နွေအကြိုနေ့ရဲ့ နံနက်ခင်းမှာ ဖူးပွင့်တဲ့ပန်းများ အဲ့ဒီ့ရနံ့မဲ့ပန်းပွင့်များဟာ ရာသီဦးမှာပဲလွင့်ကြွေ လှပမှု့မရှိတဲ့ပန်းပွင့် အဲ့ဒီ့ပန်းပွင့်တွေကို နမ်းရှိုက်ရင်းအလွမ်းတွေ ဖူးပွင့်ခဲ့တဲ့နွေရာသီရယ် နှစ်နှစ်ခြိုက်ခြိုက်ကိုပဲ လွမ်းမိပါတယ်… ပြီးတော့….. ခြောက်သွေ့တဲ့ရာသီအတွက် ခမ်းခြောက်ခဲ့တဲ့အချစ် အားလုံးကိုပြန်စဉ်းစားမိရင် အတည်တကျမရှိတော့တဲ့ အဖြစ်အပျက်တွေနဲ့ တလွဲတလျော်ဖြစ်လို့ အချစ်တွေအဓိပါယ်မဲ့ခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ…… သက်ခြွေသူ