Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စကားလုံးများရဲ ့ရာဇဝင် (၅)

TTNUMarch 5, 20122min58529

“စကားလုံးများရဲ ့ ရာဇဝင် (၅)”
ကျမ်းကိုး Lock, Stock and Barrel: Past Times Oxford.

(21) By hook or by crook
(22) Pick up the fag-ends
(23) Mind your Ps and Qs
(24) Take a rain-check
(25) Use your loaf

(21) By hook or by crook တစ်နည်းမဟုတ်တစ်နည်း

အလယ်ခေတ်တုန်းက ရွာသားတွေကို သူတို့မြေပိုင်ရှင်ရဲ ့ သစ်တောထဲမှာ ထင်းခွေခွင့်
ပေးခဲ့တယ်။ သိုးကျောင်းရာမှာသုံးတဲ့ အဖျားကောက်တုတ်ရှည် (Shepherd’s crook)
သို့မဟုတ် ဂျိတ်ကောက် (Bill-hook) မှီရာလောက်သာ သစ်ကိုင်းအဖျားအနား
ကိုင်းလောက်ပဲ ခုတ်မယ်ထင်ပြီး ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။
အဲဒီအချိန်ကစပြီး ဒီစကားကိုသုံးခဲ့ကြတာမှာ လိုအပ်ရင် နည်းမှန်သည်ဖြစ်စေ၊ မမှန်သည်
ဖြစ်စေ၊ တစ်နည်းမဟုတ်တစ်နည်း အရယူမယ် ဆိုတဲ့အဓိပ္ပါယ်နဲ့ သုံးလာကြပါတော့တယ်။

ဥပမာ။ ။ သူကတော့ သူမကို မရအရ လက်ထပ်ရအောင် ကြံပါလိမ့်မယ်။
He’ll get her to marry him by hook or by crook.

(22) Pick up the fag-ends မရေရာတာ မဟုတ်တာတွေ လျှောက်ပြော

တစ်စုံတစ်ခုရဲ ့ နောက်ဆုံးအစအနအကျန်၊ ဘာမှမတန်တဲ့ အရာ၊ အထူးသဖြင့် ချည်ထည်
စက်ရုံမှ အဝတ်စများရဲ ့ အစအနများ၊ အကြမ်းစများကိုဆိုလိုပါတယ်။ စီးကရက်တိုများလို့လည်း
အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ တန်ဖိုးမရှိ မရေရာတာတွေ လျှောက်မကောက်နဲ့ ၊ မဖွနဲ့ လို့
သက်ရောက်ပါတယ်။

ဥပမာ။ ။ သေချာရဲ ့လားကွာ၊ တောင်စဉ်မရေရာတာတွေ လျှောက်ပြောမနေပါနဲ့။
Are you sure? Don’t pick up the fag-ends!

(23) Mind your Ps and Qs မင်း အပြုအမူတွေ သတိထားပါဦး။

(၁၇)ရာစလောက်ကု ပြင်သစ်တွင်သုံးသောစကားဖြစ်ပါတယ်။ အကသင်တန်းတွင်
အကနည်းပြက သင်တန်းသူသင်တန်းသားများအား ခြေထောက်အနုတ်အသိမ်းသတိ
ထားရန်၊ ဆင်မြန်းထားသောဆံပင်တု ပြုတ်မကျရန်၊ စသည်တို့ကို မပြတ်သတိ
ပေးရပါတယ်။က နေစဉ် ကပြသူက ရှေ ့ ကို ဦးညွှတ်တဲ့အခါ ခေါင်း အရမ်းနှိမ့်ပါက
သူတို့ ဆင်မြန်းထားတဲ့ တွန့်လိမ် ရှည်လျားတဲ့ ဆံပင်တု ကျွတ်ကျသွားရင် အရှက်
ရမှာစိုးရပါတယ်။

ဒါကြောင့် Mind you pieds. (feet)
Mind your queues. (tail of their wigs) လို့ သတိပေးပါသတဲ့။

