Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နဝင်းနှစ်ခါ အိမ်သာနေရှင်နယ် အထက်တန်းစား စီးကရက်ကုမ္ပဏီရဲ့ မိုက်မဲလှတဲ့ ဈေးကွက်ချဲ့ထွင်ရေး နည်းဗျူဟာ

www.mmso.orgJune 6, 20101min2983

မှတ်ချက်။ ။ ဒီအကြောင်းအရာဟာ စိတ်ကူးယဉ် လုပ်ဇာတ်တစ်ခု မဟုတ်ပါဘူး။ ရွှေမင်းသမီးနဲ့ ဂျာနယ်လစ်မလေးရဲ့ အက်ရှင်ဇာတ်လမ်းလောက် စိတ်ဝင်စားစရာ မကောင်းဘူးလို့ ခင်ဗျား ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အဆုံးထိရောက်အောင်တော့ ကျေးဇူးပြုပြီး ဖတ်ကြည့်လိုက်ပါဦး။ ဒီမိုက်မဲမှုကို သက်သေပြလို့ရအောင် ဓါတ်ပုံမှတ်တမ်းတင်ဖို့ စိတ်ကူးခဲ့ပေမယ့်လည်း ဝန်ထမ်းငယ်မိန်းမသူရဲ့ ဂုဏ်သိက္ခာကို ထိပါးမှာစိုးတဲ့အတွက် မရိုက်ဖြစ်ခဲ့တော့ပါဘူး။ ဒီအလုပ်မရှိခဲ့ရင် ဘာတွေဆက်ဖြစ်မယ်မှန်း မသိနိုင်တဲ့ ဘဝတွေအတွက်လည်း အလေးအနက်စဉ်းစားခဲ့မိပါတယ်။ တိုက်ပွဲမှာ အကျအဆုံး မရှိဘူးဆိုတာ ရှားပါတယ်။ အကျအဆုံး နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ဆိုတာက ဆုတောင်းနေယုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့အားလုံး တတ်စွမ်းသမျှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

(၁)

နေရာကား လူစည်ကားလှသည့် လှည်းတန်းအရပ်မှ ဗျစ်ရည်ရောင်းချရာ သေတင်းကုပ်တစ်ခု ဖြစ်၏။ အချိန်ကား သက်ကြီး ခေါင်းချချိန် ကျော်လွန်လေပြီ။ အဆီပြန်မျက်နှာများ၊ ဖန်ခွက်ချင်းထိခတ်သံများ၊ အသားကင်ညှော်နံ့များ၊ ကမ္ဘာ့ဖလားခြေစမ်းပွဲ၊ ပွက်လောရိုက်နေသည့် စကားသံများအကြားတွင် ညောင်နာနာသံစဉ်သဲ့သဲ့ကို တချက်တချက် ကြားရသေးသည်။ မေလ၏ ညချမ်းချိန်ခါသည် အပူရှိန်ကြောင့် နွမ်းရိမောလျနေပုံရ၏။

ထိုအခိုက် အဝါရောင်ပုံရိပ်တစ်ခုသည် စနစ်တကျမှားယွင်းနေသော သေတင်းကုပ်ဆီသို့ ဖျောတော့စွာ မျောလွင့် ရောက်ရှိလာ၏။

မင်္ဂလာပါရှင် .. ဟူသော နှုတ်ခွန်းဆက်သသံသည် သုတိဩဘာ မင်္ဂလာအဖြာဖြာနှင့် မပြည့်စုံသည့် သေတင်းကုပ်အတွင်း တိုးသဲ့လေးတွဲ့စွာ ထွက်ပေါ်လာ၏။

