အခမ်းနားဆုံးအချိန်

lulinmgApril 2, 20121min521

နေဝင်ချိန်ဆည်းဆာအလှနဲ့

February လရဲ့ညနေခင်းလေး

တိမ်ရောင်စုံတွေနဲ့အတူ

အဆုံးမဲ့တဲ့

အစိမ်းရောင်လွင်ပြင်များထဲ

လေပြေတွေတိုက်ခက်လို့

ရင်ခုန်သံတေးသွားအတိုင်း

သူနဲ့ကို လိုက်ပါလွင့်မျောရင်း

သူ့ရဲ့ပါးပြင်ပေါ်မှာ

အနမ်းတစ်ပွင့် ပွင့်လိုက်တယ်

အဲ့ဒီ့အချိန်မှာ

ကမ္ဘာကြီးအရမ်းလှပသွားပြီး

ရင်ထဲမှာ

အခန်းနားဆုံးနဲ့

အဖိုးထိုက်တန်ဆုံး

ချစ်မေတ္တာတွေ

သူ့အတွက်ကို

ဖန်ဆင်းခဲ့တယ်…

သက်ခြွေသူ