Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်နဲ့ တပေါင်းလပြည့်နေ့ လူစီးကြောင်း

Mလုလင္March 8, 20123min83135

ဒီနေ့ .. တပေါင်းလပြည့်နေ့ …. မှတ်မှတ်ရရ .. ရွှေတိဂုံ ဘုရားကို နှစ်ခေါက်ရောက်တဲ့နေ့။ မနက်စောစော ဖေနဲ့ မေကို ဘုရားလိုက်ပို့ နေ့ခင်းလုပ်စရာရှိတာတွေ လက်စသပ်လုပ်ပြီး ညဘက်ကျ တစ်ခေါက် ထပ်သွားဖြစ်ခဲ့တယ်။ အမှတ်တရ တွေ မှတ်တမ်းတင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ကျန်ခဲ့တဲ့ ပို့စ်တွေမှာ မြန်မာလူမျိုးဟာ စည်းကမ်းမရှိတဲ့ လူမျိုးလို့ တခြားသူတွေပြောတာကို ကျွန်တော် ဖင်ပိတ်ငြင်းခဲ့တာ လေးအမှတ်ရကြဦးမယ်ထင်ပါတယ်။ သပြေကုန်းဈေး ဓာတ်ပုံတွေနဲ့ တောင် တင်ဖူးပါသေးတယ်။ ရန်ကုန်သူသားနဲ့ ဘုရားဖူးလာသူ တစ်ချို ့အကြောင်းပြောချင်ပါတယ်။ ဒီနေ့ ကျွန်တော် နေတဲ့ တာမွေကနေ ဘုရားကို သွားဖို့ ညနေ ၆ နာရီ လောက်ကစပြီး Taxi ငှားပါတယ်။ ဘယ်သူမှ မလိုက်ချင်ပါဘူး ကားကြပ်လို့ပါတဲ့။ ၆ နာရီ ခွဲမှာတော့ အစ်ကို ပို့ချင်တဲ့ နေရာထိ ပဲ ပို့ပါဗျာ ဆိုတဲ့ သဘော တူညီချက်နဲ့ Taxi ငှားလို့ရခဲ့ပါပြီ။ရွှေဂုံတိုင် မီးပွိုင်ကနေကြပ်လိုက်တဲ့ကား အဲ့အကျော်က နေ ဘုရားထိ လမ်းဆင်းလျှောက်ရတဲ့ အထိပါပဲ။ ကိုယ့်ဇောနဲ့ ကိုဆိုတော့ မောရမှန်းလဲ မသိပါဘူး။ လျှောက်ဖြစ်တာပါပဲ။ အဲ့မှာ တစ်ချက်က .. ကားကြပ်တာ ဟုတ်ပါတယ်။ ကားအစီးရေ နဲ့ လမ်းနဲ့ မမျှတာပဲထားပါ။ ကားအများစု က တန်းစီ ပြီးစောင့်ရမှာ စိတ်မရှည်တာ တွေ့ရပါတယ်။ ဟိုကဖြတ်ဝင်ဒီကဖြတ်ဝင်နဲ့ မို့ အချိန်ပိုကြာသွားစေတယ်လို့ထင်ပါတယ်။ ထားပါတော့ ဘုရားပေါ်ရောက်ဖို့အရေးကြီးတယ်။ ကိုယ်လိုသူလို ဆင်းလျှောက်နေတဲ့သူတွေ ကလဲ တထော။ ဘုရားပေါ်ရောက်ပြီ။ အဆင်းအတက် လမ်းမရှိ လို့ ထင်သလို ဆင်းတက် ကြတယ်။ဒါကို ထားလိုက်တော့ ဒါက management skill နဲ့ ဆိုင်တယ်။ ဘယ်သူ တာဝန်ယူထားလဲတော့ မသိဘူး။ ရေ လှူတဲ့နေရာရောက်တယ်။ အဲ့နားမယ် ဗွက်ပေါက်နေတယ်။ ပန်းလှူတဲ့နေရာရောက်တယ် အဲ့နားမှာ ဗွက်ပေါက်နေတယ်။ ရေကို ကုန်နိုင်လောက်တဲ့ပမာဏ ပဲ ခပ်သောက်မယ် ဆိုရင် ဘယ်သွန်ရတော့ မလဲနော့ …. ဒါဆို ဗွက်ပေါက်စရာ အကြောင်းလဲ မရှိ နော့။ အဲဒါကတော့ management skill နဲ့ မဆိုင်လောက်တော့ဘူးထင်တာပါပဲ။ ဘုရားဖူး အများစု ရဲ့ အခြေခံ စိတ်ဓာတ်နဲ့ ပဲဆိုင်မယ် ထင်တာပါပဲ။ ရိုက်နှက်ပြီးတော့ ပြန်လဲဆင်းကော အနောက်ဘက် ဆောင်းတန်းဘက်က ဆင်းဖြစ်ပါတယ်။ အဲ့မှာစ တွေ့တာပဲ .. အဲ့ဘက်မှာ ပွဲဈေးတန်းရှိပါတယ်။ အငြိမ့်လဲရှိတယ်။ နောက် ဈေးဆိုင်တန်းတွေ ရှိတယ်။ ဆိုင်တွေက ရောင်းတာတွေကိုစားပြီး သကာလ ဖော့ဘူး တွေကို အဲ့ဒီ ပန်းခြံထဲမှာ ထင်သလို ပစ်တော့တာပါပဲ။ ထူးခြားတာက အဲ့ပန်းခြံထဲမှာ အမှိုက်ပုံး မရှိတာပါ။ အဆိုးဆုံး (ကျွန်တော့်အထင်) ကတော့ ဘီယာ ဘူးခွံတွေ တွေ့တာပါပဲ။ လပြည့်နေ့ကြီးဘုရားလာဖူးပြီး ဘုရားခြေရင်းမှာ ဘီယာသောက်ပြီးဘီယာဘူးကို လွှင့်ပစ်ခဲ့တယ်တဲ့။ ကိုယ့်မျက်စိ ကိုယ်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်။ အော် .. အဲဒဟာကြောင့် နှစ် ၁၀ဝ လောက် သူ့ကျွန်ဘဝ ရောက်ခဲ့ရတဲ့အပြင် ခုထက်ထိ ဒီလို ဘဝ မျိုးတွေ ပိုင်ဆိုင် နေကြရတာ မထူးဆန်းပါဘူး ဆိုတဲ့ အသိစိတ် နဲ့ … အနောက်ဖက်မုခ် .. နောက်တော်လှန်ရေးပန်းခြံ နောက် Coffee Circle နောက် Market Place နောက် ရွှေဂုံတိုင် ထိ လမ်းလျှောက်ပြီးမှ ကားငှားရလို့ အဆင်ပြေပြေ နဲ့ အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး ဒီ ပိုစ့် ကိုတင်ပါကြောင်း …….