စိတ်မရှိပါနဲ့ရှင် .. အစ်ကို ဆေးလိပ်သောက်တတ်သလား သိပါရစေ ဟူသောအမေးကိုလည်း ထပ်မံကြားရသေးသည်။
ယင်းအဝါရောင်ပုံရိပ်သည် မြောက်မြားလှစွာသော အဓိပ္ပာယ်တို့ကို ဖော်ဆောင်နေသည့် အကြည့်တို့အား လျစ်လျူရှုပြီးသကာလ၌ စီးချင်းရင်ဆိုင်မည့် ကောင်းဘွိုင်သည် ၎င်း၏ခါးကြားမှ ခြောက်လုံးပြူးသေနတ်ကို ကျင်လည်စွာ ထုတ်ယူလိုက်သကဲ့သို့ အဝါရောင်စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ ကမ်းလင့်သောလက်များကို အသိအမှတ်ပြုသော အသက်မဲ့ အပြုံးချိုချိုတစ်ခု၊ ထိုအပြုံးနှင့်အတူ သူမ၏လက်ချောင်းများအတွင်းမှ အဝါရောင်မီးတောက်သည် ရုတ်ခြည်ထွက်ပေါ်လာ၏။ ထိုစဉ်ကာလအတွင်းတွင် လေရူးသည် ယင်းမီးတောက်ကို ဇိဝှိန်ချွေရန်အလို့ငှာ ၎င်း၏ အားကို အစွမ်းကုန်ပြုချေသေး၏။ သို့သော် လေရူးသည် လောကဓါတ်ပညာဖြင့် စီရင်အပ်သော ဂက်စ်မီးခြစ်ကို အံတုခြင်းငှာ မစွမ်းသာသောကြောင့် နောက်ဆုံးသက်ပြင်းတစ်ချက်ကို လေးတွဲ့စွာမှုတ်ထုတ်ရင်း ဆုတ်ကန်ဆုတ်ကန်ပြု၍ တိတ်ဆိတ်စွာ တပ်ခေါက်သွားလေ၏။

သေတင်းကုပ်အတွင်း မီးခိုးငွေ့တို့ ထွက်ပေါ်လာလေပြီ။ အမှောင်စွက်သော အလင်းဖျော့ညချမ်းနှင့် ဆေးလိပ်ငွေ့တို့ ရစ်ပတ်လိမ်ဖွဲ့နေခြင်းကြောင့် သေတင်းကုပ်သည် အနောက်တိုင်း မှော်ပညာဇာတ်ကားများထဲမှ မျက်စိတစ်လုံးတည်းသာပါရှိသည့် ပဉ္စလက်ပညာသည်စုန်းမကြီးများ ပယောဂဆေးစီရင်ရာဌာနနှင့်ပင် အလားသဏ္ဍန်တူသေးသည်ဟု ဆိုသော် ဆိုကောင်းဆိုနိုင်၏။
ထို့နောက် အဝါရောင်ပုံရိပ်သည် သေတင်းကုပ်အတွင်း ဟိုမှသည်သို့၊ သည်မှဟိုသို့ လွန်းပျံခတ်ရင်း ညချမ်းကို အံတုပြီးလျှင် အဝါရောင်မီးတောက်ကို ထွန်းငြှိ၍ ည၏အလှကို အားဖြည့်ထောက်ပံ့နေလေတော့သတည်း။

(၂)

အထက်မှာဆိုခဲ့တဲ့ မြင်ကွင်းကတော့ မြန်မာပြည် ဆေးလိပ်နှင့်ဆေးရွက်ကြီးဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ နဝင်းနှစ်ခါ အိမ်သာနေရှင်နယ် အမည်ရတဲ့ အထက်တန်းစား စီးကရက်ကုမ္ပဏီသစ်တစ်ခုရဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ်လေးပဲ ဖြစ်ပါတယ်။ နဝင်းနှစ်ခါ အိမ်သာနေရှင်နယ်စီးကရက်ဟာ အရသာ၊ ဈေးနှုန်း၊ အဆင့်အတန်းများနဲ့ ပြည့်စုံခြင်းတည်းဟူသောကြောင့် လူကြီးမင်းရဲ့ တန်ဖိုးအဆင့်အတန်းကို မြင့်မားစေပါတယ် လို့ ဆိုထားပါသေးတယ်။ ကြေငြာစာသားကတော့ သင်းပါတယ်။ ဘာစီးကရက်ကို သောက်ရမှန်း စဉ်းစားလို့မရရင် ဒီ စီးကရက်ကို (၃) ရက်လောက် ပြောင်းသောက်ကြည့်လိုက်ပါလို့ ပြောင်ပြောင်တင်းတင်း လမ်းညွှန်ထားပါသေးတယ်။ စီးကရက်စသောက်တတ်ကာစ လူငယ်လူရွယ်အတွက် လူငယ်လမ်းညွှန်ပေါ့ဗျာ။ လူငယ်လမ်းညွှ့န်စာအုပ်ကို ရေးသားပြုစုခဲ့တဲ့ ဒေါက်တာကျော်စိန်တောင် ဒီကြေငြာစာသားကို ဖတ်ရရင် တောင်ဖီလာဆရာတော်ထုံး နှလုံးမူပြီးတော့ သူရေးခဲ့တဲ့ လူငယ်လမ်းညွှန်စာအုပ်ကို ဘုရားမှာ မီးပူဇော်မယ့် သဘောရှိပါတယ်။

