ရင်ဖွင့်စာ

lulinmgApril 2, 20121min956

အစစ်အမှန်မရှိတဲ့နှလုံးသား

အချစ်တွေများပြီးတော့

တစ်ခြားတစ်ယောက်နဲ့တွဲခဲ့တာလား

ငါတစ်ကယ်ချစ်ခဲ့တာကိုမင်းမသိလို့

ငါ့စိတ်ကိုအရွဲ့တိုက်ဖို့

တစ်ခြားတစ်ယောက်နဲ့တွဲခဲ့တာလား

ရင်ထဲမှာမေးခွန်းအများကြီးနဲ့

ဒွိဟဖြစ်နေရတဲ့ကြားထဲ

သတင်းဆိုးတွေကြားလိုက်ရတော့

ငါ့စိတ်တွေရိုင်းစိုင်းသွားတယ်

စိတ်ညစ်တယ်ချစ်သူ

အမှန်တစ်ကယ်ဆိုမင်း

ငါ့ရင်ထဲကိုဝင်မကြည့်

ငါ့ဝေဒနာတွေမသိပဲနဲ့

စိတ်ထင်ရာတွေလျှောက်လုပ်တိုင်း

ငါ့အသည်းတွေလောင်ကျွမ်းတာကို

မမြင်ခဲ့ဘူးမဟုတ်လား…?

သက်ခြွေသူ

6 comments

  • lulinmg

    April 2, 2012 at 2:06 pm

    ကဗျာလေးတွေဆက်ရေးသွားမယ်လို့စိတ်ကူးပါတယ်
    ကောင်းကောင်းမကောင်းကောင်းအားပေးကြပါဗျာ

  • Mon Kit

    April 2, 2012 at 3:03 pm

    ပြင်းထန်လှတဲ့ ရင်ဖွင့်စာလေးပါလား…….
    တကယ်သာ အဲလိုဆို သူမ က စိမ်းကားရက်တယ်နော်……

  • kyeemite

    April 2, 2012 at 3:54 pm

    မုန်းပစ်လိုက်..မေ့ပစ်လိုက်

  • Moe Z

    April 2, 2012 at 4:04 pm

    ကိုယ့်ကိုထားပြီး နောက်တစ်ယောက်နဲ့တွဲတာများ
    မလွမ်းလောက်ပါဘူး ကိုယ်နဲ့မတန်ဘူးလို့သဘောထားလိုက်
    မေ့ပစ်ဖို့ ဦးနှောက်ကအချိန်နဲ့ညှိပြီး သူ့ဟာသူအလုပ်လုပ်လိမ့်မယ် 😀

  • ဇွဲမာန်အောင်

    April 2, 2012 at 4:10 pm

    one go
    two come
    three wait
    four ready

  • ဖားသက်ပြင်း

    April 3, 2012 at 6:54 am

    နောက်လူမြည်းရင် …. .ချိုဘာဇေ…
    😀
    ဒက်ဂလောက်…ဒက်ဂလောက်…

Leave a Reply