၁။ အလှူခံ နေတဲ့ ဘုန်းဘုန်း

၂။ လူစီးကြောင်း (မနက် ၆ နာရီ ခွဲ ဝန်းကျင်)

၃။ လှူမယ့် ရေသန့်ဗူးတွေ

၄။ နေလုံးကို မြင်ရပြီ (မနက် ရ နာရီခွဲခန့်)

၅။ ကျွန်တော် ကြိုက်တဲ့ အားပြိုင်မှု (ည ရ နာရီ ကျော်)

၆။ လူစီးကြောင်း - ၂

၇။ လူစီးကြောင်း - ၃

၈။ လူစီးကြောင်း - ၄

၉။ ဟိုဘက်က ပက် ရင် ဒီဘက်စင် .. ဒီဘက်ကပက်ရင် ဟိုဘက်စင် .. ဟုတ်နေတာပဲ (ည 10 နာရီ ကျော် ပန်းခြံပိတ်ဖို့ အော်နေတာကို လာပတ်နေကြတုန်းလေး ရိုက်ဖြစ်တာ။)

လေးစားစွာဖြင့်
Mလုလင်

35 comments

  • Khin Latt

    March 8, 2012 at 4:30 am

    (၁) ရွာထဲ ရောက်မှ ဒီနေ့ တပေါင်းလပြည့် နေ့ ဆိုတာ သိတယ်။
    ဖေ နဲ့ မေ ရဲ့ သားချစ် လေး ရဲ့ ပြုသမျှ ကုသိုလ်တွေ အတွက် သာဓု၊ သာဓု၊ သာဓု ခေါ်ပါတယ်။
    ဘုရားလဲ တစ်ဝကြီး ဖူး သွားပါတယ်။ ကျေးဇူးပါကွယ်။

    (၂) ပုံတွေ အားလုံး ကြိုက်သကွဲ့။
    ဘုရား လဲဖူး၊ လိပ်ဥ လဲတူး ဆိုတဲ့ စကားကို ဘာနဲ့ ပြင်ရမလဲ စဉ်းစားနေတယ်။
    နံပါတ် (၁) အလှူခံ နေတဲ့ ဘုန်းဘုန်း ပုံက မိုက်တယ်။
    နံပါတ်(၅) ကို အကြိုက်ဆုံး။
    နံပါတ် (၆) ကနေ (၈) က ဘုရား အမြင့် အလယ်ပစ္စယံ ခေါ်လား? အဲဒီအပေါ်က တက်ရိုက်ခဲ့တာလား။

    (၃) ရွှေဂုံတိုင် ကနေ ဘုရားအထိ သိပ်မဝေးလောက်ပါဘူး လို့ တွေးမိလို့။
    အချိန် ဘယ်လောက်ကြာအောင် လျှောက်ခဲ့ရလဲ။

    • Mလုလင်

      March 8, 2012 at 9:16 am

      ကျေးဇူးပါ အရီး ရေ။ ရွှေဂုံတိုင် ကို အနောက်ဘက်မုခ်ကနေ ပတ်ပြီးလျှောက်မိတဲ့ သူပါ :-(။ ပုံ ၆ ကနေ ၈ ထိရဖို့ ဟိုအိမ်ပြေးရ ဒီအိမ်ပြေးရ ခွင့်ပြုချက်တောင်းရ နဲ့ .. လုပ်ခဲ့ရပါကြောင်း ..

  • MaMa

    March 8, 2012 at 7:25 am

    အခါကြီးရက်ကြီးတွေဆိုရင် ဘုရားဖူးရတာထက် လူတိုးရတာနဲ့ ကုသိုလ်စိတ်လည်း ဖြစ်မယ် မထင်လို့ ဘုရား မသွားဘူး။
    ဒါပေမယ့် တကူးတကသွားပြီး ကြည့်စေချင်တဲ့ စေတနာ (ကုသိုလ်စိတ်) နဲ့ တင်ပေးတာကိုတော့ ကျေးဇူးတင်မိပါတယ်။

    • Mလုလင်

      March 8, 2012 at 6:38 pm

      လူတိုးရတာတော့ .. ပြောမနေ ပါနဲ့တော့ .. ဗျာ … ချွေးကိုရွှဲနေတာပဲ .. ဘောလုံးကန်ရတာကျနေတာပဲ ..

  • weiwei

    March 8, 2012 at 8:28 am

    လူတွေကို အံ့ဩတယ် … အံ့ဩတယ် …
    အဲဒီလိုလူစည်ကားတဲ့နေရာတွေကို သွားဖို့စိတ်ကူးမရှိပေမယ့် မြင်ချင်စိတ်ရှိတာကို မြင်လိုက်ရလို့ တကူးတက မှတ်တမ်းတင်ပေးတာကို ကျေးဇူးတင်ပါတယ် …

