မင်းအတွက်

lulinmgApril 5, 20121min8914

ငါ့   ကဗျာဟာ

ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်

ငါပထမဆုံးပန်ပေးမိမှာ   မင်းပဲ…

င့ါ   နှလုံးသားဟာ

အရုုပ်တစ်ရုပ်ဖြစ်ခဲ့ရင်

ငါပထမဆုံးဆော့စေမှာမင်းပဲ…

ငါ့   မျက်ရည်ဟာ

ပုလဲတစ်လုံးဖြစ်ခဲ့ရင်

ငါပထမဆုံးဆင်ပေးမိမှာမင်းပဲ…

င့ါ   အသွေးဟာ

စမ်းရေဖြစ်ခဲ့ရင်

ငါပထမဆုံးသောက်စေမှာမင်းပဲ…

င့ါ   ဘဝဟာ

ပန်းခင်းလမ်းဖြစ်ခဲ့ရင်

ငါပထမဆုံးလျှောက်စေမှာမင်းပဲ…

င့ါ   အပြုံးဟာ

အလင်းရောင်ဖြစ်ခဲ့ရင်

မင်းအတွက်မှောင်မိုက်ညဆိုတာမရှိစေရဘူး…

လရိပ်

14 comments

  • lulinmg

    April 5, 2012 at 12:56 pm

    ချစ်သူတွေအတွက်ပေါ့

  • Mon Kit

    April 5, 2012 at 1:15 pm

    အဲဒီ ရည်ညွှန်းတဲ့ “မင်း” ဆိုတာ ဘူလေးလဲဟင်……:)

  • lulinmg

    April 5, 2012 at 1:37 pm

    ချစ်သူပေါ့ ချစ်သူပါဆိုနေ

  • Mon Kit

    April 5, 2012 at 1:45 pm

    အော် ကဲ!!!!! ချစ်သူမှန်းတော့ သိသားဘဲ…. 😛

  • Khaing Khaing

    April 5, 2012 at 1:52 pm

    ငါ့ မျက်ရည်ဟာ
    ပုလဲတစ်လုံးဖြစ်ခဲ့ရင်
    ငါပထမဆုံးဆင်ပေးမိမှာမင်းပဲ…
    (စိန်လောက်မှ လိုချင်တာ)
    င့ါ အသွေးဟာ
    စမ်းရေဖြစ်ခဲ့ရင်
    ငါပထမဆုံးသောက်စေမှာမင်းပဲ…
    (မသောက်ပါရစေနဲ့ချင် ငှက်ဖျားဖြစ်မှာစိုးလို့ပါ)
    င့ါ ဘဝဟာ
    ပန်းခင်းလမ်းဖြစ်ခဲ့ရင်
    ငါပထမဆုံးလျှောက်စေမှာမင်းပဲ…
    (ကွန်ကရစ်လမ်း ဆိုရင်တော့ ရှောင်တယ်နော် ကားတာရာပွန်းမှာစိုးလို့)
    င့ါ အပြုံးဟာ
    အလင်းရောင်ဖြစ်ခဲ့ရင်
    မင်းအတွက်မှောင်မိုက်ညဆိုတာမရှိစေရဘူး…
    (အဲဒါကို အကြိုက်ဆုံးပဲ အခုမီးတွေပျက်နေတယ် ညဘက်ကျအိမ်မှာလာပြုံးပေးပါလားဟင်)

    ခင်လို့နောက်တာ စိတ်ဆိုးလည်း တတ်နိုင်ဘူး ………

  • kaung kin pyar

    April 5, 2012 at 3:06 pm

    ဟို သွားတိုက်ဆေးကြော်ငြာထဲကလို ကြောက်စရာကြီးဖြစ်နေမှာပေ့ါ မခိုင်ရဲ့….။

  • a me

    April 5, 2012 at 5:41 pm

    မကြောပါနဲ့ ကောင်းကင်ပြာရယ် ဘာမှ မဖြစ်ပါဘူး သူတို့လည်း မတိုက်နိုင်တော့ပါဘူး အဲ့ဒီသွားတိုက်ဆေးကို ……….တော်တော် ဆိုးတယ် အနံ့ရော အရသာကော

  • Gipsy

    April 5, 2012 at 5:42 pm

    မေတ္တာမစစ်

    အချစ်သစ်ကို

    ရှာဖွေသတ္တိ

    ဒို့မရှိ၍

    တွယ်ငြိရပြီ

    ရင်မှာဝေဒနာ

    မဖြေသာဘူး

    ချစ်ဦးသူရယ်…….

    (Moe Nge Lay)

  • ချာလီဂဇက်ဒလဝမ်

    April 5, 2012 at 7:04 pm

    မင်းကိုလွမ်းကြောင်း

    စာလုံးပေါင်းကာ

    မိုးကောင်းကင်မှာ

    ချိတ်ဆွဲထားတယ်

    လသာသောခါ

    မော့၍ကြည့်ပါ။

    Moe Nge Lay

    • MaMa

      April 5, 2012 at 10:55 pm

      စာလုံးပေါင်းတော့ မမှားစေနဲ့ပေ့ါနော်။ :mrgreen:

  • kaung kg16

    April 5, 2012 at 10:36 pm

    မင်းသိချင်ရင်မေးကြည့်ပေါ့ကွာ………..သူတောင်ခံစားချက်နဲ့ရေးထားတာ.

  • etone

    April 6, 2012 at 10:46 am

    ငါ့ အကျင့်က
    အရက်သမားတစ်ယောက်ဖြစ်လျှင်
    အရက်ဖိုးရဖို့ ဈေးရောင်းကျွေးရမှာ မင်းပဲ …. 😎

    ငါ့ စရိုက်က
    ခါးပိုက်နှိုက်တစ်ယောက်ဖြစ်လျှင်
    အာမခံရဖို့ စခန်းလိုက်ခဲ့ရမှာ မင်းပဲ … 😉

    ငါ့ ဝါသနာက
    ဖဲသမား ဖြစ်လျှင်
    ဖဲရုံးလို့ နားကပ်ချွတ်ပေးရမှာ မင်းပဲ 😳

    ငါ့ အချိုးက
    တေလေဂျပိုးလို ကြာကူလီဖြစ်လျှင်
    ရင်တမမနဲ့ မယားကြီးနေရာ “တ” ရမှာ မင်းပဲ … ။ :mrgreen:

    (ပျော်စေချင်လို့ စလိုက်ပါတယ်နော် … မှားတာရှိလျှင် ဝန္ဒာမိပါ ဟီး 😆 )

  • jujuma

    April 6, 2012 at 11:09 am

    ဟမလေး အိတုံလေး ရယ်…
    ကြီးလိုက်တဲ့ ရာထူးတွေပါကလား …
    ကြောက်ချာကြီး ….

  • snow htet

    April 6, 2012 at 1:37 pm

    မိုက်တယ်…….
    ဥစားပေးရေးစနစ်(အဲလေ)
    ဦးစားပေးရေးစနစ်ပေါ့နော်….

Leave a Reply