မြန်မာ့ ဆက်သွယ်ရေးတော့ မလွယ်သေးဘူး
အရင်တုန်းက cellular ခေတ်၊ပြီးတော့GSM၊ပြီးတော့ ကမ်းရိုးတန်းဖုန်း အမျိုးမျိုးမရိုးရအောင်
ငှားရမ်းခ ငွေကျပ်ဆယ့်ငါးသိန်းပေးခဲ့ရပြီးပြီ။နောက်တခါ မနှစ်က ငါးသိန်းတန်ဖုန်းတွေ ထပ်ငှားတယ်။
GSM ရောCDMA 450နဲ ့800Mhzတွေ။ခုလာပြန်ပီ တန်ဖိုးမတိကျသေးတဲ့ တန်ဖိုးနည်းဖုန်း။အရင်တုန်းက
ဖုန်းဝယ်ကိုင်ထားသူတွေက တရားစွဲတော့မယ်။
27 comments
windtalker
March 4, 2012 at 1:26 pm
ဟိုက်ရော…
လုပ်သင့်ပါတယ် ။ ဟုတ်ပါတယ် ။ အမှန်ဆိုရင် မြန်မာ့ဆက်သွယ်ရေးအနေနဲ ့၊ ၁၅သိန်းကျော်နဲ ့ထုတ်ထားရတဲ့ ဂျီအက်စ်အမ် ပိုင်ရှင်တွေ အတွက် တစ်ချက်မှ ငဲ့မကြည့်တာ အမှန်ပါဘဲ ။
၅သိန်းတန် ဖုန်းတွေချပေးတယ် ။၁၅သိန်းတန်တွေ ဈေးတွေ ဖုတ်ကနဲ ၈သိန်းပတ်ချာလည် ကို ပြုတ်ကျသွားတယ် (အပြင်ဈေး) ။ ဟော မကြာဘူး… ၅သိန်းဖုန်း စီဒီအမ်အေတွေ ကို အင်တာနက် ပေးသုံးတယ် ။ အရင် ၁၅သိန်းတန်ဂျီအက်စ်အမ် တွေ ခဗျာ… သွားရေလေးထိုင်ယိုနေရတယ် ။ အရေးထဲ ၊ ၅သိန်းဖုန်း(ဂျီ) တွေအတွက် ဆာဗာပြင်တာတို ့ဘာတို ့လုပ်ရင် ၊ အရင်ဂျီအက်စ်အမ် တွေ ခဗျာ ၊ လိုင်း (စစ်ကနယ်) တစ်ခုမှ မရှိရှာဘဲ ၊ ဘာမှ ဆက်လို ့မရ ၊ အဝင်မရတဲ့ ဖုန်းလေးကိုင်ရင်း ငုတ်တုတ်မေ့တဲ့ နေ ့တွေက ရှိသေး ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 1:51 pm
မြန်မာ့ဆက်သွယ်ရေးကတော့ ဘယ်လိုစီစဉ်မလဲမသိသေးဘူးဗျာ။တခါက
လွှတ်တော်ထဲမှာ အမတ်တယောက်ကမေးဖူးတယ်။ကျပ်(၁၅)သိန်းကောက်
ခံရတယ်ဆိုတာက အဲဒီတုန်းက infrastructure တွေမပြည့်စုံလို ့ပါတဲ့။
(၅)သိန်းတန်ဖုန်းတွေကျတော့ အဆောက်အအုံပိုင်းမလိုတော့ဘဲနဲ ့စက်ပစ္စည်း
လောက်ဘဲဝယ်ရလို ့ဈေးလျှော့ငှားရမ်းနိုင်တာပါဆိုဘဲဗျာ။ခုလို ပြန်တောင်းဆိုဖို ့
ကြိုးစားလာတာတော့ ကောင်းပါတယ်။ဒါပေမယ့်ဗျာ………
winkyawaung
March 4, 2012 at 1:56 pm
အင်တာနက် ADSL လိုင်းတွေကိုလည်း ပြန်အပ်ချင်ပါတယ်။ သွင်းထားတဲ့ ငွေ တစ်ဆယ့်ငါးသိန်းခွဲ အဆုံးတဲ့ဗျာ..။ မတရားသဖြင့် စားထားနေကြပါတယ်။ ပြည်သူတွေဆီက လည်ပင်းညစ်ပြီး သွားဖြဲ နွားဖြဲ ယူထားရက်ကြပါပေ့ရယ်ဗျာ…။ ငရဲမင်းကြီးကလည်း ဆက်သွယ်ရေးဝန်ကြီးတွေကို စောင့်နေမယ်တော့ ထင်ပါရဲ့နော်..။ သံသယာ ငရဲ ဧရိယာပြင်ပသို့ရောက်နေတယ်လား။ ဘယ်ရမလဲဗျို့..။
chityimhtoo
March 4, 2012 at 3:23 pm
အေးဗျ ကျုပ်တို့ MPT ADSL လိုင်းလည်းစစချင်းဝယ်တုန်းက 2300။ ၂၃သိန်းလောက်ကျတယ်….
