လောင်းရဲလား bet
မတ်လ၁၄ရက်နေ့ ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်မြင်သံကြားကနေ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးမိန့်ခွန်း လွှင့်မယ်လို့ အင်တာနက်သတင်းမှာ ပါတယ်။ ရုပ်သံမိန့်ခွန်းကိုလည်း အင်တာနက်မှာ ကြိုတင်ကြည့်ရှု နားထောင်နိုင်နေပြီ။ ဒေါ်စုမိန့်ခွန်းနဲ့ ပတ်သက်ပြီးတော့ လောင်းဂျေးစားဂျေး တခုထပ်ချင်တယ်…။ အဲဒီည တနေရာရာမှာ ပုံမှန်မဟုတ်ဘဲ မီးပျက်လိမ့်မယ်..။ ပွိုင့်၇၀၀၀ဝကြေး လောင်းမလား…
လျှပ်စစ်ဝံကြောင် 😎
14 comments
memeseku
March 13, 2012 at 6:20 pm
အူးကြောင်ဘက်ကတစ်ယောက်ဗျိုု.
Khin Latt
March 13, 2012 at 6:31 pm
မလောင်းခင် တစ်ခု မေးပါရစေ ကြောင်ကြီး ဝံ ရယ်။ 😉
“မီးပျက်” တာ “ပုံမှန်” မဟုတ်ဘူးလား။
“မီးမပျက်” တာက မှ “ပုံမမှန်” မဟုတ်ပေဘူးလား။
ရွာသူ/သား ချင်း ကို ဂလို မလှည့်စား ချင်ပါနဲ့ လေ။
ဒီလို အကွက် တွေ ကို များ “ဟင်း … ဟင်း …. ဟင်း …. ” ရိုး နေပြီ။
အမေဒီးကား မှာဘဲ ပြော။ 😆
Khin Latt
March 13, 2012 at 6:35 pm
သို့သော် တစ်လက်မ ပေးခဲ့၏။
ဤသို့ သူတို့ အဓိက ဂရုထား ကြည့်နေ နားစွင့် နေရမည့် opposition leader ကြီး ၏ အတွေးကို သူရို့ မည်သို့ တုန့်ပြန်မည်နည်း။
Interesting ……. 🙂
htoosan
March 13, 2012 at 7:24 pm
အဲ့ဒီနေ့ကျ မီးတော့ မသိဘူး .. အခု က်ိုမကြာခဏပြန်ပျက်နေတာ ။
ရေတော့ ဒီနေ့ ရန်ကုန်မြို့ အနှံ့ နေရာ အများအပြားမှာ မလာလို့ ရေမချိုးရဘူး .. ပူရတဲ့ အထဲ.. 👿
မီးမလာ လည်း မကြောက် .. ရိုးနေပြီ .. လ္ဘက်ရည်ဆိုင်တွေ မှာ မီးစက်တွေ ရှိပြီးသား .. အဲ့ဒီသွားကြမှာ.. သွားကြမှာ.. 😆
mg mg
March 13, 2012 at 7:33 pm
“စက်ပိုင်းဆိုင်ရာချွတ်ယွင်းချက်ကြောင့် အစီအစဉ်ပြတ်တောက်ခြင်းအတွက် သည်းခံပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်”
ပုံ/ ကြောင်ဂျင်နီယာချုပ်
Thel Nu Aye
March 13, 2012 at 8:40 pm
မီးပျက်လဲမရပါဘူး။ မီးစက်ရှိတယ်။ အင်ဗာတာရှိတယ်။ TV ကပျက်မှပဲရမယ်။ အဲဒီအချိန်စက်ချွတ်ယွင်းမယွင်း လောင်းမယ်။
မဟာရာဇာ အံစာတုံး
March 13, 2012 at 9:05 pm
လောင်းရဲတယ် …
ပွိုင့် ၇၀၀၀ဝ မက လောင်းရဲတယ်ဗျို့ ..
မီး လုံးဝ မပြတ်စေရဘူး …
မီး မပြတ်ရင် ဦးကြောင်က အံစာတုံးကို ရှိသမျှ အကုန်ပေးရမှာနော် …
ဘာမှ ကျန်စေရဘူး … မိမွေးတိုင်း ဖမွေးတိုင်းလေးပဲ ကျန်ခဲ့မှာ ..
ဟင်း .. ဟင်း .. ဟင်း
ပီးမှ နောင်တ မရနဲ့ ……
မှတ်ချက်။ ။ လဂါး နောက်ထာ ..
😀 😀
htoosan
March 13, 2012 at 9:14 pm
ဟယ် ချက်ချာကြီး ..
surmi
March 13, 2012 at 10:41 pm
ကြိုးစားပြီး မီးလာပေးပါလိမ်.မယ် ။
အခုချိန်မှာ ကောင်းချင်ယောင် ဆောင်နေတာဆိုတော. ……….။
chityimhtoo
March 13, 2012 at 11:06 pm
မီးစက်နှိုးမယ် အင်ဗာတာနဲ့ ကြည့်မယ်။ဒါကလေးအကွက်တွေ..
Khin Latt
March 14, 2012 at 2:35 am
ဟေး ကကြောင်ကြီး
တကယ်လောင်းရမှာ က “ဆင်ဆာ ဖြတ်/ မဖြတ်”။
လောင်းမလား။
ကျွန်မ က ဆင်ဆာလွတ် (လုံးမ မဖြတ်) ဘက်က။ 😉
နောက်ပြီး မနက်ဖြန် တစ်ဆယ့်လေး။
ဆက်ပြီး လေးလေးပင်ပင် ဖြစ်အောင် သဘော နဲ့ ဒီရက်ပေးတာ လားဆိုတာ 🙄 😉
အ ဟာ့ ….. တွေးကြည့်မှ ဟုတ်ရင်တော့ တကဲ့ ဆရာ့ ဆရာကြီးတွေနော။
အကြံ အကြီးကြီး တွေ နဲ့။
(တကယ်က လေးမှ အချိန်စီး တာ ဆိုတာ မေ့နေကြတယ် ထင်ရဲ့) 😆
Khin Latt
March 14, 2012 at 4:27 am
http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/9141568/Aung-San-Suu-Kyi-campaign-video-leaked-online.html
ဒီလို ကမ္ဘာသိ ဖြစ်သွားတာကိုတောင် ဆင်ဆာ ဖြတ်ရင် ဦးနှောက်ကို မရှိလို့ဘဲ။ 😈
ဘယ်သူ့ တွေ ထိုး အကျွေးခံရမလဲ မသိ။ 😯
MaMa
March 14, 2012 at 7:02 am
အလောင်းအစား ဝါသနာ မပါလို့။
chel gyi
March 14, 2012 at 12:15 pm
မီးပျက် မပျက်တော့မသိဘူး…….မီးအားနဲလို့ရေတင်လို့မရတာတော့ bet လုပ်ချင်တယ်……