  • Khaing Khaing

    March 8, 2012 at 10:02 am

    Mလုလင်ရေ ဘုရားမှာ Mလုလင်တစ်ယောက်လာမယ်ဆိုတာ သိတယ် တို့လည်းပြောစရာတွေရှိတယ်… ထမင်းနဲ့ပွဲတုန်းကလည်းတို့ရောက်တယ် ကင်မလာမပါတော့ မရိုက်လိုက်ရဘူး… အဲနေ့ကတို့က မနက် 9 30လောက်မှာဘုရားတက်ရတယ်… ကားလမ်းပိတ်တော့ အာဇာနည်ကုန်းဘက်ကနေဆင်းပြီး လမ်းလျှောက်တက်ခဲ့ရတယ်… အဲမှာ ထူးခြားတာတစ်ခုတွေ့တယ် NLD တံဆိပ်တပ်ထားတဲ့ ကောင်လေး ကောင်မလေးတွေက ဘုရားတက်ရင်ဖိနပ်ထည့်ဖို့ ကျွတ်ကျွတ်အိပ်လေးတွေဝေနေတယ် တူရပြောတာလေးကို မှတ်မိတယ် သူတို့ဘုရားတက်တုန်းက ကျွတ်ကျွတ်အိပ်တစ်အိပ်ကို 200တောင်းတယ်တဲ့ မုဒ်တွေမှာ ရှိတဲ့ ဖိနပ်အပ်တဲ့နေရာတွေကလေ အခုလိုသူတို့ဝေနေတာတွေ့တော့ အရမ်းကို ဝမ်းသာမိတယ်… အမွှေးတိုင်ဝေတဲ့လူတွေရောတွေ့ခဲ့သေးတယ်…ဓာတ်ပုံတော့ရိုက်ခဲ့ပါတယ်.. ဖုန်းကအိမ်မှာ ကျန်ခဲ့လို့မတင်ဖြစ်တော့ဘူး….

    • Mလုလင်

      March 8, 2012 at 1:38 pm

      ဖရီး အိမ်သာ လဲ ရှိတယ်နော့ … ရေတိုင်ကီထဲက ကိုယ့်ရေပုံးကိုတော့ ကိုယ့်ဘာသာကို ဆွဲသွားရတယ်။

  • သူရဇော်

    March 8, 2012 at 10:54 am

    မပြောချင်ဘူး ဖိနပ်ထည့်ဖို့ အိတ်ကို ၂၀ဝ တောင်းသတဲ့ဗျာ………..ကုသိုလ်ကနေ အကုသိုလ် အဝင်ဝကတည်းက အတုံးလိုက်အတစ်လိုက်ပေးတာ…………. တကယ်ပါဗျာ ဘယ်လိုနားလည်ရမှန်း မသိလောက်အောင်ဖြစ်မိတယ်…………….

    • manawphyulay

      March 8, 2012 at 1:37 pm

      ဟုတ်ပ နောက်ပြီး သူများတွေက လှူတာ သူတို့က အတင်းအားဓမ္မ ရောင်းပြီး အတင်းလိုက်တောင်းတာ တစ်ခါဖူးမှ မကြုံဖူးဘူး။ အံရောပဲ ဖိနပ်ထားတဲ့နေရာက ကြွပ်ကြွပ်အိတ်ရောင်းတဲ့ဝန်ထမ်းတောင်ခေါ်ခန့်ထားသလားမှတ်ရပဲ။ ကန်ထရိုက်များပေးလေသရောလား။ အရင်တုန်းကတော့ အလှူငွေထည့်ဖို့ ချထားတဲ့နေရာ ထည့်ရတာ ခုတော့ သူတို့အိတ်ထဲထည့်ပြီး မရအရ လိုက်တောင်းနေတော့တာပဲ တော်တော်သရုပ်ပျက်တယ်။ နိုင်ငံခြားသားတွေ ပြောစရာများ ဖြစ်လေမလားပဲ။

      • Mလုလင်

        March 8, 2012 at 1:43 pm

        ကျွန်တော့ တစ်ယောက်ထဲ ရဲ့အမြင်အရတော့ ကန်ထရိုက် ပေးတယ်ထင်တာပါပဲ။ တင်ဒါ ခေါ်ထားတာဖြစ်နိုင်ပါတယ်။ နိုင်ငံခြားသားတွေကတော့ … အင်း … သူတို့က သူတို့ guide နဲ့ plan လုပ်ပြီးမှ လာတာဆိုတော့ ….. တော်တော်များများ က ဖိနပ် ကို ကားပေါ်မှာထားခဲ့ကြတာ များမှာပါ။ တစ်ခု ပြောစရာက အသက်မပြည့်သေးတဲ့ ကလေး တွေအလုပ်လုပ် နေတာ လို့ထင်တာပါပဲ ..။

