Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီတဂူ သုမေဓာ ဆေးရုံ (အစုကြီး ကျေးရွာ)

ဆူးMarch 11, 20123min4458286

သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။

ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။

ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။

ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။

 

သီတဂူ ဆရာတော်ကြီးနှင့် မြတောင် ဆရာတော် ဘုရားကြီး ဆေးရုံ ကိစ္စ ဆွေးနွေးတိုင်ပင် နေကြပုံ။

 

 

ဆောက်လက်စ လုပ်ငန်းခွင်

 

 

 

 

 

 

 

အထက်မှ ပုံတွင် မြင်တွေ့ရသည့်အတိုင်း အဆောက်အအုံ လိုအပ်ချက်ကတော့ တခါဖြည့်ရင် ပြည့်နိုင်ပေမဲ့ ဆေးဝါး ကုသရေး အတွက် လိုအပ်ချက်က အမြဲ လိုအပ်ဖြစ်နေအုန်းမှာပါပဲလို့ မြင်မိပါတယ်။

ရှေးယခင်ကတော့ ရွာနေ လူများ မကျန်းမမာ ဖြစ်တဲ့ အခါ ပန်းတနော် ဆေးရုံကို အားကိုးရပါတယ်။

စရိတ်မျှပေး ဆေးရုံ ဖြစ်တဲ့ အတွက် မပြည့်စုံမှုတွေ များလာတဲ့ အခါ ရောဂါကြီးကြီး ဖြစ်ချိန်မှာတော့ ရန်ကုန် ဆေးရုံကြီးကို လွဲပြောင်းပေးရပါတယ်။

ရွာနေ လူများ အနေနှင့် ပထမ အားကိုးရာ ဖြစ်တဲ့ ပန်းတနော် ဆေးရုံကို သွားဖို့ အတွက် အချိန် ပေးဆပ်မှု (ဝေဒနာ တောင့်ခံရခြင်း) ၊ ငွေပေးဆပ်မှု စတာတွေကို ပေးဆပ်နိုင်မှ ဆေးရုံကို ရောက်ရမှာ ဖြစ်ပါတယ်။ ထိုမှ တဆင့် ရန်ကုန် ဆေးရုံကြီးသို့ လွဲပြောင်းပေးမယ် ဆိုလျှင် ပိုမို ကြီးမားတဲ့ ပေးဆပ်မှုကို ဆက်လက် ပေးရပါတော့မယ်။ ထို့ကြောင့် မြတောင် ဆရာတော် ဘုရား၏ စိတ်အကြံ အတိုင်း ဖြစ်မြောက်စေရန် အတွက် သီတဂူ ဆရာတော်ကြီးမှ အဆောက်အအုံ၊ နည်းပညာ နှင့် ပစ္စည်း ကိရိယာများ အထောက်အပံ့ ခြင်းဖြင့် သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

တောရွာနေ လူထု အနေနှင့် ဆေးရုံ ဆေးခန်း ဝေးတဲ့ အခါ သွားလာရ မဖြောင့်ဖြူးခြင်းနှင့် ဆေးရုံတွက် ကုသလျှင် ကုန်ကျစရိတ် များမှာ စိုးရိမ်သည် ဆိုသည့် အယူအဆကြောင့် ဆေးရုံ ကို မသွားပဲ နီးစပ်ရာ ဆေးမြီးတိုများဖြင့် ကုသ ခြင်းများကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားသော လူပေါင်းများစွာ ရှိပါသည်။

ထို အစုကြီး ကျေးရွာ သည် ပန်းတနော် မြို့နှင့် အတန်ငယ် ဝေးကွာသော်ငြား ထိုဆေးရုံ တည်ရှိသည့် နေရာသည် ရွာပေါင်းများစွာမှ လူများ အားကိုးရာ ဖြစ်နိုင်သည့် အပြင် အခမဲ့ ဆေးဝါး ဒါန အဖြစ် ကုသပေးမှာ ဖြစ်တဲ့ အတွက် နောင် အနာဂတ်တွင် ထွန်းလင်းတောက်ပလာမည့် ကြယ်ပွင့် လေးများနှင့် တူသော မျိုးဆက်သစ် ကလေးငယ်များ သားကောင်း မိခင်များ သက်ကြီးရွယ်အို ကျားမ တို့၏ အသက်ပေါင်းများစွာ ကိုလည်း ထိုဆေးရုံကြီးမှ ကူညီ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

 

ဆေးရုံ မှ ဆေးဝါး အခမဲ့ ကုသပေးခြင်းသည် ဘာသာရေး လုပ်ငန်း မဟုတ်ပဲ ပရဟိတ လုပ်ငန်း သီးသန့် ဖြစ်သည့် အတွက် လူမျိုး ဘာသာ မရွေး အယုတ်အလတ် အမြတ်မရွေး အားလုံးကို တန်းတူ ကုသပေးမှာ ဖြစ်ပါသည်။

 

အလှူခံခြင်း

MG မှ ရွာသူားများ ကိုလည်း ထိုဆေးရုံကြီး မှ ကယ်တင်နိုင်မည့် အသက်ပေါင်း များစွာ ဆက်ပေးမည့် ဆေးဝါး ဒါန အတွက် အလှူခံချင်ပါသည်။

ဆူး တို့ လူသားတွေ အသက်ရှင်သမျှ ကာလာ ပတ်လုံး အနည်းဆုံးတော့ နှာစေး ချောင်းဆိုးတော့ ဖြစ်ဖူးကြမှာပါ။ မဖြစ်ဖူးသော လူလည်း ရှိကောင်း ရှိပါလိမ့်မည်။ ထိုသူသည် အလွန်ကံထူးသူ ဖြစ်ပါလိမ့်မည်။

 

ကျန်းမာရေးသည် လာဘ်တပါး ဆိုတဲ့ အတိုင်း ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ နာမကျန်း ဖြစ်တဲ့ အခါ ပိုပြီး သိသာ လာပါလိမ့်မည်။

 

ထို့ကြောင့် ဆူး ရဲ့ ဒုတိယ မိသားစု လို ဖြစ်နေတဲ့ ဂေဇတ်မှ ရွာသူရွာသား များကိုလည်း ကိုယ်တိုင် လှူသလို ရွာသူ ရွာသားများကိုလည်း အလှူမှာ ပူးပေါင်းပြီး ပါဝင်စေချင်ပါတယ်။ နှမ်းတစေ့ဖြင့် ဆီ မဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်း များစွာ ကတော့ ဆီဖြစ်လာပါလိမ့်မယ်။ ထိုကြောင့် သီတဂူ သုမေဓာ ဆေးရုံကြီး အတွက် မိမိတို့ လုပ်အားဖြင့် နေ့စဉ် ရှာဖွေ ထားတဲ့ ဖြူစင်သော ငွေကြေးများထဲမှ ဆန္ဒရှိသလောက် လှူဒါန်းကြပါစေလိုပါတယ်။

ပွင့်သော ပန်းကလေးများ အချိန်မတန်ခင် ညိုးနွမ်း ခြောက်သွေ့မသွားအောင် ရေလောင်းပေးနေသော ဥယျာဉ်မှူး အတွက် ရေပေး သကဲ့သို့

ကြင်နာမှု မေတ္တာ ဂရုဏာ တရားဖြင့် ပြီးပြည့်စုံသော လောကကြီး ဖြစ်စေဖို့

အားလုံး တူညီ လက်တွဲပြီး ဆေးရုံ အတွက် ဆေးဒါန ဖြည့်ဆည်းပေးကြပါစို့

လို့ တိုက်တွန်းချင်ပါတယ်။

 

အစီအစဉ်

ဆေးရုံကို ရွာသူ ရွာသားများ တူတူ သွားရောက် လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ရန်ကုန် ပန်းတနော် နေ့ချင်းပြန် ခရီး ဖြစ်သည့် အားလျှော်စွာ ကိုယ်ပိုင် ကားများဖြင့် ကူညီ လိုက်ပါမည် ဆိုလျှင်လည်း ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အလှူ ကို ကိုယ်တိုင် လိုက်ပါချင်သူများ အဆင်ပြေပြေ လိုက်ပါနိုင်ရန် ခရီးစဉ် အခက်အခဲ မရှိ သွားလာနိုင်ရန် စာရင်းများ ကြိုတင်ပေးဖို့ နိုးဆော်ပါတယ်။

အသွားအပြန် လမ်းစရိတ်ငြိမ်း နှင့် နေ့လည် ထမင်းကို ဘုန်းကြီးကျောင်းတွင် သုံးဆောင်ရပါမည်။

ရွာသူ ရွာသားများ ပန်းတနော် ထွက်ကုန်များ လေ့လာ ဝယ်ယူနိုင်ရန် အချိန်ပေးပါမည်။

 

နေ့ရက်

မေလ ၁ရက်နေ့ (အင်္ဂါနေ့) [ မေဒေးနေ့ ] ဖြစ်ပါသည်။

မနက် ၆နာရီခွဲ စုရပ်မှ ထွက်ခွာမည် ဖြစ်ပါသည်။ နောက်ကျလျှင် နေပြင်းသည့် အတွက် အပူဒဏ် ခံရသက်သာ စေရန်အတွက် အားလုံး မနောက်ကျ စေရန် တိုက်တွန်းပါသည်။

