Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သာမညတွေဖယ်လို့ အဓိက ကိုဘဲတွယ်လိုက်ကြရအောင်ဗျာ

 “သာမညတွေဖယ် လို့ အဓိက ကိုဘဲ တွယ်လိုက် ကြရအောင်ဗျာ”

 

ပြီးခဲ့တဲ ရက်က ကိုစိန်သော့ က ယာဉ်တို်က်မူ့နဲ့ပါတ်သက်တဲ့ပိုစ်လေးတစ်ခုတင်လာပါတယ်။

ဖတ်ပြီးသဘောကျ ဒါမျိုးတွေအများကြီးရှိတယ်ရေးသင့်တယ်ပေါ့။

တစ်ရက်တော့ ကျနော့် ဆီကို လူတစ်ယောက်ကဖုန်းဆက်လာပါတယ်။

တွေ့ချင်လို့ ပါတဲ့ ။

အကျိုးအကြောင်းမေးကြည့်တော့ သူနစ်နာတာကိုပြောပြချင်တာရယ် သူ့ဖြစ်ခဲ့တာကို

အင်တာနက်မှာတင်ပေးဘို့ရယ်ပေ့ါ။

သူဆက်လာတဲ့အချိန်က ကျနော့်အလုပ်ချိန်ဖြစ်နေတော့ နောက်နေ့တွေ့ဘို့ချိန်းလိုက်ပါတယ်။

သူကားအက်ဆီဒင့်ဖြစ်တာ အလျော်လဲမရ ပိုင်ရှင်ကလဲ လာမတွေ့ သူ့မှာနစ်နာလို့ပေါ့။

ကျနော်က အချက်အလက်အထောက်အထားယူခဲ့ပါ မှန်ကန်တယ်ဆိုရင်ရေးပေးမယ်လို့

ပြောလိုက်ပါတယ်။

သူက တနင်္လာနေ့တွေ့မယ်ဆို ပြီး သူက ချိန်းလိုက်ပါတယ်။

တွေးကြည့်မိတော့ ကိုယ်က အမူ့ပွဲစား များဖြစ်နေပြီလားပေါ့။

သူနဲ့ချိန်းတဲ့နေ့မတိုင်ခင်တစ်ရက်မှာ ထပ်ပြီးဖုန်းဆက်လာပါတယ်။

တွေ့ချင်တယ်ပေါ့။

ဖြစ်ချင်တော့ ကျနော်ကလည်း အသိတစ်ယောက်နဲ့ 22စီလမ်းက လက်ဖက်ရည်ဆိုင်မှာချိန်းထားတော့

အဲဒီကိုလာခဲ့ဘို့မှာလို်က်ပါတယ်။

သူက တောင်မြို့ဘက်က လာရမှာဆိုတော့ ဝေးတယ်လို့ပြောပါတယ်။

ကျနော်ကလဲ သူများကိုချိန်းထားပြီးသားဖြစ်နေတယ်လို့ပြန်ပြောလိုက်မှ လာခဲ့မယ်ဆိုဖြစ်သွားပါတယ်။

ချိန်းထားတဲ့နေရာကို ကျနော်ရောက်တော့ သူကရောက်နှင့်နေပါတယ်။

အဲဒီလူနဲ့အဖော်တစ်ယောက်။

ကျနော်ကိုဖုန်းဆက်သူက သူ့အဖော်ဖြစ်နေပါတယ်။

အဲဒီသူကတော့ ဝန်ထမ်းဘဝက ပင်စင်ယူထားတာလို့ပြောပါတယ်။

စာတတ်ပေတတ်ပုဂ္ဂိုလ်ပါဘဲ။

ကျနော်က အက်ဆီးဒင့် ဘယ်လိုဖြစ်တာလဲလို့မေးတော့ အဲဒီကောင်လေးက ဖြစ်ပုံပျက်ပုံအကုန်ပြောပြပါတယ်။

@@    @@@@@@@@@@@@@ @@@@@@@@@ @@@@@@@@@@@@@

သူက မြစ်ငယ်မြု့ိအပို်င်ထဲက ရွာလေးတစ်ရွာမှာနေတာပါတဲ့။

(3-1-2012)နေ့မှာ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုဘက် မှာရှိတဲ့အကျဉ်းစခန်းကနေလွတ်လာပါသတဲ့။