အဲ့ဒါတွေပြန်အပ်မယ်ဆိုရင်ကော သွင်းထားတဲ့ငွေကိုပြန်ပေးမှာလား။ဆက်သွယ်ရေးကပြည်သူကို
နှိပ်စက်ဖို့ဘဲသိတယ်။ဒီဆက်သွယ်ရေးဝန်ကြီး ပြည်သူတွေကို နှိပ်စက်လာတာတော်တော်ကြာပြီ။
မဟာရာဇာ အံစာတုံး
March 4, 2012 at 3:35 pm
မြန်မာ့ ….. ဆက်သွယ်ရေး ……… တဲ့ …
ဘယ်လို စစ်စတန် တွေနဲ့ သွားနေတာပါလိမ့် ……. ။
သေချာတယ် .. ပါးပါးလှီး ရောင်းစားပြီး သူတို့အပေါက်တွေကို ဖြည့်ဖို့အတွက်ကြည့်ပြီး ရှေ့လျောက်နေတဲ့ စစ်စတန်ပဲ … ။
ကမ္ဘာ့နိုင်ငံတွေအလယ် မြန်မာ လူမျိုးတွေ မျက်နှာ မငယ်ရအောင်တော့ ဒီစစ်စတန် ပြောင်းလဲ သင့်ပါတယ်ဗျာ .. ။
kai
March 4, 2012 at 3:42 pm
ကျုပ်က..ဂျပန်၊တိုကျိုမှာ လက်ကိုင်ဖုံးစကိုင်တော့.. ၁၉၉၃ခုနှစ်လောက်…
လစဉ်ကြေး တလ.. ယန်း ၁သောင်း၂ထောင်.. ဒေါ်လှ၁ရာလောက်…
ဖုန်းအဝင်ရောအထွက်ရောငွေပေးရတယ်..
တော်တော်အသုံးလျှော့တာတောင်.. တလ.. ယန်း၁သောင်းဝန်းကျင်.. ဒေါ်လှ ၉ဝလောက်…။
သတိတရနဲ့ရေးမိတာပါ… 🙂
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 11:01 pm
သူကြီးရေ …..
သူကြီးရဲ ့အမှတ်တရက ကျနော်တို ့
အတွက် သွားရည်ပျစရာပါလားဗျာ။
ဒီမှာတော့ဖြင့်……….
