လက်ပန်ကို ခံစားလိုက်ကြပါအုံးနော်။
နောက်အားရင်တော့ ရွှေကြက်ယက်ဘက်က လက်ပန်တွေ ကန်ပတ်လမ်းက လက်ပန်တွေတင်ပေးပါအုံးမယ်နော်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ အတွေးပါးပါး
(1-3-2012)
24 comments
windtalker
March 4, 2012 at 11:51 am
လက်ပံပင်
ကွက်မှန်မြင်
ကြက်ဝယ်ချင် (ချက်စားဖို ့)
ကိုပေါက်(မန္တလေး)
March 4, 2012 at 12:06 pm
ဒီလက်ပန်ပင်က တော့ မနှစ်တုံးက တစ်ခါရိုက်တင်ဘူးပါတယ်။
ဒါက တော့ 2012 ပုံပေါ့။
marblecommet
March 4, 2012 at 12:14 pm
လက်ပံပွင့်နဲ့
တောင်ခရု
သောက်ဆမ်းလေး
ချက်စားချင်လိုက်ထှာ
ဗျာ…..
ရှလွတ်…..
နွေဦး
March 4, 2012 at 3:42 pm
အပင်တွေမှာ ရိုးတံကြဲကြဲဆို
ဓါတ်ပုံရိုက်ရ အခက်ဆုံးချိန်ပါ
ဘယ်လိုရိုက်ရိုက် လှဖို့မလွယ်ပါ
ဒါကို အမြင်လှအောင် ရိုက်ပြသွားတဲ့
ကိုပေါက်ကို ကျေးဇူးတင်ပါတယ်
ကျွန်တော့်ကို သင်ပေးတယ်လို့ မှတ်ယူပါတယ်။
ကျေးဇူးတင်ပါတယ် ကိုပေါက် ခင်ဗျား။
ကိုပေါက်(မန္တလေး)
March 4, 2012 at 6:19 pm
နွေဦးရေ ကျနော်ကိုယ်တိုင်လဲ ဝါသနာအရရိုက်တာဆိုတော့
သင်ရင်းရိုက်ရင်းပါဘဲ။
မန်းလေးလာခဲ့လေ ကိုစိန်သော့နဲ့တွေ့ပေးမယ်။
သူက ကျနော့်ဓါတ်ပုံနည်းပြဆရာ လေ။
aye.kk
March 4, 2012 at 6:49 pm
နွေအလွမ်းဖန်..
ပန်းလက်ပံတို့…
ပင်ယံကျွတ်မျှ..
စွမ်းကုန်လှလင့်..
ပွင့်ကြနီနီ..
လေပြည်ဆော်သွေး..
ကြွေတိုင်းမွှေး၍..
မဆွေးဘယ်သူ..ရှိမည်တည်း..။
aye.kk
March 4, 2012 at 6:55 pm
မွေးလွန်းသည့်ပန်း..
တမ်းတလွမ်းရ..
အလွန်လှသည့်..အိုလက်ပံ။
ဦးဦးပါလေရာ
March 4, 2012 at 11:23 pm
နွေစစ်စစ်ရောက်ပါပြီလို့ သတိပေး အချက်ပြတဲ့အပင်ကတော့ လက်ပံပင်ပဲဗျ…..