ဘာကြောင့် အကျဉ်းကျလဲတော့ မမေးတော့ပါဘူး။

ထီဘယ်လိုပေါက်သလဲဆိုတာသာမေးလို့ကောင်းတာလေ။

ဒါမျုးိကတော့ သူပြောသလောက်နားထောင်ရုံပါဘဲ။

မန်းလေးဘက်ဆင်းဘို့ကားရှာတော့ လိုင်းကားက မရှိတော့ပါဘူးတဲ့။

အဲဒီအချိန်ကုန်တွေတင်လာတဲ့ လိုက်ထရပ်အဖြူလေးတစ်စီးလာတာတွေ့ပါသတဲ့။

ကားကိုလက်ပြလိုက်တော့ မန်းလေးဆင်းမှဆိုတာနဲ့လိုက်လာခဲ့ပါသတဲ့။

ခေါင်မိုးပေါ်မှာလိုက်လာတဲ့သူလဲရှိ သူကတော့ အတွင်းထဲကနေလိုက်လာပါသတဲ့။

ဖြစ်ချင်တော့ ကားနံပါတ်လေးက အတော်လှပါသတဲ့။

တကမ္ဘာလုံးက ကံကောင်းတယ်လို့သတ်မှတ်ထားတဲ့ ဂဏန်းနဲ့ မြန်မာလူမျိုးတွေကြိုက်တဲ့ဂဏန်းကြီး

နှစ်လုံး ထပ်ကျော့ထားတဲ့ နံပါတ်ပါတဲ့။

သူတို့ကားလေး ညပိုင်းမှာဆက်မောင်းလာလိုက်တာ မန်းလေးရောက်ခါနီး

16မိုင်ဂိတ်နားရောက်လာပါသတဲ့။

သူတွက်တာတော့ အဲဒီနားမှာညအိပ်မနက်မိုးလင်းမှာသွားလို့ထင်မိပါသတဲ့။

အဲဒီဂိတ်က ညမဖြတ်ရဘူူးလို့သိထားလို့ပါတဲ့။

ဒါပေမယ့် အဲဒီနားရောက်တော့ ကားမောင်းတဲ့လူဆင်းသွားပြီး လူတစ်ယောက်နဲ့စကားသွားပြော

တာမြင်ရပါတယ်။

ခဏနေတော့ သူတို့ကားဆက်ထွက်ခွင့်ရတော့ နည်းနည်းတော့အံ့ဩမိပါသတဲ့။

နောက်တော့သူလဲ ပစ္စည်းပုံကြားထဲမှာ အိပ်ပျော်သွားပါသတဲ့။

နောက်တော့ အုန်းကနဲ့အသံကြားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ခံရသလိုဖြစ်ပြီး

သတိမေ့သွားပါသတဲ့။

 

သူသတိရတော့ ဆေးရုံပေါ်ရောက်နေပါပြီတဲ့။

လွတ်လပ်ရေးနေ့မနက်ခင်းပေါ့။

စစခြင်း ပြင်ပလူနာဌာန။

ညနေရောက်တော့ အရိုးဆေးရုံကိုပြောင်းရပါသတဲ့။

နောက်ရက်မှာကားပိုင်ရှင်အမျိုးသမီးလိုက်လာပါတယ်။

သူ့ကို ကျပ်ခုနှစ်သောင်းပေးပြီးကျေအေးခိုင်းပါသတဲ့။

သူကနည်းလို့လက်မခံလိုက်ပါဘူး။

နောက်တော့ ဖုန်းဆက်ပေမယ့်လဲ အဲဒီကားပိုင်ရှင်က မကိုင်ပါဘူးတဲ့။

(16-1-2012)နေ့မှာ ဆေးရုံက ဆင်းလာခဲ့ပါသတဲ့ ။

(စရိတ်မတတ်နို်င်လို့ဆင်းခဲ့တယ်လို့ပြောပါတယ်)။

ဆေးရုံကဆင်းပြီး ယာဉ်ထိန်းရုံးကိုလိုက်သွားပေမယ့် မထူးခြားပါဘူးတဲ့။

ပိုင်ရှင်မိန်းမက သူ့ကိုလောဘကြီးတယ်လို့ပြောသွားပါသတဲ့။

ဆေးရုံကဆင်းတော့ ဆေးမှတ်ချက်လေးရေးပေးလိုက်ပါတယ်၊

(လက်အလေးအပင်မမရ)

(အားမသုံးရ)

(နားနားနေနေ နေပါ 2 wk)