မှတ်ချက်။   ။ ရက်သတ်မှတ်ခြင်းသည် ယာယီ ဖြစ်သဖြင့် အနားနီးလျှင် သေချာ ကြေညာပေးပါမည်။

 

အလှူ အတွက် အလှူငွေ ကောက်ခံရန်

ရန်ကုန်

မမ (MG)  – *****************

ဆူး (MG) – ************

 

မန္တလေး

ကိုပေါက် (မန္တလေး) (MG) – ***********

 

 

ပထမ စာမျက်နှာမှာ ရှိတဲ့ ကွန်မန်းများ ဖတ်ချင်လျှင် အောက်ပါ လင့်အတိုင်း သွားကြည့်နိင်ပါသည်။
https://myanmargazette.net/107492/health-fitness/comment-page-1#comment-178083

286 comments

  • PEACEMAKER

    March 19, 2012 at 8:50 pm

    အလှူငွေလက်ခံတာ ဘယ်နေ့ထိ နောက်ဆုံးထားပြီး လက်ခံနိုင်ပါသလဲမဆူး။

    • ဆူး

      March 20, 2012 at 10:21 am

      ခရီးစဉ် အတွက် အများစုသွားနိုင်ရန် ဧပြီလ ၂၆ရက်နေ့ ကြာသပတေးနေ့ နောက်ဆုံး ထားပြီး လိုက်ပါသူ စာရင်းနဲ့ စုရပ်မှတ်တိုင်တွေ ညှိနိုင်းမှာ ဖြစ်ပါတယ်။ လူစာရင်းလည်း ဧပြီ ၂၆မှာ ပိတ်မှာ ဖြစ်ပါတယ်။

      အလှူစာရင်းကိုတော့ ဧပြီ ၂၉ မှာ ပိတ်မှာ ဖြစ်ပါတယ်။ ဆန္ဒရှိသူများ ၂၉ရက် မတိုင်ခင်မှာ အပြီး လာလှူကြဖို့ တိုက်တွန်းပါတယ်။

      • pan pan

        April 3, 2012 at 8:30 pm

        ဘွားဆူးရေ ၂၉ရက်နေ့ လစာမထုတ်ရလောက်သေးဘူး
        ဟွင့်ဟွင့်
        မရှိရင် ချေးပြီးလှူမယ်
        ဟဲဟဲ 🙂

        • ဆူး

          April 4, 2012 at 6:52 pm

          ကြိုဆိုပါတယ် ညီမလေး ပန်ပန် ရယ်။
          အလှူလည်း လိုက်နိုင်အောင် ကြိုးစားပါအုန်းနော်။

  • weiwei

    March 20, 2012 at 10:53 am

    ပန်းတနော်နဲ့ အဲဒီဆေးရုံကိုရောက်ဖူးခဲ့သူတစ်ဦးအနေနဲ့ ထပ်ပြီး ကြော်ငြာဝင်လိုက်ချင်ပါသေးတယ် … အဲဒီဆေးရုံက မြို့နဲ့ဝေးတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းအားလုံးကို နယ်ခံရွာသားတွေက လုပ်အားအလှူပေးပြီး ဆောက်ခဲ့ကြတယ် .. မြတောင်ဆရာတော်နဲ့ ဦးပဇင်းများက ကြီးကြပ်ကွပ်ကဲတဲ့ အင်ဂျင်နီယာအလုပ်ကို လုပ်ခဲ့ကြတယ် … အဆောက်အဦးမတည်ငွေကို ပန်းတနော်မြို့ပေါ်နဲ့ ပန်းတနော်အသင်း(ရန်ကုန်)က အများဆုံးမတည်ခဲ့ပြီး ဆေးရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်း ကုတင် ခေါင်းအုံးကစလို့ သီတဂူဆရာတော်နဲ့တပည့်များက လှူဒါန်းခဲ့ကြပါတယ် … ဧပြီလထဲမှာ ဆေးရုံစတင်ဖွင့်လှစ်မှာဖြစ်ပါတယ် … နေ့စဉ်ဆေးရုံလည်ပတ်ဖို့ဆိုတာ တော်ရုံငွေကြေးနဲ့ မဖြစ်နိုင်ပါဘူး … မတည်ငွေဘယ်လောက်ပဲ များများ လိုအပ်ချက်ဆိုတာ အမြဲတမ်းရှိနေအုန်းမှာပါ … နှမ်းတစ်စေ့နဲ့ဆီမဖြစ်နိုင်ပေမယ့် စုပေါင်းလိုက်တော့လဲ ဆီဖြစ်လာတာမို့ တတ်နိုင်သလောက်တော့ လှူဒါန်းကြစေလိုပါတယ် …
    ခရီးစဉ်အနေနဲ့ကတော့ အထူးပြောစရာမလိုလောက်အောင် အပြည့်အစုံစီမံထားပြီးဖြစ်ပါတယ် …
    ပျော်ပျော်ပါးပါးနဲ့ ဘုရားလဲဖူး လိပ်ဥလဲတူးနိုင်တဲ့ အစီအစဉ်ကို စီစဉ်ပေးထားတာမို့ စီစဉ်သူတွေကို ကျေးဇူးတင်ပါတယ် … စေတနာထက်ထက်သန်သန်နဲ့ စီစဉ်ထားတာကို သိထားတာမို့လို့လဲ ဖြစ်နိုင်ရင် လိုက်ကြပါလို့ တိုက်တွန်းချင်ပါသေးတယ် …

    • ဆူး

      March 20, 2012 at 11:20 am

      မဝေ ပြောသလိုပါပဲ.. ဆေးရုံမှာ လည်ပတ်ဖို့ ဆေးဝါး စရိတ် အလှူခံခြင်း ဖြစ်သည့်အပြင် ရရှိသည့် အလှူငွေ များကိုလည်း ပထမဆုံး အစပျိုးနေချိန် ဖြစ်သည့် အတွက် ငွေပဒေသာပင် အနေနဲ့ မတည် မပေးနိုင်ခဲ့သော်တောင်မှ ထို အလှူငွေဖြင့် ကျန်းမာရေး အသုံးစရိတ် အသုံးပြုမှာ ဖြစ်ပါတယ်။ အလှူရှင်များ အနေနှင့် အလှူ၏ မိမိတို့ လှူဒါန်းလိုက်သော ဆေးဝါး အလှူ၏ အခကြေးငွေကြောင့် လူပေါင်းများစွာ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်ပါသည်။ အလှူ သွားသည့် နေ့တွင်တော့ အလှူမလိုက်နိုင်သည့် အလှူရှင်များ အနေနှင့် ခရီးစဉ်ကို အာရုံပြုပြီး ကုသို်လ် စိတ်များ ပွားများနိုင်ကြပါစေ။

      အလှူရှင်များလည်း ကျန်းမာ ချမ်းသာ ကြပါစေ။ ကုသိုလ် အကျိုးကို အပြည့်အဝ ခံစားရရှိနိုင်ပါစေ။

  • lusoegyikoko

    March 20, 2012 at 11:35 am

    ဘဏ်ကနေလွဲလို့ရမလား ၊ လိပ်စာ ပေးလို့ရမလား

    • ဆူး

      March 20, 2012 at 1:35 pm

      ဘဏ်ကနေ ငွေလွဲပေးလို့ ရပါတယ်။
      တချို့လည်း ဘဏ်ကနေ ငွေလွဲပေးကြပါတယ်။
      ဖုန်းဆက်လိုက်ပါ။ အချက်အလက် အတိအကျ ပေးပါမည်။

  • minn zaw

    March 21, 2012 at 10:06 pm

    လိုက်မဲ့သူတွေ စုပေါင်းပြီး ကားငှားသွားတာ ပိုကောင်းမယ်ထင်တယ်ဗျ။

    ကားငှားမယ့် ကုန်ကျစရိပ်ကို အားလုံးစုပေါင်း ထည့်ဝင်ပေါ့။ ဒါဆို

    တစ်ဦးတည်းအပေါ်မှာလည်း ဝန်မပိတော့ဘူး။ ပိုပြီးတော့လည်းး

    ပျော်စရာကောင်းမယ်။ ရင်းနှီးမှုလည်းပိုရတာပေါ့။ခရီးခည်းပိုတွင်မယ်ထင်ပါတယ်။

    • MaMa

      March 21, 2012 at 10:17 pm

      မင်းဇော်ရေ-
      ဖိုရမ်မှာ လိုက်ပါမည့်သူစာရင်းမှာ ရေးထားတာ တွေ့ပါတယ်။
      ကြိုဆိုပါတယ်။
      လိုက်ပါမယ့်သူတွေ စုပေါင်းပြီး ကုန်ကျစရိတ် ထည့်ဝင်စရာ မလိုပါဘူး။
      ဖိုရမ်မှာပဲ ကိုအောင်က အဲဒီလိုတခါမေးဖူးလို့ ပြောထားတာလေး ပြန်ကုဒ်ပေးလိုက်ပါတယ်။

