Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကသာဈေး မီးလောင်မှု ဓာတ်ပုံများ

သော်ကြီးMarch 8, 20122min76119
မိန်းလမ်းမကြီးဘေး ဆိုင်ခန်းမီးလောင်နေစဉ်

 

ဈေးအတွင်း မီးလောင်ပြီးစ မြင်ကွင်း

 

ဈေးအတွင်းမြင်ကွင်း
ဈေးအရှေ့ဘက်မှ မြင်ကွင်း

 

ဈေး၏ မြောက်ဘက်ခြမ်း ရဲစခန်းဘက်သို့ မြင်ရပုံ

 

ဈေးအရှေ့ဘက်အခြမ်း လူနေအိမ် ဆိုင်ခန်းများ မီးလောင်ထားရှိမှု

 

ဈေးအတွင်း မီးလောင်မှု

 

ယခု နောက်ပိုင်း သတင်းများအရ ဈေးဆိုင်ခန်းများအပြင် ဈေးအရှေ့ဘက်ရှိ လူနေအိမ် ( ၂ဝ ) ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း။ ထိုလူနေအိမ်များသည် အိမ်အောက်ထပ်တွင် ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချ သော ကိုယ်ပိုင်အိမ်များဖြစ်ကြောင်း။

ဈေးအတွင်းမီးလောင်ကျွမ်းခံရသော ဆိုင်ခန်းများမှာလည်း အဝတ်အထည်နှင့်လူသုံးကုန် ပစ္စည်းများ  စောင်များ။အိပ်ရာခင်းများ၊ ရောင်းချသော ဆိုင်ခန်းအများစုဖြစ်ကြောင်း ။

 

19 comments

  • Anaconda MMT

    March 8, 2012 at 7:20 am

    ဝါယာ. ရှော့ပဲ ဖြစ်မှာပေါ့..

  • TITAN

    March 8, 2012 at 9:25 am

    မြန်မာနိုင်ငံမှာ ဈေးကြီးတွေတော်တော်များများ မီးလောင်ဆုံးရှုံးနေတာဘာကြောင့်လဲ???
    အကြောင်းအရင်းမှန်ကို သိချင်စမ်းဘာဘိဗျာ။

    • TTNU

      March 8, 2012 at 9:06 pm

      ဟုတ်တယ်နော်။
      ကျမလည်းစဉ်းစားနေတယ်။ ဈေးတွေချည်းပဲလောင်နေတာနော်။

  • htet way

    March 8, 2012 at 10:36 am

    စိတ်မကောင်းစရာဗျာ ။ဆုံးရှုံ့းမူတွေ
    ဈေးချည်းမီးလောင်နေတာ အံ့ပါရဲ့

  • ဟုတ်တယ်ဗျာ။မနေ ့ကဘဲ သိလို ့စိတ်မကောင်းဖြစ်နေတာ။ဈေးတည်ဆောက်ပုံက
    သံတွဲဈေးနဲ ့ဆင်လိုက်တာဗျာ။အားလုံး ပြာပုံဘဝရောက်သွားပြန်ပီ။ဒီမှာတော့ လူနေ
    အိမ်တွေမပါပေမယ့် ခုတော့လူနေအိမ်တွေပါ ပါသွားတော့ စိတ်မကောင်းစရာဗျာ။
    ဘယ်က စလောင်တာတဲ့လဲဗျာ။ထုံးစံတိုင်းဘဲနေမှာပေါ့နော်။

  • Ma Ei

    March 8, 2012 at 11:08 am

    မီးသတ်ကား တွေ မီးသတ်ရဲဘော်တွေ မတွေ့ပါလား…
    မီးမငြှိမ်းဘဲ အကုန်လောင်ခိုင်းထားသလိုဘဲနော်…

