ဆူးမဲ့ပန်း

lulinmgApril 5, 20121min826

ပန်းနုရောင်အဆင်း

နက်ရှိုင်းတဲ့ရနံ့နဲ့

ကျမ်းကြိမ်စာတွေကြားမှာ

အဆိပ်သင့်နှင်းဆီကို

ဆူးခက်တွေပါလည်းမြတ်နိုးဆဲ…

ပွင့်ဖတ်တွေလွင့်ကြွေ

ဖန်ခွက်ထဲကနှင်းဆီဝိုင်လို

ပျက်သုန်းသွားလည်း

အတ္တစိတ်နဲ့တက်မက်ဆဲ

သေဆုံးသွားတဲ့စိတ္တဇညမှာ

ငါ့ရဲ့ love Museum ထဲ

စိုက်ပျိုးခဲ့တယ်…

သစ္စာနှင်းဆီ

အမြစ်တွယ်ငင်ပြီး

ကြိမ်စာတွေပြေလို့

ဆူးမဲ့ပန်းတစ်ပွင့်အဖြစ်

နှလုံးသွေးနဲ့အသက်သွင်း

မင်းအတွက်….

အစွမ်းကုန်ပွင့်ပေးမယ်…

လမင်း

 

6 comments

  • lulinmg

    April 5, 2012 at 1:15 pm

    ကဗျာကတော့နဲနဲရေတက်တယ်ထင်လို့တင်လိုက်တာပါ

  • Khaing Khaing

    April 5, 2012 at 1:27 pm

    တင်ပါ တင်ပါ ခံစားပေးပါ့မယ် ………
    ဆုတောင်းအခါခါ ကို့အနားမှာ
    ဝန်းရံနေတဲ့ ဆူးနှင်းဆီတွေ
    ကြွေကာနွမ်းလေ မြေမှာပန်းခရေတွေနဲ့
    မေ့မှာ ကိုကို့လွမ်းနေတယ်နော် ………….

  • a me

    April 5, 2012 at 5:37 pm

    အေမီး ထက်စာရင်တော့ အများကြီး မိုက်တယ်

  • Gipsy

    April 5, 2012 at 5:40 pm

    ချစ်ရည်ကြည်နူး ယစ်မူးရူးတဲ့
    ပျားပိတုန်းနဲ ့ပန်းဝတ်မှုံလို
    ဆိုတေးဖွဲ ့သီ ကာရန်စပ်ပြီ
    တည်ထားကတိ ပြုထားသစ္စာ
    ဆက်လျှောက် ရက်နေ ့
    ကြင်နှစ်ဦးပေါ့ တွေ ့ဆုံဖူးတဲ ့
    ကဗျာဆိုတာ ရှိပါတယ်….။

  • aye.kk

    April 5, 2012 at 8:36 pm

    ဆူးမဲ့သည့်ပန်း..
    အလွယ်နွမ်းလို ့..
    မနမ်းရဲတာအမှန်ပါ..။။

  • windtalker

    April 5, 2012 at 9:47 pm

    မှောင်ရိပ်မှာ မောင်ရေပြိုမလို ့
    ငွေလရောင် ကွယ်ကာပုန်းစဉ်
    ပြုံးစစ ညမွှေးလေးကိုမြင်…

Leave a Reply