(7-2-2012)နေ့ဆေးရုံပြန်ထပ်ပြဘို့ချိန်းလိုက်ပါတယ်တဲ့။

သူ့မှာ လျော်ကြေးလဲမရ ဘာမရမို့ အများသိအောင်ရေးစေချင်တာလို့  ကျနော်ကိုပြောပြပါတယ်။

ကျနော်ကလဲ သူ့ဆေးစာအုပ်တွေဘာတွေကြည့်ပြီး

“ကျနော် ကိုယ်တိုင်မြင်တာမဟုတ်တော့ခင်ဗျားပြောသလောက်တော့ရေးပေမယ်။

ဒါပေမယ့်ဖြစ်သင့်တာကတော့ တကယ်နစ်နာတယ်ဆိုရင် ကိုယ်နေတဲ့ရပ်ကွက်က

ရုံးကလူကနေတစ်ဆင့်ခြင်းပြန်လိုက်တာပိုကောင်းမယ”်လို့ အကြံပေးလိိုက်ပါတယ်။

အဲဒီမှာသူနဲ့ပါလာတဲ့လူက ကျနော်ကို ဓါတ်ပုံလေးနှစ်ပုံထုတ်ပြပါတယ်။

ရွာလမ်းမလေးနဲ့ ဓါတ်တိုင်လေး ကို ရိုက်ထားတဲ့ ပုံလေးပါ။

“လူကြီးတွေက မစွံဘူးဗျ။

ရွာလမ်းပြင်မယ် ဓါတ်တိုင်လုပ်မယ်ဆို ပိုက်ဆံကောက်ပြီး လုပ်မပေးဘူး။

ကျနော်က ဒီအကြောင်းတွေကို ဘီဘီစီတို့ ဗွီအိုအေ တို့ကိုပြောချင်တာ”

ဆိုပြီးပြောလာပါတယ်။

(အဲဒီလူက အစိုးရဝန်ထမ်းဘဝကနေဆေးပင်စင်ယူထားတယ်ပြောပါတယ်)

ကျနော်လဲနည်းနည်းလေးတော့စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ်။

သူ့ကကျနော်များအမူ့ပွဲစား ကိုလာပြောတဲ့ပုံစံနဲ့ပြောလာလို့ပါ။

“ခင်ဗျားလဲ အဲလိုသိနေရင် ကိုယ့်ဘာသာကိုယ် သွားတိုင်လိုက်ပေါ့ဗျာ”

လို့ပြောလိုက်ပါတယ်။

အမှန်တကယ်ဖြစ်တာ ကိုယ်ကိုယ်တိုင်သိတာ ကိုယ့်မှာလက်ဆုပ်လက်ကိုင်ပြစရာ

ဓါတ်ပုံဘာညာ ရှိတာ နောက်အများအတွက် တကယ်လဲကောင်းလာမှာဆိုတာမျိုး

ဆိုရင်ကျနော် ရေးရဲ တင်ပြရဲပါတယ်။

အခုလို ပြောလာပုံမျိုးကတော့ ကျနော် မရေးချင်ပါဘူး။

ကျနော်မှသေချာမသိတာကိုးဗျ။

နောက်အဲဒီလူကို ကျနော်ရေးသင့်သလောက်တော့ရေးပေးမယ်ဆိုပြီး သူယူလာတဲ့

 

ဆေးရုံတက်တဲ့စာအုပ် မိတ္တူဆွဲထားတာကိုယူထားလိုက်ပါတယ်။

နောက်တော့သူတို့လဲပြန်သွားတော့ မှ ချိန်းထားတဲ့ မိတ်ဆွေတွေနဲ့စကားသွားပြော

ပြီးအပြန်လမ်းမှာ ကျနော်ခေါင်းထဲမှာအတွေးတွေဝင်လာပါတယ်။

ဒီလူဖြစ်ခဲ့တာကတော့ အမှန်ဖြစ်လောက်ပါတယ်။

လက်မှာပါတ်တီးစီထားပြီးသား။

ဒါပေမယ့် ကားပိုင်ရှင်နဲ့သူတို့ဖြစ်တာပျက်တာ ၊ယာဉ်ထိန်းရုံးက အမူ့ဖွင့်တာ မဖွင့်တာကတော့

ကျနော်သိနိုင်လို့လဲမရ။

လိုက်စုံစမ်းဘို့ဆိုတာကလဲ မဖြစ်နို်င် အဲတော့ ဘယ်သူမှားမှန်တယ်ဆိုတာ ကျနော်ပြောလို့မရပါဘူး။