တပေါင်းလဆန်းပြီဆိုတာနဲ့ လက်ပံပင်မှာ အပွင့်တွေ ခဲနေတော့တာပဲ
နုတဲ့ လှတဲ့ ပန်လို့ရတဲ့ပန်းမဟုတ်တော့ စာတော့အဖွဲ့မခံရဘူးပေါ့လေ…
(သုပ်စားလို့တော့ရတယ်ပြောတယ် 😀 )
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 11:42 pm
ကိုပေါက်ရေ….လက်ပံပင်ကို ငယ်ငယ်က ဒီဖက်နယ်မှာတွေ ့ဖူးပေမယ့်၊ခုနောက်ပိုင်းမတွေ ့ဖူးတော့
ဘူးဗျာ။ခုမှပြန်တွေ ့ဖူးတာပါ။ကျေးဇူးပါဗျာ။ဒါနဲ ့နံပါတ်(၁)ပုံမှာ ဘာအဆောက်အအုံပျက်ကြီးလဲဗျာ။
Khin Latt
March 5, 2012 at 4:11 am
လှလိုက်တဲ့ လက်ပန်ပင်ကြီး ကိုပေါက်ရာ။
ငယ်ငယ်က လက်ပန်ပွင့်ချိန် ခွေးရူးချိန်လို့ သိဘူးခဲ့တာ။
နွေမှာ ခွေးရူးပြန် တတ်လို့ထင်ရဲ့။
ကိုပေါက်(မန္တလေး)
March 5, 2012 at 8:42 am
ကိုထွဋ်ရေ အဲဒီအဆောက်အဦက ဘုရား အဝင်ပေါက်မုဒ်ဦးလို ယူဆပါတယ်။
တစ်ခုတည်း ထီးထီးကျန်နေတာ သူ့အောက်မှာက အုတ်ပုံကြီး။
ပထမပုံတွေမှာပါ ပါတယ်။
ကိုလတ်
ကျနော်နှစ်သက်တဲ့ မစန္ဒာ ဝတ္တု ဂျီဟောသူထဲမှာ
လက်ပံပွင့်ချိန် ထွေးရူးချိန်ဆိုတာလေးကို ခုထိသတိရပါ၏။
kaung kg16
March 6, 2012 at 11:56 am
လက်ပံပွင့်နဲ့ သရက်သီးခြောက်နဲ့ချက်စားရင် အလွန်ကောင်းတယ်ဗျ…..ကိုပေါက်လက်ပံပွင့်ကောက်ခဲ့ပြီးတော့ ရွာသားတွေကိုဝေပေးတာတော့မဟူုတ်ဘူး….ဟဲ
ကိုပေါက်(မန္တလေး)
March 6, 2012 at 12:05 pm
လက်ပံက အခုမှပွင့်တာမကြွေသေးဘူး။
မတ်လလယ်လောက်ဆို အပွင့်တွေကြွေပြီ။
အခြောက်ခံပြီး ပို့လိုက်မယ်နော်။
Uncle Lay
March 6, 2012 at 1:43 pm
ပုံတွေတွေ့ရတော့ အညာကို သတိရမိပါသည်..။
ကိုပေါက်(မန္တလေး)
March 6, 2012 at 3:37 pm
သတိရရင်ရောက်အောင်ပြန်ခဲ့ဗျာ။။
weiwei
March 6, 2012 at 4:04 pm
ပုသိမ်ကနေ မော်တင်စွန်းသွားတဲ့လမ်းတလျှောက်မှာလဲ လက်ပန်ပင်တွေ အပွင့်နီနီတွေနဲ့ အများကြီးပဲ တွေ့ခဲ့ရတယ် … နွေရာသီရောက်ပြီဆိုတဲ့ သင်္ကေတတစ်ခုပဲနော် …
ကိုပေါက်(မန္တလေး)
March 6, 2012 at 6:24 pm
ဟုတ်ပါ့ လက်ပန်ပွင့်ချိန် ထွေးရူးချိန်……………….တဲ့ မဝေတို့ အာအိုင်တီက စာရေးဆရာမ
မစန္ဒာရဲ့ ဂျီဟောသူ ထဲက စာသားလေးပါ
TTNU
March 6, 2012 at 10:19 pm
ကိုပေါက်ရေ…
ကဗျာလေးတစ်ပုဒ်သတိရမိတယ်။
“ပင်လက်ပံ ကြွေချိန်ကျပြီမို့
မိစံလှ နင်လိုက်ဦးမလား”။
ကိုပေါက်(မန္တလေး)
March 6, 2012 at 11:18 pm
မာမီခင်ဗျား မာမီပြောတဲ့ကဗျာလေးကို
ရှေးကဗျာများ ပြန်လည်ဖော်ထုတ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ (20-2-2012)နေ့မှာပိုစ်တင်ခဲ့ဘူးပါတယ်။
မာမီပြောတဲ့ကဗျာ လေးက ဒီလိုပါခင်ဗျာ.ကျနော်ရေးခဲ့တဲ့ပိုစ်ထဲကနေကောက်နုတ်လို့
ပြန်ကော်ပီကူးလေးလိုက်ပါတယ်။
“လက်ပံပွင့် “
လာဟေ့ ဒွါး………..
