lulinmgAugust 3, 20121min731
နွေအကြိုနေ့ရဲ့ နံနက်ခင်းမှာ ဖူးပွင့်တဲ့ပန်းများ အဲ့ဒီ့ရနံ့မဲ့ပန်းပွင့်များဟာ ရာသီဦးမှာပဲလွင့်ကြွေ လှပမှု့မရှိတဲ့ပန်းပွင့် အဲ့ဒီ့ပန်းပွင့်တွေကို နမ်းရှိုက်ရင်းအလွမ်းတွေ ဖူးပွင့်ခဲ့တဲ့နွေရာသီရယ် နှစ်နှစ်ခြိုက်ခြိုက်ကိုပဲ လွမ်းမိပါတယ်… ပြီးတော့….. ခြောက်သွေ့တဲ့ရာသီအတွက် ခမ်းခြောက်ခဲ့တဲ့အချစ် အားလုံးကိုပြန်စဉ်းစားမိရင် အတည်တကျမရှိတော့တဲ့ အဖြစ်အပျက်တွေနဲ့ တလွဲတလျော်ဖြစ်လို့ အချစ်တွေအဓိပါယ်မဲ့ခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ……                                သက်ခြွေသူ


lulinmgJuly 10, 20121min722
နောက်ကြောင်းရာဇဝင် မှတ်တမ်းတင်ရင်း ကိုယ့်သမိုင်းကိုရေးခဲ့ကြတယ်   ဟောင်းနွမ်းတဲ့အချိန်လည်းရှိမယ် သစ်လွင်တဲ့အခါလည်းရှိတယ်   မြတ်ဗုဒ္ဒဟောကြားထားတယ် စိတ္တဝဂ်မှာ “မနော”ဆိုတဲ့”စိတ်” အလျှင်အမြန်ပြောင်းလဲတက်တယ်တဲ့ ငါလည်းပုထုဇဉ်ပေမို့ ပြောင်းလဲတက်တဲ့သဘောတရားနဲ့ မင်းကိုအပြစ်မဆိုချင်လို့ တစ်ချိန်ကအဖြစ်အပျက် အတိတ်မှာထားခဲ့ ငါ့လက်ထဲကောင်းဖို့လိုတယ်ဆိုပေမယ့် ယုတိ္တဗေဒသဘောနဲ့ဆင်ခြင်သုံးသက် “ဗီဇ”ဆိုတာပြင်ရခက်တော့ ငါရှေ့ဆက်ဖို့အခက်တွေ့ပြီ…   စိတ်ငြိမ်သူ


lulinmgMay 13, 20121min1477
ပင့်သက်တွေဝေဝေ ငေးမောလို့သက်ပျင်းခြိုက်သံတွေကြားမှာ ပေါ်ထွက်လာတဲ့ဂစ်တာသံ ငါ့စိတ်ကိုနိုးထ သံစဉ်တွေစီးဝင်သွားလိုက်တာ မိုးလင်းခဲ့တာတောင်မသိခဲံ့လိုက်ဘူး… ဒီလိုနဲ့တစ်နေ့ကုန် ပြက္ခဒိန်စာရွက်ကိုကြည့်မိတော့ ကုန်လွန်သွားခဲ့တဲ့အလွမ်းနေ့စွဲများ January နဲ့ April လကြားမှာ ခြောက်သွေ့သွားတဲ့အနမ်းပန်းပွင့်တွေနဲ့ ကဗျာဆန်တဲ့အတွေး မထင်မှတ်တဲ့အဖြစ်လေးတွေနဲ့အတူ Romaetic ဆန်တဲ့ငါတို့ရဲ့အချစ်ဇတ်လမ်းလေးလည်း ဒရမ်မာတစ်ပုတ်ဖြစ်သွားတယ်…. အဲ့ဒီ့အချိန်မှာ ပျံ့ကျဲကြွေကျသွားတဲ့မင်းရဲ့ပုလဲတစ်ကုံး သံယောဇဉ်ကြိုးနဲ့ငါပြန်သီကုုံး သိုင်းဖွဲ့နှောင်သမုဒယတွေကြားမှာ ရင်ခုန်သံတီးတိုး သစ္စာတွေမပျက်ယွန်းခဲ့ရင် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့တစ်သက်မခွဲပဲ အချစ်တွေပြန်လည်ဆုံဆည်းကြမယ်…။   သက်ခြွေသူ  