သိသလောက်ဘဲ တစ်ဆင့်ပြန်ပြောသလောက်ရေးပေးနိုင်မှာပါ။

 

အခုလက်ရှိအခြေအနေက ဟိုအရင်ကထက်စာရင်တော့ပြောရေုးဆို်ခွင့်

ရလာပါပြီ။

(ကိုယ့်ဘက်ကလဲ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တိကျဘို့တော့ လိုသပေါ့)

အရင်ကတော့ မှားမှားမှန်မှန် ပြန်လည်ချေပခွင့်မရှိ။

အခုတော့ ကိုယ်ဘက်ကသာမှန်ကန်ရင် နည်းလမ်းကျရင်ပြန်ပြောလို့ရတဲ့အနေအထားပေါ့။

နောက် မဂ္ဂဇင်းမှာ ဂျာနယ်မှာအရင်က ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရတဲ့ လူထုခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်ပုံကို တရားဝင်မြင်နေရပြီဆိုတော့ အရင်ကထက် အများကြီးတိုးတက်

လာပြီလို့တော့ ဆိုနိုင်ပါတယ်။

 

ခက်တာက ဒီလိုအခြေအနေမျိုးမှာ အချို့သောလူများက ဒီလိုရလာတဲ့အခွင့်အရေးကို အလွဲသုံးစား

လုပ်လာတာကို တွေ့နေရတာပါဘဲ။

အထူးသဖြင့်ကျနော်တို့ အင်တာနက်အသိုင်းအဝိုင်းမှာပိုဆိုးပါတယ်။

ဟုတ်တယ်မဟုတ်ဘူး မသေချာဘဲ တစ်ယောက်ယောက်က ပြောတာနဲ့

ကြားတာနဲ့တင် မစုံစမ်းဘဲ ပိုစ်တစ်ခုဖန်တီးပြီး ရေးတင်ထဲ့လိုက်တယ်။

ဖတ်တဲ့လူတွေကလဲ သဲသဲမဲမဲကို ဆွမ်းကြီးလောင်းထည့်လိုက်တယ်။

တကယ်မဟုတ်တဲ့အကြောင်းကိုတင်မိတော့ အားနာစရာဖြစ်ကုန်ရော။

ကျနော်အနေနဲ့ပြောရရင် အဲလို လုပ်မယ့်အစား တကယ်မှန်ကန်သော

တကယ်ဖြစ်သင့်ဖြစ်ထိုက်သော ကိုယ်လက်ထဲမှာသက်သောသက္ကာယ

လက်ဆုပ်လက်ကိုင်ရှိသော အကြောင်းအရာတွေကို သာတင်ပြစေလိုပါတယ်။

ဟုတ် ဟုတ် မဟုတ် ထင်ရာမြင်ရာရေးတင်နေမယ်ဆိုရင်

ကျနော်တို့ရေးတာတွေက ကလေးကစားသလိုဖြစ်သွားပါလိမ့်မယ်.။

အဲတော့ ရေးတင်မယ်ဆိုရင် သေချာစီစစ်ပြီး မှ တင်တာကောင်းမယ်လို့ ထင်မိပါတယ်။

တိုင်စာပစ်စာအဆင့်ကနေတိတိကျကျနဲ့  ခိုင်လုံစွာတင်ပြတဲ့ အနေအထားဖြစ်အောင် လုပ်ဘို့လိုအပ်ပါတယ်။

 

တကယ်စစ်စစ်ပေါက်ပေါက်ပြောရရင် ကျနော်တို့ နိုင်ငံတိုးတက်ဘို့သူများနဲ့

ရင်ဘောင်တန်းနိုင်ဘို့ အများကြီးကြိုးစားရပါအုံးမယ်။

တိုးတက်ဘို့ဆိုတာ ခေါင်းဆောင်ကောင်းရှိရုံနဲ့မလုံလောက်တာတော့ အားလုံးအသိ။

ကျနော်တို့နိုင်ငံ တိုးတက်မူ့နှေးကွေးတာကတော့1960-2010 အထိ ကာလတစ်ခုလုံး ပါဘဲ။

အားလုံးက ခေါင်းဆောင်အုပ်ချုပ်တာမှားယွင်းတာ ညံ့ဖျင်းတာကြောင့်လို့ မတိုးတက်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

မှန်လဲမှန်သင့်သလောက်တော့ မှန်ပါတယ်။.

