ဒုတိယဒီမိုကရေစီ၊ အမြစ်မရှိသောသစ်ပင်နှင့် ချအုံကြီးအကြောင်း (အပိုင်း-၂)
သစ်ပင်တစ်ပင်ဆိုတာ အမြစ်ရှိမှ ရပ်တည်နိုင်ပါတယ်။ အမြစ်မရှိတဲ့သစ်ပင်ဟာ လေကလေးတစ်ချက်ဝှေ့ယုံနဲ့ ပြိုလဲသွားရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းအနိစ္စရောက်ပြီးနောက်ပိုင်းမှာ ခေါင်းဆောင်ဖြစ်လာသူက ဦးနုဖြစ်ပါတယ်။ ဦးနုဟာ မြန်မာနိုင်ငံလုံးဝလွတ်လပ်ရေးရနိုင်ဖို့အတွက် အင်္ဂလိပ်အစိုးရနဲ့နု-အက်တလီ စာချုပ်ကို ချူပ်ဆိုပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ဝ၄း၂ဝ မှာ မြန်မာနိုင်ငံပထမဆုံးလွတ်လပ်ရေးရခဲ့ပါတယ်။ ဒီလွတ်လပ်ရေးရတဲ့အချိန်မှာပဲ ကွန်မြူနစ်တွေရဲ့ ပထမဆုံးသေနတ်သံ ထွက်လာပါတယ်။ တကယ်တော့ အင်္ဂလိပ်တွေဟာ ပထမဆုံးမြန်မာနိုင်ငံကို တိုက်ဖို့စဉ်းစားခဲ့ချိန်မတိုင်မီက မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို အတော် လေးစားကြောက်ရွံ့ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုများ တိုက်ခဲ့ရင် အဆုံးအရှုံးများမဲ့အရေးကို တွေးပူနေခဲ့တာပါ။ နောက်ပိုင်းသေသေချာချာလည်းသိလာရော မြန်မာတွေဟာ သင်္ကြန် အမြောက် တွေနဲ့ တူပြီး အမြစ်မရှိတဲ့သစ်ပင်လိုဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိလိုက်ရတဲ့ အချိန်မှာတော့ တစ်စက္ကန့်မဆိုင်းစစ်ပွဲစတင်ပါတော့တယ်။ ဒီလိုရိပ်မိသွားရတဲ့အကြောင်းကတော့ ဘုရင်ရှေ့မှာ ခေါင်းမဖေါ်ပဲ ကြောက်ဟန်ဆောင်သော်လည်း ဘုရင်မရှိတော့ချိန်မှာ ကွမ်းယာ တပျစ်ပျစ်နဲ့ ဦးတည်ရာမရှိလူပျင်းတွေဖြစ်နေလို့ပါပဲ။
ဦးနုဟာ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပါတယ်။ စာရေးခြင်းနဲ့ ပြဇာတ်ရေးခြင်းကို အလွန်လုပ်လိုသူဖြစ်ပါတယ်။ လူပေါ်လူဇော်လုပ်နည်း စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ Political ဇာတ်ခုံပေါ်ကို မထင်မှတ်ပဲရောက်လာသူဖြစ်ပါတယ်။ သိပ်ပြီးတော့ Ambition ဖြစ်သူတစ်ဦးတော့မဟုတ်ပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အာဏာရဲ့ အရသာကိုသိလာတာရယ်၊ မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့စရိုက်ဖြစ်တဲ့ ရိုသေလွန်း၊ ခွင့်လွှတ်လွန်းတာရယ်ကြောင့် သူကိုယ်သူဘုရင်မင်းမြတ်လိုထင်လာတယ်။ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းခေါင်းဆောင်အားလုံးလည်း သည်ပံသည်အတိုင်းပါပဲ။ စစ်ဗိုလ်ဖြစ်ဖြစ်၊ အရပ်သားဖြစ်ဖြစ်၊ လုပ်ငန်းရှင် ဖြစ်ဖြစ် အာဏာမပေးလိုက်နဲ့။ ပေးလိုက်တာနဲ့ ဘုရင်မင်းမြတ်လို အာဏာရှင်တွေဖြစ်လာတော့တာပဲ။ ဒီလိုဖြစ်တာက မြန်မာလူမျိုးတွေရဲ့ Social System နဲ့ဆိုင်တယ်။ အလွန်ဆိုးရွားတဲ့စနစ်ပါပဲ။ အခုလည်း ဆက်တွေ့ဦးမှာပါ။