အဲဒီကစပြီး သတိထားရန်ပြောတဲ့အခါမှာ Mind your Ps and Qs. လို့ သုံးခဲ့တာပါ။
ဒီခေတ်ပိုင်းအရေးအသားမှာတော့ Mind your p’s and q’s. လို့ရေးလာတာတွေ့ရပါတယ်။
မူကွဲတွေ့ရတာကတော့ Mind your P (lea)se and (Than)k yous. လို့ Collins
Concise English Dictionary မှာ တွေ့ရတာဖြစ်ပါတယ်။

ဥပမာ။ ။ ကျွန်တော် အဘွားနဲ့ဆိုရင် ယဉ်ကျေးအောင်ပြုမူဖို့ သတိထားရပါတယ်။
I have to mind my p’s and q’s when I’m with my grandmother.

(24) Take a rain-check နောက်တစ်ခေါက်မှ

ဘေ့စ်ဘောကစားခြင်းမှ ယနေ့ အများသုံးစကားအဖြစ်ဆင်းသက်လာတဲ့
စကားလုံးဖြစ်ပါတယ်။ ဘေ့စ်ဘောပွဲကြည့်ဖို့ လက်မှတ်ဝယ်ထားသူများကို မိုးရွာလို့
ပွဲမကစားဖြစ်တဲ့အခါ နောက်ပွဲမှာကြည့်ခွင့်ပေးပါတယ်။

အခုအခါမှာ တစ်ဦးတစ်ယောက်က ပါတီ ဧည့်ခံပွဲ တစ်ခုခုကို ဖိတ်ကြားတာကို မိမိက
မသွားချင်လို့ပဲဖြစ်ဖြစ်၊ မသွားနိုင်လို့ပဲဖြစ်ဖြစ်၊ နောက်တစ်ခါမှ လာပါမယ် လို့ ပြောတဲ့အခါ
ဒီစကားကို သုံးလာကြပါတယ်။

ဥပမာ။ ။ ကိုယ့်မွေးနေ့ပါတီ လာရမယ်နော်။
ဪ.. ကျမ ခရီးသွားစရာရှိလို့ နောက်တစ်ခေါက်မှလာမယ်နော်။
Will you come to my birthday party?
Oh, I’m sorry. I have to go on a trip. I’ll take a rain-check on it.

(25) Use your loaf ဦးနှောက်သုံးပါ။

A loaf of bread ပေါင်မုန့်တစ်လုံး ဆိုတဲ့ အသုံးအနှုံး မှ ပြောင်းလဲလာသော စကားလုံးဖြစ်ပါတယ်။ A loaf of bread ကနေ သံစဉ်ကိုက်အောင် bread နေရာမှာ
head အစားထိုးပြီး A loaf of head လို့ သုံးလာကြပါတယ်။ ဒါနဲ့ စဉ်းစားပါ၊ ဦးနှောက်
သုံးပါ၊ လို့ ပြောတဲ့အခါမှာ Use your loaf ဆိုတဲ့ စကားကို Use your brain နေရာမှာ
သုံးလာကြခြင်းဖြစ်ပါတယ်။

ဥပမာ။ ။ မင်းသူ့ကိုဘာကြောင့် ထပ်မတွေ့ချင်ရတာလဲ။
Why don’t you want to see him again?
မင်း ဦးနှောက်သုံးစဉ်းစားပါလား။
Oh, use your loaf!

မိတ်ဆွေတို့ရေ… စကာလုံးများရဲ ့ ရာဇဝင် (၅) အထိ ကျမ တင်ပြရေးသားခဲ့ပြီးပါပြီ။
စကားလုံးစုစုပေါင်း (၂၅) လုံးဖော်ပြခဲ့ပါတယ်။

(1) Achilles heel
(2) Acid test
(3) Adam’s apple
(4) All at sixes and sevens
(5) At the end of one’s tether
(6) Back to square one
(7) Baker’s dozen
(8) Bald as a coot
(9) Barbecue
(10) Bare-faced
(11) Bark up the wrong tree
(12) Bear the palm
(13) Beat about the bush
(14) Below the belt
(15) Bigwigs
(16) Black sheep
(17) Blowing hot and cold
(18) Born with a silver spoon in your mouth
(19) Box and Cox
(20) Brand-new
(21) By hook or by crook
(22) Pick up the fag-ends
(23) Mind your Ps and Qs
(24) Take a rain-check
(25) Use your loaf