ဒါပေမယ် သာမန်ပြည်သူပြည်သားအပါအဝင်အားလုံးသောလူတော်တော်များများရဲ့ စိတ်ဓါတ်

တွေလည်း ပျက်စီးလို့ လဲ ဆိုးသထက်ဆိုးတာကုန်တာပါလို့ ပြောရင်လဲမမှားပါဘူး။

အခုလက်ရှိအချိန်မှာ ကျနော်တို့မျှော်လင့်သော ၊

လေးစားသော ၊

စည်းရုံးနိုင်စွမ်းမြင့်သော၊

ဖခင်၏ ပုံရိပ်ကောင်းသော၊

အစရှိတဲ့ အချက်အလက်တွေနဲ့ပြည့်စုံသော ခေါင်းဆောင်အောက်မှာ စုစည်းခွင့်ရနေပါပြီ။

အဲတော့ သူ့နောက်မှာလိုက်တဲ့ ကျနော်တို့တတွေကလဲ ကောင်းမွန်စွာနေထိုင်လုပ်

ကိုင်ကြဘို့ကတော့လိုအပ်လာပါပြီ။

နေရာတကာမှာ စည်းနဲ့ကမ်းနဲ့နေတတ်အောင်ကြိုးစားကြရပါတော့မယ်။

ကိုယ့်ဖာသာကို ဆိုင်ကယ်ဦးထုပ်မဆောင်းတာ လမ်းပြောင်းပြန်ဝင်တာကို

ငါတို့က အုပ်ချုပ်သူကို ဆန့်ကျင်ပြတာဆိုတဲ့ ခေတ်က ကုန်ပြီ လို့ဆိုချင်ပါတယ်။

ဘယ်သူအုပ်ချုပ်သည်ဖြစ်စေ ထုတ်ပြန်ထားတဲ့ဥပဒေကိုလေးစားလိုက်နာရမှာတော့အမှန်ပါဘဲ။

နောက်တက်လာတဲ့ခေါင်းဆောင်လက်ထက်ရောက်ရင်လဲ ဥပဒေဘောင်အတွင်းကဘဲ

နေထိုင်ရမှာ အမှန်ပါဘဲ။

အခုချိန်မှာ မတရားအပြုခံရတာ ဆုံးဖြတ်တာ  မှားတာ မကောင်းတာကို ကျနော်တို့ ဘက်ကရပ်တည်ပြီး ရှေ့ကနေဦးဆောင် ပြောပေးမယ့်သူလဲရှိလာပါပြီ။

တရားဝင် ငြင်းပယ်ခွင့်ရနိုင်တဲ့အနေအထားတစ်ခုရောက်လာပါပြီ။

သူအဲလဘောင်ဝင်အောင်ိပြောခွင့်ရအောင်  စည်းနဲ့ကမ်းနဲ့ သူ့နောက်ကနေလိုက်ရမှာက ကျနော်တို့ခင်ဗျားတို့ပါဘဲ။

တရားဝင်ပြောခွင့်ရတဲ့နေရာ အဝန်းအဝို်င်းထဲကို ရောက်အောင်ပို့ဘို့က ကျနော်တို့ပြည်သူတွေရဲ့တာဝန်။

အခုပြည်သူ့လွှတ်တော်စတင်ကျင်းပတဲ့အချိန်မှာတော့

ကျနော်တို့ရဲ့ ကိုယ်စားလှယ်အဖြစ်တင်မြောက်ထားသူများမှာ ဟိုအရင်က အခုလို မေးခွန်းတင်ပြခွင့်ဆိုတာကသိပ်အကျွမ်းတဝင်မရှိတော့