lulinmgApril 27, 20121min1547
– ကျွန်တော်တို့မြို့လေးမှာဆယ်စုနှစ်ပေါင်းများစွာကြာမှဖြစ်ပေါ်လာတဲ့မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ စာပေဟောပြောပွဲလေးတစ်ခုကိုလွန်ခဲ့တဲ့ 3 . APL .2012 မှာပထမဦးဆုူံးအကြိမ်အနေနဲ့ကျင်းပဖြစ်ပါတယ်…. – ကျွန်တော်တို့မြို့ငယ်လေးမှာခုလိုစာပေဟောပြောပွဲလေးဖြစ်လာတယ်ဆိုတော့အလွန်ပဲဝမ်းသာဝမ်းနည်းနဲ့ ဂုဏ်ယူမိပါတယ်… – ကျွန်တော်တို့မြို့လေးကကျွန်တော့်လိုစာပေဝါသနာပါတဲ့လူငယ်တွေစာပေကိုမြတ်နိုးတန်ဖိုးထားကြတဲ့လူတွေအနေနဲ့ ပထမဦးဆုံးအသိညာဏ်လေးတွေပွင့်လန်းလာကြတော့မှာဖြစ်တဲ့အတွက်ဝမ်းသာမိပါတယ်… – ဝမ်းနည်းရတာကတော့စီစဉ်ကြီးကြပ်သူတွေရဲ့ညံ့ဖျင်းမှု့ကြောင့်လာရောက်ဟောပြောပေးတဲ့နိုင်ငံကျော်စာရေးဆရာကြီးတွေရဲ့ စိတ်ထဲမှာကသိကအောက်ဖြစ်သွားကြရတာကိုပါ ။ နောက်ပြီးခေါင်းဆောင်ပိုင်းညံ့ဖျင်းမှု့ကော်မတီအဖွဲ့ဝင်အချင်းချင်းမသင့်မြတ်မှု့ ဌာနဆိုင်ရာနဲ့အဖွဲ့အစည်းတွေရဲ့မညီညွတ်မှု့ အလိုလောဘ ရပိုင်ခွင့်တွေနဲ့ဂုဏ်တုဂုဏ်ပြိုင်တွေကြောင့်နောက်ထပ်ကျွန်တော်တို့ မြို့လေးမှာအခုလိုနိုင်ငံကျော်စာရေးဆရာကြီးများရဲ့စာပေဟောပြောပွဲလေးထပ်ဖြစ်ဖို့အလားအလာမရှိသလောက်နဲပါးသွားခဲ့လို့ပါ… – ဒါပေမယ့်လာရောက်ဟောပြောပေတဲ့ဆရာကြီးများရဲ့ဂရုဏာစေတနာတွေနဲ့အကောင်မွန်ဆုံးအသိပညာတွေကိုမြို့နေလူထုတွေ သိကြားခွင့်ရခဲ့လိုက်ကြတဲ့အတွက်အလွန်ပဲကျေးဇူးတင်ဂုဏ်ယူမိပါတယ်… – စာရေးဆရာပြန်ရင်မှတ်သားစရာကျန်မယ်ဆိုသလိုကျွန်တော့်ရင်ထဲမှာလည်းတွေးတောစရာတွေအများကြီးရရှိခဲ့လိုက်ပါတယ်… – အဲ့ဒီ့အထဲကမှဆရာကြီးမောင်စိန်ဝင်း(ပုတီးကုန်း)ပြောသွားခဲ့တဲ့စာကားလုံးလေးတစ်ခုပါ (ခွပ်ဒေါင်းလေးလည်းကချင်ရှာမှာပေါ့) တဲ့.. APL .1 ရက်နေ့မှာနိုင်ငံတော်ရဲ့ကြားဖြတ်ရွေးကောက်ပွဲအစီအစဉ်ပြီးလို့ APL .2 ရက်နေ့မှာထွက်ပေါ်လာတဲ့ရွေးကောက်ပွဲရလဒ်တွေကို ကြည့်ပြီးပြောခဲ့တာလားတော့မသိပါဘူး ။ ကျွန်တော်တွေးကြည့်မိတာလေးကိုပုံဖေါ်ကြည့်မိတာပါ.. – ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ကလစ်လပ်နေရာအားလုံးနီးပါးကိုရရှိလိုက်သလိုပါပဲအဲ့ဒီအတွက် လွှတ်တော်မှာအကောင်းဆုံးဖြစ်လာလိမ့်မယ်လို့မျှော်လင့်ခဲကြတယ်လေနောက်ပြီးဖြစ်နိုင်ပါ့မလားလို့လည်းတွေးမိတယ် ဘာ့ကြောင့်လည်းဆိုတော့ ကြံ့ခိုင်ရေးကနေရာတော်တော်များများယူထားတယ်လို့ပြောကြတာပဲလေသိပ်တော့မထင်ပါဘူး… ဒါဟာနိုင်ငံရေးလှည့်ကွက်တစ်ခုမဖြစ်နိုင်ဘူးလား… ဆရာကြီးကပြောပါတယ် 1988 ကတည်းကတစ်ချိန်လုံးခွပ်လာခဲ့ရတဲ့ဒေါင်းလေးဟာသဘာဝအလျောက်တော့လည်းတစ်ခါတစ်လေ ကချင်ရှာမှာပေါ့တဲ့ နောက်ပြီးဆရာအကြည်တော်ပြောခဲ့တဲ့ ကျင်းလေး […]