      ကိုအောင်ရေ-အလှူကို ဝိုင်းဝန်းပူပန်စဉ်းစားပေးတဲ့ အတွက် ကျေးဇူးအကြီးကြီး တင်ပါတယ်။ 😀 😀 😀

      ဒီအလှူကို ဖြစ်မြောက်စေချင်တဲ့ အဓိက ရည်ရွယ်ချက်က ကျေးရွာလူထု ကျန်းမာရေးအတွက် တတပ်တအား အားကိုးအားထားပြုနိုင်မယ့် အခမဲ့ ကုသပေးမယ့် ဆေးရုံကို အောင်မြင်စေချင်တာဖြစ်ပါတယ်။

      ကိုယ့်တစ်ယောက်တည်းအားထက် စုပေါင်းအားနဲ့ဆိုရင် ပိုမိုအောင်မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

      နောက်ပြီး ရွာထဲကမိတ်ဆွေအပေါင်းအသင်းတွေ စုပြီး လှူဖြစ်စေချင်တာလည်း ပါပါတယ်။

      နောက်ဆုံးကတော့ ကိုယ့်မြို့ကိုယ့်ရွာကို အလည်ခေါ်တဲ့ သဘောပါပဲ။

      စုပေါင်းခရီးသွားခြင်းဖြင့် ရွာသူားတွေ အချင်းချင်း ပိုမိုရင်းနှီး ခင်မင်သွားစေနိုင်မယ့်အပြင် ဒေသန္တရ ဗဟုသုလည်း ရနိုင်မယ်။

      စိတ်အပန်းလည်း ပြေနိုင်မယ်။

      အားလုံးကို အဆင်ပြေပြေ ပျော်ပျော်ပါးပါး ဖြစ်စေချင်ပါတယ်။

      အလှူငွေထဲကလည်း မပွန်းပဲ့စေလိုလို့

      ကိုယ့်မြို့ကိုယ့်ရွာကို အလည်ခေါ်တာလည်း ဖြစ်တာမို့ ကိုယ်ကပဲ ကျခံဖို့ စဉ်းစားထားတာပါ။

      အဓိက ဦးဆောင်နေတဲ့ ဆူးက တာဝန်ပိမှာကို စိုးရိမ်ပြီး အစစ လိုက်စဉ်းစားစီစဉ်ပေးနေတာ ဖြစ်ပါတယ်။

      အားလုံးပဲ စိတ်အနှောင့်အယှက် မဖြစ်ပါပဲ

      ခင်ခင်မင်မင်

      ပျော်ပျော်ရွှင်ရွှင်

      စည်းစည်းလုံးလုံး

      ညီညီညွတ်ညွတ်

      တက်ညီလက်ညီ

      လိုက်ပါကြဖို့ မျှော်လင့်ပါတယ်။:D 😀 😀

  • weiwei

    March 21, 2012 at 11:56 pm

    မမက ခရီးသွားကုသိုလ်နဲ့အစားအသောက်ကုသိုလ်ပြုဖို့အတွက် ရွာသူားအားလုံကို ဖိတ်ကြားခြင်းသာဖြစ်ပါတယ် … အလှူ့ရှင်ရဲ့ စေတနာထက်သန်မှုအတွက် ပါရမီဖြည့်ပေးတဲ့အနေနဲ့ ပျော်ပျော်ပါးပါးလိုက်ပါပေးရုံပါပဲ … လူများများလိုက်နိုင်လေ ဝမ်းသာလေလေဖြစ်မယ့်အစီအစဉ်မို့ ကျွန်မတို့လဲ အခုလောက်အထိ စိတ်အားထက်သန်စွာနဲ့ တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်ပါတယ် …

  • MaMa

    March 22, 2012 at 9:22 am

    ကျော်သိန်းမြင့်23 (ကိုရီးယား) က အချိုရည်လှူသလိုမျိုး
    အမည်မဖော်လိုပဲ နောက်ကွယ်ကနေ ပံ့ပိုးနေသူတွေရှိတာမို့….
    ဝေဝေ ပြောသလို ပျော်ပျော်ပါးပါး အလှူသွားကြဖို့သာ……
    (အလှူပြီးလျှင် အလှူခံရငွေနှင့် အသုံးစရိတ်များကို ရှင်းလင်း တင်ပြပေးမှာ ဖြစ်ပါတယ်။)

  • ဆူး

    March 22, 2012 at 9:56 am

    အစားအသောက်နဲ့ ခရီးစရိတ်အတွက် အလှူငွေ ပါဝင်ထားတဲ့ အလှူရှင်များလည်း ရှိပါတယ်။
    အပူအပင် ကင်းစွာဖြင့် စိတ်အေးချမ်းသာစွာ လိုက်ပါနိုင်ပါတယ်။
    စေတနာ ရှေ့ထား မေးမြန်းတဲ့ အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

    အလှူလုပ်ရခြင်း ရည်ရွယ်ချက်မှာ

    ၁။ ဆေးရုံ အတွက် ဆေးဝါးဒါန (နွမ်းပါးချို့တည့် မကျန်းမာသူ အဆင်ပြေစေဖို့)

    ၂။ အလှူကို အကြောင်းပြုပြီး ရွာသူရွာသားများ တပျော်တပါး စုပေါင်းကာ ရင်းနှီး ခင်မင်နွေးထွေးစေဖို့ (မမြင်ဖူးသည့် စာပေ မောင်နှမများ တွေ့ဆုံကာ မောင်နှမ အရင်းအချာ သဖွယ် ခင်မင် ရင်းနှီးစေဖို့)

    ၃။ စုပေါင်းခရီးစဉ် နှင့် ဒေသန္တရ ဗဟုသုတ ရစေဖို့

    ၄။ စိတ်လက်ပေါ့ပါးသွာ လည်ပတ်ပြီး ပျော်ရွင်ကြစေဖို့ (အစားအသောက် ကိစ္စ မပူပင်ရလေအောင်)

    ၅။ ခရီးစဉ် အတွက် အပူအပင်ကင်းစွာ လိုက်ပါနိုက်ကြစေဖို့ (အလှူနေရာသွားသည့် လမ်းခရီးစဉ်)

    စတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်တာပါ။

    ခရီးစရိတ်ကိုလည်း တချို့သော စေတနာရှင်များက အမည်မဖော်ပဲ လာရောက် လှူဒါန်းသူတွေလည်း ရှိသလို ကိုယ်တိုင်လည်း ကျသလောက် စရိတ်ကို လိုအပ်သလောက် သတ်မှတ်ချက် မရှိပဲ ထည့်မည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်ပါသည်။
    ကားကိုလည်း တတ်နိုင်သလောက် တစီးတည်း စုပေါင်းပြီး ပျော်ပျော်ပါးပါး သွားကြမယ်လို့ စီစဉ်ထားပါတယ်။
    ခရီးစဉ် အားလုံးပြီးဆုံး သွားချိန်မှာတော့ စာရင်းရှင်းတမ်း ထုတ်ပြန်ဖို့ အစီအစဉ်ရှိပါတယ်။
    လိုက်ပါသူကော မလိုက်နိုင်သူပါ ဖတ်ရှုပြီး မုဒိတာပွား သာဓုခေါ်ဖွယ်ရာ အလှူဖြစ်အောင် လုပ်မယ်လို့ ရည်မှန်းထားပါတယ်။
    ဖြစ်အောင်လည်း လုပ်မှာ ဖြစ်ပါတယ်။
    ကိုယ်ကျိုးမပါ စေတနာ သီးသန့် ဖြူစင်သော အလုပ်ဖြစ်တဲ့ အတွက် မိမိစိတ် သဒ္ဒါ စေတနာမှ မိမိအား ပြန်လည် အကျိုးထူးပေးကာ အစစအရာရာ အထစ်အငေါ့မရှိ အောင်မြင်လိမ့်မည်ဟု ယူဆပါသည်။

    အားလုံးလည်း စိတ်ချမ်းသာစွာဖြင့် ပျော်ရွင်သော ခရီးစဉ် ဖြစ်လာပါလိမ့်မည်ဟု ယုံကြည်ပါသည်။

    • ဖားသက်ပြင်း

      March 22, 2012 at 9:59 am

      ကိုဆူး ချင့် ..
      ရွာသားပီသအောင် ထန်းရည် သောက်မယ် ကြက်တိုက်မယ်…
      ကြွေးကြော်နေတဲ့ ကိုရင်ဂီဂီ ကို ထိပ်တုံးနှင့် ခတ်ထားလိုက်ပါချင့် ….

      😀

      ပုံ
      ဖားသက်ပြင်း…

  • minn zaw

    March 22, 2012 at 11:50 am

    ကုသိုလ်ဖြစ်မှာဆိုတော့ ထန်းရည်တွေ ဘာတွေ မသောက်ကြနဲ့ပေါ့ဗျာ။

    တကယ်လို့ သောက်ခဲ့ရင်လည်း ကျွန်တော့်ကို လက်တို့ဖြစ်အောင်တို့နော်။ ချန်မထားခဲ့နဲ့နော်။

    အင်းပြောရင်းဆိုရင်း အေ့….