  • သော်ကြီး

    March 8, 2012 at 12:20 pm

    ဈေးမှအရင်ဦးဆုံး စတင်လောင်ကျွမ်းခြင်းမဟုတ်ကြောင်း၊ ဈေးအပြင်ဘက်ရှိ လူနေအိမ်ဆိုင်ခန်းမှ ဝါယာရှော့ ဖြစ်ရာမှ စတင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် လမ်းနှင့်မျက်နှာချင်းဆိုင် ဈေးအတွင်းသို့ ကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပါကြောင်း။

  • သော်ကြီး

    March 8, 2012 at 12:29 pm

    စတင်လောင်ကျွမ်းသော လူနေအိမ်မှာ နှစ်ထပ်အိမ်ဖြစ်ပြီး အောက်ထပ်တွင် ဝါးနှင့်ပြုလုပ်ထားသော ခြင်း တောင်းများ၊နှီးများနှင့် အခြားလယ်ယာသုံးပစ္စည်များရောင်းချသော ဆိုင်ဖြစ်ပါ ကြောင်း။ အများပြောပြချက်အရ ( မီးလောင်နေသော ခြင်းတောင်းအား မီးဆက်လက်မလောင်ကျွမ်းစေရန် လမ်းပေါ်သို့ ပစ်လိုက်ရာ လမ်းပေါ်သို့မကျပဲ ဈေးအတွင်းသို့ ကျရောက်၍ ဈေးသို့ မီးကူးစက်ခဲ့ခြင်းဖြစ်ကြောင်း။ အိမ်ရှင်အနေဖြင့် မီးလောင်ရာ သက်ဆိုင်ရာသို့ အကြောင်းမကြားပဲ ကိုယ်တိုင်ငြိမ်းသတ်နေရာမှ မီးအားများလာမှ အနီးအနားမှ မြင့်တွေ့၍ ဝိုင်းဝန်းငြိမ်းသတ် ကြရာ နိုင်နင်းခြင်းမရှိ၍ အပြင်းအထန်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း။ အဆိုပါ လောင် ကျွမ်းခဲ့သော ဈေးသည် ဧရာဝတီမြစ်နှင့်၂ ဖာလုံခန့်သာကွာဝေးပါကြောင်း။စတင်မီးငြိမ်းသတ်ရာတွင် မီးသတ် ကားမှာ ရောက်ရှိလာသော်လည်း ရေမပါရှိ၍ မီးငြိမ်းသတ်၍ မရပါကြောင်း။ဒုတိယတစ်စီးမှာလည်း ရေပါလာသော်လည်း ငြိမ်းသတ်ရန် ပိုက်မပါရှိခဲ့ကြောင်း၊ အဆိုပါဈေးနှင့်အိမ်တန်းမှာ အစိုးရမီးသတ်ဌာနနှင့် လမ်းတစ်လမ်းသာ ခြားပါကြောင်း။

    • inz@ghi

      March 8, 2012 at 1:51 pm

      အဖြစ်ဆိုးလှချည်လား ကသာဈေးရယ်…
      ကြမ္မာငင်တယ်ထင့်
      🙁

    • သူရဇော်

      March 8, 2012 at 1:55 pm

      အွန် မီးသက်ကား နှစ်စီးလာတာ တစ်စီးက ရေမပါ၊ ရေမပါတဲ့ ကားကျတော့ ပိုက်မပါဟုတ်လား မထူးပါဘူး နှစ်စီးလုံး မီးလောင်တဲ့အထဲတစ်ခါတည်းထည့်ပေးလိုက်ရောပေါ့
      သုံးမရအတူတူ ဟုတ်ဘူးလားကွယ်ရို့

      • windtalker

        March 8, 2012 at 9:59 pm

        ကိုသူရဇော် ပြောတဲ့အတိုင်းဆိုရင် ၊ ဘာလို ့ဆီကုန်ခံနေသေးလဲ လို ့။

    • သူရဇော်

      March 8, 2012 at 1:55 pm

      အွန် မီးသက်ကား နှစ်စီးလာတာ တစ်စီးက ရေမပါ၊ ရေပါတဲ့ ကားကျတော့ ပိုက်မပါဟုတ်လား မထူးပါဘူး နှစ်စီးလုံး မီးလောင်တဲ့အထဲတစ်ခါတည်းထည့်ပေးလိုက်ရောပေါ့
      သုံးမရအတူတူ ဟုတ်ဘူးလားကွယ်ရို့

