ကျေနပ်တယ်
လက်တွဲခဲ့လည်းမာယားတွေမှန်း
သိရက်နဲ့ပဲ ငါပျော်ရွှင်နေခဲ့တယ်
ကမာ္ဘကြီးပေါ်မှာ
အမိုက်မဲဆုံးသူလို့ ဆိုစေဦးတော့
အချစ်အတွက်အသက်ကိုစွန့်ရဲတယ်
နောက်ဆုံး
မင်းပျော်ရွှင်ဖို့အတွက်
ငါ့ကိုအသုံးချသွားလည်း
ငါကျေနပ်တယ်
ဒါပေမယ့်
ချစ်တာအပြစ်ဆိုပြီး
နှလုံးသားကိုခုံရုံးတင်စစ်ဆေး
သက်သေအခိုင်အလုံနဲ့စွဲချက်တင်
ပုဒ်မ 1500 အရ
ပြစ်ဒဏ်ချမှတ်လို့
ချစ်ခြင်းဆိုတဲ့အမှု့နဲ့
အမုန်းထောင်ထဲ
တစ်သက်တစ်ကျွန်းကျပြီး
တစ်ဖက်သက်နဲ့
အလွမ်းရက်တွေရှည်ခဲ့လည်း
`ငါကျေနပ်ပါတယ်´ချစ်သူရယ်။………
လမင်း
5 comments
lulinmg
March 11, 2012 at 4:13 pm
2000 အလွမ်းပြေပေ့ါ
ဂဂျီဂဂျောင် ပျိုတို့မောင်
March 11, 2012 at 6:18 pm
လောကဓံကိုစိန်ခေါ်၊ ကိုယ်တိုင်ပုံဖော်တဲ့ စိတ်ကူးနဲ့
ရူးရူးမူးမူး ကူးခတ်၊ ယုံကြည်တဲ့ အနာဂတ်ဆီ
တစ်နေ့မှာ၊ ကမ်းကပ်မယ်ပေါ့။။
မျှော်လင့်ချက်တွေ သိဒ္ဓိတင်ဖို့
ဘဝကိုရင်ခွဲကြည့်မိတယ်
ဟောဒီကမ္ဘာမှာ သစ္စာတရားသေသွားတာ ကြာပြီပဲ။။
တစ်လှမ်းပြီးတစ်လှမ်းနဲ့ ရည်မှန်းရာဆီလှမ်းအကွေ့
“ပုဂံ” ဘယ်ကို ရွေ့သွားပါလိမ့်ကွယ်။။
တော်ပါပြီကွယ်…
အယောင်ဆောင် တန်ဖိုးတွေကိုဘေးဖယ်၊
ပကတိရိုးသားမှုကို ဖက်တွယ်ရင်း၊
ဟိုး..ခပ်ဝေးဝေးမှာ၊ ရေသေအိုင်အဖြစ်နဲ့ပဲ
ငါအနည်ထိုင်တော့မယ်။။။
snow white
March 12, 2012 at 1:53 pm
ကဗျာလေးကိုကူးသွားပါတယ် ညီမနဲ့လည်းတိုက်ဆိုင်လို့ သူကိုလည်းဒီကဗျာလေးပို့ပေးလိုက်ပါတယ်
windtalker
March 12, 2012 at 2:22 pm
အခုထိ ရောက်မလာသေးဘူး ညလေး ရယ်
သေချာ ပြန်ကြည့်ပေးပါဦးနော် ။ ဟီဟိ
ကိုလု ရေ ၊ အားပေးသွားပါတယ် ခင်ဗျ
etone
March 12, 2012 at 4:30 pm
လုပ်ရက်သူနဲ့
ဖြည့်ဆည်းသူ
အလိုမကျ
မမျှတလည်း
ကံစီမံရာ
ဆုံရတာမို့
ပန်ချင်လည်းပန်
ချိုးချင်လည်း
ဘဝသက်ဆုံး
ပေးဆပ်ဦးမည်
ရင်တွေကွဲလို့
ကျွမ်းပါစေ 😥