  • ဆူး

    March 23, 2012 at 11:55 am

    အလှူငွေ တစ်ယောက် နာမည် စာရင်းတိုးတိုင်း အကူအညီတောင်းတိုင်း ကူညီပေးသည့် Mလုလင် ကိုလည်း ကျေးဇူးတင်ရှိပါသည်။
    စေတနာ အကျိုးကို အပြည့်အဝ ရရှိခံစားရပြီး အစစ အရာရာ အဆင်ပြေချောမွေ့ပါစေ။

  • ဆူး

    March 23, 2012 at 11:57 am

    ဆူး မနက်ဖြန် ခရီးထွက်စရာ ရှိသဖြင့် ဒီရက်ပိုင်းမှာ မမ ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါသည်။

    မမ မှလည်း အလှူရရှိငွေများကို စာရင်းကြေညာပေးမှာ ဖြစ်ပါတယ်။

    ဆူး ကို ဆက်သွယ်ပြီး ဆိုင်ကို လာပေးအပ်မည့်သူများလည်း ဆိုင်မှာ လာပေးထားနိုင်ပါတယ်။

    အလှူရှင်များ အနေနှင့် မိမိ ပေးအပ်ထားသော အလှူငွေများ ဖိုရမ် စာရင်းတွင် နာမည် မတွေ့ရှိသေးပါကလည်း အကြောင်းကြားနိုင်ပါတယ်။

    http://myanmargazette.net/forum/express-yourself/%E1%80%9E%E1%80%AE%E1%80%90%E1%80%82%E1%80%B0-%E1%80%9E%E1%80%AF%E1%80%B1%E1%80%99%E1%80%93%E1%80%AC-%E1%80%B1%E1%80%86%E1%80%B8%E1%80%9B%E1%80%B6%E1%80%AF-%E1%80%A1%E1%80%85%E1%80%AF%E1%81%BE-1/page-2#p4149

    ကျေးဇူးတင်ပါတယ်။

    အလှူပါဝင်ကြတဲ့ မိတ်ဆွေ အပေါင်း များလည်း အလှူအကျိုးအပြည့်အဝ ခံစားရရှိပြီး ကျန်းမာ ချမ်းသာ ကြပါစေ။

    • amatmin

      March 23, 2012 at 1:43 pm

      ဒေါ်ဆူးရေ ၂၉ ရက်နေ့ကို အတော်လေးနီးကပ်မှပဲ လှူငွေလာပေးပါ့မယ် ခမျာ့…
      မလိုက်ဖြစ်ခဲ့ရင် ဘယ်အချိန်မှာ နောက်ဆုံးထားပြီး
      အကြောင်းကြားပေးရမလဲ သိချင်သေးပါတယ်ဗျ…..

  • ဆူး

    March 23, 2012 at 1:49 pm

    အမတ်မင်း ရေ.. အလှူကို အချိန်နီးရင် လူစာရင်း ပြန်စစ်ပါမယ် သေချာ လိုက်ဖြစ်မဖြစ်.. အဲဒီအချိန်မှာ ထပ်မံ အကြောင်းမကြားရင်တော့ လိုက်ပါ စာရင်းမှာ သေချာပေါက် ကျန်ခဲ့မှာ သေချာပါတယ်။

    ခရီးစဉ် အတွက် အများစုသွားနိုင်ရန် ဧပြီလ ၂၆ရက်နေ့ ကြာသပတေးနေ့ နောက်ဆုံး ထားပြီး လိုက်ပါသူ စာရင်းနဲ့ စုရပ်မှတ်တိုင်တွေ ညှိနိုင်းမှာ ဖြစ်ပါတယ်။ လူစာရင်းလည်း ဧပြီ ၂၆မှာ ပိတ်မှာ ဖြစ်ပါတယ်။

    အလှူစာရင်းကိုတော့ ဧပြီ ၂၉ မှာ ပိတ်မှာ ဖြစ်ပါတယ်။ ဆန္ဒရှိသူများ ၂၉ရက် မတိုင်ခင်မှာ အပြီး လာလှူကြဖို့ တိုက်တွန်းပါတယ်။

    • ဆူး

      March 23, 2012 at 2:43 pm

      လေးလေး ဘက်က အလှူခံ ရရှိမှု စာရင်းကိုလည်း ဖိုရမ်မှာ တို့ထားလိုက်နော်..
      လေးလေး ငွေလွဲရင် တယောက်စီ တခါနဲ့ အလုပ်ရှုပ်ပါတယ် ပေါင်းပြီးသာ စုထားလိုက်ပါ ရန်ကုန် ရောက်မှ စာရင်းချုပ်လိုက်မယ်။

  • MaMa

    March 24, 2012 at 9:27 pm

    ကိုဘုန်းကျော် ဖတ်နိုင်အောင် ပိုစ့်ကို မန့်ပြီး ပြန်တင်ပေးလိုက်ပါတယ်။
    ဒီထဲမှာ ကိုဘုန်းကျော်သိချင်တာတွေ အားလုံးပါနိုင်ကောင်းပါရဲ့။
    အကယ်၍များ ကျန်နေတာတွေ ရှိသေးတယ် ဆိုရင်တော့လည်း
    သိချင်တာတွေကို လွတ်လပ်ပေါ့ပါးစွာ စုံစမ်း မေးမြန်း စစ်ဆေး နိုင်ပါတယ်။ 🙂

  • minn zaw

    March 25, 2012 at 8:15 pm

    မမ နဲ့ ဆူး ခင်ဗျာ ကျွန်တော့ သူငယ်ချင်း ပါ ခေါ်လာခဲ့ လို့ ရမလား။
    သူ့ အတွက်အားလုံး တာဝန်ယူပါတယ်။

    အကြံပေးချင်တာတစ်ခုက အလှူရှင်တစ်ဦးက ရေသန့်နဲ့ အချိုရေ အတွက်
    ၂၀၀၀ဝ လှူထားတယ်လို့သိရပါတယ်။

    အဲဒီ အလှူရှင်ကိုလဲ သာဓု ခေါ် ပါတယ်ခင်ဗျာ။

    အဲဒီ အလှူရှင်သဘောတူရင်
    အဲဒီ အလှူငွေကို အချို ရည် နဲ့ တခြား လိုအပ်တဲ့ ဥပမာ towel လိုမျိုးပေါ့
    တခုခု ထည့် ရင်ကောင်းမလားလို့

    ကျွန်တော်က ခရီးအတွက် လိုရာသုံး ၁၀၀၀ဝ နဲ့ ရေသန့် လိုသလောက်
    လှူ ပါမယ်။

    ငွေ ၂၀၀၀ဝ မလှူ ရှင်ရဲ့ ကို ညှိနှိုင်းစေလိုပါတယ်။ လမ်းခရီးအတွက် ပိုပြည့်စုံ
    ဖို့ပါ။
    ရေသန့်က ကျွန်တော့အတွက် အခက်အခဲ မရှိ လိုသလောက် ယူလို့ရပါတယ်။

    • MaMa

      March 25, 2012 at 8:54 pm

      သူငယ်ချင်းလည်း ခေါ်လာနိုင်ပါတယ်။
      ကျမလည်း မိသားစုနဲ့ သူငယ်ချင်းတွေကို လိုက်ဖို့ ခေါ်ထားပါသေးတယ်။
      လမ်းခရီးအတွက် ဝိုင်းဝန်းအားဖြည့်ပေးတာကို ကျေးဇူးတင်ပါတယ်။
      ၂၀၀၀ဝ အလှူရှင်ကို မေးပြီး အကြောင်းပြန်ပေးပါမယ်။
      အလှူရက်နီးတဲ့အခါ လူစာရင်း အတိအကျ သိရရင် ခရီးစဉ်အတွက် အသေးစိတ် တိုင်ပင်ကြဖို့လည်း စီစဉ်ထားပါတယ်။
      ခရီးစဉ်အသေးစိတ်ကိုလည်း အားလုံးကို အသိပေးမှာ ဖြစ်ပါတယ်။

    • ဆူး

      March 26, 2012 at 11:05 am

      ကိုမင်းဇော်ရေ.. ရေသန့် နှင့် ခရီးစရိတ် လှူဒါန်းမယ် ဆိုတာ သိရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါတယ်။
      ရေသန့်နှင့် အအေး အလှူငွေ ၂သောင်း ရတဲ့ အတွက် အအေးအတွက် သီးသန့် အားဖြည့်လိုက်ပါမယ်။ အလှူရှင်လည်း ကျေနပ်မည် ထင်ပါတယ်။

      မမ ပြောသလိုပါပဲ.. အလှူ အတွက် အသေးစိတ်ကိုတော့ အနားနီးရင် အားလုံးကို ကြေညာပေးဖို့ အစီအစဉ် ရှိပါတယ်။
      သူငယ်ချင်းများကိုလည်း ကြိုဆိုပါတယ်။