        • Khaing Khaing

          March 8, 2012 at 3:11 pm

          ကျွန်တော်တစ်ယောက် အထင်မဟုတ်ဘူး ကန်ထရိုက်ကိုပေးထားတာ… ခုနောက်ပိုင်း နေရာတိုင်းလိုလို ကန်ထရိုက်ကိုဖြစ်နေတာ…. ဒါပေမယ့် ဘုရားလိုနေရာမျိုးမှာတော့ ဆင်ဆင်ခြင်ခြင်တောင်းသင့်တာပေ့ါ ကုသိုလ်လဲရ ဝမ်းလဲဝလေ…. စကားမစပ်ဆက်ပြောလိုက်ဦး မယ် ကျိုက္ကဆံဘုရားက ဖိနပ်အပ်တဲ့နေရာက မိန်းကလေးဆို ဘယ်လောက်ဆိုးလဲ ဖိနပ်အပ်ရင် ကိုယ်ကိုတိုင် ဖိနပ်စင်ကိုသွားထည့်ရတယ်… သူကကပ်ပြားပေးတယ် ယူရင်လည်း ကိုယ်တိုင်ယူ သူ့ကို ပိုက်ဆံပေးရတယ်……သူ့ကိုပိုက်ဆံမပေးဘဲ ပုံးထဲထည့်ရင် အအော်ခံရတယ်….စိတ်ညစ် ပါ့…

        • Mလုလင်

          March 8, 2012 at 6:52 pm

          ကျွန်တော် တစ်ခေါက်လောက်တော့ သွားကြည့်ချင်မိသား Khaing Khaing ရေ။ ကိုယ်ထူကိုယ်ထ စံနစ် ပေါ့လေ .. 🙂

    • Mလုလင်

      March 8, 2012 at 1:40 pm

      ကျွန်တော်ကတော့ အိမ်က ကြွတ်ကြွတ်အိတ်ယူသွားဖြစ်တယ် ကိုသူရဇော်ရေ။ 🙂

  • M-လုလင်ရေ……တပေါင်းလပြည့်နေ ့က လူစီးကြောင်းထဲမျောပါရင်း…..
    ဓါတ်ပုံတွေ အားလုံးကြိုက်ပါတယ်ဗျာ။ဘုရားဖူးလာသူတွေ အရက်၊ဘီယာ
    သောက်စားတာတော့ လုံးဝမကြိုက်ဘူးဗျာ။

    • Mလုလင်

      March 8, 2012 at 1:56 pm

      ကို သန်းထွဋ်ဦးရေ … ကျေးဇူးဗျာ။ သူတို့ဘာသာ သူတို့ သောက်တာကို ကျ တားဖို့ အဆင်မပြေဘူးဗျ။ ရောင်းတဲ့သူက လဲ ရောင်းတာကိုး။ အဲ့ဒီ့လို public place တွေမှာအဲလို မပြုမူဖို့၊ လွတ်လပ်ခွင့်ဆိုပေမယ့် သူတကာကို အနှောက်အယှက်မဖြစ်စေဖို့ .. စတဲ့ အခြေခံ စိတ်ဓာတ်တွေ အပြည့်နဲ့ စည်းကမ်း ရှိရှိ လူတွေ စုစုရုံးရုံးဖြစ်သွားမယ် ဆို … ကို သန်းထွဋ်ဦး တို့တွေ မျှော်လင့်တဲ့ ရက် ဖြစ်လာမယ် ထင်တာပါပဲ … ခုတော့ … ကြည့်ရတာ နဲနဲ ကြာဦးမယ်ဗျာ …
      လေးစားစွာဖြင့်
      Mလုလင်

  • amatmin

    March 8, 2012 at 11:38 am

    တကူးတက တင်ပေးတာ ကျေးကျေး အမောင်လုလင်ရေ..
    ပုံ ၃ ကလှူမဲ့ ရေသန့်ဘူးတွေကို မမြင်ပဲ အောက်ခြေက အမှိူက်တန်းလေးကိုပဲ မြင်နေမိတယ်..
    သဂျီးပြောသလိုဆို ကမ္ဘာပတ်မဲ့ ဓါတ်ပုံတွေဗျ နော်.. 🙁
    အလှူခံနေတဲ့ ဘုန်းကြီးတွေကို နိုင်ငံခြားသားတွေတော့ စိတ်ဝင်တစားဓါတ်ပုံရိုက်ကြတာ အတော်တွေ့မိရဲ့