lulinmgApril 5, 20121min701
ဟိုးအတိတ်ကို ပြန်တွေးမိတော့ မြေနီလမ်းလေးကို လွမ်းမိတယ်… ဒီချိန်ခါဆို အရင်မြို့လေးမှာ စံပယ်ပန်းတွေ ဖူးပွင့်ပြီ… မြင်ယောင်ကြည့်ပါ ပင်ယံထက်မှာ တရုပ်စကားပွင့်တွေ ဝေနေပြီ… ကျောင်းတော်ဆီက ခေါင်းလောင်းသံတွေ ကြားလိုက်ရတော့ ငယ်သူငယ်ချင်းတွေကို လွမ်းမိတယ်… မြေနီလမ်းမှာ စံပယ်ပွင့် တရုပ်စကားပွင့်တွေနဲ့ အရင်မြို့လေးမှာ ခုချိန်ခါဆို အလွမ်းတွေပွင့်နေမှာလား….?


lulinmgApril 5, 20121min916
သူဆိုတာ င့ါအတွက်တော့ ခဏတာ အလည်လာတာပါ… ငါ့ရင်ကိုခွဲ အသဲကိုယူ  သူ ထွက်သွားမယ်ဆိုတာ သိပေမယ့် ငါမတားရက်ပါဘူး…….. သွားပါစေလေ သူ့စိတ်တွေကင်းလွတ်ခွင့် ရှိသင့်တာပေါ့………..