  • ဦးဦးပါလေရာ

    March 26, 2012 at 12:04 am

    တဖြေးဖြေးနဲ့ တော်တော်ပွဲကောင်းလာပြီ
    အားရဝမ်းသာ ဖြစ်မိပါတယ်။
    ဘေးပြော ဘောက်ပြောလေးတွေတော့ ကျိန်းသေရှိမှာဖြစ်ပေမယ့်
    မမ တို့၊ ဆူး တို့ ဆိုတာက
    ရင့်ကျက်တဲ့စိတ်ထားပိုင်ရှင်တွေမို့
    ဘာဆို ဘာမှ အနှောက်အယှက်မဖြစ်ဘူးလို့ စိတ်ထဲမှာသေချာနေပါတယ်။
    ခြင်ကိုက်ရင် ထုံးတို့လိုက်ရုံပဲ….
    အေး.. ဆေ။…

  • ဆူး

    March 26, 2012 at 11:07 am

    မနေ့ညကမှ ခရီးက ပြန်ရောက်လို့ အင်တာနက်မဖွင့်နိုင်တော့လို့ ပြန်ရောက်ရောက်ချင်း အလှူကိစ္စ ဘာထူးလဲ လက်တို့ပြီး သတင်းစုံစမ်းတဲ့ အခါ ဒီပိုစ်အကြောင်း တွင်တွင်ပြောကြလို့ သိချင်စိတ်ဖြစ်သွားမိပါတယ်။

    သေချာ သိချင်ရင်တော့ ပြောပြနိုင်ပါတယ်။ ဒီအလှူကို ပထမ စစချင်း ဆန္ဒရှိသူသည် မမ ဖြစ်ပါသည်။
    ဆူး နဲ့ မမ စကားပြောမိတဲ့ အခါ ယခု အလှူ ကိစ္စ ဖြစ်ပေါ်လာသည်။ အလှူခံပေးပြီး အလှူကို အကြောင်းပြုပြီး အားလုံး တပျော်တပါး ပျော်ပွဲစား ခရီးစဉ် အဖြစ် ဖန်တီးနိုင်အောင် အစီအစဉ် ရေးဆွဲခဲ့သည်။ မမ မှ နေ့လည် ထမင်းနှင့် သွားရေး လာရေး တာဝန်ယူပေးထားပါသည်။
    ဆူး နှင့် မမ တို့ နှစ်ယောက်ကတော့ အလှူ အတွက် နေ့နေ့ ညည ဘာလိုမလဲ တွေးတွေးမိနေရင်းမှ အလှူ အတွက် စေတနာတွေ တဖြေးဖြေး ပိုလာခဲ့ကာ.. အိတ်စိုက် ဖို့ အတွက် အတွေးတွေ တဖြေးဖြေး များပြားစွာ စဉ်းစားထားသည်များလည်း ရှိပါသေးသည်။

    ၁. အလှူ အတွက် အလှူငွေကောက်ခံတယ်။
    ၂. အလှူ ထွက်ချိန် သည် မနက်စောစော ၆နာရီလောက် စုရပ်ကို ရောက်ရှိရမည် ဖြစ်မည် ဖြစ်တဲ့ အတွက် မနက်စာ စားခဲ့ဖို့ ပြောပေမဲ့ မစားရသေးသူများ ဗိုက်မဆာအောင် အစားအသောက် တခုခု ကျွေးဖို့ (အိတ်စိုက် ကျွေးဖို့ စဉ်းစားထား)
    ၃. နေ့လည်စာ ထမင်းစားချိန် ဘုန်းကြီးကျောင်းမှာ ကျွေးပါမည်။ (အိတ်စိုက် ကျွေးဖို့ စဉ်းစားထား)
    ၄. ညနေ အပြန်နောက်ကျခဲ့လျှင် ထမင်းစားချိန် ရောက်ခဲ့သော် ခရီးလိုက်ပါသူများ ဗိုက်ဆာပြီး စိတ်မကြည်မလင် ဖြစ်မှာ ကြိုတွေးမိတဲ့ အတွက် ညစာ စားချိန် နီးကပ်သော် ညစာကျွေးဖို့ (အိတ်စိုက် ကျွေးဖို့ စဉ်းစားထား)
    ၅. အလှူသို့ ကားဖြင့် တူတူသွားကြမည် ဖြစ်ပြီး လိုက်ပါချင်သူများ ကားခ စရိတ် အတွက် စိတ်မညစ်စေရအောင် အခမဲ့ လိုက်နိုင်အောင် စီစဉ်ထားပါတယ်။

    လိုက်ပါသူ လူဦးရေ များလာတဲ့ အတွက် ကားကြီး ဈေးစုံစမ်းတဲ့ အခါ အဲကွန်း လေအိတ်ကားကြီး ၁နေ့တာ အတွက် ၄၅ယောက်စီးကို ရသိန်း မှ ၃သိန်းခွဲ အနည်းဆုံး ပြောနေကြပါတယ်။
    အလှူ အတွက် သောက်ရေ မုန့် အအေးနှင့် စားစရိတ်အမျိုးမျိုး ကို အကုန်ကျခံပေးမည့် မမ အတွက် ဝန်မပိုရလေအောင် ဆူး ရဲ့ စိတ်ကူးတခု အနေနှင့် ကားကြီး ငှားတဲ့ ကုန်ကျစရိတ်သက်သာအောင် စဉ်းစားထားတာ တခု ရှိပါတယ်။

    ကားများဖြင့် လိုက်ပါကူညီပေးနိုင်သူများ ဆက်သွယ်ပါလို့ ရိုးရှင်းစွာ ရေးထားပါတယ်။
    ကားဖြင့် လိုက်ပါ မောင်းနှင့်ဖို့ စေတနာ ရှိသူအဖို့
    ၁.ကားမောင်းရမယ်
    ၂.ကားပျက်မယ်
    ၃.ဆီဖိုးကုန်မယ်

    ကားမောင်းပြီး လူအပင်ပန်းမခံပါနှင့် ကားအပျက်လည်း မခံပါနှင့် ဆီဖိုးကျသင့်သလောက်သာ ခရီးစရိတ်လှူဖို့ အလှူခံထားပါတယ်။

    အကယ်၍သာ ကားစရိတ် တယောက်ကို ၁သောင်းခွဲကျပါတယ် ၂သောင်းကျပါတယ် ဆိုပြီး ကောက်ခဲ့လျှင်လည်း လိုက်ပါသူများ ထည့်ကြမှာ ဖြစ်ပါတယ်။
    ဆူး နှင့် မမ ၏ ကိုယ်ချင်းစာသော အတွေးဖြစ်ပါသည်။ သာမာန် လခစား ဝန်ထမ်းတယောက် အနေနှင့် အလှူကိုလှူဒါန်းခဲ့ပါသည် မိမိ ချွေးနင်းစာဖြင့် စားစရိတ် သောက်စရိတ်မှ ဖဲ့ကာ လှူဒါန်းခဲ့ပြီး အလှူ ကို လိုက်ပါချင်ခဲ့သော် ကားခ ဆိုတော့ အဆီးအတားသည် ထို လူပုဂ္ဂိုလ်တို့အား စောင့်ကြိုနေခဲ့သော် သူများတွေ တပျော်တပါး သွားနိုင်ပေမဲ့ ဒို့တော့ ကျန်ခဲ့တယ် ဆိုပြီး ဝမ်းနည်းကာ စိတမကောင်း မဖြစ်ရလေအောင်.. မည်သူကိုမှ ခရီးစရိတ် အတွက် စိတ်အနှောက်အယှက် မပေးပါဘူး။
    လွတ်လပ် ပေါ့ပါးစွာ လိုက်ပါနိုင်စေရန် စီစဉ်ထားပါတယ်။

    ဆင်ကြီး က သစ်လုံး ဆွဲနိုင်လို့ သစ်ဆွဲပါတယ်။
    မြင်း က လှည်းဆွဲနိုင်လို့ လှည်းဆွဲပါတယ်။

    ထို့ အတူ လူတွေလည်း ကိုယ့်ဝန် ကိုယ်အား ကိုယ် အသိဆုံးပါပဲ။
    မနိုင်တဲ့ လူတွေ မထမ်းရလေအောင် နိုင်လောက်တဲ့ လူသာ နိုင်သလောက် ထမ်းစေဖို့ ဆူး က တိုက်တွန်းပြီး ပျော်ရွင်ဖွယ် ကောင်းတဲ့ ခရီးစဉ် တခု ဖြစ်အောင် စီစဉ်နေပါတယ်။
    ကားခ အတွက် လုံးဝ စိတ်မပူကြပါနှင့် အားလုံးကို ထပ်လောင်းပြောချင်ပါတယ်။
    အလှူအတွက် အချိုရည်နှင့် အအေး လာလှူတဲ့ လူလည်း ရှိပါတယ်။ နောက်ထပ် လည်း ဘာလှူရမလဲ မေးတဲ့ လူတွေလည်း ရှိနေပါတယ်။ သေချာတာကတော့ အလှူရှင်များ အနေနှင့် မိမိတို့၏ ချွေးနင်းစာများကို မိမိတတ်နိုင်သလောက် စေတနာ ရှိသလောက် လှူဒါန်းမှု အားလုံးကိုလည်း ကြိုဆိုပါတယ်။ မိမိတို့ လှူဒါန်းထားသော ငွေကြေးများသည်လည်း ဆေးရုံသို့ တန်ဖိုးတိကျစွာ ရောက်ရှိမည် ဖြစ်ပြီး တခြား ကုန်ကျစရိတ်များ လှူဒါန်းငွေ ရှိခဲ့သော် ပိုလျှံခဲ့လျှင် ပိုငွေ အဖြစ် ဆေးရုံကိုသာ ထပ်မံ လှူဒါန်းမှာ ဖြစ်ပါတယ်။