တကယ်အရေးမကြီးသော  မေးခွန်းတွေမေးကြ ဖြေကြလုပ်နေတာတွေ၊

ကွန်ပြူတာရှေ့ချထားပေမယ့် အသုံးမချတတ်တာ၊

အိပ်ငိုက်နေတဲ့ကိုယ်စားလှယ်စတာတွေကို ဂျာနယ်တွေ ၊အင်တာနက်တွေ

်ကနေတစ်ဆင့်မြင်ကြ သိကြရပါတယ်.။

သူတို့ကိုလဲ အပြစ်တော့ မဆိုသာပါဘူး ပထမဆုံးအတွေ့အကြုံကိုးဗျာ။

အပွင့်လင်းဆုံးပြောရရင် ကျနော်တို့နှစ်သက်တဲ့လူ က လွှတ်တော်မှမပါဘူး။

အခု ပါဝင်ခွင့်ရလာပြီ။

အဲတော့ နောက်လာမယ့်တစ်ကြိမ်အတွက် ကတော့

အမှန်အတိုင်းကိုယ်ကျိုးမဖက်ဘဲပြောရဲသူ၊

အကျုးိအကြောင်းကျနစွာပြောတတ်သူ၊

အမှန်တကယ်ကို နိုင်ငံအတွက် ဖြစ်ဖြစ်၊

ပြည်သူများကိုယ်စား ဘဲဖြစ်ဖြစ် အမှန်တကယ်ဆောင်ရွက်ချင်သူတွေကိုသာ

ဒီပြည်သူ့လွှတ်တော်ထဲရောက်အောင် ဝိုင်းဝန်းကြိုးပမ်းရမှာဘဲ။

ကျနော်ကတော့ သူလူငါ့လူ သူ့ဝါ ဒ ကိုယ့်ဝါဒဆိုတာထက် တကယ်လုပ်ချင်သူ လုပ်နို်င်သူတွေသာ

ဒီအထဲကို ပါဝင်ခွင့်ရစေချင်တာ အမှန်ပါဘဲ။.

အဲလိုဖြစ်အောင်ရေရှည်ကြိုးစား ကြ အားထုတ်ကြရမှာဖြစ်ပါတယ်။

အခုအချိန်မှတော့  တရားဝင်ဦးစီးဦးဆောင်လုပ်ခွင့်ရတဲ့နေရာမှာ ဆုံးဖြတ်နိုင်တဲ့နေရာမှာ

ရောက်နေသူထဲမှာ တကယ်လုပ်ချင်လို့ရောက်နေသူရှိသလို တာဝန်ပေးလို့ရောက်နေသူတွေလဲရှိပါတယ်။

ပြီးသွားတာကို တော့ ထားလိုက်ကြရအောင်။.

နောင်လာမယ့် ရွေးကောက်ပွဲအသစ်မှာ ကျနော်တို့ကို ဦးဆောင်ပေးသူတွေ

တရားဝင်ပြောခွင့်ရတဲ့နေရာရောက်အောင် ဝိုင်းကြိုးပမ်းကြရမှာအမှန်ပါဘဲ။

အဲတော့ လက်ဝှေ့စကားနဲ့ပြောရရင် အခုမှ ပထမအချီစ ထိုးခါစဘဲရှိပါသေးတယ်။

ပွဲ့ပြီးချိန်မှာ အောင်ပွဲခံနိင်အောင် ကျနော်တို့ရဲ့ အင်အားတွေ စိတ်ဓါတ်တွေကို

စုစည်းထားလိုက်ကြရအောင်။

အခုအချိန်မှာ စောသေးတဲ့အတွက် ကျနော်တို့အင်အားတွေကို အလဟသ မဖြစ်အောင်

အရေးမပါသေးတာတွေကိုမပြောဘဲ အောင့်ထားလို့ ခဏလေးစောင့်ရင်း အားမွေးထားလိုက်ကြရအောင်။

ကျနော်တို့ အကြာကြီးစောင့်ခဲ့ပြီးပြီဘဲနော်။

ကျနော်တို့လိုချင်တာရဘို့ အတွက် ကျနော်တို့ဘက်ကလဲ ပြင်စရာရှိတဲ့အကျင့်ဆိုးတွေ

ကိုပြင်ရင်း အဆင်သင့်ဖြစ်အောင်လုပ်ထားကြရအောင်ဗျာ။

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(1-3-2012)

12 comments

  • ဒီနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည် မန်းလေးကို လာတာကို ကြိုဆိုဘို့ပြင်ဆင်နေကြတာ
    အားရစရာ ပါဘဲ။
    အားလုံးမှာ အပျော်တွေစွန်းနေလေရဲ့။

  • MTY

    March 3, 2012 at 9:44 am

    hear say တွေကပိုများနေတယ်လို့ယူဆမိပါတယ်။
    @ကိုပေါက်ရဲ့အမြင်လေးကိုသဘောကျမိပါကြောင်း။
    ဒီနေရာမှာတိုင်းပြည်အတွက်တကယ်လုပ်မဲ့မည်သူ
    ကိုမဆိုထောက်ခံအားပေးပါကြောင်း၊
    ပါတီ၊လူအစွဲမထားပါကြောင်းပြောပါရစေ။