    • Mလုလင်

      March 8, 2012 at 6:49 pm

      ကိုယ့်လက်က လွတ် .. ဗျွတ် .. လုပ်ကြတာဗျ။ အလွယ်ပေါ့ဗျာ။ ဒါနဲ့ စကားမစပ် .. အမှိုက်ပုံးလေး တွေ အဲ့နားမှာထားပေးလိုက် ရင် ?????

      • ရင်နင့်

        March 8, 2012 at 11:49 pm

        အမှိုက်ပုုံးလေးတွေသာထားပေးလိုုက်ရင် အမှိုက်ပုုံးပေါ်ကအဖုုံးတွေပါလန်ပြီး အမှိုက်ပုုံးနားလေး အမှိုက်တွေပွနေမှာပေါ့ဗျာ :)

        • Mလုလင်

          March 9, 2012 at 12:03 am

          အမှိုက်ပုံးလေးနား အမှိုက်တွေပွနေတာ ကောင်းတာပေါ့။ တခြားနေရာ မှာ လိုက်ရှာသိမ်းစရာမလိုတော့ဘူးပေါ့ 🙂 … အမှိုက်ပုံး လေး အကောင်းအတိုင်း ကျန်ရင် ကံကောင်းလို့ပဲ .. ဆိုရမလို လို ….

  • နွယ်ပင်

    March 8, 2012 at 11:50 am

    တပေါင်းလပြည့်နေ့မှာ ဘုရားသွားချင်ပင်မယ့်
    အခုလို လူတိုးမှာစိုးလို့ မသွားဖြစ်ခဲ့ဘူး
    ပုံတွေအတွက် ကျေးဇူးပါ M-လုလင်ရေ

  • လုလင် ရေ………………….
    ကိုပေါက်သာရန်ကုန်ရောက်နေရင် မင်းနဲ့ငါ တတွဲဖြစ်ပြီနော်.။
    ပုံ5ကို အကြိုက်ဆုံး။
    ရွှေတိဂုံရောက်တိုင်းဒီထန်းပင်ကို အမြဲ လက်ဆော့ဖြစ်တယ်။
    လွမ်းသဟေ့…………….လုင်ရေ။

    • Mလုလင်

      March 8, 2012 at 7:38 pm

      ဟုတ်တယ် ဦးပေါက်ရေ။ ဦးပေါက် ရှိလို့ကတော့ ပုံတွေ တစ်ထောကြီး ရမှာ ဗျာ။ ကျွန်တော် လဲ မန်းလေး ကို လွမ်းတယ် ဗျာ . . .

  • Burmese or Chinese

    March 8, 2012 at 12:39 pm

    သာဓု…သာဓု…သာဓု…

  • Novy

    March 8, 2012 at 2:21 pm

    Mလုလင်ရေ ..
    မနိုလည်း လူစီးကြောင်းထဲ ဝင်ရောက် မျောပါသွားပါကြောင်း
    ကိုယ်တိုင်မသွားပဲနဲ့ အခုလို မျောပါခွင့်ရလို့ ကျေးဇူးပါ

  • blackchaw

    March 8, 2012 at 7:56 pm

    လုလင်ရေ။
    လူစီးကြောင်းက ညဘက်မှ လူစီးပိုသန်သလိုပဲနော့။
    နေ့ခင်းဘက် က ပူလို့ လူစီးနည်းနည်းလျော့ပြီး
    ညဘက်ကျတော့ အပူသက်သာလို့ လူစီးပိုသန်တယ်ထင်ပါတယ်။
    အားပေးသွားပါတယ်ဗျာ။
    😀

