Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်စု ခရီးစဉ် အထူးသတင်း………….

အထူးသတင်း………….
ယမန်နေ့ ညနေ 3း30 ဝန်းကျင်ခန့်တွင် တောင်ငူမြို့ ဒေါ်အောင်ဆန်းဆုကြည်ဟောပြောပွဲတွင်
စင်အောာက် လူထုကြားတွင် ဂျင်ကလိ လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား—–အမျိုးသားတစ်ဦး ရင်ဝတွင်ဒဏ်ရာရရှိခဲ့၊

ထိုကိစ္စအတွက် ကိုအဖွဲ့ချုပ်မှ ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည်
ယနေ့ည 7း15 အချိန်ခန့်တွင် ရန်ကုန်နေပြည်တော်လမ်း 86 မိုင်တိုင် အရောက်တွင် ဒေါ်အောင်ဆန်းဆုကြည်

လုံခြုံရေး ယာဉ်တန်းအား လမ်းဘေး မမြင်ကွယ်ရာမှ လောက်စလုံး(အမာ) ဖြင့် ချောင်းမြောင်း ပစ်ခတ်၊

ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ကားနှင့်တစ်စီးခြားတွင် အဆိုတော်လင်းလင်းနှင့် လူငယ် ၆ ယောက် လိုက်ပါလာခဲ့သော

အစ်ဆူဇူး ဒယ်ဘယ်ကက် ကား လုံခြုံရေးကား မှန်ကွဲပြီး လုံခြုံရေးကားပေါ်ပါ လူငယ်များ ဖူးယောင်ဒဏ်ရာရရှိ။

ကားရှေ့မီးကြီးအား ရည်ရွယ်ပစ်ခတ်ဟူခန့်မှန်းရ…..။ ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု သိရပါသည် ။

 

23 comments

  • Khin Latt

    March 7, 2012 at 9:36 pm

    ဒီမိုး၊ ဒီရေ၊ ဒီလို လူ တွေ၊ ဒီလို စိတ်ဓာတ် တွေ နဲ့ 🙄

  • pooch

    March 7, 2012 at 10:05 pm

    အမေစု လုံခြုံရေးအတွက် တကယ် စိတ်ပူစရာပါပဲ ။
    ခုချိန်ထိကို စိတ်ဓာတ်တွေက အောက်တန်းကျတုန်း 👿

  • ac051126

    March 7, 2012 at 11:33 pm

    အပေါ်ဆုံးမှာရေးထားတာက “အဖွဲ့ချုပ်မှ ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည်”
    အောက်ဆုံးမှာရေးထားတာက တော့” ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်”
    ဘယ်ဟာလည်းတော့မသိဘူး … တကယ်ဆိုတိုင်ကြားအမှုဖွင့်ထားရမှာဘဲ။
    အမေစုအတွက် ဒုတိယ ဒီပဲရင်းမဖြစ်အောင်တော့ ဆုတောင်းနေရတာဘဲ။
    အခုကြားဖြတ်ရွေးကောက်ပွဲဆိုတာလည်း လွတ်တဲ့နေရာလေးဘဲဝင်ပြိုင်တာတောင် သူတို ့ တအားကြောက်နေကြတယ်။

    • ရွာစားကျော်

      March 8, 2012 at 9:19 am

      “လူထုကြားတွင် ဂျင်ကလိ လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား—–အမျိုးသားတစ်ဦး ရင်ဝတွင်ဒဏ်ရာရရှိခဲ့” ဆိုတဲ့ကိစ္စ ကို အမှုမဖွင့်ပါ..

      “လောက်စလုံးအမာနှင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးကား မှန်ကွဲပြီး လုံခြုံရေးကားပေါ်ပါ လူငယ်များ ဖူးယောင်ဒဏ်ရာရရှိ။
      ကားရှေ့မီးကြီးအား ရည်ရွယ်ပစ်ခတ်ဟူခန့်မှန်းရ…..” ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်

      ရှင်းသွားပြီထင်ပါတယ် ac051126 ရေ

  • TITAN

    March 8, 2012 at 9:34 am

    ဘာပဲဖြစ်ဖြစ် သတိရှိကြပါ။
    ဒီပဲရင်းကိစ္စ မမေ့ကြနဲ့။
    အမေစုရဲ့လုံခြုံရေးတွေ သတိမလွတ်ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်။

    • student

      March 8, 2012 at 9:39 am

      ​ဒေါ်စုကို human shell ဖြင်.ကာကွယ်ကြပါ။

  • ရွာစားကျော်

    March 8, 2012 at 9:59 am

    ရွာထဲမှာ ဖတ်လိုက်ရပါသေးတယ် ။ ပို့စ်ပြန်မရှာတတ်လို့..