  • အမေရိကန်ငတုံး

    March 3, 2012 at 10:02 am

    တို.ကိုပေါက်ပြောတာသွေးထွက်အောင်ကိုမှန်ပါတယ်။ခုဟာကမီဒီယာလေးနည်းနည်းလေး
    လွတ်လပ်ခွင့်ရတယ်ဆိုတာနဲ.ကောလဟာလသတင်းပေါင်းစုံလျှောက်တင်၊ဘုမသိဘမသိနဲ.
    ဆွမ်းကြီးဝိုင်းလောင်းတဲ့လူကလောင်း၊ကျွန်တော်တို.လူမျိုးစရိုက်ကလူတစ်ဖက်သားကိုအပြစ်
    တင်အရမ်းလွယ်ပီးကိုယ့်မျက်ချီးကျတော့ကိုယ်သိပ်မမြင်တတ်ကြဝူး။ဒီအင်တာနက်လောက
    မှာလဲဟာသ သရုပ်ဆောင်တွေအများကြီးတွေ.ရတယ်။အဲ.လူတွေအပြင်မှာဘာလုပ်စားကြ
    သလဲတော့မသိ ဒီလူခြင်းမတွေ.ရတဲ.အင်တာနက်လောကမှာတောင်တော်တော်လေးကိုလွဲ
    ကြတာ။မနက်အိပ်ရာထထခြင်းကိုပေါက်ပို(စ်)လေးကိုဖတ်ပီးအတွေးလေးတစ်ခုဝင်သာွးလို.ပါ

  • အခုလက်ရှိအချိန်မှာ ကျနော်တို့မျှော်လင့်သော ၊
    လေးစားသော ၊
    စည်းရုံးနိုင်စွမ်းမြင့်သော၊
    ဖခင်၏ ပုံရိပ်ကောင်းသော၊
    အစရှိတဲ့ အချက်အလက်တွေနဲ့ပြည့်စုံသော ခေါင်းဆောင်အောက်မှာ စုစည်းခွင့်ရနေပါပြီ။
    အဲတော့ သူ့နောက်မှာလိုက်တဲ့ ကျနော်တို့တတွေကလဲ ကောင်းမွန်စွာနေထိုင်လုပ်
    ကိုင်ကြဘို့ကတော့လိုအပ်လာပါပြီ။
    _____________
    ဒါ ကိုပေါက်စကားတွေ ခဏယူသုံးပါရစေ။မှန်ပါတယ်အကို။ကျနော်တို ့မြို ့မှာလဲ ခဏ
    ခဏ ဟိုသူ ့ကိုနစ်နာအောင် ဘယ်ဌာနက ဘယ်လို၊ဘယ်ကြောင့် မတရားသဖြင့်လုပ်နေ၊
    ကျူးလွန်နေ၊ငွေညစ်နေလို ့ရေးပေးဖို ့လာတောင်းဆိုကြတယ်ဗျာ။ကျနော်ငြင်းလိုက်ပါတယ်။
    မရေးနိုင်ဘူးလို ့။ထိရောက်အောင်သာ လိပ်မူတိုင်ကြားကြဖို ့လမ်းညွှန်ပေးလိုက်တယ်။ကျနော်
    တို ့မြို ့မှာက နာမည်အမှန်နဲ ့ရေးနေတော့ ခက်ပေသားဗျ။

  • windtalker

    March 3, 2012 at 6:45 pm

    ပေါင်ပေါက် ခင်ဗျား ။
    ကျွန်တော် မောင်ပေ့ အား မန်းတလေးအပျိုသိုးဂျီးတစ်ယောက်မှ လွန်စွာကြိမ်းမောင်းလျှက် ရှိပါကြောင်း တိုင်ကြားအပ်ပါတယ် ခင်ဗျား ။
    အမြန်ဆုံး ကူညီစောင်မ ပေးစေလိုပါကြောင်း ရယ်ပါလေ။

    • inz@ghi

      March 5, 2012 at 8:35 am

      စောင်မကြည့်ရှုတာ အရမ်းများတွားလို့ …
      မျက်ကွင်းတွေတောင် ချောင်လို့ ….
      အာဟိ…

      ဒက်ဂလောက်….ဒက်ဂလောက်….
      😀

  • မောင်ပေ ကိစ္စအတွက် ရုံးထိုင်ပြီး နှစ်ယောက်လုံးကို ခေါ်သေချာမေးမြန်း လေ့လာစုံစမ်းပြီးမှဆုံးဖြတ်မယ်