(၃)

ပေါင်ချိန့်လေသံနဲ့ ဆိုရမယ်ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေ တကယ်ရှိခဲ့သလားလို့ မေးရမှာပါပဲ။ တကယ်ရှိခဲ့ပါတယ်။ အခုလည်းရှိနေပါတယ် လို့ပဲ အမေးကို တုံ့ပြန်ရပါမယ်။ ဘရိတ်နင်းလိုက်ရင်တော့ ရပ်တန့်သွားပြန်ဦးမပေါ့။
ဒီမြင်ကွင်းကို တွေ့ရတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလလောက်တုန်းက မြန်မာပြည်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Eagle စီးကရက်ရဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်ကို ပြန်ပြောင်းအောက်မေ့မိပါသေးတယ်။

မှတ်မိပါသေးတယ်။ ကျွန်တော်နဲ့အတူ ကျောင်းမတက်ချင်တဲ့ ကျောင်းကြက်ခြေနီရဲဘော်တသိုက် ရှမ်းပြည်နယ်၊ သီပေါမြို့ ဘော်ကြိုဘုရားပွဲတော် ကြက်ခြေနီအဖွဲ့ ဆေးပေးခန်းမှာ တောက်တိုမယ်ရ တာဝန်တွေ ထမ်းဆောင်နေတုန်းကပေါ့။ ဘော်ကြိုဘုရားပွဲဝင်းအတွင်းကို လင်းယုန်ငှက်တံဆိပ်ပါတဲ့ သောင်းအေး (Town Ace) ကားကြီးထိုးဆိုက်လာပါတယ်။ နောက်တော့ လင်းယုန်ငှက်ကြီးရဲ့ ဝမ်းကြာတိုက်အတွင်းက ရွှေရောင်နတ်မိမယ်လေးတွေ သက်ဆင်းလာပါတယ်။ မိနီစကပ်ဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးတွေကို အရှင်လတ်လတ်မြင်တွေ့ခွင့်ရတယ်ဆိုတာဟာ ဘော်ကြိုဘုရားပွဲလာ ရှမ်း၊ ပအို့ဝ်၊ ဗမာ မင်းပရိသတ်အပေါင်းတို့ အတွက်တော့ မဟာဒုလဘ္ဘပါပဲ။

ရွှေရောင်နတ်မိမယ်လေးတွေဟာ ဘုရားဝင်းအတွင်း အခိုင်အမာနေရာယူထားတဲ့ စားသောက်ဆိုင်တန်းတွေဆီ စစ်မျက်နှာဖြန့်ရင်း မားကတ်တင်းတိုက်ပွဲကို ရွပ်ရွပ်ချွံချွံဆင်နွဲကြပါတယ်။ ရွှေရောင်နတ်မိမယ်လေးတွေ ယူဆောင်လာလေတဲ့ စီးကရက်တွေကို ကာလသားတွေ သောက်လိုက်ကြတာများ ဘော်ကြိုဘုရားဝင်းကြီးတစ်ခုလုံး မီးခိုးတထောင်းထောင်းထနေတော့တာပဲ။ စီးကရက်မီးကလည်း ခဏခဏသေတယ်။ ဒီတော့ ရွှေရောင်နတ်မိမယ်လေးတွေကလည်း မီးခြစ်ကိုထုတ်တဲ့ပြီး မီးခဏခဏငြှိပေးပြန်ရသေးသပေါ့။ စီးကရက်မီးအငြှိကောင်းလို့ ဗိုက်ခေါက်လိမ်ခံရ၊ ကျောကုန်းထုခံရတဲ့ ဘုရားပွဲတော်လာ ရှမ်း၊ ပအို့ဝ်၊ ဗမာ အမျိုးကောင်းသားကြီးတွေလည်း မနည်းလှပါဘူး။