    ပထမ.. ကနောင်မင်းသားကြီးရဲ့ အဖြစ်
    ဒုတိယ.. ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း
    တတိယအဖြစ်ဆိုး လုံးဝ မဖြစ်အောင်ကာကွယ်ပေးကြပါဗျာ..
    မြန်မာတွေ နောက်ကျကျန်နေတာ သမိုင်းနဲ့ချီပြီး ခေါင်းဆောင်ကောင်းတွေ
    ဆုံးရှုံးခဲ့ရတာကြောင့်ပါ..

  • ကြောင်ကြီး

    March 8, 2012 at 10:03 am

    တိုင်းပြည်ကြီး ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲနေလို့ စီးပွားရေးပိတ်ဆို့မှုများ ယုတ်သိမ်းပေးဂျပါခင်ဗျာ….ဟာ…ဟာ…ဟာ……….။ တေဒင်းဂျိုး ခါလဏှာ မွေဗွေးဂိုက်…

  • နွယ်ပင်

    March 8, 2012 at 11:57 am

    လာမဲ့ဧပြီလမှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသောယာဉ်တန်းအား ၆ရက်နေ့ညက ဂျင်ကလိဖြင့်ချောင်းမြောင်း ပစ်ခတ်ခြင်းခံရပြီး လုံခြုံရေးလူငယ်၂ယောက်ဒဏ်ရာရရှိသွားပါတယ်.

    ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေပါတဲ့ယဉ်ဟာ ၆ရက်နေ့ညရနာရီက ရန်ကုန်မြို့ကနေမြောက်ဖက်ကီလို၁၄ဝဝေးတဲ့ အဝေးပြေးလမ်းမကြီးပေါ်အဖြတ် ပြင်းပြင်းထန်ထန်ဒဏ်ရာရသေစေနိုင်တဲ့ဂျင်ကလိလက်နက်နဲ့ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရပြီး လောက်စလုံး(အမာ)ကို ကားမှာတွေ့ရှိတယ် လို့ဂျပန်နိုင်ငံရှိ nhk သတင်းဌာနကကြေငြာသွားပါတယ်..

    ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ မော်တော်ယာဉ်တန်းဟာနေပြည်တော်မဲဆွယ်စည်းရုံးရေးမှ ရန်ကုန်သို့ အပြန်လမ်းခုလတ်မှာ ဒေါ်အောင်ဆန်းစုကြည်စီးတဲ့မော်တော်ကားနောက်၂စီးကျော်က ဂျင်ကလိကြောင့် ကားမှန်ကွဲသွားပြီး လုံခြုံရေးအဖွဲ့ဝင်၂ယောက်ဒဏ်ရာရသွားပါတယ်.

    NLD ဟာလာမဲ့လ ၁ရက်နေ့ကျင်းပမဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၄၈နေရာ မှာဝင်ရာက်ယှဉ်ပြိုင်အရွေးခံရေးတဲ့အတွက် စည်းရုံးရေးလုပ်ဆောင်နေတဲ့အချိန်အခါလည်းဖြစ်ပါတယ်..

    မဲဆန္ဒနယ်မြေလမ်းတလျှောက်မှသိန်းသောင်းချီတဲ့ ပြည်သူများဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပေမဲ့လည်း NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ရဲ့ ရွေးကောက်ပွဲပိုစတာဆုတ်ဖြဲ ခံရခြင်း၊ မဲဆန္ဒနယ်မြေတချို့တွင် မဲစာရင်းများ မှားယွင်းနေသောပြဿနာကိစ္စများကြောင့်
    တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ပါ့မလားဆိုတဲ့ အသံများကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်..