စသည်တို့ဖြစ်ပါကြောင်းတင်ပြရင်းနဲ့ စကားလုံးများရဲ ့ ရာဇဝင် ဆောင်းပါးကို
နိဂုံးချုပ်လိုက်ပါတယ်။

29 comments

  • amatmin

    March 5, 2012 at 1:36 pm

    တီချယ်ရေ.မင်္ဂလာပါ
    တီချယ့်ကို အတွေရတာအတော်ကြာပေါ့ဗျာ.. ကိုသစ်လည်းခြေရာဖျောက် တီချယ်လဲပျောက် 🙁
    စကားလုံးများရဲ့ ရာဇဝင် နိဂုံးချုပ်ပြီဆိုတော့ နောက်အသစ်တမျိုးလာဦးမယ်လို့ မျှော်လင့်ပါ့မယ်..
    တီချယ်ရဲ့ ကောင်းမွန်တဲ့ ရှင်းလင်း သင်ကြားမှုလေးတွေကို အမြဲမှတ်သားထားလျက်…

    • TTNU

      March 5, 2012 at 2:09 pm

      အမတ်မင်းရေ…
      ပထမဦးဆုံး မန်းပေးသူမို့ ကျေးဇူးတင်ပါတယ်။
      တီချာရယ် ဖျားနေတာနဲ့ အင်တာနက်မဝင်ဖြစ်တာပါ။ဒါနဲ့ ဘာမှလည်း
      မရေးနိုင်ခဲ့ဘူးလေ။
      ကိုသစ်ဘယ်သွားနေတာတဲ့လဲ။
      စကားလုံးများရဲ ့ ရာဇဝင်ပြီးရင် တော့ Spoken Patterns တွေထပ်တင်ရမလား
      စိတ်ကူးထားပါတယ်။ လူတိုင်းအကြိုက်မတွေ့တောင်မှ တစ်ဦးတစ်လေ အတွက်
      အကျိုးရှိသွားရင် ရေးရကျိုးနပ်မယ်လို့ မျှော်လင့်တာပါပဲကွယ်။

  • manawphyulay

    March 5, 2012 at 2:49 pm

    တီချယ်ကြီးရေ… သေချာရဲ ့လားကွာ၊ တောင်စဉ်မရေရာတာတွေ လျှောက်ပြောမနေပါနဲ့။
    Are you sure? Don’t pick up the fag-ends!

    ဒါလေးကို သေချာချာ အလွတ်ကျက်မှတ်ထားလိုက်မယ်နော်။ အားလုံးကတော့ မှတ်သားစရာတွေပါပဲ။ ခုတစ်လော မဝင်ဖြစ်လို့ ခုမှ သေချာ လာဖတ်ရတော့တယ်။ စကားလုံးတိုင်းတော့ သူ့ရာဇဝင်နဲ့ သူပဲနော်။

    • TTNU

      March 5, 2012 at 7:32 pm

      မနောလေးရေ…
      အဟောင်းတွေပါ ပြန်ရှာပြီး ကူးထားလိုက်လေ။
      စကားလုံးမျာရဲ ့ရာဇဝင်ကိုဖတ်ပြီး အကျိုးရှိရင် တီချာရေးရကျိုးနပ်ပါပြီကွယ်။

  • pooch

    March 5, 2012 at 7:28 pm

    တီချယ် နေကောင်းသွားပြီပေါ့ ။ ချောင်းဆိုးတာရော ပျောက်သွားပြီလား ?
    တီချယ့်စာတွေ မဖတ်ရတာကြာပေါ့။ ရေးပါအုန်း တီချယ်။

    now i feel i’m so lazy and stupid more and more because i haven’t used my loaf for ages. and i think my loaf doesn’t run any more.. 🙁
    how should i do , teacher ?
    i want back my new-fresh-loaf as usual… 😀

    • TTNU

      March 5, 2012 at 7:39 pm

      Pooch ရေ…
      ဘာတွေပျင်းနေတာလဲ
      ကြိုဆိုရေးလမ်းတစ်လျှောက် အိမွန်နဲ့ သွားတယ်ဆို။
      တီချာနေကောင်းပါပြီ။ကျေးဇူးနော်။

  • windtalker

    March 5, 2012 at 8:13 pm

    1. Big bro will get mazar to marry him by hook or by crook.
    2. Will you come to my dinner party ?
    Although I have to go to my job , I’ll come and I’ll fire by my boss !