အင်္ဂလိပ်တွေဟာ မြန်မာလူမျိုးတွေကိုနှစ်ပေါင်း ၁၅ဝ လောက်ပုံသွင်းခဲ့ကြပါတယ်။ သူတို့ပုံသွင်းတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်တွေကို အချိန်ကြာကြာထုတ်ယူနိုင်ဖို့နဲ့ ခရစ်ယာန်ဘာသာပြန့်ပွားဖို့ပါပဲ။ ရန်ကုန်မြို့တစ်မြို့လုံးအရှေ့၊ အနောက်၊ တောင်၊ မြောက်ဘယ်အရပ်ကိုပဲသွားသွား ခရစ်ယာန်ဘုရားကျောင်းမရှိတဲ့နေရမရှိပါဘူး။ သူတို့လိုချင်တာတော့ ထုတ်ယူသွားလို့ရတယ်။ ခရစ်ယာန်ဘာသာကိုတော့ အားလုံးကို မသွတ်သွင်းနိုင်ခဲ့ပါဘူး။ အဲဒီတုန်းက မြန်မာတွေက အင်္ဂလိပ်တွေရဲ့ ပညာရေးကို ကျွန်ပညာရေးလို့ခေါ်တယ်။ တကယ်တော့ မြန်မာတွေကိုက Education အကြောင်းကို သေသေချာချာနားမလည်ပါ။ ဒီလိုနားမလည်တာဟာ အခုထိဖြစ်ပါတယ်။ ထိုစဉ်ကတည်းကမြန်မာအချင်းချင်း သင်ကြားပေးခဲ့တဲ့ကျောင်းတွေ၊ နေရာမှာ ခေတ်လူသားတစ်ဦးသိရမဲ့ အဟာရအကြောင်းတွေ၊ ဝတ်စားဆင်ယဉ်မှုတွေ၊ အရောင်းအဝယ်လုပ်ငန်းအကြောင်းတွေ၊ ခရီးသွားလာခြင်းတွေ၊ စွဲမြဲခိုင်မာတဲ့ စိတ်ရှိအောင် ဘာမှ မသင်ပေးခဲ့ကြပါ။ မဟုတ်ကမဟတ်ကတွေသင်ပေးနေတာနဲ့ပဲ အချိန်ကုန်ခဲ့တာပါ။ အင်္ဂလိပ်လူမျိုးတွေကတော့ ဒီ ဘာသာရပ်တွေကို မြန်မာတွေထက်ရာစုနှစ်များစွာ သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ အင်္ဂလိပ်ပညာရေးရတဲ့လူတွေဟာ ICS (Indian Civil Servant) တွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ Manager တွေ၊ Lawyer တွေ၊ Administrator တွေဖြစ်လာတယ်။ အင်္ဂလိပ်တို့ရဲ့ ကြောင်သူတော်ကြွက်သူခိုးအကျင့်နဲ့ မြန်မာနိုင်ငံကို အတင်းအဓမသိမ်းယူခဲ့ပေမဲ့ သူ့ရဲ့ပညာရေးက အလွန်အားကောင်းခဲ့တယ်။ ဒါကြောင့်လွတ်လတ်ရေးမရမီ အချိန်ထိ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံသား ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့အတွင်းရေမှူးချု့ပ်ဖြစ်ခဲ့တယ်။ အပိုင်း- ၃ ဆက်ဖတ်ပါ။
7 comments
kai
March 2, 2012 at 4:54 pm
ကြိုက်တဲ့.. သုံးသပ်ချက်ကလေးပါ..။
ထောက်ခံလိုက်ပါတယ်..။
မြန်မာပြည်ဟာ.. သက်ဦးဆံပိုင်စံနစ်အောက် နှစ်ထောင်ချီနေလာတာရဲ့.. ယဉ်ကျေးမှုဓလေ့ကနေ.. ဆင့်ပွားကူးစက်လာတယ်လို့ထင်မိပါတယ်..။
ဒါကို.. နောက်ပိုင်းစစ်ခေါင်းဆောင်တွေသေသေချာချာလေ့လာပြီး.. အသုံးချနေတယ်လို့.. ထင်မိတယ်..