သွားကောက်ချည်စို့၊
ပွင့်ခြောက်ကယ်အနားလန်၊ဆက်ရက်ကယ်ညံ၊
ပင်လက်ပံကြွေချိန်ကျပြီမို့၊
မိဇံလှ နင်လို်က်အုံးမလား၊
သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊
ပေါင်းလန်မှ ပြန်ကြမယ်လေး။
အရီးသာလုံးကြေးကိုင်တုံးက၊
တို့အိမ်တောင်က ကျန်စုံကုန်း၊
တနေ့တုန်းလဲကာသေ။
သားရေနှင့်အမဲနံ၊လက်ပံနှင့်ချိုင်ရလျှင်၊
ကျိုနှိုင်လေ မွမွပျောင်းတာမို့၊
ပြောင်းဆန်အို မျိုမကျရယ်နှင့် မြိန်လှတယ်လေး။
ဒီတပုဒ်ကတော့ ဖြစ်ရာဘဝမှ ရသမျှနဲ့ကျေနပ်အောင်နေတတ်လွန်းတဲ့မြန်မာ့
တောသူတောင်သားတွေရဲ့ အိမ်နီးနားချင်းစုစုရုံးရုံးလေးနေတတ်ပုံလေးကို
ချစ်စရာကောင်းအောင်ဖွဲ့ဆိုထားပါတယ်။
ဒီထဲမှာ “ပေါင်းလံ”ံ ဆိုတဲ့စကားလေးကတော့ ခုခေတ်မှာအသုံးနည်းပြီထင်ပါတယ်။
ပြည့်လျှံနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။
ဒီကဗျာရဲ့ဇာတ်ကောင် ဖြစ်တဲ့ လက်ပံပွင့်အကြောင်းပြောပြရမယ်ဆိုရင်……………….
“တပေါင်း”လရောက်ရင် တစ်ပင်လုံးရဲရဲတောက်နေအောင်ပွင့်တတ်တဲ့လက်ပံပင်ကတော့
မြူတွေဆိုင်းနေတတ်တဲ့ ရာသီမှာ
မကြည်မလင်နဲ့မူန်ပြနေတဲ့ ပါတ်ဝန်းကျင်တခိုက မြင်ကွင်းကိုမြင်ရတာအတော့်ကိုု လွမ်းစရာကောင်းပါတယ်။
(လက်ပံပွင့်ချိန်ဆိုရင် ခွေးတွေရူးတတ်လို့ ဒီအချိန်မှာ ခွေးရူးကို ဂရုပြုကြရပါတယ်)
အထူးသဖြင့်မန်းလေးအနီးအနားမှာဆိုရင် ဧရာဝတီမြစ်ရိုးတလျှောက် ဂေါဝိန်ဆိပ်ကနေ ရွှေကြက်ယက် ရွှေကြက်ကျကိုသွားတဲ့ခရီးတစ်လျှောက်၊
စစ်ကိုင်းမြို့အနီးအနားပါတ်ဝန်းကျင်၊အင်းဝမြို့ထဲတွေမှာအများဆုံးတွေ့နိုင်ပါတယ်။
နောက်ရန်ကုန်မန္တလေးလမ်းမကြီး(လမ်းဟောင်း )မှာ မြစ်ငယ်တံတားနဲ့ ပုလိပ်မြို့အကြားမှာ
လည်းတွေ့နိုင်ပါတယ်။
လက်ပံပွင့်ချိန်မှာဆိုရင် ဇရက်တွေက အုံဖွဲ့လို့ ပျော်ရွှင်နေကြတာကလည်း အလှတစ်ခုပါ။
လက်ပံပွင့်တွေက အပွင့်နီနီရဲရဲ တစ်ပင်လုံးဖွေးနေအောင်ပွင့်တဲ့အပြင် လေတိုက်ပြီဆိုရင်
ဝဲပျံလို့ မြေပြင်ကိုဆင်းသက်တတ်ကြပါတယ်။
လက်ပံပွင့်ကိုချုပ်ထားစုစည်းထားပေးတဲ့အစိမ်းရောင်အဖတ်ကလေးကိုလက်ပံခေါင်းလို့
ခေါ်ပါတယ်။လက်ပံခေါင်းကစစခြင်းတော့အစိ်မ်းရောင်ခြောက်သွားရင်တော့အမဲရောင် အဖြစ်ပြောင်းသွားပါတယ်။
ကျွန်တော်တို့ အညာသူ အညာသားများက အနီရောင်သမ်းနေတဲ့ လက်ပံပွင့်ဖတ် ကို မစားပေမယ့် လက်ပံခေါင်းလေးကိုတော့ အခြောက်လှမ်းပြီး ချဉ်ရည်ဟင်းအဖြစ်ချက်စားတတ်ကြပါတယ်။