    မရှိလို့ မလှူ…. မလှူလို့ မရှိ။ မဟုတ်တော့ပါဘူး..
    မလုပ်လျှင် မဖြစ်.. လုပ်ရင်တော့ ဖြစ်ရပါမည်။

    ပြိုင်တူ တွန်းရင် ရွေ့ပါတယ်။
    တဖက်တည်းက ပြိုင်တူ တွန်းတာများခဲ့လျှင် ဆန့်ကျင်ဖက်မှ လာပြိုင်တွန်းသူ သည် လည်းလွယ်ကူစွာ ပျောက်ကွယ်သွားနိုင်သည်။

    ဆူး နှင့် မမ တို့၏ သီတဂူ သုမေဓာ ဆေးရုံ ဆေးဝါး ဒါန အလှူ အတွက် စိတ်အား ထက်သန်စွာဖြင့် အလှူကို ပါဝင်နိုင်ကြပါစေသောဝ်။
    အလှူပါဝင်ချင်သူများကိုလည်း ဒီနေရာမှနေပြီး ဖိတ်ခေါ်ပါတယ်။ အနည်းအများ ပမာဏသည် အဓိက မကျပါဘူး။ စေတနာသည်သာလျှင် အဓိက ဖြစ်ပါတယ်။

  • minn zaw

    March 26, 2012 at 10:57 pm

    မဆူးရေ အဲဒါဆို ရေသန့် အတွက်ကျွန်တော် တာဝန်ယူလိုက်ပြီနော်။

    ခရီးစရိတ် (အနည်းဆုံး ၁၀၀၀ဝ )ကိုတော့ သင်္ကြန် ပြီး ရန်ကုန် ပြန်ရောက်

    မှပဲ လာလှူ တော့ မယ်နော်။ March 28 မှာ ကျွန်တော် စစ်ကိုင်း ပြန်ရ အမှာ

    မို့ပါ။ MG ရွာသူား အားလုံး အတာသင်္ကြန်မှာ ဘေးအန္တရာယ် ကင်းစွာဖြင့်

    ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။

    • Mလုလင်

      March 26, 2012 at 11:01 pm

      ကို မင်းဇော် ရေ … အလှူငွေတုန်းက ကျွန်တော် လာယူမလို့ဟာ … လမ်းမသင့်တာနဲ့ နောက်တစ်ရက် မှသွားယူမယ် မှန်းတာ …. အဲ့နေ့ မနက် အန်တီ မမ က သွားမယူနဲ့တော့ ရပြီးပြီ ဆိုလို့ … 🙂 သာဓုပါဗျာ … သာဓု…သာဓု ..

    • ဆူး

      March 27, 2012 at 9:07 am

      ကိုမင်းဇော် ရေ.. သောက်ရေ အတွက် မပူအပင်ပဲ တာဝန် အပြီး လွဲထားလိုက်တော့မယ်နော်။
      အနားနီးလို့ စုရပ် ကြေညာပေးပါမယ်။

      အဆင်ပြေချောမွေ့တဲ့ ခရီးစဉ် ဖြစ်ပါစေ။

  • minn zaw

    March 28, 2012 at 7:41 am

    ဟုတ်ကဲ့ Mလုလင် ရေ။ အကိုနဲ့ ကျွန်တော် မဆုံဖြစ်လိုက်ဘူးဗျာ။

    ကျွန်တော်ကလဲ ဟိုဆို ဒီရောက်တဲ့ကောင်ဆိုတော့ လမ်းကြုံတုန်း

    မဆူး ဆီ ဝင်လှူလိုက်ယ်ဗျာ။ Mလုင် လဲ အလုပ်ရှုပ် သက်သာ အောင်ပေါ့။

    မဆူး ရေသန့်ကိစ္စ ကို လုံးဝ မပူပါနဲ့ ။ ကျွန်တော်တာဝန်ယူပါတယ်။

    နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

    • MaMa

      March 28, 2012 at 9:14 am

      ပထမ ရေသန့်အလှူရှင်ထံမှလည်း မင်းဇော်ထံမှ ရေလှူလျှင် သူ့အလှူငွေကို လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ကြောင်း ပြောလာပါသည်။
      စိတ်ထားပြည့်ဝစွာဖြင့် ဝိုင်းဝန်းကြသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။ 🙂

    • ကြောင်ကြီး

      March 28, 2012 at 10:01 am

      သင်္ကြန်မှာ ရွာသူားတွေ ရေပက်ဖို့ ရေသန့်ဗူးကြီးတွေ တာဝန်ယူပေး မလားဟင်…။ ရိုးရိုးရေနဲ့ ပက်ချင်ဂျဘူးတဲ့… ကူညီပါဂျာ…။

      • ဆူး

        March 28, 2012 at 1:49 pm

        မနောက်ပါနဲ့ အောင်ကြူးရတယ်.. အလှူမှာ များများ ထည့်ဖို့သာ စဉ်းစားပါ.. 😀

  • ကိုပေါက်ထံတွင် မန်းလေးမြို့နှင့်အနီးတစ်ဝိုက်မှ သူများ၏ကောင်းမူ့
    ကျပ်နှစ်သိန်းတစ်သောင်းငါးထောင်တိတိလက်ခံရပြီးဖြစ်ပါကြောင်း
    မောင်းခတ်အပ်ပါသည်ခင်ဗျား။

  • zaw min

    April 4, 2012 at 12:12 am

    ဆူးရေ…မနက်ဖန် ငွေလွှဲစရာရှိလို့ အလှူအတွက် ငွေလွှဲပို့ချင်ပါတယ်…ဒါကြောင့် လာရောက်ထုတ်ယူမဲ့သူရဲ့ မပုတင် နံပါတ်နဲ့နံမည်လေးကို ကျနော်ရဲ့ မေးလ်ပို့ထားပေးပါဗျာ…ငွေလွှဲပြီးရင် ထုတ်ယူရမယ့် လိပ်စာကို မေးလ်ထဲပြန်ပို့ပေးထားပါ့မယ်။
    ဒီအစီအစဉ်မှာ ကိုယ်တိုင်မလိုက်နိုင်သေး တဲ့အတွက်ဝမ်းနည်းမိပါတယ်၊နောက် အစီအစဉ်တွေမှာ တိုက်ဆိုင်ရင်တော့လိုက်နိုင်မှာပါ။အလွန်နွေးထွေးပြီးပျော်စရာကောင်းမယ့် ခရီးစဉ်ပါပဲဗျာ…

    • ဆူး

      April 4, 2012 at 5:43 pm

      အီးမေး ပြန်ပို့ထားပါတယ် ဆရာရေ..
      အဆင်ပြေမယ် ထင်ပါတယ်နော်။
      ဆူး ဆီမှာ ဒီနေ့ မနက်တပိုင်းလုံး မီးကလည်းပျက် အင်တာနက် ပျက်နေလို့ ဖြေကြားချက် နှောင့်နှေးသွားခြင်းကို စိတ်မရှိပါနဲ့နော်။

  • MaMa

    April 4, 2012 at 9:52 am

    ကိုဇော်မင်းရေ-
    ခုရက်ထဲမှာ မီးပျက်တာရော ကွန်မကောင်းတာရောကြောင့်
    ဆူးလည်း ကိုဇော်မင်း မေးထားတာကို မသိသေးဘူးထင်ပါတယ်။
    ကိုဇော်မင်းရဲ့ ဖုံးနံပါတ်လည်း မသိလို့ ပြန်ဆက်မပေးနိုင်တာမို့…
    ဖြစ်နိုင်ရင် ပေးထားတဲ့ ဖုံးနံပါတ်တွေကို ဆက်သွယ်ပေးစေချင်ပါတယ်။

  • weiwei

    April 4, 2012 at 10:55 am

    ဒီနေ့မနက်မှာပဲ ရွာထဲက စာဖတ်သူစာရေးသူ မဟုတ်ပဲနဲ့ အပြင်ကနေ သတင်းကြားပြီး လှူချင်စိတ်နဲ့ လာလှူတဲ့ အလှူငွေကို လက်ခံရရှိခဲ့တာမို့လို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ် …
    ဦးကျော်ညွှန့် + ဒေါ်ယဉ်ယဉ်မြင့်မှ အလှူငွေ သုံးသောင်းကျပ် လှူဒါန်းသွားပါတယ် …
    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုရင်း ……