kai
March 5, 2012 at 4:56 am
ဘာကိုသွားရည်ပျသလည်းကွယ်…
ဂျီဒီပီလေးနည်းနှိုင်းကြည့်ပါဦး..။
ပြောလိုတာကို အဓိပါယ်ကောက်တာ လွဲနေပါပြီ..။
အနိစ္စ၊ဒုက္ခ… 🙂
Japan
GDP (PPP) 2011 estimate
– Total $4.396 trillion[7] (4th)
==
Myanmar
GDP (PPP) 2011 estimate
– Total $81.553 billion[2] (76th)
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 5, 2012 at 10:35 am
မဟုတ်ဘူးလေ သူကြီးရ။ဘယ်နှယ့် ဗျာ အနိစ္စ၊ဒုက္ခတုန်း……
မမြဲဘူးဆိုတာ သိပါတယ်ဗျ။
ဒီလိုလေ သူကြီးက ၁၉၉၃လောက်မှာ ဂျပန်မှာ ဆိုတော့
ကျနော်က (၃)တန်းကျောင်းသားဘဲရှိသေးတော့၊ဂျပန်
ရောက် သူကြီးဦးခိုင်ဘဝကို သွားရည်ကျအားကျမိပါတယ်
လို ့ပြောတာပါဗျာ။
inz@ghi
March 5, 2012 at 6:45 am
သဂျီးတို့များ … ကြွားထှာ အေ. …
ဘက်ဘယ်လု ဂျိဒိုင်းကို မှီလိုက်သူများ ဆိုတော့ ကြွားနိုင်မပေါ့ …
😀
ချဉ်ထှာ…
😛
ကိုရင်မောင်
March 4, 2012 at 4:24 pm
ပြည်ပကနေ ပြည်တွင်းထဲခေါ်တဲ့ဖုန်းခနှုံးထားလေးလဲ
ပြင်သင့်ပြီလို့ပြောချင်ပါတယ်
နိုင်ငံတကာမှာမြန်မာပြည်ကိုခေါ်တဲ့နှုံးထားအများဆုံးဖြစ်နေလို့ပါ
ဘာကြောင့်ဈေ းကြီးနေတယ်ဆိုတာလဲသိယင်ပြောကြပါအုံး…..
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 5:39 pm
ကိုရင်မောင်ရေ ….
ပြည်ပကနေ ပြည်တွင်းကိုခေါ်တာမှာလဲ ရန်ကုန်ကိုခေါ်ဆိုတာနဲ ့၊နယ်မြို ့ခေါ်ဆိုတာ
နံ ့ဈေးက(၂)ဆလောက်ကွာတယ်လို ့ပြောတယ်နော်။ဘာကြောင့်လဲကျနော်လဲ မသိဘူး။
ကျနော်အထင် ဟိုဂြိုဟ်တု၊ဒီဂြိုဟ်တု ပတ်နေရလို ့ထင်ပါတယ်ဗျာ။
student
March 4, 2012 at 9:45 pm
ဆက်သွယ်ရေးက MPT ADSL တပ်ထား အင်တာနက်လိုင်းကလုးံလုးံကိုသုးံမရ။လစဉ်ကြေးတော.ပုံမှန်
လာတယ်။ဒါအပြင်ထိန်းသိမ်းစောင်.ရှောင်ခ ၅သောင်းလဲသွင်းရသေးတယ်။ ။ လိုင်းပျက်လို. MPT ADSL ကဝန်ထမ်းခေါ်ရင်လဲမုန်.ဖိုး ၁သောင်းလောက်ပေးရတယ်။ အခုတောင်.လိုင်းလုးံဝပိတ်လိုက်ရပီ။ နယ်ကMPT ADSL တွေတော်တော်သနားဖို.ကောင်းတယ်။ ဘယ်တော. မှMPTADSL မတပ်ပါနဲ.။
ှဆက်ကြေးပေးနေရသလိုပဲ…………………ဆက်ကြေးပေးနေရသလိုပဲ..ဆက်ကြေးပေးနေရသလိုပဲ..