  • Asia Thar

    March 8, 2012 at 12:37 pm

    မီးလောင်ရင် ဝါယာရှော့၊ ခြင်ဆေးခွေလို့ ပဲ ပြောကြတာချည်းပါပဲ။
    ခြင်းတောင်းတစ်တောင်းကြောင့် ဈေးပြာကျတယ်ဆိုတာတော့ ……

  • နွယ်ပင်

    March 8, 2012 at 12:41 pm

    (၇.၃.၂၀၁၂)ရက်နေ့၊ နံနက်ကဖြစ်ပွားခဲ့သည့် ကသာစည်ပင်ဈေးမီးလောင်မှုသို့
    သွားရောက်ခဲ့သည့် ကသာနှင့်နီးစပ်တဲ့မြို့တွေက မီးသတ်ကားတွေထဲက ဝန်းသို
    အရန်မီးသတ်က မီးသတ်ကား(၁)စီးဟာ လမ်းအလွန်ကြမ်းတဲ့ မဲဇာအဆင်းမှာ တိမ်းမှောက်ခဲ့ကြောင်းသိရပါတယ်။

    မီးသတ်ကားတိမ်းမှောက်မှုကြောင့် အရန်မီးသတ်(၂)ယောက်သေဆုံးပြီး၊
    ကျန်(၃)ဦးကတော့ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက (၁) ဦးကတော့စိုးရိမ်းရတယ်လို ့ ကသာမြို ့ခံတဦးက Myanmar News Now ကိုပြောပါတယ်။

    ကြားရတဲ့သတင်းကတော့ တယ်(စိတ်မကောင်းစရာ) မီးသတ်ကားလည်းပျက် သွားတယ်၊ ဒါပေမယ့်ကသာဈေးမှာရှိတဲ့မီးသတ်တွေကတော့တစ်နေ့လုံး/တစ်ညလုံးငြိမ်းသတ်နေကြ
    တုန်းဘဲ၊ မီးစလောင်တာကတော့ ဈေးနားမှာရှိတဲ့ လူနေအိမ်ဆိုင်ခန်းက
    နေ စလောင်တာဈေးနဲ ့ဆက်စပ်နေတဲ့ ပလပ်စတစ်အမိုးတွေကြောင့် ဈေးကိုကူးလောင်
    သွားတာဖြစ်ကြောင်းလည်း ကသာမြို ့ခံက ဆက်လက်ပြောဆိုထားပါတယ်။
    Myanmar News Now

    • Ma Ei

      March 8, 2012 at 3:16 pm

      ဝန်းသိုအရန်မီးသတ်က မီးသတ်ကား(၁)စီးဟာ လမ်းအလွန်ကြမ်းတဲ့ မဲဇာအဆင်းမှာ တိမ်းမှောက်ခဲ့ကြောင်း။အရန်မီးသတ်(၂)ယောက်သေဆုံးပြီး၊(၃)ဦးဒဏ်ရာရခဲ့ပါတယ်။
      ကသာဈေးမှာရှိတဲ့မီးသတ်တွေကတော့တစ်နေ့လုံး/တစ်ညလုံးငြိမ်းသတ်နေကြ …
      တာဝန်သိရဲဘော်များအတွက် စိတ်မကောင်းဖြစ်ရပါတယ်…