    • pooch

      March 5, 2012 at 9:57 pm

      I will kill you by hook or by crook.
      you always pick up the fag-ends.
      Mind your Ps and Qs.
      Use your loaf and Take a rain-check to mind your ps and Qs. 👿

      • windtalker

        March 5, 2012 at 10:03 pm

        အနော် ဘိုလို သိပ်မတတ်ဘူး ခင်ဗျ ။
        ပလိစ် ရေးပါ ဗားမိစ်

    • TTNU

      March 6, 2012 at 9:29 am

      ဒီယားမောင်ပေ…
      စိတ်တွေလေနေရော့သလား၊
      ဇွတ်ဒရွတ်အပြောနဲ့ မောင်ရင်ကများ
      ဘိုင်ဟွတ်အော် ဘိုင်ခရွတ် မဒီရှာချင်ရော့သလား။

      မောင်ပေရေ…
      (Although I have to go to my job , I’ll come and I’ll fire by my boss !)
      ဒီဝါကျမှာ I’ll be fired by my boss. ရေးမှ မှန်မယ်။
      မောင်ရင် အသံမကြားရတာကြာပေါ့။ ရာသီဥတုကောင်းရဲ ့လား။
      ပရီးမီယားထဲမှာ ဒိုင်ဗင်ထိုးနေတာလား။ တို့တွေဖြင့် မင်းကိုလွမ်းနေကြတာ။:P

  • padonmar

    March 5, 2012 at 11:35 pm

    တီချာကြီး
    နေမကောင်းဘူးဆိုလို့ ရန်ကုန်သုူသားတွေက စိတ်ပူနေကြပါတယ်။
    တီချာကြီး Comment တွေ မတွေ့ရတော့ ဟာတာတာကြီး။
    အခု post တွေ့ပြန်တော့လည်း ပြီးသွားပြီဆိုတော့ နောက် series တွေမျှော်ရမှာပေါ့နော်။
    Please try to write new posts by your ever fresh loaf.
    မှားတာတွေ့ရင်လည်း ပြင်ပေးပါနော်။

    • TTNU

      March 6, 2012 at 9:38 am

      ပဒုမ္မာရေ…
      ရန်ကုန်သူ/သားများ ကျေးဇူးတင်ပါတယ်။
      မမြင်ရပေမဲ့ သံယောဇဉ်ကြိုးလေးကထင်းနေတာပါပဲ။
      “ဒီလို သံယောဇဉ်တွေ… ဖြတ်ဖို့ခက်တယ်လေ…” လို့
      ချစ်ကောင်းနဲ့ အိမ့်ချစ်တို့ ဆိုသွားသလိုပဲ

      ရွာကို မြင် ပြန်လာချင်လိုက်ပါဘိ
      အဘွားအို လေး အအေးခဏခဏမိတာမို့
      ရေးအားမရှိပါပဲလျက်နဲ့
      ဘလက်ရဲ ့ စာတွေကများ
      အားကျပါဘိ။။ 😛

