အိမ်မက်နဲ့ချစ်မှတ်တမ်း

lulinmgApril 4, 20121min1155

တစ်ရံခါက     မြွတ်ဟစကား

ချစ်သလားလို့     ကိုမေးခဲ့စဉ်

ရင်သို့ခိုဝင်     ကြည်လင်နှုတ်ခမ်း

အနမ်းပန်းတွေ     ဝေစေခဲ့သည်…

ချစ်သူဘဝ     မင်းအလှကို

သွင်ပြင်တထူး    စိတ်မချဘူး

ချစ်ရဲ့ဆူးတွေ      ဝေနေခဲ့သည်…..

အနမ်းကွယ်ပျောက်     အမုန်းနောက်သို့

မင်းလျှောက်ဖို့ပြင်     ထင်မြင်ချက်လွဲ

အရှုံးပွဲတွေစုဝေစေသည်…..

တစ်ခါပြန်ချစ်     နောင်မပြစ်ဖို့

ပေးသည့်ကတိ     မျက်ရည်ဝဲမိ

ထိသည့်နှုတ်ခမ်း     လွမ်းပန်းကိုခြွေ

ချစ်နေစေသည်     သို့သော်များလည်း…..

ဟန်ဆောင်စကား     မင်းနှုတ်ဖျားက

ချွေဟပြင်ဆင်     ကို့ရင်ခွင်ကို

မည်သို့ချော့သိပ်     အိမ်မက်လေလိမ့်…..

ဝိုင်

5 comments

  • Gipsy

    April 5, 2012 at 10:01 am

    တိတ်ဆိတ်တဲ့ညမှာ
    ပန်းရနံ့လေးလို
    ခေါင်းအုံးနားကို တိုးတိုးလေးရောက်လာတယ်။

    ဖုံးထားတဲ့ ခန်းဆီးစကို
    သူလှစ်ဟပေးခဲ့တယ်။

    မနက်လင်းသွားပေမယ့်
    အခန်းပြတင်းလေးပွင့်ဟကျန်ခဲ့တယ်
    အိပ်မက်တွေကတော့…….။

    ခင်မေနှင်း ကဗျာမှကိုးကားသည် ။

  • manawphyulay

    April 5, 2012 at 11:17 am

    ဝိုင်ဆိုတာ မိုင်စုဗူးအဖွဲ့က ဝိုင်လားဟင်… သူ့ကဗျာထင်လို့ပါ။

  • lulinmg

    April 5, 2012 at 12:06 pm

    မဟုတ်ပါဘူးဗျာ ဝိုင်(Y) ပါ ကျွန်တော်ငယ်ငယ်က
    ကလောင်တစ်ခုပါဗျာ ခုလိုအားပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ဗျာ

  • Khaing Khaing

    April 5, 2012 at 1:20 pm

    ချစ်သူဘဝ မင်းအလှကို

    သွင်ပြင်တထူး စိတ်မချဘူး

    ချစ်ရဲ့ဆူးတွေ ဝေနေခဲ့သည်…..

    အိမ်ထောင်သည်ဘဝ မင်းအလှကို
    ရွံ့ရှာပါတယ် ပုပ်လောက်ဝလာ
    ချစ်ရဲ့အန်ဖတ် အန်နေမှာလား ………. ကိုရယ် အဟိ

  • Khaing Khaing

    April 5, 2012 at 1:22 pm

    ချစ်သူဘဝ မင်းအလှကို

    သွင်ပြင်တထူး စိတ်မချဘူး

    ချစ်ရဲ့ဆူးတွေ ဝေနေခဲ့သည်…..

    အိမ်ထောင်သည်ဘဝ မင်းအလှကို
    ရွံ့ရှာပါတယ် ပုပ်လောက်ဝလာ
    ချစ်ရဲ့အန်ဖတ် အန်နေမှာလား ………. ကိုရယ် အဟိ

    သူကြီးကရာထူးတိုးပေးတာခံ ချင်လို့ ကို့ဒါ့ပုံကိုတင်ထားတာလားဟင် ……..

Leave a Reply