ဘဝခရီးရဲ့အနာဂတ်

lulinmgApril 2, 20121min881

Coffee ခါးခါးတစ်ခွက်နဲ့

စီးကရက်တစ်လိပ်

ယစ်မူးခြင်းလောကထဲမှာ

ငါ့ရဲ့ခံစားချက်တွေကို

အရည်ဖျော်သောက်ပြစ်ဖို့

ကြိုးစားခဲ့ရတယ်

ခါးသီးလွန်းတဲ့

ဘဝလမ်းတစ်လျှောက်မှာ

အခြေအနေတွေခြားခဲ့တယ်

မိုးသည်းညမှာ

ဒဏ်ရာတွေကို

နေခြောက်လှမ်းရင်း

နယ်ကျွံနေတဲ့အတွေးတွေကို

ပင်လယ်ပြင်ထဲပစ်ထည့်

မှောင်မိုက်နေတဲ့ကမ္ဘာထဲမှာ

ဝိုင်(Y)ချိုချိုတစ်ခွက်နဲ့

အချစ်တစ်ပွဲမြည်းရင်း

ခါးသီးလွန်းတဲ့ဘဝတွေကို

ကျော်ဖြတ်ရမှာလား…?

ဝိုင်

One comment

  • lulinmg

    April 2, 2012 at 1:57 pm

    အလွမ်းပြေလေးပေါ့လေ

Leave a Reply