မြတ်ရွှေတိဂုံမှာ…
မြတ်ရွှေတိဂုံမှာ…
ပြီးခဲ့တဲ့ 26/2/2012.Sunday က ရွှေတိဂုံဘုရားဖူးရောက်ခဲ့ပါတယ်…
ရွာထဲမှာလည်း ရွှေတိဂုံဘုရားပုံတော်တွေ ဓါတ်ပုံတင်ကြတာ အားကျပြီး ဓါတ်ပုံလေးတွေ ရိုက်ခဲ့ပါတယ်…



ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်မှာ ပန်းမျိုးစုံနဲ့ပူဇော်ထားတာ ဖူးမြော်ခဲ့ရပါတယ်..
ပန်းတွေက တချို့ အဖူးအငုံ၊ တချို့ပွင့်၊ တချို့ နွမ်းကြွေလို့ အမြင်အတိုင်း စိတ်ခံစားမှုတွေ ရခဲ့ရတယ်..
ရင်ခွင်ပိုက် ကလေးငယ်ကစလို့ ဇရာအောင်လံထူထားသူ လူတွေလဲ အစုံပေါ့…
လူတွေထဲလဲ…ဆင်းရဲသူ၊ချမ်းသာသူ၊ ရုပ်ရည် လှသူ၊မလှသူ၊ အပူနဲ့လူ ပျော်ရွှင်သူ ဘဝတွေလဲများပေါ့…
ကိုယ်စီပိုင်ဆိုင်နေကြတဲ့ ဘဝတွေကို လှပစေသူတွေ၊ ညစ်နွမ်းစေသူတွေလဲရှိမပေါ့…
ကျွန်မလဲ ဒီဘဝတွေထဲက ခဏလေး အပြင်ထွက်ကြည့်မိသူ တစ်ဦးဖြစ်ပါတယ်..




ရှင်ဥပဂုတ္တကန်တော်ဥယျာဉ်ထဲကလမ်းကလေးမှာ
ကျောက်စရစ်ရောင်စုံလေးတွေနဲ့
ခိုင် လို့ရေးထားတာတွေ့ရပါတယ်..
လမ်းခင်းသူရဲ့ အသဲထဲမှာ ရှိနေသူလေးဖြစ်မှာပါ..
ကျွန်မလဲ သမီးလေးနံမည်ဖြစ်တဲ့အတွက်
သမီးလေးနဲု့ဓါတ်ပုံရိုက်ပေးလိုက်ပါတယ်…
စာလုံးလေးက ိုဓါတ်ပုံရိုက်ခဲ့ပါတယ်..
သူကြီးနှင့်တကွ ရွာထဲမှစာရေးသူ၊စာဖတ်သူ ခိုင် အမည်ရှင်မျာအတွက်
အမှတ်တရပါ..
12 comments
Tin Tin
March 8, 2012 at 3:14 pm
မအိရေ..ရွှေတိဂုံဘုရားကို ကြည်ညိုှစွာနဲ့ဖူးလိုက်ပါတယ်..
ဓါတ်ပုံတွေအတွက် ကျေးဇူးပါ… ဘုရားပွဲတော်ရက်အတွင်းမှာ လူတွေအရမ်းများလို့ နောက်မှဘဲ အေးအေးဆေးဆေးသွားဖူးတော့မယ်..
Ma Ei
March 8, 2012 at 3:54 pm
တင်တင်ရေ…ရွှေတိဂုံဘုရားကြီးကိုအေးချမ်းစွာဖူးခွင့်ရတဲ့အခါ
အလွန်ကိုကြည်နူးပီတိ ဖြစ်ရပါတယ်…
ဖူးမဝတဲ့ မြတ်ရွှေတိဂုံပါ…
Khaing Khaing
March 8, 2012 at 3:59 pm
ဟင်…မမအိရယ် သူကြီးနဲ့တော့ အသဲထဲအတူမဝင်ပါရစေနဲ့…. အဲဒါက မီးမီးက ခိုင်ကို 2လုံးပိုင်ပါတယ်…အဲဒါ မီးမီးရဲ့ခိုင်ပါချင့်….
Ma Ei
March 8, 2012 at 4:11 pm
အရင်လာတဲ့သူ ကိုပေးလိုက်မယ်…
နောက်လူတွေအတွက် နောက်မှနော်…
yaungchikha
March 8, 2012 at 6:00 pm
ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြင်ရတာ ဘယ်အချိန်မှာပဲဖူးရဖူးရ ဖူးလို့မဝပါဘူး၊ ရန်ကုန်မရောက်တာ ကြာတဲ့ ကျနော့်အတွက်တော့ အခုလို ရွာထဲကတင်ပေးတဲ့ ရွှေတိဂုံစေတီပုံတော်ကိုပဲ ဖူးမဝပါ…………
Ma Ei
March 9, 2012 at 9:44 am
ရန်ကုန်ရောက်ရင် လိုက်ပို့ပေးမယ်နော်…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 8, 2012 at 6:51 pm
မအိရေ……ရွှေတိဂုံဘုရားဖူးသွားတယ်နော်။
ကျေးဇူး
Ma Ei
March 9, 2012 at 9:50 am
ဓါတ်ပုံလေးတွေ လဲလှယ်ကြည့်ကြတာပေါ့…
ရွှေတိဂုံဘုရားဖူး ကုသိုလ်ယူလိုက်တယ်နော်…
windtalker
March 8, 2012 at 8:02 pm
မအိရေ ကြည်ညိုစွာ ဖူးမြှော်သွားပါတယ် ခင်ဗျား ။
အသဲထဲကခိုင် ရဲ ့ဇါတ်လမ်းရှည်လေး ကို လဲ စိတ်ဝင်စားသွားပါတယ် ။
Ma Ei
March 9, 2012 at 9:31 am
သမီးလေးရဲ့ နာမည်ပါ…
တခြားဇာတ်လမ်း မရှိပါဘူးရှင်…
padonmar
March 8, 2012 at 10:02 pm
ပုံလေးတွေလှပါတယ်။နောက်တစ်ခါ အလှူကျရင် လိုက်ဖြစ်အောင်ကြိုးစားပါနော်။
Ma Ei
March 9, 2012 at 9:38 am
ပုံတွေ လှတယ်အားပေးလို့ ကျေးဇူးပါ…
ပထမအလှူမှာ ဘယ်သူနဲ့မှ မသိတဲ့ စာဖတ်သူဖြစ်နေလို့
မလိုက်ဖြစ်ခဲ့တာပါ…နောက်တစ်ခါ အလှူကျရင်
လိုက်ခဲ့ပါမယ်..