  • ခပ် KING ကင်း

    March 8, 2012 at 8:10 pm

    လူစီးကြောင်းမှာ တော်တော်ကူးခတ်ရင်း ရင်ပြင်ပေါ်သို့ရောက်ရှိခဲ့ပါတယ် …
    ရင်ပြင်တော်မှာ အရင်ဆုံးလုပ်ဖြစ်တာက အသက်ဝဝ အရင်ရှူမိတာပဲ
    ကျွန်တော့်တို့ မြန်မာပြည်မှာ ကြားဖြတ်ပြီး သူများထက် အရင်ရဖို့တွေ တော်တော်များများကို တန်းစီတဲ့နေရာမှာ မြင်နေသေးမိတော့
    ကျွန်တော်လေ …………………………………………………………………………

    • Mလုလင်

      March 9, 2012 at 12:08 am

      သနားစရာပါဗျာ။ သူများတော့မသိဘူး ကျွန်တော် တော့ သနား၊ စာနာ သွားတယ်။ နောက် .. ဝမ်းနည်းရတယ်ဗျာ။

  • TTNU

    March 8, 2012 at 8:42 pm

    Mလုလင်ရေ…
    တီချာတို့လည်း ပြင်ဦးလွင်ကိုသွားတာ ရွှေစာရံဘုရားပွဲ နဲ့တိုးနေလို့
    ကားတန်းထဲမှာ သုံးနာရီလောက်ပိတ်မိနေလို့ တော်။

    • Mလုလင်

      March 9, 2012 at 12:09 am

      အဲ့မှာ ကော အတင်းကြားဖြတ် တဲ့ ကားတွေ ရှိလား .. တီချာကြီး …

  • ဇွဲမာန်(အင်းဝ)

    March 8, 2012 at 9:24 pm

    ပျော်စရာကြီးနော အေးချမ်းတဲ့နေရာကိုအများပြည်သူတွေလာကြရင်းအေးချမ်းမှုတွေနဲ့ပြည့်စုံနိုင်ပါစေ..။

  • padonmar

    March 9, 2012 at 12:56 am

    ဖေချစ်မေချစ်လုလင်လေးရေ၊
    လူစီးကြောင်းကြီးကြောက်လို့ မသွားဖြစ်တဲ့ တီတီတို့အတွက် လုလင်သွားရိုက်ပေးတဲ့ ပုံလေးတွေပဲ ကြည့်ရတော့မှာပေါ့။ကျေးကျေးနော်။
    လူတွေရဲ့ တွေ့ရာအမှိုက်ပစ် မကုန်နိုင်တဲ့ရေတွေအလဟဿသွန်ဆိုတာတွေကို ဒဏ်ပေးတဲ့စနစ်ကျင့်သုံးမှ ရတော့မယ်ထင်ပါရဲ့။

    • Mလုလင်

      March 9, 2012 at 3:15 pm

      သောက်ရေ (ရေချို) တွေကို သွန်သွန် ပစ်တာ၊ အလျှံပယ် သုံးနေတာ မြင်တိုင်း … ကြားကနေ နှမြော တာက လွဲလို့ တစ်ခြား လဲလုပ်စရာမရှိ .. 🙁

  • ရွာစားကျော်

    March 9, 2012 at 4:32 pm

    ပုံတွေအားလုံး ကြိုက်တယ်ဗျာ
    အထူးသဖြင့် ပုံ-၅ ကိုပေါ့
    ကျွန်တော် ၂၀၀၂ လောက်က သင်္ကြန်တွင်း ပဉ္ဇင်းတတ်ခဲ့တုန်းက
    ရွှေတိဂုံဘုရားသွားရင့် အဲဒီ မြောက်ဘက်မုဒ်မှာ အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့သေးတယ်..
    သာဓု သာဓု သာဓုပါ လုလင်ရေ

    • Mလုလင်

      March 9, 2012 at 11:20 pm

      ၂၀၀၂ ဆိုတော့ ကျွန်တော် First year ကျောင်းသား ဘဝ ပဲရှိဦးမယ်။ ရွှေပြည်သာ မှာ ပေါ့ အစ်ကို ရာ။ အဲတုန်းက မြောက်ဘက်မုခ် မှာ ထန်းပင် ၃ ပင်ရှိမယ် ထင်တယ်နော့ .. ခုတော့ တစ်ပင် ပဲ ကျန် .. တော့တယ်။

Leave a Reply