  • padonmar

    March 3, 2012 at 10:30 pm

    ကိုပေါက်ကို လက်မကြီးကြီးထောင်ပေးခဲ့ပါတယ်။
    ကျွန်မတို့လူမျိုးတွေက ပန်းတိုင်မရောက်ခင် တက်ထောင်တတ်ကြတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးတယ်လေ။
    အခုလည်း ပန်းတိုင်မရောက်ခင် အလွဲသုံးမှုတွေ စချင်နေတာပါပဲ။
    မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်လို့နာမည်ပေးထားတာ အလကားမဟူတ်ပါဘူး။
    မှန်တဲ့ဖက်မှာပဲနေပေးဖို့ပါ။
    အင်တာနက်ဆိုတာ ကိုယ်ဘယ်သူလဲလို့ အခြားသူတွေ မသိနိုင်ကြဘူး၊
    ပြောချင်ရာပြော စည်းစောင့်စရာမလိုဘူး ထင်ကြရင် ဒီမိုကရေစီနဲ့ တန်တဲ့သူတွေဖြစ်လာမှာမဟုတ်ဘူး။

  • Khin Latt

    March 5, 2012 at 2:56 am

    ကိုပေါက်ရေ

    တလေးတစား နဲ့ အသေအချာ မှတ်ပြီး ဖတ်သွားပါတယ်။
    ပထမဆုံးရေးထားတဲ့ ဇာတ်လမ်းမှာ –
    အဲဒီ လူငယ်လေး အကြုံစီး တဲ့ ကား အက်စီးဒန့် ဖြစ်လို့ ထိခိုက်ဒါဏ်ရာ ရတာ ဘယ်သူ့ ကို အပြစ်ပုံရပါ့မလဲ။
    သူစီးလာတဲ့ ကားမောင်းသူ အမှား လား။ တစ်ဖက်ကား ရဲ့ အမှားလား။ အသေအချာ မပြောနိုင်ရင်တော့ သူ့ကို ပိုက်ဆံလာပေးတာကို တောင် ကျေးဇူး တင်ရဦးမယ် ထင်တာဘဲ။
    နောက်ပြီး တစ်စိမ်းတစ်ယောက် ကို ကိုယ့်ကားပေါ် အလကား ခေါ်တင်လာတဲ့ စိတ် ရှိတာမို့ ကားပိုင်ရှင် တွေဟာ စိတ်ရင်းမဆိုးလောက်ဘူး ထင်ရဲ့။
    တကယ်တော့ ကျွန်မ လဲ အခြေအနေ အတိအကျ အမှန် မသိဘဲ ရမ်းမဝေဖန်တော့ပါဘူး။ (ပြီးမှ )
    တကယ်တော့ မြန်မာပြည်မှာလဲ ထိခိုက်အာမခံကြေး အတွက် ဝန်ဆောင်ဌာန တွေ ပေါ်လာရင် ဒီလို မျိုး မှာ နှစ်ဦးနှစ်ဖက် နစ်နာမှု တွေ နဲသွားမှာပါ။
    လာတော့လာတော့ မှာပါ။ ထင်ပါရဲ့။

    နောက်ပြီး ကိုပေါက် ပြောသလိုဘဲ အင်တာနက် ကပေးတဲ့ သင်ခန်းစာများ အရ သတင်းကြားတိုင်း တန်းမယုံတတ် တဲ့ အကျင့်တွေ ရနေကြပါပြီ။
    သဘောက ဆင်ခြင် စဉ်းစားတတ်တဲ့ သဘောဆောင်လာကြပြီပေါ့။

    လွှတ်တော်ထဲမှာလည်း တကယ်တော်ပြီး အလုပ်လုပ်နိုင်သူတွေ များလာရင် အရည်အချင်းမရှိသူတွေ သူ့ဟာသူ ထွက်သွားလောက်ပါရဲ့။
    ဒီတော့ တကယ်တော်တဲ့ သူတွေသာ ဖြစ်ပါစေ။
    ဘယ်ပါတီ ကဖြစ်ဖြစ် ကျွန်မတို့ အားပေးပါမယ်။

    တိုင်းပြည်တိုးတက်ဖို့ ဆိုတာကလဲ အားလုံး ဝိုင်းလုပ်မှ ညီတူညာတူ ရွေ့ပါမယ်။
    ဒီတော့ ကိုပေါက် ပြောတဲ့ အဓိက ကို မြင်နိုင်အောင် လုပ်ပြီး အားလုံး လမ်းတူ အောင် သွားကြတာပေါ့။
    လက်မ ကို အမြင့်ကြီး ထောင်သွားပါတယ်။ 🙂

Leave a Reply