  • Khin Latt

    March 6, 2012 at 3:41 am

    တီချယ်ကြီး ရှင့်

    လွမ်းလိုက်တာ။ 😀

    နေပြန်ကောင်း ပြီးပြီးချင်းမှာဘဲ ရွာထဲပြန်လာ စာတွေ သင်ပေးတာ မို့ တီချယ်ကြီး ရဲ့ စိတ်စေတနာ ကဖြင့် တကဲ့ကို Acid Test ပါဘဲလား။
    ကြုံတုန်း တိုင်မယ်။
    တီချာကြီး နေမကောင်းတုန်းမှာပေါ့။
    ရွာထဲမှာ ကိုအဘဖော ခေါင်းဆောင်ပြီး သူကြီးက အစ မြန်မာပြည် ယဉ်ကျေးမှုမှာ နဲနဲ လှုပ်နေတဲ့ Achilles heel ကို ဝိုင်းပင့် ကြရင်း ကျန်သူတွေပါ all at sixes and sevens ပါဘဲ။
    ပြောလိုက်ကြတာများ Below the belt တီချယ်ကြီးရေ။
    နောက်ဆုံးတော့ လဲ Pick up the fag-ends ဖြစ်သွားရော။
    မလတ် လဲ သူတို့နဲ့ Beat about / around the bush လုပ်ရင်း at the end of one’s tether တောင် ဖြစ်သွားတယ်။
    ပြီးတော့လဲ Box and Cox ဖြစ်ပြီး Back to square one ပါဘဲ။
    မလတ်လဲ သူတို့ပြောတာတွေ နားယောင်ပြီး Blowing hot and cold တောင်ဖြစ်မလို ဖြစ်သွားသေးတော့။
    အမှန်တော့ မလတ် တို့ အားလုံး Use our loaf ဖြစ်သင့်တာမဟုတ်လား။ 😉

    တီချယ်ကြီး ရဲ့ စကားလုံးများရဲ ့ ရာဇဝင် (၁) မှ (၅) အထိ က စာလုံးများကို barefaced ဖြင့် ယူသုံးသွားပါသည်။

    တီချယ်ကြီး ရေ – မလတ် တစ်ယောက် တီချယ်ကြီးရဲ့ စာကြိုးစား သော တပည့်များကြားမှာ Black sheep မဖြစ်ချင်လို့ စာကျက်သွားပါတယ်ရှင့်။

    တီချယ်ကြီးစာတွေ ဖတ်ရတာကတော့ တကဲ့ကို awesome moment ပါဘဲ။ 🙂

    • TTNU

      March 6, 2012 at 9:57 am

      မလတ်ရေ…
      Wow!!
      အတော်ဉာဏ်သွက်တဲ့ကလေးမပဲကိုး။
      အတွေးအခေါ်လည်းကောင်းပါပေတယ်။
      ရှိတဲ့စကားလုံးတွေကို ဟန်ကျပန်ကျပြန်စီသွားတာများ
      လှချက်က မကျန်ပါလားတော်။ တီချာကြိုက်လို့ ပြန်ကူးထားသေးတယ်။

      Then I chose yours as a Best Comment. 😛

      • Khin Latt

        March 7, 2012 at 5:26 am

        တီချယ်ကြီး ရေ- ကျေးဇူးပါရှင်။ ကလေးမ ခေါ်လို့။ 😆

  • Moe Z

    March 6, 2012 at 10:18 am

    တီချာရေ တီချာစာသင်နေတယ်ဆိုလို့ အချိန်လုပြီးလာတက်သွားပါတယ်
    အရင်ကူးထားလိုက်တယ်နော် နောက်မှပြန်ကြည့်မှာမို့
    စာတော့မမေးနဲ့ဦး သမီးကိုကျော်လိုက်နော် 😛

    • TTNU

      March 6, 2012 at 10:31 am

      ရွှေမိုးစက်ရေ…
      မတွေ့တာကြာပြီနော်။
      မမေးနဲ့ ဆိုလို့ မေးဦးမယ်။
      အခု အထိ စာလုံးတွေ အကုန်ကူးပြီးပြီလား။ 🙂

      • Moe Z

        March 6, 2012 at 10:43 am

        ဟုတ် သမီးအလုပ်ရှုပ်နေလို့ပါတီချာရေ
        အားလုံးကိုကူးထားပါတယ် လွတ်တာတွေရှိမလားလို့ပြန်ရှာကြည့်ပါဦးမယ်
        တီချာလည်း ကျန်းမာရေးဂရုစိုက်ပါနော် 🙂

  • inz@ghi

    March 6, 2012 at 10:50 am

    မောင်ဂီ ….အတန်းလစ်သွားပါသည်
    😀
    အေနဲ့ ဘီပီးတော့ ပီတွေယူတွေကို ဆြာမ ကျော်သင်သွားသည့်အတွက်
    စာမလိုက်နိုင်သည့် မောင်ဂီ ခညာ .. ကြောက်ပြီး ချောင်မှာ ကပ်ကာ အိပ်ပျော်သွားသည့်
    ကြောက်ကပ် ရောဂါ ရတွားဘာသည်…