မားကတ်တင်းအကြောင်းကို မလေ့လာဘူးလို့ ဒီလိုမားကတ်တင်းဗျူဟာတွေဟာ မားကတ်တင်းသဘောတရားတွေမှာ ပါဝင်တယ်၊ မပါဝင်ဘူးဆိုတာကို ကျွန်တော်အသေအချာမသိပါဘူး။

ဒါပေမယ့် ဘယ်နည်းနဲ့မဆို ဒီလိုမားကတ်တင်းဗျူဟာကိုတော့ လုံးဝရှုတ်ချပါတယ်။ ဒါဟာ မိုက်မဲမှုတစ်ခုပဲ ဖြစ်ပါတယ်။ လူနေမှုစရိုက်ပုံစံတွေ ဘယ်လိုပဲ ပြောင်းလဲနေပါလေ့စေ၊ ဒီကိစ္စဟာ မြန်မာ့ဓလေ့နဲ့ ဆီလျော်မှုမရှိသလို၊ တည်ဆဲဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်စိန်ခေါ်နေတာလည်းဖြစ်ပါတယ်။ နောက်ပြီး အမျိုးသမီးထုတစ်ခုလုံးကို စော်ကားတာဖြစ်သလို လူ့ပတ်ဝန်းကျင်ကို စိန်ခေါ်နေတာလည်း ဖြစ်ပါတယ်။

(၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရဟာ ၁၉၉ရ ခုနှစ်ကတည်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီအစဉ်တွေမှာ ဆေးလိပ်၊ ဆေးရွက်ကြီး ကြေငြာများထည့်သွင်းခြင်းကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်နေရာတွေ၊ ကျန်းမာရေးနှင့် သက်ဆိုင်သောနေရာတွေနဲ့ အားကစားရုံတွေမှာ ဆေးလိပ်ကြော်ငြာ ခြင်းကို ထပ်မံတားမြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာတော့ စာနယ်ဇင်းတွေကတဆင့် ဆေးလိပ်ကြေငြာခြင်းကို ထပ်ဆင့်ပိတ်ပင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ် မေလ ၄ ရက်မှာတော့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ကို ကမ်္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၂ နိုင်ငံ အနက် ၁၁ နိုင်ငံမြောက်အဖြစ် အောင်မြင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ အဲဒီဥပဒေမှာ ဥပဒေထုတ်ပြန်ပြီး တစ်နှစ်ပြည့် မြောက်သည့် နေ့မှစ၍ အာဏာတည်စေရမည်ဖြစ်ပြီး၊ ဆေးလိပ်ကုမ္ပဏီများက အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရန်ဖြစ်စေ၊ အကျိုးပြုလုပ်ငန်း တစ်ခုခုပြုလုပ်နိုင်ရန်ဖြစ်စေ၊ အထောက်အပံ့ပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ မပြုလုပ်ရန် အသိပေးဖော်ပြထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးများ ဆေးလိပ်သောက်သုံးမှုကို တားမြစ်ခြင်း၊ ဆေးလိပ်များကို တစ်လိပ်ချင်း ရောင်းချခွင့် ပိတ်ပင်ခြင်းတို့ဖြင့် နိုင်ငံအတွင်း ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ စတင်အကျုံးဝင်တာ လေးနှစ်တာကာလကို ကျော်လွန်လာခဲ့ပြီးဖြစ်ပါတယ်။