ထုံးတမ်းဓလေ့ကိုမပြောင်းသရွေ့ ဆယ်စုနှစ် ၂-၃ခု အသာလေးဆက်တွေ့ရမယ်လို့.. ထင်မိပါတယ်..။ 😕
koaung
March 2, 2012 at 5:07 pm
တကယ်ဒေါ့အတုကိုအစစ်ထင်ကြတာပါဗျာ မင်းခယောက်ကျားကမ်းနားသစ်ပင် ဆိုတာကိုပဲသိနေကြလို့ရေတိုရတုန်းရခိုက် စုစုဆောင်းဆောင်းလုဎ်ဖို့ပဲအားသန်နေကြတာပါ
အများဝဖို့ထက် ကိုယ့်ဇနီးကြည်ဖြူအောင် စုဆောင်းရတဲ့အချိန်ကတောင်မပြည့်နိုင်ပါဘူးဗျာ ဒီလိုလူမျိုးတွေများလာလေလေ တိုင်းပြည်ဟာလဲ ဝေလေလေဘဝ(သူကယ်ပါ
ငါကယ်ပါ) ဘဝကိုရောက်သွားတာပါ
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 2, 2012 at 6:06 pm
နောက်ပိုင်းသေသေချာချာလည်းသိလာရော မြန်မာတွေဟာ သင်္ကြန် အမြောက် တွေနဲ့ တူပြီး အမြစ်မရှိတဲ့သစ်ပင်လိုဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိလိုက်ရတဲ့ အချိန်မှာတော့ တစ်စက္ကန့်မဆိုင်းစစ်ပွဲစတင်ပါတော့တယ်။ ဒီလိုရိပ်မိသွားရတဲ့အကြောင်းကတော့ ဘုရင်ရှေ့မှာ ခေါင်းမဖေါ်ပဲ ကြောက်ဟန်ဆောင်သော်လည်း ဘုရင်မရှိတော့ချိန်မှာ ကွမ်းယာ
တပျစ်ပျစ်နဲ့ ဦးတည်ရာမရှိလူပျင်းတွေဖြစ်နေလို့ပါပဲ။
သူကြီးအကြိုက်နဲ ့တော့မတူဘူးပေါ့။ဒါပေမယ့် မိုက်တယ်ဗျ။
နေဝန်းနီ
March 2, 2012 at 7:21 pm
ခုထိလည်း တွေ့ကရာနေရာမှာ ကွမ်းတစ်ဗျစ်ဗျစ်နဲ့ ပဲရှိသေးရဲ့
Patriot
March 2, 2012 at 6:48 pm
Asia master ရေ အကို ရေးတဲ့ post တွေ့က ကျွန့်တော် တို့အတွတ် အလွန် ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်.ဆက်ရေးပါအုံး. ကျေးဇူးပါပဲ
ကိုရင်မောင်
March 2, 2012 at 8:01 pm
အတော်ကောင်းတဲ့ post လို့ဆိုချင်ပါတယ်
နောက် post တွေကိုလဲစောင်မျော်နေပါတယ်….
လင်းဝေ
March 8, 2012 at 5:28 pm
ဦးနုက ရည်ရွယ်ချက်မရှိပုံများ သူရေးတဲ့ တာတေ စနေသား ထဲမှာလည်း အထင်းသားပေါ်နေတယ်။
ဖြစ်ချင်စိတ်မရှိပဲ ကြုံလို့ဖြစ်လာတော့ လုပ်ချင်ရာ လျှောက်ရမ်းပြီး လုပ်ခဲ့တာပဲ။