ကြေကွဲခြင်းရဲ့ဒဏ်ရာ

htet wayApril 2, 20121min856

ဖျတ်ကနဲ ပျော်သွားတယ်
စိတ်ကူးနဲ့တင်ရင်ခုန်သံမြန်လို့
မျက်လုံးကရှေ့ ကိုငေးနေတယ်
စိတ်က သူ့နောက်မှာကပ်ခိုလို့။

မီးဝေးရင်ချိတ်အေးတတ်တယ်
သိသိနဲ့မိုက်ခဲ့ မှားခဲ့
ပတ်ဝန်းကျင်မှာလည်း
ပြောင်းလဲခြင်းသီးချင်းတွေဆိုလို့
ရင်ထဲမှာလည်း ရင်ကွဲကောင်တွေငိုလို့။

ငါက
အမှောင်ထဲ အလင်းရောင်ထည့်ပေးချင်တာပါညီမလေးရယ်။

စေတနာအမှားတွေ
တမင်အမှားတွေ……..
နေရာယူချင်တဲ့ လူကလည်း ပေါင်းလက္ခဏာကနေအနုတ်ဖြစ်ခဲ့ပြီ
လူနုံ့ လူအ တစ်ယောက်ရဲ့ ရူးသွပ်မူဟာ
အနုပညာကိုသဲထဲရေသွန်သလို
ခေါင်းပုံဖြတ်ခံရ အနိုင်ကျင့်ခံရတဲ့ ဝေဒနာသည်တစ်ယောက်ရဲ့
ပေါက်ကွဲသံစဉ်
ညီမလေးရေ
မင်းမချစ်နိုင်လို့ ကြွေသွားတာ အသည်းတစ်စ
မင်းမကြည့်လို့ ကြေကွဲတဲ့ အော်သံကတိုးတိုးဖွဖွ
ငါ့ရဲ့ ပရဟိတ အနုပညာပြပွဲလေးအတွက်
အသည်းတစ်ခုလုံးမွမွကြွေခဲ့ရတယ်။
ပယောဂတစ်ခုရဲ့ ဖမ်းစားမူမှာ
ဝမ်းနည်းမူနဲ့အတူ
ငါဟာ….တော်လှန်ခြင်းသီချင်းကို သံကုန်ဟစ်ဆိုလိုက်ပြီ။

6 comments

  • jaunty heart

    April 4, 2012 at 9:35 am

    လူတစ်ယောက်မှာအရေးကြီးဆုံးကလောကကိုအလှဆင်တာပဲ။
    အချစ်ဟာလူတိုင်းနဲ့မကင်းနိုင်ဘူး။မိမိအချစ်ရေးထက်ပရဟိတအရေးကို
    ဦးစားပေးတဲ့နုလုံးသားကတကယ်လေးစားဖို့ကောင်းပါတယ်
    “ညီမလေးရေ
    မင်းမချစ်နိုင်လို့ ကြွေသွားတာ အသည်းတစ်စ
    မင်းမကြည့်လို့ ကြေကွဲတဲ့ အော်သံကတိုးတိုးဖွဖွ
    ငါ့ရဲ့ ပရဟိတ အနုပညာပြပွဲလေးအတွက်
    အသည်းတစ်ခုလုံးမွမွကြွေခဲ့ရတယ်။
    ပယောဂတစ်ခုရဲ့ ဖမ်းစားမူမှာ
    ဝမ်းနည်းမူနဲ့အတူ
    ငါဟာ….တော်လှန်ခြင်းသီချင်းကို သံကုန်ဟစ်ဆိုလိုက်ပြီ။”

  • Mon Kit

    April 4, 2012 at 12:10 pm

    အင်းးးး…… ခုတလော ကောင်လေးတွေရဲ့ နှလုံးသား ကွဲကြေသံတွေဘဲ ကြားနေရတယ်…
    စိတ်မကောင်းပါဘူးကွယ်……

  • htet way

    April 4, 2012 at 8:58 pm

    အင်း အချစ်ကဗျာရေးရင်ကောင်လေးဖြစ်ရောလား
    ဂေဇက်ကိုဝင်တာမကြာသေးဘူးထင်ပါတယ် ။
    အခုလို အားပေးတာ ဖတ်ပေးတာကျေးဇူးပါ။

  • rain pricess

    April 4, 2012 at 9:15 pm

    ကဗျာလေးက အစကနေ အဆုံးထိ
    ဆွဲဆောင်မှုကောင်းလိုက်တာ

  • aye.kk

    April 4, 2012 at 9:59 pm

    အချစ်..
    တောမကျွမ်းဘူး..
    မတွေ ့ခင်ကငါဟာမုဆိုးပေါ့..
    မင်နဲ ့တွေ ့မှသားကောင်ဖြစ်၊အစားခံရတာကငါ..။

  • htet way

    April 5, 2012 at 10:28 am

    ဖတ်ကြတာကျေးဇူးပါ ဆိုလိုရင်း ကတော့ ……။

Leave a Reply