    ဘာသာပြန်..ဒေါင်းမာန်ဟုန်
    来月、ミャンマーで行われる議会の補欠選挙に立候補している、民主化運動のリーダー、アウン・サン・スー・チーさんの車列が、6日夜、何者かに襲われ、スー・チーさんにけがはありませんでしたが、警護の男性2人がけがをしました。

    スー・チーさんが率いる政党、NLD=国民民主連盟によりますと、現地時間の6日午後7時ごろ、ミャンマー最大の都市、ヤンゴンから北におよそ140キロ離れた高速道路上で、スー・チーさんの車列に、殺傷能力のあるパチンコから発射されたとみられる弾が撃ち込まれたということです。
    スー・チーさんは、首都ネピドーでの遊説を終えてヤンゴンに戻る途中で、スー・チーさんの乗った車の2台後ろを走っていた車の窓ガラスが割れて、警護の男性2人がけがをしたということですが、スー・チーさんにけがはありませんでした。
    来月1日に行われる、議会上下両院と地方議会の補欠選挙を巡っては、政党として再登録を果たしたNLDが、48すべての議席に対し、スー・チーさん自身を含む候補者を擁立しました。
    スー・チーさんは、各地で熱狂的な支援者に出迎えられる一方で、選挙ポスターが切られるなど、選挙妨害とみられる被害も出ているということで、国際社会が求める公正な選挙が実施できるかが課題となっています。

    ဒါအပြင် တောင်ငူမြို ့လူထုဟောပြောပွဲမှာ ဂျင်ကလိဖြင့် ချောင်းမြောင်တိုက်ခံခဲ့ရပါတယ်။
    ဒီသတင်းနဲ ့ပါတ်လို ့Myanamar News Now မှ ဖော်ပြခဲ့တဲ့ သတင်းကိုလည်း ပြန်လည်
    ဖော်ပြပေးလိုက်ပါတယ်။

    လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်း တောင်ငူုမြို ့လူထု
    ဟောပြောပွဲမှာ ဟောပြောနေစဉ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို
    တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ ့ဝင်တဦး ဂျင်ကလိ ထိမှန်ခံရကြောင်း
    သိရပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ
    ရောက်ထိမှန်တာဖြစ်ပြီး ဂျင်ကလိနဲ ့ချောင်းမြောင်းတိုက်ခိုက်ခံထားရတဲ့ လုံခြုံရေးအဖွဲ ့ဝင်ကို
    ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း Myanmar News Now
    မှ စုံစမ်းသိရှိရပါတယ်။

    • ရွာစားကျော်

      March 8, 2012 at 12:11 pm

      အကျယ်တဝင့်ထပ်ဖြည့်ပေးတဲ့သတင်းအတွက်
      ကျေးဇူးပါ နွယ်ပင်ရေ
      လုပ်တဲ့လူလည်း ကိုယ့်လုပ်ရပ် ပြန်စဉ်းစားမိရဲ့လားပဲ
      သမိုင်းတွင်လူဆိုး မလုပ်ချင်ပါနဲ့ဗျာ

    • inz@ghi

      March 8, 2012 at 12:13 pm

      >>>パチンコから発射されたとみられる弾が撃ち込まれたということです。
      တိန် ….
      😀

      www3.nhk.or.jp/daily/english/20120308_03.html

      ဘိုလိုဖတ်ချင်သူများအတွက်ပါ…

  • ငပွကြီး

    March 8, 2012 at 12:10 pm

    ပြောင်ပြောင်တင်းတင်း ဝင်သတ်သွားတဲ့ ငါးလောင်းပြိုင်လူသတ်မူတောင် မဖမ်းနှိင် မဖမ်းရဲတဲ့ မြန်မာရဲ
    အခုလို လူမသိသူမသိ ယုတ်မာတဲ့ အမူမျိုးဆိုရင်တော့လား…စဉ်းစားပေါ့
    သခင်အားရ ကျွန်ပါးဝ စိတ်ဓါတ်တွေလဲ ပြင်ဖို့ကောင်းပြီ…

  • လက်နက်တွေနဲ ့ဆော်ကြ၊တိုက်ခိုက်ကြတယ်ဆိုတော့ စစ်အာဏာရှင်
    တွေရဲ ့အလိုကျလုပ်ပေးနေတဲ့ စွမ်းအားရှင်(ခ)ခွေးသူတောင်းစားများ
    လက်ချက်ဘဲနေမှာပေါ့။ဒါမျိုးအလုပ်တွေဆို ကြံ့ဖွတ်တွေ လုပ်နေကြ။