unclegyi1974
March 4, 2012 at 9:57 pm
ဆက်သွယ်ရေးကောသူနဲ့ပေါင်းပြီးလုပ်စားနေကြတဲ့အဖွဲ့တွေကော
ပြည်သူတွေအပေါ်လူပါးဝလို့ရလို့ဝနေကြတာပါ
အမှန်က ၁၅ သိန်းပေးကိုင်ထားတဲ့ဖုန်းပိုင်ရှင်တွေဆိုတာ
သူတို့အခုတည်ဆောက်ပြီးတဲ့စက်တွေရဲ့ပိုင်ရှင်တွေပါ
တနည်းပြောမယ်ရှယ်ရာပိုင်ရှင်တွေပါ
အခုပြည့်စုံသွားလို့ဈေးတွေလျော့ပေးလည်း
၁၅ သိန်းဖုန်းကိုင်သူတွေကိုတခုခုတော့ပြန်လုပ်ပေးသင့်တာပေါ့
ဥပမာအင်တာနက်အခမဲ့ချိတ်ဆက်ခွင့်ပြုတာ
အခုတော့သက်သက်မိုက်ရိုင်းတာငွေရပြီးတဲ့နောက်လှည့်မကြည့်တော့ဘူးရ
နောက်ထပ်ဘယ်ဂွင်ရိုက်ရမလဲပဲကြည့်နေတာဖန်နေတာ
တတိုင်းတပြည်လုံးကဂျီဖုန်းဟောင်းကိုင်သူတွေအခုလိုမျိုးလုပ်သင့်တာပေါ့
myanmarcitizen
March 5, 2012 at 1:00 pm
အန်ကယ်ကြီး ရေ share holder တွေဆိုတဲ့စကားခိုက်တယ်ဗျာ။ အမြတ်တွေပါထပ်တောင်း ကြရအောင်။ 🙂
ကြုံတုံးလေး ဆက်ပြောချင်တာက elite တို့လိုသာ အခွင့်အရေးရရင် ကျွန်တော်လဲ company တစ်ခုလောက်ထောင်ချင်ကြောင်းပါခင်ဗျား။
Lwin Aung
March 4, 2012 at 9:58 pm
It is right to sue the Myanmar Telecommunication because our Mobile phones are rent from it.
JUDGEMENT
March 4, 2012 at 11:11 pm
အမှန်တကယ်ကလွှတ်တော်ထဲက အမတ်တွေက (၁၅)သိ်န်းဖုန်းကိစ္စကိုပြောသင့်တာကြာနေပါပြီ။
သူတို့မလဲ ဒီ ၅၀၀ဝ တန်နဲ့ သူတို့အာဏာရရေးနဲ့ ပြည်သူ့ကိုလှည့်ကိုမကြည့်တာပါ။
မှန်တယ်ဗျာ ဦးသိန်းစိန်ပြည်သူကိုဘာလုပ်ပေးမလဲ ။ကျုပ်တို့ ၁၅ သန်းဂျီအက်(စ)အမ်တွေကို မရရင်
သမ္မတရုံးအထိစာတင်ပေးသင့်ပါတယ်။
ငှက်ကလေး
March 4, 2012 at 11:11 pm
အပ်မယ် အပ်မယ်။ ဒို့လည်း လိုက်မယ်ချန်မထားနဲ့… 😛
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 11:30 pm
Student ရယ်၊အန်ကယ်ကြီး၊Lwin Aung၊ငှက်ကလေး၊JUDGEMENT
အားလုံးသူကို ကျေးဇူးတင်ပါတယ်ဗျာ။ကျနော်တို ့အများပြည်သူ နစ်နာ
ချက်တွေကို စဉ်းစားပေးဖို ့ကောင်းနေပီဗျာ။
zay
March 5, 2012 at 8:11 am
ဆက်သွယ်ရေးတင်မကဘူး အားလုံးမကောင်းတာ စစ်အာဏာရှင်ရဲ့စိတ်ဓါတ်တွေကအရိုးစွဲနေပြီ အမေစုမဲအောင်အောင်သာမဲပေးကြပါလို့တောင်းပန်ချင်ပါတယ်……. အဝေးရောက်သူ
intro
March 5, 2012 at 11:22 am
ယခုနှစ်အတွက် မြန်မာ့ Celebrity အဖြစ်ဆုံးဆုကို MPT ခေါ် မြန်မာ့ဆက်သွယ်ရေးမှ ရရှိသွားပါတယ် ခင်ဗျား….. 😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 5, 2012 at 12:11 pm
ဖြောင်းဖြောင်း………………
ဖြောင်း……ဗြောင်း……..ဒိုင်း……အုန်း…….
ဂွမ်း…………..