    ခင်တဲ့
    ဂီ…

  • mg mg

    March 6, 2012 at 3:03 pm

    TTNU-အလှည့်သင့်လျင် မြန်မာစကားပုံလေးတွေ ဖတ်ချင်မှတ်ချင်ပါသေးတယ်။

  • yaungchikha

    March 6, 2012 at 6:31 pm

    တီချယ်ကြီးသင်ခန်းစာကို ဖတ်ပြီး အမြဲလေ့လာနိုင်အောင် ကူးထားလိုက်ပါတယ်နော်၊

  • TTNU

    March 6, 2012 at 9:51 pm

    မောင်ဂီရေ…
    ကျောင်းပြေးပြီး ဘာတွေလုပ်နေပါလိမ့်။
    ပုံပြောင်းသွားပြန်ပြီကော။
    မျက်လုံးချည်းကျန်တော့တာလားကွယ်။

  • TTNU

    March 6, 2012 at 9:56 pm

    မောင်မောင်ရေ..
    အဆင်ပြေရင်ရေးမယ်နော်။

    ရောင်ခြည်ခရေ..
    စာတွေဖတ်ဖြစ်တာဝမ်းသာပါတယ်။

  • alinsett

    March 7, 2012 at 10:08 am

    ဗဟုသုတ အများကြီး ရပါတယ် ။ တီတီနုရေ…ကျေးဇူးပါ။

  • ကြောင်ကြီး

    March 7, 2012 at 10:09 am

    စတိုးဆိုင်ကြီးတွေမှာ တင်ထားတဲ့ပစ္စည်း ပြတ်သွားရင် rain check အနေနဲ့ ဝယ်ခွင့်ပေးလေ့ရှိတယ်..။ snow check, wind check, sun check ဆိုတာတွေလည်း ရှိသေးဒယ်…အဲဒါတွေကတော့ ကြောင်ကြီးတို့လို့ အဖြူစစ်စစ်တွေမှသိတယ်..။ ကြောတာ မဟုတ်ဘူးနော်…ကြုံတုန်းလေးပါ…။ 🙄

  • blackchaw

    March 7, 2012 at 1:40 pm

    တီချာကြီးရေ။
    နေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ်ခင်ဗျာ။
    ကျွန်တော် နေပြည်တော် ရောက်နေတာ ခင်ဗျ။
    ကွန်းမန့်ရေးတာ နည်းနည်းနောက်ကျသွားပါတယ်။
    ထုံးစံအတိုင်းလက်မတစ်ချောင်းထောင်ပြီး သင်ယူစရာရှိတာလေးတွေ
    ကူးယူသွားပါတယ်။ 😀

  • MaMa

    March 8, 2012 at 5:50 am

    တီချာနု ပြန်ကောင်းသွားလို့ ဝမ်းသာပါတယ်။
    ဒါပေမယ့် စာကျက်စရာတွေ ပေးလို့ 😛

  • a me

    March 8, 2012 at 2:48 pm

    ဟုတ်ကဲ့ သေချာစွာ မှတ်သားလိုက်ပါ့မယ် တီချယ်

  • TTNU

    March 8, 2012 at 8:55 pm

    အလင်းစက်ရေ…
    စာတွေအကုန်ကျက်ထားနော်။

    အဖြူစစ်စစ်ကိုကြီးကြောင်ရေ…
    ရှင်းပြပါဦးနော်။ တောင်းဆိုတာပါ။

    ကိုချောရေ…
    မန္တလေးကိုဘယ်နေ့ရောက်မလဲ။
    ဝင်လာခဲ့ဦးနော်။ Thumb up လေးအတွက်ကျေးဇူးပါ။

    မမရေ…
    နေကောင်းသွားပါပြီ။ ကျေးဇူးပါကွယ်။
    စာတွေမကျက်နိုင်သေးရင် ကူးထားလိုက်နော်။

    အေမီရေ..
    ကျေးဇူးပါနော်။စာတွေ ကျက်ရမယ်နော်။

Leave a Reply