တစ်ခါတစ်လေတော့လဲ အမဲသားအရွတ်တွေ အမဲရိုးတွေနဲ့ရောပြုတ်လို့ချက်စားတတ်
ကြပါတယ်။လက်ပံခေါင်းချဉ်ရည်ထဲကို ပုန်းရေကြီးနည်းနည်းထဲ့၊ ငံပြာရည်ချက်ကိုကြက်သွန်အဖြူကြော်လေးအုပ်လို့
အသီးအရွက် ကိုတို့စရာအဖြစ်နဲ့တွဲစားလိုက်လို့ကတော့ အတော်လေးကိုထင်းမြိန်ပါတယ်။
လက်ပံပွင့်ကဗျာလေးကတော့ ဖတ်လိုက်တာနဲ့လူတိုင်းနားလည်နိုင်ပါတယ်။
ဒီအထဲမှာ လူတိုင်းမသိနိုင်တာလေးကတော့ ပြောင်းဆန်ထမင်းပါ။
အထက်မြေလတ်ပိုင်းတွေမှာ ဈေးနည်းတဲ့ ပြောင်းဆန်ခပ်သေးသေးကို
ထမင်းနဲ့ရောချက်လို့စားတတ်ကြပါတယ်။ထမင်းအသားကတော့ ဆန်ထမင်းလောက်
မနူးညံ့ဘဲ နည်းနည်းမာပါတယ်။
တစ်ခါတစ်ရံမှာ ပဲရယ်၊ပြောင်းရယ်၊ဆန်ရယ်ရောလို့ သုံးလွန်းတင် ထမင်း ဆိုပြီးချက်တတ်ပါသေးတယ်။
ဒီလိုရွာသူလေးတွေလက်ပံပွင့်ကောက်တဲ့အကြောင်းလေးကို ကွယ်လွန်သူဆရာဂီတလုင်
မောင်ကိုကိုကနေ “ နွေမိန်တပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ်…..”
လို့ ရေးဖွဲ့ထားခဲ့တဲ့စုပေါင်းတေးကလေးကလဲ မြန်မာပြည်အနှံ့အပြားထင်ရှားလို့ လက်ပံဆိုတာကို မမြင်ဘူးဘဲနဲ့လွမ်းခဲ့ကြရဘူးပါတယ်။
ရေးသူကတော့ စာဆိုတော် ဦးဆောင်းဖြစ်ပါတယ်။
(ဒီကဗျာလေးတွေကို ခံစားဘူးလို့ ပေါက်ပန်းပွင့်ချိန်ခါမီ တပေါင်းမိန်ရာသီ ပိုစ်လေးရေးနို်င်တာပါခင်ဗျာ)
ကိုပေါက်(မန္တလေး)
March 6, 2012 at 11:23 pm
(20-2-2011)လို့ပြင်ဖတ်ပေးနော်
ကိုပေါက်(မန္တလေး)
March 8, 2012 at 10:03 pm
မာမီအတွက်ဖြေပေးထားတာ မာမီ မတွေ့သေးဘူးထင်တယ်နော်။
Mလုလင်
March 9, 2012 at 12:16 am
သစ်ခြောက် ပင်မြင် ရင် လွမ်းတတ်တယ်တဲ့။ ဒီပိုစ့်မှာက သစ်ကတော့ မခြောက် .. ဒါပေသိ .. အရိုးအပြိုင်းပြိုင်း မို့ .. ဒီ ဒါ့ပုံ တွေ ကြည့်ပြီး .. ဒါ့ပုံ ဆြာ တစ်ယောက် ဘယ်လောက် လွမ်းသွားမလဲလို့ .. ခံစားကြည့်ရင်း နဲ့ အားပေးသွားပါတယ် ဦးပေါက် ရေ ….
padonmar
March 9, 2012 at 1:12 am
ကိုပေါက်
လက်ပံပွင့်ကောက် အရောက်လာမယ်
ကိုပေါက်(မန္တလေး)
March 9, 2012 at 8:55 am
မအေးရေ အဲဒီ လက်ပန်ပွင့်ကောက်သီချင်းလေးနားထောင်ချင်ရင် မန်းလေးဂေဇက် မီဒီယာ ထဲမှာ သီချင်းလေးထည့်ထားပါတယ် ။
လင့်ပေးနေကြ ပေါက်ကျော်မ မရှိတော့ တက်မလာဘူးဖြစ်နေပါ၏။