  • R Ga

    March 8, 2012 at 6:02 pm

    ဒီကောင်တွေ ကတော့ တစ်ဖြည်းဖြည်းနဲ့ ခွေးစိတ် ခွေမာန် တွေ နဲ့ ခွေးကျင့်ခွေးကြံတွေ ပြလာကြပြီ…။ တောက် ခွေးမသားတွေ..။ ထွီ

    • ဆူး

      March 9, 2012 at 5:54 pm

      အပေါင်း ၁

  • aye.kk

    March 8, 2012 at 6:10 pm

    စိတ်ဓါတ်တွေချီးပေနေတုံးပါဘဲ..။
    ချီးတောထဲပျော်နေတဲ့လောက်တွေရဲ ့လက်ချက်..
    အင်မတန်ကိုအောက်တန်းကျလွန်းလှပါတယ်…။

  • student

    March 8, 2012 at 7:27 pm

    ဦးအောင်သောင်းဝန်ထမ်းတွေရယ်အစိုးရနဲ.နွယ်နေတဲ.တိုင်းရင်းသားအဖွဲ.အစည်းတွေကိုကြံဖွတ်ကိုမဲအတင်းထည်.ခိုင်း။မထည်.လျှင်တိုင်းရင်းသားများကိုရွာမှမောင်းထုတ်မည်။

    • student

      March 8, 2012 at 7:32 pm

      ဦးအောင်သောင်းဝန်ထမ်းတွေရယ်အစိုးရနဲ.နွယ်နေတဲ.တိုင်းရင်းသားအဖွဲ.အစည်းတွေကို
      ကြံဖွတ်ကိုမဲအတင်းထည်.ခိုင်း။မထည်.လျှင်တိုင်းရင်းသားများကိုရွာမှမောင်းထုတ်မည်

      • ရွာစားကျော်

        March 9, 2012 at 6:07 pm

        တကယ်ပြောတာလား မောင်ကျောင်းသားရေ
        ဒေတာ အတိအကျနဲ့ အသိပေးဖို့ လိုပါတယ်ဗျာ
        ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်လို့ရပါတယ်

  • alinsett

    March 9, 2012 at 6:20 pm

    ကိုအာဂ ရေ..အပေါင်း 2..ပါ ။

    ဒိသတင်း ကြားရတာ..ဒေါသတွေ ထွက်လိုက်တာ.။

    တင်ပြပေးလို ့ ကျေးဇူးတင်ပါတယ် .ရွာစားကျော်.ရေ ။

  • zaw min

    March 9, 2012 at 9:03 pm

    အမေစုရဲ့ လုံခြုံရေးအတွက်အထူးဂရုစိုက်ဖို့လိုအပ်ပါသည်၊အာဏာပိုင်များကလည်း လူကြီးလူကောင်းများပီသစွာ အထူးသတိပြုဆောင်ရွက်စေချင်ပါသည်၊ထိုမှသာ လက်ရှိအစိုးရသည် သန့်ရှင်းသော အစိုးရ၊ပြည်သူတွေလေးစား ယုံကြည်သောအစိုးရဖြစ်ပေလိမ့်မည်။
    အမေစု၏လုံခြုံရေးတစ်ခုထဲပင်မဟုတ်ပါ…ပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်စည်းစိမ်တို့သည် လက်ရှိအစိုးရတွင်အထူးတာဝန်ရှိပါသည်…။