  • ဆူး

    April 4, 2012 at 5:46 pm

    ကူညီပေးတဲ့ မဝေ ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
    ဆူး ဆီမှာ အင်တာနက် ပျက်ခဲ့လျှင် မဝေ ကဲ့သို့ တယောက် မဟုတ် တယောက် ကို အကူအညီတောင်းပြီး တင်ပေးမှာ ဖြစ်ပါတယ်။
    အလှူငွေ စာရင်းတက်တာနဲ့ မကြာမှီ ဖိုရမ်မှာ မြင်နိုင်စေရန် ကြိုးစားနေပါတယ်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 6, 2012 at 6:55 pm

    ထပ်သွားမှာလားတီဆူး……..
    ဂျွန်လောက်မှသွားရင်လိုက်တယ်…..
    ခုတော့လှူပဲလှူလိုက်ပါ့မယ်……

    • ဆူး

      April 7, 2012 at 5:10 pm

      ရက်တော့ မရွေ့နိုင်တော့ပါဘူးကွယ်။
      အများကြီး စီစဉ်ပြီးသားဖြစ်နေပြီမို့.. နောက်များ အလှူမှသာ ကြုံကြိုက်ရင် လိုက်ခဲ့နော်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 6, 2012 at 7:09 pm

    တီဆူးရေသင်္ကြန်မတိုင်ခင်ပို့ပေးမယ်နော်……
    ဒီရက်ပိုင်ကျွန်တော်တို့မြို့ကဘဏ်လေးပိတ်ထားတယ်…….
    ဘဏ်ကတစ်ခုပဲရှိတယ်…ပို့မယ့်နေ့ကျမှဖုန်းဆက်လိုက်မယ်နော.်

    • ဆူး

      April 7, 2012 at 5:17 pm

      ဘဏ်နာမည် ဘာလဲဟင်.. ပြောပြပေးထားအုန်း။ ဒီက ငွေလွဲ ထုတ်တဲ့ မြို့နယ် ပြောပေးမယ်။
      ဖုန်းဆက်လိုက်နော်။

    • ဆူး

      April 8, 2012 at 5:11 pm

      အလှူရှင် များ အားလုံးကို ကြိုဆိုပါတယ်။ လိုက်ပါချင်သူတွေကိုလည်း ကြိုဆိုပါတယ်။

  • ဆူး

    April 8, 2012 at 5:14 pm

    လိုက်ပါ ချင်သူများ ကား ငှားတာ အဆင်ပြေတယ်။ ကား ကိစ္စ စိတ်အေးရပြီ ဖြစ်ပါသည်။
    သင်္ကြန်ပြီးမှ အချက်အလက်လေးတွေကို သေချာ ထုတ်ပြန်ပါမည်။

  • ဆူး

    April 8, 2012 at 6:33 pm

    ကိုဇော်မင်းရေ.. အလှူငွေ စာရင်းတက်နေပြီနော်။
    သဂျီး ဆာဗာ အရမ်းမလေး ရလေအောင် Edit နဲ့ အောက်ဆုံး တခုမှာ ပြင်ထားတာမို့… သတိမထားမိမှာ စိုးလို့ သတင်းပေးတာနော်။

  • ရွာစားကျော်

    April 8, 2012 at 10:08 pm

    ၈-၄-၂၀၁၂ မှာ ကျရောက်တဲ့ သားတော်မောင်လေးရဲ့ သုံးနှစ်ပြည့် မွေနေ့အလှူ အဖြစ် မန္တလေးဂေဇတ်က သီတဂူ သုမေဓာ ဆေးရုံကြီးဆောက်လုပ်ရေးအတွက် မေလ (၁)ရက်နေ့မှာ စုပေါင်းအလှူလုပ်မယ့်ပွဲမှာ ကုသိုလ်ပါဝင်ခဲ့ပါတယ်။
    သားလေး နောင်နှစ်ပေါင်းများစွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ဆန္ဒနှင့်ဘဝထပ်တူကျပါစေလို့ ဆုမွန်ကောင်းပေးလိုက်ပါတယ်ကွယ်..

  • ရွာစားကျော်ရေ
    လူကြုံနဲ့တကူးတကပါးလို်က်တဲ့အလှူငွေလေးစာရင်းဝင်သွားပါပြီခင်ဗျား။
    ကိုရွာစားရဲ့သားတော်မောင်လေး ဘဝလမ်းခရီးမှာ ” တ”စရာမလိုအောင်ပြည့်စုံသော
    လူငယ်လေးတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်ခင်ဗျာ.း

    ပေါက်ပေပု (မန္တလေး)

  • ဆူး

    April 9, 2012 at 10:31 am

    ကိုရွာစားကျော် ရဲ့ ချစ်လှစွာသော သားတော်လေး လည်း ကျန်းမာ သက်ရှည် ပညာစွမ်းထက် ဉာဏ်ရည်ထက် ပြုံးရွင်ပျော်မြူး မိဘကျေးဇူးသိတတ်တဲ့ သားကောင်း ရတနာ ဖြစ်ပါစေ။

    ရွာသားကျော် တို့ မိသားစုဝင်တွေ အားလုံး ဆန္ဒနဲ့ ဘဝ တထပ်တည်း ကျပါစေ။
    ဆုမွန်တောင်းလျှက်
    ဆူး

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 9, 2012 at 2:37 pm

    မဆူးရေ….. လေးပေါက်ကို 9.4.2012 နေ့မှာလွှဲပေးထားတယ်နော့်…….
    ဖက်စ်နဲ့လွှဲတော့မီးလာပါစေလို့ဆုတောင်းနေတာပဲ…….
    လွှဲပြီးပြီနော်…. လေးပေါက်ကမနက်ဖြန်သွားထုတ်မယ်တဲ့……
    မောင်ရှမ်းတို့လဲ…. ခရီးစဉ်ကမသေချာသေးဘူး…… မေဒေးကိုမှီမယ်ထင်တယ်….
    ခရီးစဉ်ကိုတိတိကျကျမိခင်နဲ့ဖခင်တို့ဆွဲနေတယ်…….
    မှီရင်တော့လာမယ်နော့…… မမှီရင်လည်းနောက်တစ်နှစ်ပေါ့……
    လေးပေါက်ရေ….လွှဲလိုက်ပြီနော့်……. ဖုန်းကိုတော့ပြန်မဆက်နဲ့အိမ်ကဖုန်းနဲ့ဆက်လိုက်တာမဟုတ်ဘူးဗျ.
    သူငယ်ချင်းဖုန်းနဲ့သွားဆက်တာ….အိမ်ကဖုန်းကမိုးဒဏ်ကြောင့်တိုင်လဲပြီးပျက်နေတယ်…….
    နောက်နေ့ပြန်ဆက်ပါ့မယ်ငွေထုတ်လို့ရရင်အကြောင်းပြန်နိုင်ဖို့……

    • ဆူး

      April 9, 2012 at 4:18 pm

      အလှူငွေကိုလည်း ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ်။
      အလှူငွေ စာရင်းကိုတော့ ဖိုရမ်မှာ လေးပေါက် စာရင်းမှာ တိုးပေးပါလိမ့်မယ်နော်။

  • ရွာစားကျော်

    April 9, 2012 at 3:38 pm

    ကျနော့် သားတော်မောင်အတွက် အမှတ်တရ ဆုတောင်းပေးတဲ့ လေးပေါက်နဲ့ မဆူးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..
    ပေးတဲ့ဆုတွေနဲ့လည်း ပြည့်ပါရစေဗျားးး
    အလှူကိုလည်းလိုက်ချင်သေးတယ်.. အမျိုးသမီးကိုရော သားကိုရောခေါ်ခဲ့မလား စိတ်ကူးနေတာ..
    နှစ်ယောက်စလုံးက ဝန်ထမ်းတွေဆိုတော့ ခွင့်ကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ စဉ်းစားနေရလို့..