ပရိသတ်ဩဘာပေးလွန်း၍ ခုံများရိုက်ချိုးသံ။
myanmarcitizen
March 5, 2012 at 12:56 pm
အစိုးရအနေနဲ့ အရင်ကသုံးခဲ့တဲ့သူတွေ ကိုပြန်ပြီးမစဉ်းစားပေးတာတော့လုံးဝကိုမကောင်းပါဘူး။ လုပ်သင့်ပါတယ်။ တောင်းဆိုသင့်ပါတယ်။ ၁၅ သိန်းလဲပေးထားရသေးတယ်။ အခွင့်အရေးတွေက လဲအတူတူ ဆိုတော့ မခက်ပါလား။ အစိုးရအနေနဲ့ ပြန်အပ်တာကို လက်ခံရမယ်။ သွင်းထားတဲ့ငွေကိုပြန်ထုပ်ပေးရမယ်။ ဒါမှတရားမယ်။
(unclegyi1974 ပြောတာသိပ်ကြိုက်တယ်။ ရှယ်ရာပိုင်ရှင်တွေလို့ပြောတာကို။)
Shwe Tike Soe
March 5, 2012 at 2:56 pm
အဲဒါပြောတာပေါ့ ရှိပူရသေး မရှိအေးဆို တာ သိပ်မှန်တာပဲ..
ဟောကြည့် ကျွန်တော့်ဖြင့် ဘာမှ လက်ဝယ်ပိုင်ဆိုင်မှုမရှိတော့ ဘာဆုံးရှုံးမှုမှမရှိ အေးရော ဟေဟေဟေဟေ 😀
kai
March 5, 2012 at 3:06 pm
ဂီဂီတို့ချစ်ချစ်ကြီး.. အပ်ပဲလ်ကတော့.. သူ့ပစ္စည်းဈေးကြီးကြီးနဲ့ထုတ်…
နောက်ပိုင်းဈေးလျှော့ရင်.. ရှေ့ကဈေးကြီးမိထားသူတွေ.. ပြန်အမ်းပေးတာလုပ်ဖူးတယ်…
ကဲ..
ဆက်သွယ်ရေး..
ပြန်အမ်းပေးတော့…. 😆
Uncle Lay
March 5, 2012 at 5:20 pm
ဖုန်းစာချုပ်ရဲ့ အပိုဒ် ၁ဝ မှာ ဒီလိုရေးထားတယ်…တဲ့။
“ ဌာနမှ လက်ရှိပြဌာန်းထားသည့် နည်းဥပဒေများကို ငှားရမ်းသုံးစွဲသူက လိုက်နာရမည် ။ ငှားရမ်းသုံးစွဲသူ တယ်လီဖုန်းကို ပြန်အပ်နှံလိုလျှင်သော်လည်းကောင်း ၊ ဌာနက အကြောင်းတစ်ခုခုကြောင့် ငှားရမ်းသုံးစွဲသူ၏ မိုဘိုင်းအသုံးပြုခွင့်ကို ရပ်စဲလိုလျှင်သော်လည်းကောင်း ဤပဋိဉာဉ်စာချုပ်ကို ရပ်စဲနိုင်သည် ။
ဤပဋိဉာဉ်စာချုပ်ရပ်စဲသည့် ဘသာဝအလျှောက် ဟောင်းနွမ်းယိုယွင်းခြင်းမှ တပါး ထုတ်ယူသွားစဉ်က အခြေအနေအတိုင်း မိုဘိုင်းတယ်လီဖုန်းကိရိယာများကို ငှားရမ်းအသုံးပြုသူက ဌာနသို့ ပြန်လည်ပေးအပ်ရပါမည် ။ ငှားရမ်းအသုံးပြုသူအနေနှင့် လျော်ကြေးတစ်စုံတစ်ရာဖြစ်စေ ၊ ဌားရမ်းခ ပြန်လည်ထုတ်ပေးရန်ဖြစ်စေ ၊ တောင်းခံပိုင်ခွင့်မရှိပါ ”
…….စာချုပ်ပြန်ကြည့်ရဦးမယ်…။
moethuzar
March 5, 2012 at 5:43 pm
အဲဒါပေါ့ ဖုန်းအတွက်ပေးသွင်းငွေ ပြန်တောင်းဖို ့ဘဲသိဒယ်။
စာရွက်၊စာတမ်းလေး ပြန်ဖတ်ကြပါလို ့…နော်။