စဉ့်ကိုင်ပေါ်တော်မူဘုရားသို့…………………………….(ပထမပိုင်း)















- 15 ဖူးမြင်ရတဲ့ စေတီတော်

“စဉ့်ကိုင်ပေါ်တော်မူ အပိုင်းတစ်”
ပြီးခဲ့တဲ့တပေါင်းလပြည့်နေ့ရောက်တော့ ရွှေစာရံဘုရားပွဲကလည်းလူစည်တော့ မသွားချင်။
မေမြို့တက်ပြန်ရင်လဲ လူကျပ်မှာစိုးပါတယ်။
အေးအေးဆေးဆေးသွားချင်တာ လူစည်ရင် စိတ်ပင်ပန်း အစားအသောက်ဈေးကြီး။
အဲဒါနဲ့လက်ဖက်ရည်လဲသောက်ပြီးရော မရောက်တာကြာတဲ့
စိန်တလုံးသရက်ပေါတဲ့ ဇီးသီးပေါတဲ့ သရက်ပြင်ပေါတဲ့ ပေါ်တော်မူကို သွားဘို့
ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီအချိန်ဆိုမြစ်ငယ်တံတားကျော်တာနဲ့ ပေါက်ပန်းပွင့်တွေဝေနေတာကို မြင်ရမယ်လေ။
ဟိုအရင်ကတော့ ဒီပေါ်တော်မူဘုရားသွားဘို့ခက်ပါတယ်။
ပုလိပ်နဲ့စဉ့်ကိုင့် မြို့နှစ်မြို့အကြား တောလမ်းအတိုင်းဝင်သွား ဒုဋ္ဌဝတီမြစ်ကမ်းနံဘေး
မှာရှိတဲ့ နည်းနည်းခေါင်တဲ့ဘုရားပေ့ါ။
အခုတော့ ရန်ကုန် မန္တလေး လမ်းမအသစ်ဖောက်လိုက်တဲ့အခါ ပေါ်တော်မူဘုရား
အဝင်လမ်းက ကားလမ်းဘေးဖြစ်သွားတာရယ် လမ်းမကြီးက ကျယ်လဲကျယ် ဖြောင့်ဖြူး
နေတော့ အလွယ်တကူရောက်နိုင်ပါတယ်။
မန္တလေးက နေဆိုင်ကယ်ပုံမှန်စီးသွားတစ်နာရီလောက်မောင်းလိုက်ရင်အဝင်ဝရောက်ပါတယ်။
အဲဒီကနေကျောက်လမ်းသေးသေးလေးအတိုင်းသရက်ခြံတွေကို ဖြတ်ပြီးသွားလိုက်
ဆယ့်ငါးမိနစ်လောက်မောင်းလိုက်ရင် ပေါ်တော်မူဘုရားအဝင်ဝ ဆိုင်းဘုတ်ကို ရောက်ပါတယ်။
ပေါ်တော်မူဘုရားနေရာက အရင်က သရက်ခြံတွေရှိနေတဲ့အေးချမ်းအုံ့ဆိုင်းနေတဲ့သရက်ပင်
မရမ်းပင်တွေကြားမှာရှိတာပါ။
မြေကြမ်းတယ်လို့ အယူရှိတဲ့ဒီနေရာကို ကုသိုလ်ရှင်က အိပ်မက်အရ ဝယ်ပြီး ခြံရှင်းမှ
ဒီဘုရားထွက်လာတာပါ။
ဟိုးကတည်းက သာယာတယ်လို့နာမယ်ကျော်ပေမယ့် အသွားခက်တော့ အရောက်နည်း။
အခုတော့လူတိုင်းရောက်နိုင်သော သာယာသော အေးချမ်းသော စိတ်ကြည်နူးဘွယ်ကောင်းသော ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံသော ဘုရားလေးဖြစ်ပါတယ်။
သွားကြည့်ဘို့တိုက်တွန်းလိုက်ပါတယ်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး။
(8-3-2012)
3 comments
water-melon
March 10, 2012 at 8:26 am
လေးပေါက်တောင်ပေါ်ထိမတက်ဘူးလား
ကျွန်တော်တို့တက္ကသိုဟ်တက်တုန်းက ကျောင်းလစ်ပြီးတောင်ပေါ်ထိတက်ဘူးတယ်
အပေါ်လည်းရောက်ရော မောနေတာဘဲ
မှတ်မှတ်ရရ တောင်ပေါ်မှာ ဘုရားလူကြီးက ထန်းလျက်နဲ့ရေနွေးကြမ်းတိုက်သေးတယ်။
ပျော်စရာကြီး
လေးပေါက်က မဒမ်ပေါက်နဲ့သွားတာမလား 😀
အဲဒီမှာ သရက်သီးရောင်းပြီလား စားချင်လိုက်တာ ဂလု။
ကိုပေါက်(မန္တလေး)
March 10, 2012 at 8:45 am
သရက်သီးက အခုမှစသီးတာဟ။
ပေါ်တော်မူမှာတက်စရာတောင်မရှိဘူး။
မင်းပြောတဲ့တောင်က ရွှေသိမ်တော်။
water-melon
March 10, 2012 at 9:00 am
မှားလို့လေးပေါက်
စဉ့်ကိုင်နဲ့ ကျောက်ဆည်မှားသွားတာ။
သတိမမူ ဂူမမြင်ဆိုသကဲ့သို့ပေါ့။