lulinmgApril 5, 20121min816
ပန်းနုရောင်အဆင်း နက်ရှိုင်းတဲ့ရနံ့နဲ့ ကျမ်းကြိမ်စာတွေကြားမှာ အဆိပ်သင့်နှင်းဆီကို ဆူးခက်တွေပါလည်းမြတ်နိုးဆဲ… ပွင့်ဖတ်တွေလွင့်ကြွေ ဖန်ခွက်ထဲကနှင်းဆီဝိုင်လို ပျက်သုန်းသွားလည်း အတ္တစိတ်နဲ့တက်မက်ဆဲ သေဆုံးသွားတဲ့စိတ္တဇညမှာ ငါ့ရဲ့ love Museum ထဲ စိုက်ပျိုးခဲ့တယ်… သစ္စာနှင်းဆီ အမြစ်တွယ်ငင်ပြီး ကြိမ်စာတွေပြေလို့ ဆူးမဲ့ပန်းတစ်ပွင့်အဖြစ် နှလုံးသွေးနဲ့အသက်သွင်း မင်းအတွက်…. အစွမ်းကုန်ပွင့်ပေးမယ်… လမင်း  


lulinmgApril 5, 20121min8814
ငါ့   ကဗျာဟာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင် ငါပထမဆုံးပန်ပေးမိမှာ   မင်းပဲ… င့ါ   နှလုံးသားဟာ အရုုပ်တစ်ရုပ်ဖြစ်ခဲ့ရင် ငါပထမဆုံးဆော့စေမှာမင်းပဲ… ငါ့   မျက်ရည်ဟာ ပုလဲတစ်လုံးဖြစ်ခဲ့ရင် ငါပထမဆုံးဆင်ပေးမိမှာမင်းပဲ… င့ါ   အသွေးဟာ စမ်းရေဖြစ်ခဲ့ရင် ငါပထမဆုံးသောက်စေမှာမင်းပဲ… င့ါ   ဘဝဟာ ပန်းခင်းလမ်းဖြစ်ခဲ့ရင် ငါပထမဆုံးလျှောက်စေမှာမင်းပဲ… င့ါ   အပြုံးဟာ အလင်းရောင်ဖြစ်ခဲ့ရင် မင်းအတွက်မှောင်မိုက်ညဆိုတာမရှိစေရဘူး… လရိပ်


lulinmgApril 4, 20121min1145
တစ်ရံခါက     မြွတ်ဟစကား ချစ်သလားလို့     ကိုမေးခဲ့စဉ် ရင်သို့ခိုဝင်     ကြည်လင်နှုတ်ခမ်း အနမ်းပန်းတွေ     ဝေစေခဲ့သည်… ချစ်သူဘဝ     မင်းအလှကို သွင်ပြင်တထူး    စိတ်မချဘူး ချစ်ရဲ့ဆူးတွေ      ဝေနေခဲ့သည်….. အနမ်းကွယ်ပျောက်     အမုန်းနောက်သို့ မင်းလျှောက်ဖို့ပြင်     ထင်မြင်ချက်လွဲ အရှုံးပွဲတွေစုဝေစေသည်….. တစ်ခါပြန်ချစ်     နောင်မပြစ်ဖို့ ပေးသည့်ကတိ     မျက်ရည်ဝဲမိ ထိသည့်နှုတ်ခမ်း     လွမ်းပန်းကိုခြွေ ချစ်နေစေသည်     သို့သော်များလည်း….. ဟန်ဆောင်စကား     မင်းနှုတ်ဖျားက ချွေဟပြင်ဆင်     ကို့ရင်ခွင်ကို မည်သို့ချော့သိပ်     အိမ်မက်လေလိမ့်….. ဝိုင်


lulinmgApril 2, 20121min841
Coffee ခါးခါးတစ်ခွက်နဲ့ စီးကရက်တစ်လိပ် ယစ်မူးခြင်းလောကထဲမှာ ငါ့ရဲ့ခံစားချက်တွေကို အရည်ဖျော်သောက်ပြစ်ဖို့ ကြိုးစားခဲ့ရတယ် ခါးသီးလွန်းတဲ့ ဘဝလမ်းတစ်လျှောက်မှာ အခြေအနေတွေခြားခဲ့တယ် မိုးသည်းညမှာ ဒဏ်ရာတွေကို နေခြောက်လှမ်းရင်း နယ်ကျွံနေတဲ့အတွေးတွေကို ပင်လယ်ပြင်ထဲပစ်ထည့် မှောင်မိုက်နေတဲ့ကမ္ဘာထဲမှာ ဝိုင်(Y)ချိုချိုတစ်ခွက်နဲ့ အချစ်တစ်ပွဲမြည်းရင်း ခါးသီးလွန်းတဲ့ဘဝတွေကို ကျော်ဖြတ်ရမှာလား…? ဝိုင်