  • ရွာစားကျော်

    March 9, 2012 at 10:11 pm

    သူကြီးခိုင်ကို တိုင်ချင်ပါတယ်ခင်ဗျာ
    ကွန်မင့်တွေမှာ နောက်ပြောင်တာမကြိုက်လို့ အနီပေးတာ မပြောလိုပေမယ့်
    ကျွန်တော်ရေးတဲ့စာက ဘာအနှစ်သာရမှမရှိလို့ ပေးချင်သလောက် အနီပေးပါ.. ခုတော့
    အကြောင်းမဲ့ ကွန်မင့်အားလုံးကို လိုက်ပီး အနှုတ်ပေးနေတဲ့သူ ရှိနေပါတယ်ခင်ဗျာ
    သူကြီးမင်း ကြပ်မတ်ပေးစေချင်ပါတယ်
    တချို့ဆိုက်တွေမှာလို ဘယ်သူဘယ်နှစ်ဦးကတော့ အပေါင်းပေးပြီး ဘယ်သူတွေကတော့ အနှုတ်ပေးတယ်ဆိုတာမျိုး စာရင်းပါမြင်ရအောင် လုပ်ပေးထားနိုင်မလားခင်ဗျာ..
    ရွာသား အချင်းချင်း ပိုပြီး ပွင့်ပွင့်လင်းလင်း သဘောထားပေးရာရောက်သလို
    သက်သက်နှောက်ယှက်လက်ကမြင်းတဲ့ မအေရိုးတွေကဘယ်သူဆိုတာ သိနိုင်တာပေါ့ဗျာ

    အန်တီစု မော်လမြိုင်ခရီးစဉ်အကြောင်းလေး ထပ်တင်ပေးလိုက်ပါတယ်..

    Yangon Press International
    မော်လမြိ်ုင် လူထု ဟောပြောရန် မြို့တွင်း၌ မရခြင်း အပေါ် မြို့ခံများ ဝေဖန်
    မတ်လ ၉ ရက်၊ ၂၀၁၂ (YPI)

    လာမည့် တနင်္ဂနွေနေ့ နံနက် မော်လမြိုင်မြို့ လူထုဟောပြောပွဲ ပြုလုပ်မည့် နေရာအတွက် မြို့နှင့် ၆ မိုင်ခန့်ကွာဝေးသော ၆ မိုင်ကျေးရွာ ဘောလုံးကွင်းကိုသာ ခွင့်ပြုခြင်းအတွက် မော်လမြိုင်မြို့ခံများက ဝေဖန်ပြောဆိုလျှက် ရှိကြသည်။
    မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံလွင်ဥယျာဉ် မြေနေရာကို အသုံးပြုခွင့် တောင်းခံရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များ ပျက်စီးမည် စိုးသဖြင့် ခွင့်မပြုနိုင်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ အကြောင်းပြချက်သည် ယုတ္တိမရှိသည့် အကြောင်းပြချက် အဖြစ် ပြောဆိုကြသည်။ မြို့ခံများက ထောက်ပြသည့် အချက်မှာ သံလွင် ဥယျာဉ်ကွင်းမှာ မကြာခဏ ဈေးပွဲတော်များ ကျင်းပလေ့ရှိရာ လူပရိတ်သတ် ရာထောင်ချီ အသုံးပြုနေသည့် နေရာဖြစ်၍ ယခုလူထုစည်းဝေးပွဲ ခွင့်မပြုခြင်းသည် ယုတ္တိမတန်သည့် အဖြစ်အပျက် တခုအနေဖြင့် ပြောဆိုခြင်း ဖြစ်သည်။
    မြို့ခံတဦးက “ မြို့ပြင်ကို ထုတ်တာပေါ့ဗျာ၊ သက်သက်ညစ်တာ ပေါ်လွင်ပါတယ်။ မြို့ကလူတွေတော့ ဟောပြောမယ့်နေရာကို လိုက်ကြမှာပေါ့ ” ဟု YPI သို့ပြောသည်။
    ယခုကဲ့သို့ သံလွင်ဥယျာဉ် ကွင်းနေရာ သုံးခွင့်မပြုခြင်းကို မတ်လ ၆ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားက အသိပေးခဲ့သည်ဟု မြို့ခံ ဦးထွန်းသန်းကပြောသည်။
    ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁ဝ ရက်နှင့် ၁၁ ရက်နေ့များတွင်မွန်ပြည်နယ် သို့ စည်းရုံးရေး ခရီးစဉ်သွားရောက်မည်ဖြစ်သည်။
    ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်များအတွင်း မန္တလေး၊ ဖျာပုံ၊ အစရှိသည့် မြို့များ၌ မြို့ခံလူထုအားဟောပြောမည့် နေရာ နှင့်ပတ်သက်၍ ဒေသအာဏာပိုင်များကြောင့် အခက်အခဲ နှင့် ကြုံတွေ့ခဲ့ရသည်။

Leave a Reply