  • သော်ကြီး

    March 8, 2012 at 1:00 pm

    ဟုတ်ပါတယ်။မမနွယ်ပင်ရေ ။ အဲဒီမီးစလောင်တဲ့ ဈေးအဝင်လမ်းက ကျဉ်းပြီး ဆိုင်ရှေ့မှာ အမိုးများထုတ်ထား သောကြောင့် မီးသတ်ကားမှာလည်း လမ်းအတွင်းသို့ ဝင်ရောက်မီးငြိမ်းသတ်နိုင်ခြင်း မရှိခဲ့ကြောင်းပါ။ ဝန်းသိုမှ မီးသတ်ကား တိမ်းမှောက်မှုမှာ ( ၂ ) ဦးသေ၊ ( ၃ ) ဦးဒဏ်ရာရရာ ဒဏ်ရာရသူ တစ်ဦးမှာ ပြင်ထန်ခြင်းမရှိ၍ နေရပ်သို့ ပြန်သွာပြီးဖြစ်ကြောင်း ၊ သေဆုံးသူတစ်ဦးမှာ အဆိုပါပြန်သွားသူနှင့် ညီအစ်ကိုတော်စပ်ကြောင်း၊ ကျန်(၂) ဦးမှာ တစ်ဦးက နံရိုးကျိုးကြောင်း၊ ကျန်တစ်ဦးမှာ ဒူးဆစ်ရိုးအက်သွား ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါဈေးမှာ လွန်ခဲ့သော နှစ်ပေါင်း ( ၃ဝ )ခန့်ကလည်း လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။

  • a me

    March 8, 2012 at 3:03 pm

    ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ ကိုယ့်ကြောင့်သူများနစ်နားသွားတော့ ကိုယ်လည်းမကောင်းဘူး သူများလည်းဒုက္ခရောကိတာပေါ့

  • kotun winlatt

    March 8, 2012 at 4:26 pm

    ကျနော်ဒီနေ့ ကသာမြို့ကို ရောက်ခဲ့ပါတယ်…
    တကယ်ကို စိတ်မကောင်းစရာမြင်ကွင်းပါဗျာ…
    ကျနော်ရောက်သွားတဲ့ အထိ မီးကြွင်းမီးကျန်တွေကို
    ငြိမ်းနေရတုန်း ရေဖျန်းနေရတုန်းပါ…
    ကိုယ်ကလည်း ဘာမှမဟုတ်တော့
    စိတ်မကောင်းဘူးဆိုတဲ့ စကားလုံးကလွဲပြီး
    ဘာမှမပြောတတ်တော့ပါဘူးးးဗျာ…..

  • သော်ကြီး

    March 8, 2012 at 8:17 pm

    အဆိုပါမီးသတ်ကားများသည် အစိုးရ မီးသတ်ဦးစီးဌာနမှ သံသေ ဟုခေါ်သော မီးသတ်ကားများဖြစ်ကြောင်း။ အကူအညီ သွားရောက်ရသော မြို့နယ်မီးသတ်ကားများမှာ ကောလင်းမှ လွှဲပြီးကျန်မြို့နယ်များမှာ ဒေသအရန်မီးသတ်တပ်ဖွဲ့မှ ကိုယ်ထူကိုယ်ထ ဝယ်ယူထားသော မီးသတ်ကား များဖြစ်ပါကြောင်း။ မီးလောင်နေစဉ် မီးငြိမ်းသတ်ရာ ကသာမြို့မှ မီးသတ်ကားမှာ မီးငြိမ်းသတ်နေရာမှ ပြန်လည်ထွက်ခွာမရတော့၍ ပြည်သူများမှ တွန်းထုတ်ခဲ့ရကြောင်း ပါ။ အင်းတော်မြို့မှ ကိုယ်ထူကိုယ်ထ ဝယ်ယူထားသော မီးသတ်ကားအား ကသာမြို့ ပြည်သူလူထုမှ ကျေးဇူးတင်လျက်ရှိကြောင်း၊ အခြားမြို့နယ်မှ မီးသတ်ကားများအားလည်း ဝိုင်းဝန် ချီးကျူးကြကြောင်းသိရှိရပါတယ် ခင်ဗျား။

Leave a Reply