lulinmgApril 2, 20121min936
အစစ်အမှန်မရှိတဲ့နှလုံးသား အချစ်တွေများပြီးတော့ တစ်ခြားတစ်ယောက်နဲ့တွဲခဲ့တာလား ငါတစ်ကယ်ချစ်ခဲ့တာကိုမင်းမသိလို့ ငါ့စိတ်ကိုအရွဲ့တိုက်ဖို့ တစ်ခြားတစ်ယောက်နဲ့တွဲခဲ့တာလား ရင်ထဲမှာမေးခွန်းအများကြီးနဲ့ ဒွိဟဖြစ်နေရတဲ့ကြားထဲ သတင်းဆိုးတွေကြားလိုက်ရတော့ ငါ့စိတ်တွေရိုင်းစိုင်းသွားတယ် စိတ်ညစ်တယ်ချစ်သူ အမှန်တစ်ကယ်ဆိုမင်း ငါ့ရင်ထဲကိုဝင်မကြည့် ငါ့ဝေဒနာတွေမသိပဲနဲ့ စိတ်ထင်ရာတွေလျှောက်လုပ်တိုင်း ငါ့အသည်းတွေလောင်ကျွမ်းတာကို မမြင်ခဲ့ဘူးမဟုတ်လား…? သက်ခြွေသူ


lulinmgApril 2, 20121min481
နေဝင်ချိန်ဆည်းဆာအလှနဲ့ February လရဲ့ညနေခင်းလေး တိမ်ရောင်စုံတွေနဲ့အတူ အဆုံးမဲ့တဲ့ အစိမ်းရောင်လွင်ပြင်များထဲ လေပြေတွေတိုက်ခက်လို့ ရင်ခုန်သံတေးသွားအတိုင်း သူနဲ့ကို လိုက်ပါလွင့်မျောရင်း သူ့ရဲ့ပါးပြင်ပေါ်မှာ အနမ်းတစ်ပွင့် ပွင့်လိုက်တယ် အဲ့ဒီ့အချိန်မှာ ကမ္ဘာကြီးအရမ်းလှပသွားပြီး ရင်ထဲမှာ အခန်းနားဆုံးနဲ့ အဖိုးထိုက်တန်ဆုံး ချစ်မေတ္တာတွေ သူ့အတွက်ကို ဖန်ဆင်းခဲ့တယ်… သက်ခြွေသူ


lulinmgApril 1, 20121min511
မနေအထိ လွမ်းနေဆဲဆိုပေမယ့် ငါ့ရင်ထဲမှာက နာကျဉ်ခဲ့ရတာပါ… ခဏတာအတွက် မဟုတ်ခဲ့ရပါဘူး… အမှတ်တရဒဏ်ရာရခဲ့တာ အမှားတစ်ရပ်လို့ဆိုစေဦးတော့ ငါမင်းကိုချစ်လျှက်နဲ့ လွမ်းနေဆဲပါ… ဗီလိန်တစ်ယောက်မှာလည်း နှလုံးသားနဲ့ချစ်တက်တာပါပဲလေ… ဇာတ်ညွှန်းကိုရေးခဲ့မိတော့ မင်းသားမဖြစ်နိုင်တာမဆန်းပါဘူး… ဒါပေမယ့် အရာအားလုံးရင်နဲ့ရင်းခဲ့ရတာပါ… ညီမလေးရယ် နှုတ်မဆက်ရက်ပါဘူး… ဒါပေမယ့် ပျော်ရွှင်ပါစေကွာ…