(၅)

ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏တာဝန် ဖြစ်သည် ပြဌာန်းထားပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရမှာဟာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ တာဝန်တစ်ခုပါပဲ။ နိုင်ငံသားတိုင်းမှာ မတူညီတဲ့ အယူအဆတွေ မူဝါဒတွေ ရှိကြ ပါတယ်။ ဒါပေမယ့် တရားဥပဒေတည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမယ့်နေရာမှာတော့ ကျွန်တော်တို့အားလုံးရဲ့ အယူအဆတွေ တူညီရမှာ ဖြစ်ပါတယ်။

(၆)

စီးကရက်ခိုးတွေဝေနေတဲ့ သေတင်းကုပ်ကနေ ပြန်မယ်လုပ်တော့ ညတော်တော်နက်နေပါပြီ။ အဝါရောင်ပုံရိပ်ကတော့ ဟိုဝိုင်းကနေ သည်ဝိုင်ဆီကို လွန်းပြန်ရင် လွင့်မျောနေတုန်းပါပဲ။ ကျွန်တော့်ရဲ့ အခန်းကျဉ်းလေးရှိရာဆီ အပြန်လမ်းတလျှောက်မှာတော့ ငါ့မျက်စိကို … ကန်းလောင်စေသော အဝါ။ မီးတောက်တစ်ခုလို ငါ့ကို ကျွမ်းလောင် … ငါ့အဝါရောင်များ။ နား၊ မျက်စိတွေ ကြောင်ကန်းသွား … လင်းလိုက် … လောင်လိုက် … လင်းလိုက် …. ဆိုတဲ့ လေးဖြူရဲ့ ရောခ့်သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ညည်းမိပါတယ်။

မေတ္တာဖြင့်

BlackDevil ( www.mmso.org )

3 comments

  • naykhanaing

    June 6, 2010 at 11:48 am

    တစ်ခါတစ်လေကျွန်တော်တို့တွေမြင်တွေ့နေရတဲ့မြင်ကွင်းတွေကအဲလိုပါပဲ.ဒါပေမယ့်သူလဲသူဝမ်းရေးအတွက်ပဲလေလို့သတိတရားလေပဲထားလိုက်ရပါတယ်နောင်တော်ရယ်…

  • leohero

    June 7, 2010 at 5:40 am

    ဒါမျိုးတွေကို တစ်ခုခြင်းစီလိုက်ပြောနေရမယ်ဆို ပြောလို့ကိုကုန်တော့မှာမဟုတ်ပါဘူး လူတိုင်းလူတိုင်းကိုယ့်ဝမ်းရေးရှိတာပဲမလား နားလည်ပေးလိုက်ပါ … လောကကြီးကို မပြောင်းလဲနိုင်ဘူးဆို ကိုယ့်ကိုကိုယ်ပြောင်းလဲကြည့်ဖို့တော့ တွေးကြည့်သင့်တယ်ထင်တယ်……

  • လင်းဝေကျော်

    June 7, 2010 at 6:03 am

    ပြောပေးရမယ်။
    ပြောကို ပြောပေးရမယ်။ ဒီကိစ္စကိုမှ မဟုတ်ပါဘူး။
    နားလည်လိုက်ပါဆိုပြီး အရာရာကို လွှတ်ထားပေလိုက်တာဟာ တာဝန်မဲ့မှုတစ်ရပ်ဖြစ်တယ်။
    ဖြစ်သင့်ဖြစ်ထိုက်သော အရာများကို ဆွေးနွေးကြပါ။ ပါဝင်ဆောင်ရွက်ကြပါ။
    မြန်မာ့ လူ့အဖွဲ့အစည်းအတွက် သင့်တော်သော ဥပဒေ နှင့် လူနေမှုပုံစံများဟာ ဒီလို လူအများက စိတ်ဝင်စားစွာ
    ပူးပေါင်းဖော်ဆောင်မှ မှန်ကန်စွာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
    အားပေးပါတယ်။

Leave a Reply