    • ဆူး

      April 9, 2012 at 4:22 pm

      ကိုရွာစားကျော် နဲ့ မိန်းမ ပါ လိုက်ချင်လည်း စီစဉ်ပေးပါမယ်နော်။
      ကြိုးစားပါ။ ပျော်ရွင်တဲ့ ခရီးစဉ် ဖြစ်မှာပါ။

  • etone

    April 9, 2012 at 4:21 pm

    အစ်မဆူးရေ … အဲ့ဒီနေ့ ပြန်ရောက်မယ့် အချိန်က …ခုနှစ်နာရီလောက်ဖြစ်မယ်ဆိုတော့ …. လိုက်ဖြစ်မယ် မထင်တော့ဘူး …6နာရီ ဝန်းကျင်လောက်ပြန်ရောက်လျှင်တောင် ညှိပြီးလိုက်ဦးမလို့ …. အဲ့ထက်ပိုနောက်ကျမယ်ဆိုတော့ … မလိုက်ဖြစ်တော့ဘူးထင်တယ် … ။ ညနေပိုင်း အလုပ်ရှိသေးတာကြောင့်လေ … ၊ ချိန်းထားတာတွေလည်း … နောက်ကျကုန်မှာမို့ပါ …. ။ နောက်မှ သူများတွေ ရိုက်ထားတဲ့ပုံတွေ ကြည့်ပြီးပဲ သာဓုခေါ်တော့မယ်နော်…. ။ 🙂

    • ဆူး

      April 9, 2012 at 4:30 pm

      ဆူး တို့ နောက်ကျရင် ညစာကျွေးဖို့ပါ စီစဉ်နေတဲ့ အတွက် ရန်ကုန် အဝင် ည၆နာရီ ကျော်မှာ သေချာ သလောက်ရှိပါတယ်။
      ၆နာရီ နဲ့ ရနာရီ ၁နာရီပဲ ကွာတာမို့ အဆင်ပြေအောင် ညှိကြည့်လိုက်ပေါ့။
      ညှိလို့ ခက်မယ်ဆိုရင်တော့ ညီမ အဆင်ပြေသလိုသာ လုပ်ပါရပါတယ်။
      ခရီးစဉ် အတွက်တော့ ဓါတ်ပုံဆရာတွေ ပါမှာမို့ စိတ်ချ လက်ချ ကို စောင့်နေပါ သေချာပေါက် လှလှပပ မြင်ရပါလိမ့်မယ်။

  • weiwei

    April 9, 2012 at 7:37 pm

    ကား သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး သွားနိုင်မယ့် ခရီးစဉ်လေးပါ ….
    ပျော်စရာ တခြား အစီအစဉ်လေးတွေလဲပါအုန်းမှာမို့ ဖြစ်နိုင်ရင် အတူလိုက်ပါစေချင်ပါတယ် …

  • zaw min

    April 9, 2012 at 11:21 pm

    ဟုတ်ကဲ့..ဆူးမမရေ…စရင်းကိုတွေ့ပါတယ်ခင်ဗျာ..အများအတွက်ကုသိုလ်ရအောင် ဆောင်ရွက်ကြတဲ့သူတွေအားကို သာဓု ခေါ်ပါတယ်ဗျာ…ဒီတစ်ခါတော့ အလှူငွေနဲ့ပဲ ဖြေသိမ့်လိုက်ပါတယ်…အကြောင်းတိုက်ဆိုင်လို့ ကြုံအုံးမယ်ဆိုရင်တော့ နောက်ဆက်တွဲ အလှူများမှာကိုယ်တိုင်ပါဝင်ဆင်နွဲနိုင်ပါစေလို့ ဆုတောင်းထားပါတယ်ဗျာ…။

  • MaMa

    April 10, 2012 at 7:32 am

    ***၈-၄-၂၀၁၂ မှာ ကျရောက်တဲ့ သားတော်မောင်လေးရဲ့ သုံးနှစ်ပြည့် မွေနေ့အလှူအဖြစ်
    ပါဝင်လှူဒါန်းတဲ့ ရွာစားကျော်၊ မဒမ်ရွာစားကျော်၊ ဂျူနီယာရွာစားကျော် မိသားစုများ အားလုံး
    အနာမဲ့သူ သျှင်ပါကူ ကဲ့သို့ ဘဝတစ်လျှောက်လုံး ဘေးရောဂါ အနာကင်း၍
    စိတ်ရော ကိုယ်ပါ ချမ်းသာစွာဖြင့် ကောင်းကျိုးမင်္ဂလာ အဖြာဖြာ ပြည့်စုံနိုင်ပါစေကြောင်း……….. ဆုတောင်းမေတ္တာပို့သပါတယ်။
    မိသားစုများအားလုံး အလှူမှာ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလှူဒါန်းနိုင်ကြဖို့လည်း မျှော်လင့်ပါတယ်။

    **** အားတက်သရော အလှူငွေထည့်ဝင်လှူဒါန်းတဲ့ မောင်ရှမ်းကိုလည်း ကျေးဇူးတင်ပါတယ်။
    မေဒေးအမှီ ခရီးစဉ်လည်း ဆွဲနိုင်ပါစေ။

    ***အီတုန်းရေ-
    ခရီးစဉ်အတွက် အချိန်တွက်ကြည့်လိုက်တော့
    ရန်ကုန်ကို ညနေ ၆နာရီအရောက် ပြန်ဝင်ဖို့ဆိုရင် လောနေရမှာ စိုးတာရယ်၊ နယ်ဝေးသမားတွေ (ရန်ကုန်က မဟုတ်တဲ့သူတွေ) အတွက် ပြန်ရောက်မှ ညစာအတွက် စီစဉ်ရရင် အဆင်မပြေမှာစိုးလို့ပါ။

    ***-
    zaw mina&ဒီတခါတော့ အလှူငွေနဲ့ပဲ ဖြေသိမ့်လိုက်ရပေမယ့်…
    နောက်လာမည့် ရွာအလှူတွေမှာတော့
    ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲနိုင်ပါစေလို့ ကျမတို့တတွေကလည်း ဝိုင်းဝန်းဆုတောင်းပေးပါတယ်။
    ကျေးရွာလူထု ကျန်းမာရေးအတွက် အားဖြည့်လှူဒါန်းပေးတဲ့အတွက်
    တူသောအကျိုးကိုလည်း ရရှိခံစားနိုင်ပါစေ။

  • ဆူး

    April 15, 2012 at 8:00 pm

    သင်္ကြန်တွင်းမှာ အလှူ အတွက် ဖုန်းဆက်စုံစမ်းထားတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
    သင်္ကြန်ပြီးမှ အလှူငွေ ပြန်လည် လက်ခံမှာ ဖြစ်ပါတယ်။

    သင်္ကြန်ပြီးမှ ဆက်လက် လှုပ်ရှားကြမယ်။

  • ဆူး

    April 19, 2012 at 2:45 pm

    အလှူ အတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းတခု ရှိပါတယ်။

    ဘဝတပါးပြောင်းသွားသော ဖခင်ကြီး ဦးစိန်ဝမ် အား ရည်မှန်းပြီး ဆေးရုံ အတွက် ဝှီးချဲ ဘီးတပ် ကုလားထိုင် တခု အလှူခံရထားပါတယ်။

    ကာလတန်ဖိုး သေချာ မသိပေမဲ့ မကျန်းမာတဲ့ လူတွေ သက်တောင့် သက်သာ ဖြစ်စေဖို့ အတွက် အကျိုးများတဲ့ ပစ္စည်းတခု ဆိုတာ သေချာပါတယ်။

    အားလုံး ဝမ်းသာ စေဖို့ အတွက် အသိပေးပါတယ်။

    ဘဝတပါးပြောင်းသွားသော ဖခင်ကြီး ဦးစိန်ဝမ် လည်း သူ့အပိုင် ပစ္စည်းကို လှူတာ သိရှိပြီး ရောက်ရာ ဘုံဘဝမှနေပြီး အလှူကို သိရှိပြီး သာဓု ခေါ်ဆိုနိုင်ပါစေ။

  • ဆူး

    April 20, 2012 at 5:53 pm

    အရီးလတ်က အလှူ ငွေ လာ လှူသွားပါတယ်။
    အရီးလတ် မြန်မာပြည် ပြန်ရောက်တဲ့ အချိန် တိုတောင်းတဲ့ အတွက် ရွာသူ ရွာသားများကို တွေ့ဆုံပြီး မိတ်ဆက်ချင်ပေမဲ့ ပြည်တော် ပြန်ရောက်လာတဲ့ အချိန်အတွင်းမှာ တခြား ကိစ္စ များ ရှိသေးတဲ့ အတွက် ကိုယ်တိုင် မနှုတ်ဆက်နိုင်တဲ့ အကြောင်း အားလုံးကို သတိရ လွမ်းဆွတ်ပြီး သတိရနေကြောင်း တွေ့ချင်နေတယ် ဆိုတဲ့ အကြောင်း သတင်းထုတ်ပြန်ခိုင်းထားပါတယ်။

    အရီးလတ် ကိုယ်စား ပြောခိုင်းတာ ဖြစ်ပါတယ်။

    • kai

      April 21, 2012 at 1:28 am

      အရီးလတ်ကို..နှုတ်ဆက်ကြောင်းလေး အဆင်ပြေရင်ပြောပေးပါနော..။
      ကျုပ်လည်း.. ခုတလော လူကောင်သာကိုယ်တိုင်မရောက်တာ….
      အဲဒီမှာချည်း…

    • ကြောင်ကြီး

      April 21, 2012 at 9:02 am

      အရီးလတ်သမီးရော မပါဘူးလား…။ ကြောင်ကြီးဗူးဂျင်လို့…။ 😳

      • ဆူး

        April 21, 2012 at 9:51 am

        အရီးလတ် က သူ့ ခင်ပွန်း နဲ့ တူတူ လာတာ..

        • akswe

          April 25, 2012 at 5:51 am

          အရီးလတ်…
          မုန့်ဝယ်ခဲ့ ….မပါရင် မခေါ်တော့ဘူး… 🙂

        • ဆူး

          April 25, 2012 at 5:38 pm

          အရီးလတ် ယပ်တောင် လက်ဆောင်ပါတယ်။

Leave a Reply